← Chapters

တိုင်းကွန်းတွေရဲ့ အရုပ်

Vol. 44 Ch. 661

တိုင်းကွန်းတွေရဲ့ အရုပ်

Vol. 44 Ch. 661

ပိုင်ပင်းယွိ့ မျက်လုံး အရောင် လက်သွားခဲ့၏။

သူမ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် ထိုမျှ ငွေကြေး အင်အား တောင့်တင်းသည့် တိုင်ကွန်း ဖန်တစ်ယောက် ရှိနေလိမ့်မည်လို့ ထင်မှန်မထားခဲ့ချေ။

ထိုသူမှ လက်ဆောင်များ ထောက်ပံ့နေသရွေ့ သူမ ထိုမြေခွေးမကို အသာလေး ဖိနှိပ်နိုင်မည် မဟုတ်ပါလော။

"ကိုကြီး.. ရှင်က အရမ်း ချမ်းသာတာပဲ... ပင်းပင်းကို ကူညီပေးလေ.. ဒါပြီးရင် ထမင်းလိုက်ကျွေးပါ့မယ်..."ပိုင်ပင်းယွိ့ သူမ၏ နောက်ဆုံး ကောက်ရိုးလေး တစ်မျှင်အား လှမ်းဆွဲလိုက်ပြီး

"တစ်ဖက်သူက ရှင့်ကို စိန်ခေါ်နေတာနော်.. ကိုကြီး လုံး၀ အရှုံးပေးလိုက်လို့ မဖြစ်ဘူး..."

"အမှန်ပဲ.. ဒါပေမယ့် အဲ့ဒီ ၂၀၀ မီလီယမ်က ဘောင်းဘီဂွကြားထဲ ရောက်နေတော့ လောလောဆယ် ထုတ်မရသေးဘူး ဖြစ်နေတာ... "

"ဟားဟား.. ငါ့မှာလည်း ယွမ် သန်း ၂၀၀ ရှိတယ်...."

"ငါကောပဲ...."

"ငါ့မှာကောပဲ.."

ပိုင်ပင်းယွိ့ မျက်နှာ မည်းမှောင်သွားခဲ့တော့၏။ နောက်ဆုံး အချိန် မိနစ်လက်တံကိုကြည့်ရင်း သူမနှင့် ကျန်းရှောင်ယွီကြားရှိ ကွာဟမှုမှာလည်း နှင်းဘောလုံးကဲ့သို့ တဖြည်းဖြည်း ကြီးမားလာလေသည်။ သူမ လိုက်မှီရန် မျှော်လင့်ချက် မရှိတော့ချေ။

ပွဲပြီးဆုံးသွားသည့်နောက် ကျန်းရှောင်ယွီ အခန်းထဲတွင် ကွန်းမန့်များ တရစပ် ထွက်ပေါ်လာလေသည်။

စူပါ ဒုံးပျံ အစင်းငါးရာ

တစ်မီလီယမ်ယွမ်

သူက ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ပိုင်ပင်းယွိ့ကို ဟိုး အောက်ခြေ ကန်ချပစ်လိုက်တာပဲ...

ပလတ်ဖောင်း တစ်ခုလုံးမှာ 'ပြိုင်ဘက်ကင်း ကြက်ကြီး 'ဆိုတဲ့ သူပဲ အဲ့လို လုပ်နိုင်တာ...

တစ်ချိန်တည်းတွင် ဟန်ရွှမ်း၏ အခန်းထဲတွင်တော့ တိတ်ဆိတ်မှုက ကြီးစိုးနေလေသည်။ ကွန်းမန့်များ တက်နေသော်လည်း ယခင်ကကဲ့သို့ မများပြားတော့ချေ။

မျက်နှာ ဖြတ်ရိုက်ခံလိုက်ရတဲ့ အရသာက အတော်လေး ခါးသားပဲ...

သူမလို တစ်လ ယွမ် သုံးထောင်လောက်ပဲ ရှာနိုင်ပြီး ယွမ်တစ်ရာတန် လက်ဆောင်ပေးဖို့ကို နှစ်ခါပြန် စဉ်းစားနေရတဲ့ အရှုံးသမားက တကယ်ကြီး ယွမ် တစ်မီလီယမ်ကို ဒီတိုင်း လက်ဆောင်ပေးလိုက်တဲ့သူကို ကဲ့ရဲ့နေခဲ့တယ်တဲ့လား....

