← Chapters

စုရှောင်းယွီကို အနိုင်ကျင့်ဖို့ ကြံစည်နေတယ်

Vol. 24 Ch. 346

စုရှောင်းယွီကို အနိုင်ကျင့်ဖို့ ကြံစည်နေတယ်

Vol. 24 Ch. 346

နောက်နေ့မနက် လင်းဖန်နိုးလာတော့ စုရှောင်းယွီက သူမ အတန်းဖော်များနဲ့ တွေ့ဆုံဖို့ ထွက်သွားလေပြီ။

တရုတ်စစ်တုရင်ကို နေ့တစ်ဝက်လောက် လေ့ကျင့်ပြီးနောက် သူ့စနစ်နေရာကွက်ထဲ ကံစမ်းမဲ လက်မှတ်တစ်စောင်ရှိနေတာကို လင်းဖန် သတိထားမိသွားပါသည်။

"ဒင် ကံစမ်းမဲနှိုက်ခြင်း အောင်မြင်ပါတယ်"

"သခင်လေး ကံကြမ္မာဖဲချပ် ၃ ချပ်ကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ သခင်လေးအနားကလူတွေ ကြမ္မာဆိုးနဲ့ ကြုံတွေ့ရတဲ့အခါ သူတို့ရဲ့ ကံကို ကြိုတင်သန့်စင်ပြီး သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပါတယ်"

"ကံကြမ္မာဖဲချပ်တွေက သခင်လေးအနားမှာရှိတဲ့ လူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အလိုလျောက် စစ်ဆေးပေးပါတယ်။ ကံကြမ္မာဖဲချပ်က အနီရောင် ပြောင်းလဲသွားတဲ့အခါ သခင်လေးနားက လူတွေ အန္တရာယ်ကျရောက်နေပါတယ်။ အရောင်က ပိုပြီး ရင့်လေလေ အန္တရာယ် ပိုကြီးလေလေ ဖြစ်ပါတယ်"

စနစ်၏ အသံထွက်ပေါ်လာပြီး လင်းဖန်၏ မျက်လုံးများ အရောင်လင်းလက်သွားသည်။

သူ နောက်ထပ် ကံကြမ္မာဖဲချပ်တစ်ချပ်ကို ရရှိလိုက်၏။

တစ်နည်းအားဖြင့် သူ့ဘေးက လူတွေကို သူကာကွယ်နိုင်ပါသည်။

သူလည်း အန္တရာယ်ရှိနေပါက ကြိုတင်ခန့်မှန်းနိုင်သည်။

"ဟုတ်ပြီ။ ဒါဆို ကံကြမ္မာဖဲချပ်တစ်ခု ဆွဲကြည့်လိုက်မယ်" လင်းဖန်က စနစ်ထံမှ ကံကြမ္မာ ဖဲချပ်တစ်ချပ်ကို ယူလိုက်ရင်း ပြောလိုက်ပါသည်။

ကံကြမ္မာဖဲချပ်ကိုမြင်လိုက်သောအခါ... သွေးနီရောင် ဖြစ်နေတာကို မြင်လိုက်ရသည်။

ဂျီ…

လင်းဖန်ရဲ့ ခေါင်းထဲ အသံများ မြည်လာ၏။

ဘယ်သူ အန္တရာယ်ကျရောက်နေတာလဲ။

"ဒင်... ကံကြမ္မာဖဲချပ်ကို သုံးစွဲမှု အောင်မြင်ပါတယ်"

"သတိပေးချက် : ဒီညနေမှာ စုရှောင်းယွီကို သူမရဲ့ အတန်းဖော် ကျောင်းလုံက ဆေးခတ်ပြီး ဟိုတယ်တစ်ခုကိုခေါ်သွားကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားပါလိမ့်မယ်..."

စနစ်၏ အသံ ထွက်ပေါ်လာသောအခါ လင်းဖန်၏ မျက်လုံးများ လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်သွားသည်။

သူသာ ကံကြမ္မာဖဲချပ်ကို မဆွဲလိုက်ပါက စုရှောင်းယွီ တကယ် အန္တရာယ်ကျရောက်နိုင်သည်။

စုရှောင်းယွီက အလွန်လှပပြီး ကြယ်ပွင့်တစ်ပွင့်လည်း ဖြစ်သဖြင့် လူပေါင်းများစွာ သူမကို သဘောကျကြသည်။

ထို့အပြင် စုရှောင်းယွီတွင် သူမ၏ ခွန်အားလည်း ဖြစ်သည့် ပြစ်ချက် တစ်ခု ရှိသည်။ ဒါက အလွန် သဘောကောင်းခြင်းပင်။

စူပါစတားတစ်ယောက်ဖြစ်နေပြီ ဖြစ်သောကြောင့် အတန်းဖော်ပြန်လည်တွေ့ဆုံပွဲကို သူမ သွားဖို့တောင် မလိုပါ။

