အခန်း(၃၄၈) လင်းဖန်ကို တကယ်ချစ်မိသွားပြီ
Vol. 24 Ch. 348
လင်းဖန်၏ နံဘေးတွင် ရဲလည်း ပါလာခဲ့သည်။
လင်းဖန်က ရဲခေါ်လာခဲ့ခြင်း ဖြစ်၏။
စုရှောင်းယွီက တရုတ်နိုင်ငံ၏ ကြယ်ပွင့်တစ်ပွင့် ဖြစ်သည်။ စုရှောင်းယွီက အတန်းဖော်ပြန်လည်တွေ့ဆုံပွဲ တစ်ခုကို သွားကာ တစ်ယောက်ယောက်က စုရှောင်းယွီကို အရက်အတင်းတိုက်နေသည်ဟု လင်းဖန် ရဲတိုင်ခဲ့ခြင်း ဖြစ်သည်။
ရဲက လိုရမယ်ရ လင်းဖန်နောက်ကို လိုက်လာခဲ့ခြင်း ဖြစ်ပါသည်။
စောင့်ကြည့်ခန်းထဲတွင် လင်းဖန်နဲ့ ရဲသားတို့ ဖြစ်စဉ် တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည်။
အထူးသဖြင့် စုရှောင်းယွီ အိပ်ပျော်သွားသည့်အခါ လင်းဖန်၏ မျက်နှာထားက ပိုပိုပြီး အေးစက်သွားခဲ့ပါသည်။
ရဲကို စောင့်ကြည့်ကင်မရာခန်းထဲ တမင်သက်သက် အရင်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ကျောင်းလုံက စုရှောင်းယွီကို ဆေးခတ်တော့မှာ လင်းဖန် သိသော်လည်း ရဲသားက မသိပေ။
လင်းဖန်သာ ဒီလို အရင်မလုပ်ပါက သူ့ကို စွပ်စွဲဖို့ သက်သေရှိမှာ မဟုတ်ပါ။
ယခုတော့ မျက်မြင်သက်သေနဲ့ ရာဇဝတ်မှု သက်သေတွေ အားလုံး ရှိနေပါပြီ။
လင်းဖန် ဘာမှတောင် ပြောဖို့ မလိုပါ။ ဗီဒီယိုကို စုရှောင်းယွီ၏ အဖေထံသို့ ပို့ပေးလိုက်ဖို့သာ လိုပြီး ကျောင်းလုံရဲ့ မိသားစုကော ကျောင်းလုံကော လုံးဝ ပွဲသိမ်းသွားပါလိမ့်မည်။
ဒီလောက် အချိန်တွေ ကြာတာတောင် စုရှောင်းယွီကို လင်းဖန် တစ်ခါမှ အနိုင်ကျင့်ဖို့ မတွေးဖူးပါ။ တခြားသူတွေ အနိုင်ကျင့်လို့ ရပါ့မလား။
စုရှောင်းယွီ အန္တရာယ်ကျရောက်လာသည့်အခါ သူမကို ဘာမှဖြစ်ခွင့်ပေးလို့မရမှန်း လင်းဖန် သိပါသည်။
သူမကို သေချာ ဂရုစိုက်ပါ့မည်ဟု စုရှောင်းယွီ၏ အဖေကို ကတိပေးခဲ့ပါသည်။
သူနဲ့ စုရှောင်းယွီတို့ ဆက်ဆံရေးက မပိုသော်လည်း စုရှောင်းယွီ တစ်ခုခုဖြစ်ခဲ့ပါက ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ပါ။
"သူတို့ကို ဖမ်းလိုက်တော့" လင်းဖန် ပြောလိုက်သည်။
ရဲက ချက်ချင်းပဲ ရှေ့ကိုတိုးလာပြီး ကျောင်းလုံနဲ့ ကျောင်းယင်တို့ကို ဖမ်းလိုက်ပါသည်။
တခြား သူတွေကတော့ စုရှောင်းယွီရဲ့ သရုပ်မှန်ကို မသိနိုင်သော်လည်း ဒီရဲသားက သိနေပါသည်။
စုရှောင်းယွီသာ တကယ် တစ်ခုခု ဖြစ်သွားပါက သူ တာဝန်ယူနိုင်မှာ မဟုတ်ပါ။
"ဘာလို့ ကျွန်မကို ဖမ်းနေတာလဲ။ ကျွန်မ ဘာမှ မလုပ်ဘူး" ကျောင်းယင်က စိတ်ရှုပ်ထွေးစွာဖြင့် ရဲသားကို ကြည့်လိုက်ပါသည်။
"ခင်ဗျား လုပ်တာ မလုပ်တာာက လုံခြုံရေးကင်မရာမှာ ထင်ရှားနေပြီ"
"ကျွန်တော်တို့ သူတို့ကို ခေါ်သွားပါတော့မယ်" ရဲသားက လင်းဖန်ကို ကျေးဇူးတင်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပါသည်။