အား....

စပ်လိုက်တာ...

သူမ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကျော်ကြားမှုများက ဖြည်းဖြည်းချင်း လျော့ကျလာသည်ကို မြင်တော့ ဟန်ရွှမ်း မျက်နှာ ဖြူလျော်သွားခဲ့တော့၏။ စိတ်ထဲတွင်လည်း နောင်တ တရားတို့ဖြင့်သာ ကြီးစိုးနေလေသည်။

အကယ်၍ သူမသာ နည်းနည်းလေးလောက် ဖြစ်ဖြစ် မအေးစက်လိုက်ပါက ပထမနေရာမှာ သူမအပိုင် ဖြစ်လာပေလိမ့်မည်။

အဆိုပါ ဒုံးပျံ အစင်း ငါးရာမှာလည်း သူမ ရရှိမည့် အရာများ ဖြစ်လာပေမည်။

သို့သော် သူမ၏ ဂုဏ်မောက်မှုက သူမကို အပျက်ဘေးနှင့် တွေ့စေခဲ့၏။

သူမက တကယ်ပဲ ထိုက်တန်၏လော။

.......

ကျန်းရှောင်ယွီ၏ အခန်းထဲတွင်တော့ လင်းရီ သူမကို လက်ဆောင် စပေးပါပြီဆိုကတည်းက သူမ ထိုင်မနေပဲ လင်းရီကို ဆက်တိုက် အရိုအသေ ပေးနေခဲ့၏။

ထိုသူက တစ်မီလီယမ် လက်ဆောင်ပေးသွားပြီး သူမကို ပထမနေရာ ရရှိစေခဲ့သည်။ ယင်းက ဧရာမ အကူအညီကြီးအဖြစ် သတ်မှတ်၍ရကာ သူမ အခမဲ့ အိပ်ပေးလျှင်တောင်မှ ပြန်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ချေ။

"ရှောင်းယွီ ... ကိုကြီးတိုင်ကွန်းကတော့ မင်းကို ထိပ်ဆုံးရောက်အောင် ပို့ပြီးသွားပြီ.. မင်းသူ့ကို ဘယ်လို ကျေးဇူး ဆပ်ဖို့ စဉ်းစားထားလဲ..."

"ငါတော့ သူ့ခန္ဓာကိုယ်နဲ့ ပေးဆပ်လိုက်တာက အကောင်းဆုံးလို့ ထင်တာပဲ...အဲ့တာက ပိုပြီး တိုက်ရိုက်ကျတယ်..."

"နဂါးအမြီးဆန့်ခြင်း အကြိမ်ရေ တစ်သောင်းကိုလည်း မေ့မနေနဲ့ဦးဟ..."

ကျန်းရှောင်ယွီမှာ ငိုလုငိုခင် ဖြစ်နေတော့၏။

သူမ တကယ့်ကို သတိလက်လွတ်ပြောလိုက် မိတာပဲ...

ပြီးတော့ အကြိမ်ရေက တစ်သောင်းကြီးများတောင် .. သူမသာ ကတိတည်မယ်ဆို ဘယ်လောက်ကြာအောင် လုပ်ရမှာ...

"လူတိုင်းပဲ စိတ်မပူကြနဲ့.. ငါ့ဘက်က ကတိတည်သွားမှာ.. ဒါပေမယ့် အကြိမ်ရေ တစ်သောင်းလုံးကို တစ်ဆက်တည်း လုပ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ... တိုင်ကွန်း ကြည့်လို့ရအောင် ခု လေးငါးဆယ်ခေါက်လောက် လုပ်ပြမယ်...."

