ပြီးပြည့်စုံတဲ့ အကြံအစည်
Vol. 24 Ch. 347
ဂိုးလ်ဒန်းအေ့ဂျ် ကေတီဗီတွင်။
စုရှောင်းယွီက ဖုန်းကစားနေစဉ် တစ်ခုခု လွဲနေသလို ခံစားလိုက်မိသည်။
တစ်ခုခု မကောင်းတာဖြစ်တော့မည်ဟု စုရှောင်းယွီ ခံစားချက်များ ရနေပါသည်။
သို့သော်လည်း ဒီအတိုင်း အတန်းဖော်ပြန်လည်တွေ့ဆုံပွဲတစ်ခုသာ ဖြစ်သည်။ ဒီမှာလည်း လူတွေ အများကြီး ရှိနေသဖြင့် ဘယ်လိုလုပ်ပြီး မကောင်းတာ ဖြစ်လာနိုင်မှာလဲ။
စုရှောင်းယွီက သူမ အခင်ဆုံး သူငယ်ချင်းနားမှာပဲ ကပ်နေပြီး မလှုပ်ခဲ့ပါ။
သူမ လင်းဖန် လာသည့်အချိန်အထိ စောင့်နေရမည်။ လင်းဖန်သာ အနားမှာ ရှိနေပါက သူမ လုံခြုံပါလိမ့်မည်။
ထို့နောက် ယောက်ျားလေး အတန်းဖော်တချို့က သူမ ရှေ့ကို လျှောက်လာ၏။
ကျောင်းလုံက ရယ်မောကာဖြင့် စုရှောင်းယွီကို ကြည့်လိုက်ပါသည်။ "ရှောင်းယွီ ဝိုင်သောက်ပါဦး။ နင်က ကြယ်ပွင့်ကြီးတောင် ဖြစ်နေပြီ။ ငါတို့တွေ တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ"
စုရှောင်းယွီ ခေါင်းခါလိုက်၏။ "တော်ပါပြီ ကျေးဇူးပါ။ ငါအရက်သောက်လို့ မရလို့ပါ"
ကျောင်းလုံက ထိုစကား ကြားသောအခါ ပြောလိုက်သည်။ "ဟုတ်တာပေါ့။ မိန်းကလေးတွေ အရက်သောက်တာ မကောင်းဘူး။ ဒါဆို အရက်အစား တခြား အအေးတစ်ခုခုပဲ သောက်ပေါ့"
စုရှောင်းယွီက သူမ၏ မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ကျောင်းလုံကို ကြည့်လိုက်သည်။ "ငါ အအေးလည်း သောက်လို့ မရဘူး။ ဝလာလိမ့်မယ်"
ထိုစကားကို ကျောင်းလုံ ကြားသောအခါ သူ့အပြုံးက နက်ရှိုင်းသွား၏။ "ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ငါ့ကိုယ်ငါ ဝိုင် ၃ ခွက်နဲ့ အပြစ်ပေးရမယ်။ နင်က အခု ကြယ်ပွင့်ဖြစ်နေပြီ။ ဘယ်လိုလုပ် သောက်လို့ရမှာလဲ။ ဒါဆို ရေတစ်ခွက်ပဲ သောက်ပါတော့။ ရေသောက်တာတော့ ပြဿနာ မရှိဘူးမလား"
"ရှောင်းယွီ ငါတို့က အထက်တန်း အတန်းဖော်တွေပဲကို။ ငါ့ကို ထပ်ငြင်းရင် ငါ့ကို မျက်နှာသာ မပေးရာ ကျတယ်နော်" ကျောင်းလုံက ပြောလိုက်သည်။ စုရှောင်းယွီ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်လိုက်ပြီး ပို၍ပင် ကျေနပ်သွားပါသည်။
စုရှောင်းယွီက အထက်တန်း ကျောင်းတုန်းကထက် အများကြီး ပိုလှလာ၏။
ဒီနေ့ စုရှောင်းယွီက ဘောင်းဘီရှည် ဝတ်ထားသော်လည်း သူမ၏ ဘောင်းဘီအောက်စွန်းနားမှာ သူမ၏ ခြေထောက် တချိုု့က ပေါ်နေသည်။