စုရှောင်းယွီက အတန်းဖော်ပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ရုံတင်မကဘဲ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းများနဲ့ အတန်းဖော်များကို ဗီလာထံသို့ ဖိတ်ကြားခဲ့ပါသည်။

သူတို့ ရှန်ဟိုင်းမြို့က ဟိုတယ်တစ်ခုမှာ တစ်ရက်လောက်နေလျှင် ပိုက်ဆံတွေ အများကြီး ကုန်နိုင်ပါသည်။

ယခု ညနေ ၄ နာရီ ထိုးနေလေပြီ။

"ဒီလိုဖြစ်လာဖို့ အချိန်ဘယ်လောက် လိုသေးလဲ" လင်းဖန် မေးလိုက်သည်။ သူ အဝတ်အစား လဲနေပြီ ဖြစ်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်နေပါပြီ။

"ဒင်... မိနစ် ၅၀ အတွင်း ဖြစ်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် သခင်လေး သူမရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်။ မှတ်ချက် : သခင်လေး ကံကြမ္မာကို ပြောင်းလဲသောအခါ စနစ် တည်ရှိနေကြောင်း ဘယ်သူမှ သံသယဝင်လို့ မရပါ။ ဒါ့ကြောင့် ယုတ္တိရှိစွာ ဆောင်ရွက်ရပါမယ်" စနစ်က ပြောလိုက်၏။

ထိုအတွေးဖြင့် လင်းဖန် ချက်ချင်းပဲ စုရှောင်းယွီကို ဖုန်းဆက်လိုက်ပါသည်။

စနစ်၏ စကားကို လင်းဖန် ယုံကြည်သည်။ အရင်က လင်းဖန်ကို စနစ် မလိမ်ဖူးပါ။ မဟုတ်မမှန် ပြောဖို့ဆို ပိုဝေးပါသည်။

လင်းဖန်၏ မျက်နှာထား အေးစက်သွား၏။

စုရှောင်းယွီက သူ့ကို အတန်းဖော်ပြန်လည်တွေ့ဆုံပွဲဆီ လိုက်ခဲ့ဖို့ ခေါ်သော်လည်း လင်းဖန်က ငြင်းခဲ့သည်။

သူငြင်းလိုက်တာကြောင့် စုရှောင်းယွီ တစ်ခုခု ဖြစ်တော့မည်။

သူသာ အနားမှာရှိပါက ဒါမျိုး သေချာပေါက် ဖြစ်မှာ မဟုတ်ပါ။

ကံကောင်းစွာဖြင့် လင်းဖန်တွင် စနစ်ကို ပိုင်ဆိုင်ထားပြီး စုရှောင်းယွီ၏ ကံကြမ္မာကို ကြိုတင် မြင်နိုင်ခဲ့ပါသည်။

"ဆရာ ဘာဖြစ်လို့လဲ ~" စုရှောင်းယွီ၏ အချိုမြိန်ဆုံး အသံလေး ထွက်လာခဲ့သည်။

"နင် ဘယ်မှာလဲ" လင်းဖန်က တည်ငြိမ်စွာ မေးလိုက်၏။

"ငါ ဂိုးလ်ဒန်းအေ့ဂျ် ကေတီဗီမှာလေ ~ ငါ့အတန်းဖော်တွေနဲ့ အတူတူ ရှိတယ်။ ဆရာ ဘာမှ စိတ်ပူစရာ မလိုပါဘူး" စုရှောင်းယွီက ဆက်ပြော၏။

"ကျောင်းလုံလို့ခေါ်တဲ့ အတန်းဖော်တစ်ယောက် ရှိလား" လင်းဖန်က မေးလိုက်၏။

"ရှိတယ်" စုရှောင်းယွီ ခေါင်းငြိမ့်လိုက်သည်။ သူမ အနည်းငယ် ကြောင်စီစီ ဖြစ်သွား၏။ လင်းဖန်က သူမရဲ့ အထက်တန်း အတန်းဖော်များကို မသိသင့်ပါ။

"ရှောင်းယွီ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲမှာ ဘာသောက်စရာမှ သောက်လို့ မရဘူး။ အရက်လည်း သောက်လို့ မရဘူးနော်။ နားလည်လား" လင်းဖန်က ပြောလိုက်၏။

"အင်းပါ သိပါတယ်" စုရှောင်းယွီက ခေါင်းငြိမ့်လိုက်၏။ "ဆရာက ငါ့ကို အနိုင်ကျင့်ပြီး ရေတောင် သောက်ခွင့် မပေးတော့ဘူး"

"ပြီးတော့ ငါ့အတန်းဖော်တွေ အကုန်လုံးက လူကောင်းတွေပါ။ စိတ်မပူပါနဲ့" စုရှောင်းယွီ ပြောလိုက်ပါသည်။