ပြောရင်းဖြင့် ကျန်းရှောင်ယွီ ရှက်ကိုးရှက်ကန်းနှင့် မတ်တပ်ရပ်ကာ စခရင်ကို ကျောပေးလိုက်ပြီး စံနှုန်းပြည့်မှီသည့် နဂါးအမြီးဆန့်ခြင်း ကကွက်ကို ကပြဖျော်ဖြေတော့သည်။

သူမ ယနေ့ ၀တ်ဆင်ထားသည့် စကတ်တိုနှင့် ပေါင်းစပ်လိုက်ပါက မြင်နေရသည့် မြင်ကွင်းမှာ အတော်လေး မျက်စိ ပဒါသ ရှိလှ၏။

ပထမတစ်ခေါက်ပြီးနောက် လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲမှ ထွက်ခွာလိုက်တော့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲ၌ စနစ်၏ အသိပေးစာ ပေါ်လာခဲ့သောကြောင့်ပင်။

[မစ်ရှင် ပြီးမြောက်သွားပါပြီ ]

[အလုပ်ပြီးမြောက်နှုန်း : ၁၀ % ]

[ဆုလဒ် : Bugatti La Voiture Noire ]

"ငါ-ိုး..."

စနစ်၏ မစ်ရှင်ကို မြင်တော့ လင်းရီ အံ့အားတကြီး ထဆဲမိလိုက်၏။

ကား ဝါသနာအိုး တစ်ယောက်အနေနှင့် လင်းရီ အဆိုပါ ကားအကြောင်း ကောင်းစွာ သိသည်။

၁၂၆ မီလီယမ် တန်ကြေးရှိပြီး ကမ္ဘာပေါ်တွင် အရေအတွက် တစ်စီးမျှသာ ရှိ၏။

စနစ်က တကယ်ကြီး အဲ့ကားကို ချီးမြင့်လာတယ်တဲ့လား...

စူပါ အမေးဇင်းပဲ....

"စနစ်.. ကားကော...."

[စနစ်ရဲ့ ဆုလဒ်ကို ကျိုကျုံးဗီလာ နံပါတ်နှစ်ရဲ့ ကားဂိုဒေါင်မှာ ပို့ထားပေးပါတယ်... ကားသော့က ရှေ့ဘီးရဲ့ ဘယ်ဘက်ခြမ်း အိတ်ထဲမှာပါ...]

လင်းရီ အိပ်ရာမှ ထလိုက်၏။ သို့သော်လည်း ချက်ချင်းလက်ငင်းတော့ မထွက်သွားသေးပေ။ ထိုအစား သူ ကျီချင်းရန်၏ အိပ်ခန်းထဲသို့ သွား၍ သူမ အိပ်မောကျနေကြောင်း အတည်ပြုလိုက်၏။

နှစ်နှစ်ခြိုက်ခြိက် အိပ်မောကျနေသည်ကို မြင်တော့မှ လင်းရီ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။

ကျိုကျုံးဗီလာ နံပါတ်နှစ်၏ ကားဂိုဒေါင်ကို ရောက်တော့ လင်းရီ ဂိုဒေါင် တံခါးကို ဖွင့်လိုက်သည်။

အေးစိမ့်သည့် လရောင်အောက်တွင် လင်းရီ သူ့ရှေ့၌ ကြီးမားတောက်ပြောင်နေသည့် အနက်ရောင် ကားတစ်စီး ထိုးရပ်ထားသည်ကို မြင်တွေ့လိုက်ရ၏။

လင်းရီ၏ လက်ရှိ ကြွယ်၀မှုဖြင့် ယွမ် မီလီယမ်ရာချီ‌တန်သည့် ကားတစ်စင်း ၀ယ်ဖို့ရာမှာ ထမင်းစား ရေသောက်လောက်ပင်။

သို့သော်လည်း ယခုကားကတော့ အနည်းငယ် ထူးခြား၏။ အကန့်အသတ်နှင့် ထုတ်သည့်ကားဖြစ်ပြီး ပိုက်ဆံရှိတိုင်းလည်း အလွယ်တကူ ၀ယ်၍ မရချေ။

သူ ကားတံခါး ဖွင့်လိုက်ပြီး အထဲသို့ ၀င်ထိုင်ကြည့်လိုက်၏။

ယခုလို အရမ်းလန်းသည့် ကားကို ရရှိလိုက်သည့် အတွက် လင်းရီ အပျော်ကြီး ပျော်နေတော့၏။ စတီယာရင်ကို အနည်းငယ် ဆော့ကစားကြည့်ပြီး အတွင်းပိုင်းကို အနည်းငယ် ကလိကြည့်ကာ ခံစားချက်များ ကောင်းမွန်နေတော့သည်။