ကျောင်းလုံ သည်းမခံနိုင်တော့ပါ။
ဒီလို မိန်းမလှလေးမျိုးကိုသာ ပိုင်ဆိုင်ရပါက သူ ထောင်ဘယ်နှနှစ်ပဲကျကျ တန်ပါလိမ့်မည်။
ဘယ်လို ယောက်ျားမျိုးက ဒီလို ချစ်စရာ ကောင်မလေးမျိုးကို သိမ်းမပိုက်ချင်ဘဲ နေမှာလဲ။
ထို့အပြင် စုရှောင်းယွီက ရည်းစားလည်း မရှိသေးပေ။ စုရှောင်းယွီကို အပိုင်သိမ်းပြီး စုရှောင်းယွီက ပြဿနာ မရှာပါက သူ့ဘဝ အနာဂတ်တွင် ပြောင်းလဲသွားနိုင်ပါသည်။
ကျောင်းလုံ ထိုစကားပြောတာကို ကြားသောအခါ အတန်းဖော်များစွာက စုရှောင်းယွီကို ကြည့်လိုက်ကြပါသည်။
၎င်းတို့အထဲတွင် စုရှောင်းယွီ၏ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ကျောင်းယင်ကလည်း ပြောလိုက်ပါသည်။ "အေးလေ ငါတို့ အတန်းဖော်တွေ အများကြီးက နင့်ကိုတွေ့ဖို့ ရှန်ဟိုင်းထိတောင် လာခဲ့ရတာ။ ဒီတိုင်း ရေလေးတစ်ခွက်ပဲကို"
သူမ အတန်းဖော်တွေပြောတာကို ကြားပြီးနောက် ကျောင်းလုံကို ငြင်းဖို့ စုရှောင်းယွီ အကြောင်းပြချက် စဉ်းစားလို့ မရတော့ပါ။
သူမ သူ့ကို ၂ ကြိမ်တောင် ငြင်းပြီးပါပြီ။ ရေသောက်ဖို့ပါ ထပ်ငြင်းလိုက်ပါက အတန်းဖော်တွေကို မျက်နှာသာ မပေးရာ ကျပါလိမ့်မည်။
ရေသောက်တာက ပုံမှန် လုပ်ရပ်တစ်ခုသာ ဖြစ်ပါသည်။
စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်၏။ "ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါရေမဆာသေးလို့ပါ။ ဒီမှာ ချခဲ့လိုက်လေ။ ခဏနေမှ သောက်လိုက်မယ်"
စုရှောင်းယွီ၏ စကားကို ကြားသောအခါ ကျောင်းလုံ ဘဝင်မကျစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
၂ မိနစ်လောက် ကြာသောအခါ ကျောင်းလုံ သီချင်းဆိုပြီးသွားပြီး အားလုံးကို ဝိုင်တစ်ခွက် ကိုင်လျက် ကြည့်လိုက်ပါသည်။
"အတန်းဖော်တို့ ဒီနေ့ စုရှောင်းယွီအတွက် ခွက်ချင်း တိုက်ကြရအောင်"
"စုရှောင်းယွီက အခု ကြယ်ပွင့်ကြီးတစ်ပွင့် ဖြစ်နေပြီ။ ငါတို့ အတန်းဖော်တွေ အားလုံးထဲမှာ အဆင်ပြေနေဆုံးပဲ။ စုရှောင်းယွီရဲ့ လုပ်ငန်းတွေလည်း အနာဂတ်မှာ ပိုပိုပြီး အဆင်ပြေလာပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံး စုရှောင်းယွီအတွက် ချီးယားစ်။ ငါအရင်သောက်မယ်" ကျောင်းလုံ ပြောလိုက်သည်။
"ဟုတ်တယ် ရှောင်းယွီ။ နင်က အခု အရမ်းအဆင်ပြေနေပြီ။ ဝိုင်တစ်ခွက်လောက်တော့ သောက်ပါဦး။ နင့်ကို တစ်ခေါက် မြင်ရဖို့တောင် အရမ်းခက်တာလေ" ကောင်လေး တစ်ယောက်က ပြောလိုက်၏။