လင်းဖန် အတည်ပေါက် ပြောလိုက်သည်။ "အင်းပါ ရှောင်းယွီ။ အိမ်အရင်ပြန်လာခဲ့ဦး။ ကုမ္ပဏီက နင်နဲ့ အရေးတကြီး ဆွေးနွေးစရာ ကိစ္စ ရှိတယ်။ မနက်ဖြန်မှ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲသွားလေ"

လင်းဖန်က ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ပြီး စုရှောင်းယွီကို ဂိုးလ်ဒန်းအေ့ဂျ် ကေတီဗီမှ ချက်ချင်း ထွက်လာအောင် လုပ်လိုက်ပါသည်။

အထူးသဖြင့် ယခု စုရှောင်းယွီကို ကြံစည်နေသည့် လူတစ်ယောက် ရှိနေတာကို လင်းဖန် တွေးမိသည့်အခါ အလွန် မပျော်မရွှင်ဖြစ်လာ၏။

စောစောကသာ သိခဲ့ပါက စုရှောင်းယွီကို အတန်း ပြန်လည်တွေ့ဆုံပွဲထံသို့ တစ်ယောက်တည်း လွှတ်လိုက်မှာ မဟုတ်ပါ။

စုရှောင်းယွီကို ဘာမှမသောက်ခိုင်းရင်တောင် တစ်ခုခုဖြစ်မှာကို လင်းဖန် စိုးရိမ်နေဆဲဖြစ်၏။ ထို့ကြောင့် စုရှောင်းယွီကို ချက်ချင်းပြန်လာခိုင်းဖို့ အကြောင်းပြချက် တစ်ခုခု ပေးလိုက်ပါသည်။

လင်းဖန်၏ စကားကို ကြားသောအခါ စုရှောင်းယွီ တိတ်ဆိတ်သွား၏။ "ဆရာ တစ်ခုခုဖြစ်လို့လား။”

လင်းဖန်က ပြုံးလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ကုမ္ပဏီကိစ္စတချို့ရှင်းဖို့ အရင်ပြန်လာခဲ့ပါ။ နောက်မှ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲ ပြန်သွားလို့ ရတယ်။ ရပါတယ်။ နင့်သူငယ်ချင်းတွေကို ဧည့်ခံပါ့မယ်"

လင်းဖန်ကို ယုံကြည်သဖြင့် စုရှောင်းယွီ နာခံစွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ "သိပါပြီ။ စကားနားထောင်ပါ့မယ်"

ဘာတွေ အရေးကြီးနေမှန်း မသိသော်လည်း သူမ လင်းဖန်ကို ရာနှုန်းပြည့် ယုံကြည်ပါသည်။

ဒီလိုသာဆို စုရှောင်းယွီ ဘေးကင်းပါလိမ့်မည်။

ထို့နောက်... ဖဲချပ်၏ အရောင်က ပိုပြီး ရင့်သွားတာကို လင်းဖန် မြင်လိုက်ရသည်။

"ဒင်... စုရှောင်းယွီ အလျင်စလိုထွက်လာတဲ့အခါ ၅ မိနစ်အတွင်း လမ်းမှာ ကားအက်စီးဒင့်တစ်ခုဖြစ်ပြီး စုရှောင်းယွီ သေဆုံးသွားပါလိမ့်မယ်" စနစ်၏ အသံ ထွက်ပေါ်လာပြန်သည်။

လင်းဖန် နှလုံးခုန်မြန်ဆန်သွားရ၏။

ဘာလို့လဲ။

စုရှောင်းယွီက အမြဲတမ်း သူ့အတွက် မိတ်ဆွေကောင်း ဖြစ်ခဲ့ပြီး သူမကိုလည်း လင်းဖန်က ညီမလေး တစ်ယောက်လို သဘောထားခဲ့သည်။

စုရှောင်းယွီသာ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲတွင် ဆက်နေပါက အန္တရာယ်ရှိလိမ့်မည်။

ချက်ချင်း ပြန်လာပြန်ရင်လည်း ကားအက်ဆီးဒင့် ဖြစ်လိမ့်မည်။

ဒုတိယ အခြေအနေက ပိုတောင် ဆိုးသေးသည်။ စုရှောင်းယွီ သေသွားပါလိမ့်မည်။

စုရှောင်းယွီ သေဆုံးမည်ဟု ကြားလိုက်ရသောအခါ လင်းဖန် ရင်ထဲ တင်းမာသွားရ၏။

စနစ်၏ စကားလုံးများက သေချာပေါက် တကယ် ဖြစ်လာလိမ့်မည်။

ထို့အပြင် စနစ်က သူမရဲ့ ကံကြမ္မာကို ခန့်မှန်း နိုင်သည်ဟုလည်း စုရှောင်းယွီကို လင်းဖန် ပြောလို့ မရပါ။