တစ်ခဏကြာ စမ်းသပ်ကြည့်ပြီးနောက် လင်းရီ ကားထဲမှ ထွက်၍ ဂိုဒေါင်တံခါး ပြန်ပိတ်ကာ ထွက်လာခဲ့လိုက်သည်။

အကယ်၍ ကျီချင်းရန်သာ ယခုနေ မိသွားမည်ဆိုပါက ရှင်းပြရန် ခက်ခဲလွန်းလှ၏။

ညသန်းခေါင်တွင် လေထဲမှ ကားတစ်စီး ထွက်ပေါ်လာခဲ့သည်က ထူးဆန်းလွန်းလှ‌သည်။

ဒူ ဒူ ဒူ ...

အခန်းသို့ ပြန်ရောက်လာပြီးနောက် လင်းရီ ဖုန်း တုန်ခါလာသည်။ Dou YU အက်ပ်မှ မက်ဆေ့ခ်ျပင်။

ထို့ပြင် မက်ဆေ့ခ်ျလည်း အများအပြား တရစပ် ၀င်ရောက်နေသည်။

သူ ဖွင့်ကြည့်လိုက်တော့ ပို့လာသူမှာ အမျိုးသမီး စထွင်မာ ဟန်ရွှမ်း ဖြစ်နေကြောင်း မြင်တွေ့လိုက်ရ၏။

"ကိုကြီး... သူများက ကိုကြီးအပေါ် အေးစက်သလို ဖြစ်သွားတာ တောင်းပန်ပါတယ်နော်.. စိတ်မဆိုးပါနဲ့လားဟင်... "

"သူများက အခန်းထဲမှာ ကိုကြီးလာမှာကို စောင့်နေသေးတာ... နဂါးအမြီးဆန့်တဲ့ ကကွက်ကို ကပြမယ်လေ...လာခဲ့နော်... အဲ့ဒီ ရှောင်းယွီဆိုတဲ့သူက တစ်ခေါက်တည်း ကပြသွားတာ.. သူများက ကိုကြီးအတွက် အကြိမ်တစ်ရာတောင် ကပြပေးနိုင်တယ်နော်... မကျေနပ်လည်း ကိုကြီးသဘောပဲ... ကြိုက်သလို အပြစ်ပေးလို့ရတယ်... "

လင်းရီ ဖတ်ပြီးနောက် ပြုံးကာ ယခုလို စာပြန်လိုက်၏။

"ဆက်ပြီးတော့ အေးတိအေးစက် မနိုင်တော့ဘူးလား..."

ဟော်ရွှမ်ဘက်မှ ချက်ချင်း စာပြန်လာခဲ့၏။

"မဟုတ်တာ... သူများက ဆင်းရဲတဲ့သူတွေအပေါ်ပဲ အေးစက်တာပါနော်... ကိုကြီးလို ရုပ်ချောတဲ့ သူအပေါ်မှာတော့ ဟော့သည့် နှလုံးသားလေးက မအေးစက်နိုင်ဘူး...သူများ မှားမှန်း သိပါပြီ... ဒါကြောင့် ကိုကြီးက ခွင့်လွှတ်နော်..."

"ငါက ညာနေတယ်လို့ကော မထင်တော့ဘူးလား...."

"ကိုကြီးက ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်နိုင်မှာ ... သူများက အထင်လွဲသွားတာကို ... "

"ဒါပေမယ့် ငါ့မှာ မင်းကို လက်ဆောင်ပေးဖို့ ပိုက်ဆံ မရှိတော့ဘူးနော်..."

"ဘာမှ မဖြစ်ဘူး.. သူများ ကပြတာကို လာကြည့်ပေးရင်ကို ရပြီ... ကိုကြီး စိတ်ကျေနပ်တဲ့ထိ နဂါးအမြီး ဆန့်ပြမယ်..."