"ရှောင်းယွီ ရေတော့သောက်။ ရေတောင် မသောက်ဘူးဆိုရင် အခင်ဆုံးသူငယ်ချင်းကို မျက်နှာသာ မပေးတာပဲ" ကျောင်းယင်က ပြုံးကာ စုရှောင်းယွီကို ကြည့်လိုက်ပါသည်။
"ဘာမှ မဖြစ်ပါဘူး။ အရက်သောက်တာမှ မဟုတ်တာ။ ဒီတိုင်း ရေတစ်ခွက်ပဲကို။ ရှောင်းယွီ ရေတောင် သောက်လို့ မရဘူးလို့တော့ မပြောနဲ့နော်" တခြား အတန်းဖော်တစ်ယောက်က ပြောလိုက်ပါသည်။
အားလုံး ဒီလိုပြောတာကို ကြားသောအခါ စုရှောင်းယွီ တွန့်ဆုတ်သွား၏။
ရေတစ်ခွက် သောက်တာ ဘာမှ မဖြစ်ပါ။ ဒီမှာလူတွေ အများကြီး ရှိပါသည်။ ပုံမှန် မဟုတ်တာ တစ်ခုခုဖြစ်လာရင်တာင် မန်နေဂျာကို ချက်ချင်း ခေါ်လို့ ရသည်။
သို့သော်လည်း လင်းဖန်ပြောထားတာကို စုရှောင်းယွီ မှတ်မိနေပါသေးသည်။
စုရှောင်းယွီ တွန့်ဆုတ်နေတာကို မြင်ပြီး သူမရှေ့က ရေခွက်ကို ယူကာ ကျောင်းယင် တစ်ငုံတည်း သောက်ပြလိုက်၏။ "တကယ်ပါပဲ ရှောင်းယွီ။ နင့်ကို တစ်ယောက်ယောက် ကိုက်စားမှာ ကြောက်နေတာလား။ နင့်အတွက် ငါအရင်သောက်ပြမယ်"
ကျောင်းယင် သောက်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ဘာတုန့်ပြန်မှုမှ မရှိပါ။ ထို့အစား သီချင်းပင် သွားဆိုလိုက်ပါသေးသည်။
ကျောင်းလုံလည်း သက်ပြင်းချလိုက်၏။။ "ရှောင်းယွီ ငါနောက်တစ်ခွက် ထည့်ပေးမယ်။ ငါ့ကို အဲ့လို မကောင်းတဲ့လူလို့ မထင်ပါနဲ့။ ငါတို့က အတန်းဖော်ဟောင်းတွေ မဟုတ်ဘူးလား။ နင့်ကို အရက်သောက်ခိုင်းနေတာတောင် မဟုတ်ဘူးလေ။ ဒါလေးတောင် လုပ်မပေးနိုင်ဘူးဆိုရင် ငါ့ကို မျက်နှာသာ မပေးတာပဲ"
ကျောင်းလုံက စုရှောင်းယွီအတွက် ရေတစ်ခွက် ထပ်ထည့်ပေးလိုက်ပါသည်။
ကျောင်းယင်က ပထမတစ်ခွက်ကို သောက်လိုက်ပြီး ကျန်ရေသန့်များကို စုရှောင်းယွီ၏ ဖန်ခွက်ထဲ ထည့်ပေးလိုက်သည်။
ကျောင်းယင် ဘာမှ မဖြစ်တာကို မြင်သောအခါ စုရှောင်းယွီ သတိလျှော့ချလိုက်မိ၏။
ဘာပဲဖြစ်ဖြစ် အတန်းဖော်ပြန်လည်တွေ့ဆုံပွဲမှာ ကိုယ့်အတန်းဖော်ကိုယ် ဘယ်သူက မယုံသင်္ကာဖြစ်နေရမှာလဲ။ ဒီဆိုသာဆို အတန်းဖော်ပြန်လည်တွေ့ဆုံပွဲဆီ ရောက်လာဖို့တောင် မလိုအပ်ပါ။
ဒီမှာ သူမ ခင်မင်ရင်းနှီးသည့် လူတွေ အများကြီးရှိသဖြင့် သူတို့ကို မျက်နှာသာ ပေးရပါမည်။
"ဒါဆို နည်းနည်းပဲသောက်မယ်~" စုရှောင်းယွီက ပြုံးပြီး သူမနားက ကောင်မလေးများကို ကြည့်လိုက်ပါသည်။