စုရှောင်းယွီ ပြန်ပေးဆွဲခံရခြင်း အသတ်ခံရခြင်း စသည်ဖြင့် တစ်ခုခုဖြစ်ခဲ့ပါက အကြီးအကျယ် ပွက်လောရိုက်သွားနိုင်သည်။
သူမက ကမ္ဘာပေါ်က အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့ သမီးဖြစ်ပြီး ဉာဏ်ကြီးရှင် မိန်းကလေးလည်း ဖြစ်ပါသည်။
သူမက စီးပွားရေးမှာပဲ တော်တာ မဟုတ်ဘဲ နေရာစုံတွင် တော်ပါသည်။
ဒီလို ပါရမီရှင်မျိုးကို နိုင်ငံတော်က တန်ဖိုးထားသည်။
သူမ၏ ကိုယ်ပိုင်ဆန္ဒများကြောင့်သာ နိုင်ငံတော်က တလေးတစား လွှတ်ထားပေးခြင်း ဖြစ်၏။
ဒီလိုမိန်းကလေးမျိုး တစ်ခုခုဖြစ်သွားပါက တရုတ်နိုင်ငံအတွက် ဆုံးရှုံးမှု အကြီးစား ဖြစ်နိုင်ပါသည်။
စုရှောင်းယွီ မရှိပါက ကမ္ဘာပေါ်က အချမ်းသာဆုံးလူမှာ တရုတ်လူမျိုး မဟုတ်နိုင်ပါ။
ထို့အပြင် စုရှောင်းယွီ၏ အမေက... အလွန် အာဏာကြီးသည့် လူတစ်ယောက် ဖြစ်သည်။
သူမ သမီးသာ အနိုင်ကျင့်ခံရလျှင် ရှန်ဟိုင်းမြို့မှာ အကြီးအကျယ် ဆူညံပွက်လောရိုက်သွားပါလိမ့်မည်။
ကျောင်းလုံနဲ့ ကျောင်းယင်တို့ကို ဖမ်းဆီးပြီးနောက် ရဲသားက ကျန်ကိစ္စများကို တာဝန်ယူလိုက်သည်။
ကံကြမ္မာဖဲချပ်က ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားပါပြီ။
လင်းဖန်က အတန်းဖော်တွေကို ကြည့်ပြီး ပြုံးလိုက်ပါသည်။ "အားလုံးပဲ မင်္ဂလာပါက။ ကျွန်တော်က လင်းဖန်ပါ။ စုရှောင်းယွီရဲ့ မိတ်ဆွေပါ"
"မနက်ဖြန် စုရှောင်းယွီ နိုးတဲ့အခါ အတန်းပြည်လည်တွေ့ဆုံပွဲကို လာခဲ့ကြပါ။ အားလုံးကို ကျွန်တော့်အိမ် လာခဲ့ဖို့ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ပါတယ်။ ဒီမှာ လိပ်စာပါ"
လင်းဖန်က စုရှောင်းယွီကို ပွေ့ချီပြီး ထွက်သွားဖို့ ပြင်လိုက်ပါသည်။
"စကားမစပ် ခင်ဗျားက စုရှောင်းယွီရဲ့ အခင်ဆုံးသူငယ်ချင်းထင်တယ်။ ရှောင်းယွီကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ကျွန်တော့်အိမ်မှာ စားကောင်းသောက်ဖွယ်တွေ ချက်ကျွေးပါ့မယ်" လင်းဖန် ပြုံးလိုက်၏။
ဒီအတန်းဖော်ပြန်လည်တွေ့ဆုံပွဲမှာ စုရှောင်းယွီ၏ အတန်းဖော် အများစုက အကျင့်စရိုက် ကောင်းမွန်ကြသည်။ အထူးသဖြင့် ပင်းထန် ဖြစ်သည်။ စုရှောင်းယွီကို ကြံစည်ချင်သည့် အနီးကပ် မိတ်ဆွေတချို့လည်း ရှိနေပါသည်။ သူတို့ကိုလည်း လင်းဖန် အမြန် မှတ်သားထားလိုက်သည်။
ကျောင်းလုံနဲ့ ကျောင်းယင်တို့အပြင် သူတို့ကိုပါ လင်းဖန် အလွတ်ပေးမှာ မဟုတ်ပါ။
လင်းဖန် စုရှောင်းယွီကို Bugatti La Voiture Noire ကြီးဆီသို့ ပွေ့ချီသွားခဲ့သည်။ သူမ အိပ်ပျော်နေရုံသာ ဖြစ်မှန်း အတည်ပြုပြီးနောက် နူးညံ့စွာ သက်ပြင်း ချလိုက်ပြီး ခေါင်းခါလိုက်ပါသည်။