လင်းရီ၏ သဘောထား ပျော့ပျောင်းလာသည်ကို မြင်တော့ ဟန်ရွှမ်း နှလုံးမှာ အရူးအမူး ခုန်ပေါက်နေတော့၏။

ကံကောင်းစွာဖြင့် သူမ၏ မာနကို မျိုသိပ်ကာ တောင်းပန်လိုက်သောကြောင့်ပင်။ ထိုသူက ပိုက်ဆံ မရှိဘူး ပြောနေသော်လည်း သေချာပေါက် သူမကို စမ်းသပ်နေခြင်း ဖြစ်ရပေမည်။

စိတ်ပျော်ရွှင်အောင် လုပ်ပေးနိုင်သရွေ့ သူမကို သေချာပေါက် ဆုချီးမြင့်လိမ့်မည်။

ထိုသူက ယွမ်တစ်မီလီယမ်ကို ထမင်းစားရေသောက် သုံးဖြုန်းပြသွားကာ ယွမ် သိန်းအနည်းငယ်မှာတော့ သူ့မျက်လုံးထဲတွင် မုန့်ဖိုးလောက်သာ ရှိလောက်သည်။

၎င်းကို စဉ်းစားမိတော့ ဟန်ရွှမ်း သူမ ရင်ဘက်ထဲရှိ စိတ်လှုပ်ရှား နေမှုများအား ဖိနှိပ်လိုက်၏။

သူမ အပိုင်ဖမ်းနိုင်သရွေ့ နောင်ရေးအတွက် စိတ်အေးရကာ စား၀တ်နေရေးအတွက် စိတ်ပူရန် လိုအပ်လိမ့်မည် မဟုတ်တော့ချေ။

ထိုကဲ့သို့ စိတ် ဒုံးဒုံးချပြီးနောက် ဟော်ရွှမ်း နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်သည်။

"ကိုကြီး .. လာခဲ့တော့လေ... ဒီက စောင့်နေတာ...."

"အဲ့တာဆိုလည်း.... ကောင်းပြီလေ..ငါ လာကြည့်လိုက်မယ်...."

"အွန်း အွန်း..."

မကြာမီ invite link ရောက်ရှိလာပြီး လင်းရီ နှိပ်လိုက်သောအခါ ဟော်ရွှမ်း၏ ထုတ်လွင့်ခန်းထဲသို့ တိုက်ရိုက် ရောက်ရှိသွားတော့၏။

လင်းရီ ၀င်လာသည်ကို မြင်တော့ ဟန်ရွှမ်း ပြုံးပြီးနောက် အလျင်အမြန် အရိုသေပေးကာ

" ပြိုင်ဘက်ကင်း ကြက်ကြီးက ခုလို ကျွန်မရဲ့ အခန်းထဲကို အလည်ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ဤတစ်ကြိမ်တွင်တော့ လင်းရီအပေါ် ဆက်ဆံပုံမှာ ယခင်ကနှင့် ယှဉ်ပါက ဆီနှင့်ရေပင်။ သူ ရောက်လာသည်နှင့် လင်းရီအား စီမံသူရာထူး ပေးအပ်လာကာ လေးစားမှုကို ပြသလိုက်၏။

ယင်းကလည်း လင်းရီ၏ ရောက်ရှိလာမှုကြောင့် သူမ၏ ကျော်ကြားမှုများက တစ်ဖန် ပြန်လည် တိုးတက်လာသောကြောင့်ပင်။

"ဟျောင့်တွေ.. တိုင်ကွန်းက ဒီရောက်နေပြီကွ... မြန်မြန်လာကြည့်ကြဟေ့..."

"နတ်ဘုရား တိုင်ကွန်းက Dou YU ရဲ့ ရေခဲဘုရင်မလေးကို သိမ်းပိုက်ဖို့ ရောက်လာတာများလား..."

"ကစ်တီလေး... မင်းတောင် ပြောင်းလဲသွားပြီ... နတ်ဘုရား တိုင်ကွန်းနဲ့ တွေ့တော့ မင်းရဲ့ အပြုံးတွေက နေမင်းကြီးထက်တောင် တောက်ပနေပါရောလား..."

"ဘယ်လောက်ပဲ အေးစက်ပြီး ချေတယ်ပြောပြော နောက်ဆုံးကျတော့လည်း လူချမ်းသာတွေရဲ့ ကစားစရာ အရုပ်ထက် မပိုပါဘူးကွာ ...."