ကျောင်းလုံကို ဘယ်လို ဆက်ငြင်းရမှန်း စုရှောင်းယွီ တကယ် မသိတော့ပါ။ ထို့အပြင် သူ့ကို အရှက်လည်း မခွဲချင်ပါ။ ရေတစ်ငုံလောက် သောက်တာတော့ ဘာမှ မဖြစ်လောက်ပေ။
အရေးအကြီးဆုံးက စုရှောင်းယွီ အချိန်ကိုက် လုပ်တတ်ပါသည်။
တစ်ခုခုဖြစ်လာပါက မန်နေဂျာကို ချက်ချင်း ဆက်သွယ်နိုင်သည်။
ပိုအရေးကြီးတာက ကျောင်းယင် ဘာမှ မဖြစ်တာကို မြင်လိုက်ရသဖြင့် စုရှောင်းယွီ စိတ်နည်းနည်း အေးသွားပါသည်။
ဧကန္တ လင်းဖန်က သူမအတွက် အစိုးရိမ်လွန်နေတာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူမကို သတိမဲ့စွာနဲ့ ရေသောက်ခွင့် မပေးတာ ဖြစ်နိုင်ပါသည်။
စုရှောင်းယွီက အနည်းငယ်သာ သောက်လိုက်ပြီး ပြန်ချထားလိုက်သည်။ "အားလုံးလည်း အနာဂတ်မှာ လုပ်ငန်းတွေ ပိုအောင်မြင်ပြီး ငွေပိုရှာနိုင်ကြပါစေ~"
"ဟားဟား အနာဂတ်မှာ ငါတို့ရှောင်းယွီလေးဆီကနေ အကျိုးခံစားခွင့်တွေ ရရင် ပိုကောင်းမှာပဲ" ကျောင်းယင်က ပြောလိုက်ပါသည်။
"ရှောင်းယွီက ပိုပိုပြီး လှလာတယ်နော်။ နင်နဲ့အတူ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ရတာ အရမ်းပျော်တာပဲ"
"စုရှောင်းယွီ သီချင်းလာဆိုပါဦး"
ရေသောက်ပြီးနောက် စုရှောင်းယွီ ဘာမှ မခံစားရပါ။ သာမန် ရေအတိုင်းပင်။
သူမ မတ်တပ်ရပ်ပြီး သီချင်း ၂ ပုဒ်လောက် ဆိုလိုက်သည်။ သူမ ခန္ဓာကိုယ် တစ်ခုခုဖြစ်နေသည်ဟုလည်း မခံစားရပေ။
စိတ်အေးလက်အေးဖြင့် စုရှောင်းယွီတစ်ယောက် ရေကို နောက်တစ်ငုံ သောက်လိုက်ပါသည်။
စားသောက်ပြီး သီချင်းဆို စကားတွေ ပြောပြီးနောက် ရေမဆာဖို့ဆိုတာ ခက်ပါသည်။
တဖြည်းဖြည်းနဲ့ စုရှောင်းယွီ အိပ်ငိုက်လာခဲ့သည်။
စုရှောင်းယွီ ဆိုဖာပေါ်မှီလိုက်ပြီး သူမ အတန်းဖော် အားလုံး ပါတီကျင်းပနေချိန်တွင် အိပ်ပျော်လုနီးပါး ဖြစ်လာသည်။
အစမှ အဆုံးအထိ သူမ ခန္ဓာကိုယ်တစ်ခုခုဖြစ်နေသည်ဟု စုရှောင်းယွီ မခံစားရပါ။ ဒီတိုင်း အနည်းငယ် အိပ်ငိုက်နေခြင်းသာ ဖြစ်ပြီး အိပ်ပျော်ချင်နေသည်။
ထို့နောက် စုရှောင်းယွီ အိပ်ပျော်သွားတော့သည်။
စုရှောင်းယွီ အိပ်ပျော်သွားတာကို မြင်ပြီး ကျောင်းလုံနဲ့ ကျောင်းယင်တို့ လက်ဝါးချင်း ရိုက်လိုက်ကြသည်။
ကျောင်းယင်က အိပ်ပျော်နေသည့် စုရှောင်းယွီကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ရှောင်းယွီ ဘာလို့ အိပ်ပျော်သွားတာလဲ။ စုရှောင်းယွီ အိပ်ပျော်နေပြီ ဆိုတော့ သူ့ကို နားဖို့ ငါခေါ်သွားတော့မယ်။ အားလုံးလည်း ဒီနေ့ စောစောနားကြလေ။ မနက်ဖြန်ကျရင် စုရှောင်းယွီရဲ့ ဗီလာကြီးကို သွားကြည့်ကြမယ်"