သူ ရောက်လာလို့ တော်သေးတာပေါ့။
စုရှောင်းယွီ ဘေးကင်းရင် လုံလောက်ပါပြီ။
ကျောင်းလုံနဲ့ ကျောင်းယင်တို့ နောက်ကွယ်က ကျောင်းမိသားစုက အတော်လေး အားကောင်းကြသည်။ ဘီလီယံချီ တန်ဖိုး ရှိသည့် ကော်ပိုရေးရှင်းတစ်ခုလည်း ဖြစ်သည်။
လင်းဖန် စီအီးအိုမာကို ဖုန်းဆက်လိုက်၏။ သူ့ခွေးမလေးကို တစ်ယောက်ယောက်က အနိုင်ကျင့်ဖို့ ကြိုးစားသဖြင့် နှလုံးသားမဲ့မှ သူ့ကို အပြစ်တင်လို့ မရပါ။
ကေတီဗီတွင် အတန်းဖော်များစွာ မှင်သက်သွားကြသည်။
"ဟာ... ခုနက လူက လင်းဖန်ပဲ။ ရေပန်းစားတဲ့ ရုပ်သံစီးရီးတွေ ရိုက်တဲ့ တစ်ယောက်လေ"
"လင်းဖန်က တကယ်ချောတာပဲ။ လင်းဖန်ရဲ့ ပုံစံကို မြင်လိုက်ကြလား။ ဘာလို့ ဒီလောက်ချောရတာလဲ"
"ဟုတ်တယ်။ လင်းဖန်က အရမ်းမိုက်တာပဲ။ ကျောင်းလုံနဲ့ ကျောင်းယင်တို့ ဒီလိုလုပ်ဖို့ ကြိုးစားကြလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး။ ရွံဖို့ ကောင်းလိုက်တာ။ လင်းဖန် ရောက်လာလို့ တော်သေးတာပေါ့"
လိပ်စာကို ကိုင်လျက် ပင်းထန်က ပျော်ရွှင်စွာ ပြောလိုက်သည်။ "လင်းဖန်က သူ့အိမ်မှာ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲလုပ်ဖို့ ငါတို့ကို ဖိတ်ထားတယ်။ သူ့အိမ်က Tomson Riviera အိမ်ရာမှာတဲ့။ ရှန်ဟိုင်းမြို့က ထိပ်တန်း ဗီလာကြီးတွေ အကုန်လုံးက အဲ့မှာတွေချည်းပဲ မဟုတ်လား"
"ဟုတ်တယ်။ အဲ့က ဗီလာတွေက အနည်းဆုံး သန်းရာချီပြီးတော့ တန်ဖိုး ရှိရမယ်။ လခွမ်း။ လင်းဖန်က အရမ်းချမ်းသာတာပဲ။ သန်းရာချီတန်တဲ့ ဗီလာကြီးထဲမှာလည်း နေရတယ်။ ရှန်ဟိုင်းမြို့က အကောင်းဆုံး နယ်မြေဖြစ်တဲ့ Tomson Rivieraပဲ"
"လင်းဖန်က ချောရုံတင်မကဘူး အရမ်းလည်း ချမ်းသာတယ်။ ဘုရားရေ လင်းဖန်ရဲ့ပြိုင်ကားကို ကြည့်ပါဦး။ Bugatti La Voiture Noire ကြီး အဲ့တာ ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်စီးပဲရှိတဲ့ Limited Edition ပြိုင်ကားကြီး မဟုတ်လား"
"ဒီပြိုင်ကားက ယွမ် သန်း ၂၀၀ တန်တယ်...။ လင်းဖန်က စုရှောင်းယွီရဲ့ ဘော့စ်ကိုး။ အဲ့တာကြောင့် စုရှောင်းယွီ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲဆီ တစ်ယောက်တည်း သွားတာကို စိတ်မချတာ။ စုရှောင်းယွီကို အနိုင်ကျင့်ဖို့ ကြံစည်ရဲကြတယ်"
"မနက်ဖြန် စုရှောင်းယွီကို တွေ့မှ ငါတို့ သေချာ တောင်းပန်ရဦးမယ်။ ကျောင်းလုံက တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ ငါသိပါတယ်။ ရှောင်းယွီကို ရေပဲ အတင်းတိုက်နေတာ။ ဒီလို လုပ်ဖို့ ကြံနေတာကိုး"