ဟော်ရွှမ်းကတော့ ထိုကဲ့သို့ အတင်းအဖျင်းများကို ဂရုစိုက်မနေချေ။ သူမလိုအပ်သည်ကား ဤတိုင်ကွန်းကို အပိုင်ချုပ်ထားဖို့ရာပင်။

"ရှောင်ကောကော ... နင်က သူများ နဂါးအမြီးဆန့်တဲ့ ကကွက် ကပြတာကို မြင်ချင်နေတာမလား... ခုပဲ ကပြမယ်နော်... တိုက်ဆိုင်ချင်တော့ သူများက ခုလေးတင် အနက်ရောင် စတော်ကင် ၀တ်ထားတာဆိုတော့ ရှောင်ကောကော ပိုတောင် သဘောကျသွားဦးမယ်.... "ဟန်ရွှမ်း အပြုံးလေးဖင့် ပြောလိုက်၏။

"အင်း အားလုံး အဆင်သင့် ဖြစ်နေပြီ ဆိုမှတော့ စကြတာပေါ့..."

"အွန်း အွန်း..."

သူမ ပြောရင်း ဟော်ရွမ်း ထရပ်လိုက်၏။ သူမ ၀တ်ထားသည့် စကတ်က ကြပ်ထုပ်နေပြီး ရှောင်းယွီ ၀တ်ထားစည်ထက်ပင် တိုနေကြောင်း လင်းရီ သတိပြုမိလိုက်သည်။

ဟန်ရွှမ်း၏ ကိုယ်နေဟန်ထားမှာ အတော်လေး အရည်အသွေး ပြည့်မှီလှ၏။ ဆွဲဆောင်မှုရှိသည့် မျက်ဟန်များ ၊ သူမ ၀တ်ထားသည့် ၀တ်စုံရောပါ ပေါင်းစပ်လိုက်ပါက ကျန်းရှောင်ယွီထက်ပင် သာလွန်သွားခဲ့တော့၏။

"ရှောင်ကောကောက သူများ အမြီးဆန့်တာကို ကျေနပ်ရဲ့လား မသိဘူး... ခုတစ်ခေါက်ပဲ ဒီလောက်ထိ လေးလေးနက်နက် ကဖူးသေးတယ်..."

"မဆိုးပါဘူး.. ဆက်ပါဦး..."

"အွန်း အွန်း.. ဒီက သေချာလေး ကြိုးစားပေးမယ်...."

ထိုစဉ် ရှောင်းယွီ အခန်းထဲရှိ ကွန်းမန့်စာမျက်နှာတွင် မှတ်ချက်များက ထပ်မံ ပေါက်ကွဲတက်လာပြန်သည်။

"ဟန်ရွှမ်းက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့တောင် ထင်မထားဘူး.. ဒါပေမယ့် ငါကြိုက်တယ်...."

"သူမရဲ့ အေးတိအေးစက် နတ်ဘုရားမ ပုံရိပ်က အဲ့ဒီ အပြုံးနဲ့တင် ပျက်စီးသွားပြီ.. ဒါပေမယ့် ငါလည်း ကြိုက်တယ်...."

"ငါတော့ ဒီနေ့ မျက်စိအစာ ရှယ်ကျွေးလိုက်ရပြီ... ငါ ကစ်တီရဲ့ စထွင်းကို ကြည့်နေတာ နှစ်လကျော်ပြီကွ.. ဒါပေမယ့် သူ အနက်ရောင် စတော်ကင်နဲ့ ဒီလိုမျိုး ဆက်ဆီဆန်ဆန် ကပြတာကိုတော့ ပထမဆုံး မြင်ဖူးတာပဲ... ကျေးဇူးပဲ တိုင်ကွန်းရေ... မင်းက ငါတို့ ယောက်ျားထုကြီးရဲ့ သူရဲကောင်းပဲ... "