စုရှောင်းယွီ၏ အခင်ဆုံး သူငယ်ချင်း နောက်တစ်ယောက် ဖြစ်သူ ပင်းထန်က စုရှောင်းယွီ၏ လက်မောင်းကို တွဲလိုက်ပြီး ပြောလိုက်သည်။ "စုရှောင်းယွီကို ငါလိုက်ပို့လိုက်မယ်~"
ပင်းထန်က အလွန်ရိုးသားပြီး စုရှောင်းယွီနဲ့ ဆက်ဆံရေး အလွန်ကောင်းမွန်သဖြင့် စုရှောင်းယွီ အိပ်ပျော်နေတာကို မြင်သောအခါ သူမ ကာကွယ်ပေးရပါမည်။
"ပင်းထန် ဘာမှ မဖြစ်ပါဘူး။ စုရှောင်းယွီကို ငါလိုက်ပို့လိုက်ပါ့မယ်။ ဘာမှ မဖြစ်ပါဘူး။ နင်တို့ ငါ့ကို သံသယဖြစ်နေတာလား" ကျောင်းယင်က ရင်ဘတ်ကို ပုတ်ပြရင်း ပြောလိုက်ပါသသည်။
အောင်မြင်တော့မှာကို မြင်သောအခါ ကျောင်းလုံ နှုတ်ခမ်းပေါ်က အပြုံး ပိုမိုနက်ရှိုင်းသွားသည်။
နောက်ဆုံးတော့... ပွဲသိမ်းပြီ။
ဒီလို အရာမျိုး သူ လုပ်ဖို့ ကြိုးစားပါက အလွန် အလွန် ခက်ခဲပါလိမ့်မည်။
သို့သော်လည်း စုရှောင်းယွီ၏ အခင်ဆုံးသူငယ်ချင်း လုပ်ပါက အားလုံး သံသယ မဝင်လောက်ပါ။
ကျောင်းယင် စုရှောင်းယွီကို ဟိုတယ်တစ်ခုဆီ ခေါ်သွားတာကို ဘယ်သူက သံသယဝင်မှာလဲ။
မိန်းကလေးတွေ ဟိုတယ်မှာ အတူတူနေတာ ပုံမှန်ပဲ မဟုတ်ဘူးလား။
စုရှောင်းယွီ ခုနက သောက်လိုက်သည့်အရာကလည်း ဘာမှ ပြဿနာ မရှိပါ။ ဒီတိုင်း သူမ အိပ်ချင်လာအောင် ကူညီပေးသည့် ဆေး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေမှာ မဟုတ်ပါ။
စုရှောင်းယွီက ဘာမှ သတိမထားမိဘဲ ဖြည်းဖြည်းချင်း အိပ်ပျော်သွားပါလိမ့်မည်။
အားလုံးကို ပြီးပြည့်စုံအောင် အစီအစဉ် ချထားသည်။
ကျောင်းယင်ကျတော့ ဘာကြောင့် ဘာမှ မဖြစ်တာလဲ ဆိုတော့ ထိုပစ္စည်းကို ကျောင်းယင် ထည့်ထားတာ ဖြစ်သောကြောင့်ပင်။
စုရှောင်းယွီ သီချင်းဆိုနေချိန်တွင် သူမ လှုပ်ရှားခဲ့၏။
ကျောင်းယင် စုရှောင်းယွီကို ဟိုတယ် ခေါ်သွားပြီးနောက် ကျောင်းလုံ လုပ်ချင်တာ မှန်သမျှ လုပ်နိုင်ပါသည်။
တစ်ယောက်ယောက်ကို သံသယဝင်ရင်တောင် သူ့ကို မဝင်လောက်ပါ။
ထို့အပြင် စုရှောင်းယွီလည်း ဘာမှ သိလိုက်မှာ မဟုတ်ပါ။
စုရှောင်းယွီက ယောက်ျားလေးများကို သတိထားသော်လည်း သူမရဲ့ အခင်ဆုံး သူငယ်ချင်းက သူမကို ကြံစည်လိမ့်မည်ဟုတော့ မျှော်လင့် မထားခဲ့ပါ။
ထိုအချိန်တွင်...
ကေတီဗီ တံခါးပွင့်လာခဲ့၏
တံခါးဝတွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
လင်းဖန် ရောက်လာခဲ့ပါပြီ။