အိမ်ပြန်ရောက်တော့ လင်းဖန် စုရှောင်းယွီကို ပွေ့ချီပြီး ကုတင်ဆီ လိုက်ပို့ပေးလိုက်ပါသည်။
အချိန်အတော်ကြာမှ စုရှောင်းယွီ နိုးလာခဲ့သည်။
လင်းဖန်က ကုတင်ဘေးမှာ ထိုင်နေပြီး စုရှောင်းယွီကို နူးညံ့စွာ ပြုံးပြလိုက်ပါသည်။
ထိုအချိန်တွင် စုရှောင်းယွီ အနည်းငယ် မှင်သက်နေ၏။
"ဆရာ နင်..." စုရှောင်းက မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်ပါသည်။ သူမ၏ ပါးပြင်များက ရှက်သွေးဖြာသွားပြီး ပို၍ပင် လှပသွားတော့သည်။
"ငါ ဘာဖြစ်လဲ။ ငါ့ကြောင့်သာ မဟုတ်ရင် သူများတွေ ခေါ်သွားတာကို နင်ခံနေရပြီ"
"သူများတိုက်တာကို မသောက်ဖို့ ငါမပြောခဲ့ဘူးလား။ ငါ့စကားတောင် နားမထောင်တော့ဘူးလား" လင်းဖန်က အနည်းငယ် စိတ်ဆိုးနေသည့် လေသံဖြင့် ပြောလိုက်ပါသည်။
"ဆရာ ငါတောင်းပန်ပါတယ်။ ငါမှားသွားပါတယ်။ စိတ်မဆိုးပါနဲ့" စုရှောင်းယွီ အမှားလုပ်မိသလို ခံစားသွားရပြီး နှုတ်ခမ်းစူလိုက်ပါသည်။
ခေါင်းအုံးပေါ်မှာ လှဲအိပ်နေသည့် စုရှောင်းယွီက လင်ဖးန်၏ နှလုံးသားကို ထိုးခွင်းသွားခဲ့သည်။
ဒီလိုချစ်စရာ ကောင်မလေး ချွဲနွဲ့နေတာကို လင်းဖန် သည်းခံနိုင်မှာ မဟုတ်ပါ။
စုရှောင်းယွီခေါင်းလေးကို လင်းဖန် ညင်သာစွာ ပုတ်ပေးလိုက်သည်။ "မဆိုးပါဘူး။ နောက်ကို ငါ့စကား နားထောင်။ နင်တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုခေါ်လိုက်"
စုရှောင်းယွီက ငြင်သာစွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ လိမ္မာပါ့မယ်~"
"အဲ့ဒီနှစ်ယောက် ဘယ်ရောက်သွားလဲ" စုရှောင်းယွီ မေးလိုက်သည်။
"ရဲစခန်းကို" လင်းဖန် ပြုံးကာ သူမကို စောင်ခြုံပေးလိုက်သည်။
"မနက်ဖြန်ကျရင် အတန်းဖော်ပြန်လည်တွေ့ဆုံပွဲဆီသွားပြီး တခြား အတန်းဖော်တွေ အမြင်ကျယ်သွားအောင် လုပ်ပေးလိုက်။ နောက်ဆို ဘယ်သူမှ နင့်ကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး"
လင်းဖန် မတ်တပ်ရပ်ပြီး တံခါးအပြင်ဘက် ထွက်သွားပါသည်။
လင်းဖန်၏ နောက်ကျောကို စုရှောင်းယွီ ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းနီနီကို စုလိုက်သည်။
သူမ အနည်းငယ် အပြစ်ရှိသလို ခံစားနေရပါသည်။
"ငါ ငတုံးပဲ"
"လင်းဖန် ငါ့အပေါ် မကောင်းပါနဲ့တော့။ နင့်မှာ အစ်မဝမ်ချွေ့ ရှိနေပြီးသားပဲ။ ငါ..." စုရှောင်းယွီက ထထိုင်ပြီး ကုတင်ကို မှီလိုက်ပါသည်။
လင်းဖန်နဲ့ ပိုပြီး နီးစပ်လာလေလေ သူမ နေရခက်လာလေလေ ဖြစ်သည်။
သူမက ရှားဝမ်ချွေ့နဲ့ အလွန်ကောင်းမွန်သည့် ဆက်ဆံရေးမျိုး ရှိ၏။ ရှားဝမ်ချွေ့ကို သူမ ဝမ်းမနည်းစေချင်ပါ။
သို့သော် သူမ သိလိုက်ရသည်။ သူမ လင်းဖန်ကို တကယ် ချစ်မိသွားပါပြီ။