ဆယ်မိနစ်ကြာပြီးနောက် သူမ ဘယ်နှစ်ကြိမ် ကပြီးမှန်းတောင် လင်းရီ မရေတွက်နိုင်တော့ချေ။ တစ်ဖက်တွင်တော့ ယခုဖြစ်ရပ်ကြောင့် ဟန်ရွှမ်း၏ နတ်ဘုရားမ ပုံရိပ်မှာ တစ်စထက်တစ်စ ပျက်စီးလာလေသည်။

ဟန်ရွှမ်းလည်း အမြီးဆန့်ရင်း ခါးပင် ကျိုးလုမတတ် ဖြစ်လာခဲ့၏။

"ရှောင်ကောကော .. သူများက ရှောင်ကောကောအတွက် တစ်ခါတည်းနဲ့ အကြိမ်သုံးဆယ်တောင် လုပ်ပြသွားခဲ့တာနော်...သူများကို မချီးမွမ်းတော့ဘူးလား... "

ဟော်ရွှမ်း သနားစဖွယ်လေး ပြုမူလိုက်၏။

ယင်းက အရေးကြီးဆုံး ခြေလှမ်းပင်။ သူမ မကြာမီ ဆုချခံရလောက်သည်။

ထိုအကြောင်းတွေးကြည့်ရုံမျှနှင့် ပို၍ပင် စိတ်အားတက်ကြွလာခဲ့တော့၏။

သို့သော်လည်း တည်ငြိမ်နေဟန်ဆောင်ကာ ထုတ်ဖော်ပြ၍ မဖြစ်သေးချေ။

"မဆိုးပါဘူး... "လင်းရီ ရိုးရှင်းစွာ တုံ့ပြန်လိုက်၏။

"ဒါလေးပဲပေါ့..."ဟော်ရွှမ်း မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"ဒါပဲလေ.. မင်းကို နှုတ်နဲ့ ချီးကျူးပြီးသွားပြီကို.. ဧကန္တ မင်းက တခြားတစ်ခုကို လိုချင်နေတာလား..."

"အွန်း အွန်း.. သူများက တစ်ခြားတစ်ခု လိုချင်တာ...."

"အိပ်မက်မက်နေလိုက်..."

သို့နှင့် လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲမှ ထွက်လာခဲ့လိုက်၏။ ထပ်မံ အာရုံ လာမစားစေရန် တစ်ခါတည်း ဘလော့ပစ်ခဲ့လိုက်သည်။

လင်းရီ အခန်းထဲမှ ထွက်ခွာသွားသည်ကို မြင်တော့ ဟော်ရွှမ်း ကြက်သေသေသွားခဲ့တော့၏။

သူမ ဆုချခံချင်လို့ ကြိုးစားပမ်းစားနဲ့ အားထုတ်ထားတာလေ...

အဲ့တာကို သူက ဒီတိုင်းထွက်သွားခဲ့တယ်လား....

သေစမ်း...ဒါ ငါ့ကို မျောက်လို ကစားသွားတာပဲ...

ထိုအခိုက်အတန့်တွင်တော့ စခရင်ကို ဖုံးလွှမ်းသွားစေသည်အထိ ကွန်းမန့်များ တရစပ် တက်လာခဲ့တော့၏။

"ဟားဟား... သနားဖို့ကောင်းလိုက်တဲ့ စထွင်မာလေးပါလားကွာ... သူများရဲ့ ပိုက်ဆံကို ညစ်ချင်နေတယ်... ဘယ်လိုတောင် စိတ်၀င်စားဖို့ ကောင်းထားလဲ... "

"ခုနလေးတင် နတ်ဘုရား တိုင်ကွန်းကို အထင်သေးထားတယ် ... သူများ ပိုက်ဆံရှိတာလဲ မြင်တော့ ပြန်ပြီးတော့ ဖိနပ်လျက်ပြန်ရော... ဒါကြီးကတော့ ရုပ်ပျက်လွန်းသွားပြီ...."

"ဘာ ရေခဲ နတ်ဘုရားမတုန်း... ဒီတိုင်း ဟန်ဆောင်နေတာများ.... ပြောမရဘူး.. ညကျ တိုင်ကွန်းတစ်ယောက်ယောက်ရဲ့ အရုပ်လေး ဖြစ်ချင်ဖြစ်နေမှာ .... ဟင်း.... “

စာစဉ် (၄၄)ပြီး၏။

All Chapters