လင်းဖန် ချက်ချင်းပဲ စုရှောင်းယွီကို ဖုန်းထပ်ဆက်လိုက်သည်။ "ရှောင်းယွီ အလောတကြီး ပြန်လာဖို့ မလိုတော့ဘူး။ ကိစ္စ ပြေလည်သွားပြီ။ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲက ပိုအရေးကြီးပါတယ်။ အဲ့မှာ ခဏလောက် ထိုင်နေ။ ငါနင့်ကို အခုပဲ လာတွေ့မယ်"

ထိုစကားကိုကြားတော့ စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။ "ဟုတ်ပါပြီ။ ငါနဲ့အတူ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲကို မလိုက်ချင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

လင်းဖန်က ပြောလိုက်သည်။ "ဒီလောက် အရေးကြီးတဲ့နေ့မှာ လိုက်မှ ဖြစ်မှာပေါ့။ ပြီးတော့ နင့်သူငယ်ချင်းတွေကို ဗီလာဆီလည်း ခေါ်လာရဦးမယ်။ ဒီဗီလာက ငါ့အိမ်လေ။ အဲ့တာကြောင့် အားလုံးကို အလည်ခေါ်လာပေးရမှာပေါ့"

စုရှောင်းယွီက ခေါင်းငြိမ့်လိုက်၏။ "ဆရာက အရမ်း သဘောကောင်းတာပဲ ~ ဒါပေမယ့် ဒီနေ့ ဆရာ့ပုံစံက နည်းနည်း ထူးဆန်းနေတာလေး တစ်ခုပဲ"

လင်းဖန် စဉ်းစားလိုက်သည်။ တကယ်ပဲ သူ့လုပ်ရပ်များက ထူးဆန်းနေပါသည်။

ပထမတော့ စုရှောင်းယွီကို ဖုန်းဆက်ပြီး သူမကို ရေမသောက်ဖို့ တားမြစ်ခဲ့၏။ နောက်တော့ ကုမ္ပဏီကို ချက်ချင်း ပြန်လာခိုင်းခဲ့သည်။ အခုတော့ ကုမ္ပဏီကို ပြန်မလာဖို့ ပြောနေ၏။

စုရှောင်းယွီ၏ ဉာဏ်ရည်မျိုးနဲ့ တစ်ခုခုတော့ လွဲနေမှန်း သိနိုင်ပါလိမ့်မည်။

"စုရှောင်းယွီ နင်က အရမ်းလှတယ်။ တစ်ယောက်ယောက် နင့်ကို အနိုင်ကျင့်ဖို့ ကြိုးစားရင် ငါလက်ခံမှာ မဟုတ်ဘူး" လင်းဖန်က ပြောလိုက်သည်။ သူ ကားထဲဝင်ပြီး ဂိုးလ်ဒန်းအေ့ဂျ် ကေတီဗီထံသို့ အရှိန်တင် မောင်းနှင်လာခဲ့လိုက်ပါသည်။

"ဟွန်း ဆရာက လူဆိုးပဲ" စုရှောင်းယွီ ထိုသို့ ပြောပြီးနောက် ဖုန်းချလိုက်ပါသည်။

လင်းဖန် ဖုန်းပြောပြီးနောက် စနစ်၏ အသိပေးချက်ကို ကြည့်လိုက်သည်။

စုရှောင်းဘူသာ ကေတီဗီက ထွက်မလာပါက အားအက်စီးဒင့်ဖြစ်မှာ မဟုတ်တော့ပါ။

ထို့အပြင် လင်းဖန်က စုရှောင်းယူူကို ရေမသောက်ဖို့ မှာထားသည်။ ထို့ကြောင့် စုရှောင်းယွီ အဆင်ပြေလောက်ပါပြီ။

လင်းဖန် ကံကြမ္မာဖဲချပ်ကို ထပ်ကြည့်လိုက်၏။

"ဒင်... မိနစ် ၂၀ အတွင်း စုရှောင်းယွီကို ကျောင်းလုံက အတင်းအကြပ် ကားတင်ပြေးပါလိမ့်မယ်။ ၁ နာရီ ကြာသောအခါ ဟိုတယ်တစ်ခုတွင် စုရှောင်းယွီ အဓမ္မကျင့်ခံရပါလိမ့်မယ်"

မိနစ် ၂၀ ...

မိနစ် ၂၀ သာ လိုတော့သည်။

လင်းဖန် မျက်မှောင်ကြုတ်သွား၏။ စုရှောင်းယွီကို ကယ်လိုက်သော်လည်း အချိန်တွေက ပိုတောင် မြန်ဆန်သွားပါသေးသည်။

လခွမ်းပဲ...

ကျောင်းလုံဆိုတဲ့ကောင် သေချင်နေတာပဲ။

All Chapters