သန်း ၃၀၀ တန်ပြိုင်ကားကြီး မောင်းလာခြင်း
Vol. 24 Ch. 349
နောက်တစ်နေ့...
အတန်းဖော်ပြန်လည်တွေ့ဆုံပွဲအချိန် ရောက်ပါပြီ။
ဒီနေ့ စုရှောင်းယွီ၏ အတန်းဖော် တစ်ယောက်က နိုင်ငံခြားမှ ပြန်လာခဲ့သည်။ သူ့နာမည်က လီကော်ချင်း ဖြစ်သည်။
လီကော်ချင်းက သူ့ Porsche ကြီးကို မောင်းလျက် စုရှောင်းယွီ၏ အတန်းဖော်များနဲ့ ဆုံခဲ့ပါသည်။
လီကော်ချင်းက နိုင်ငံခြားတွင် တစ်နှစ်ဝင်ငွေ ယွမ် ၁ သန်းကျော် ရှိပြီး အလွန်ချမ်းသာသည်။ စုရှောင်းယွီကို ပိုးပန်းသူတွေထဲက နံပါတ် ၁ လည်း ဖြစ်သည်။
သူ စုရှောင်းယွီကို သဘောကျနေတာ ၁၀ နှစ် ကြာပါပြီ။
အထက်တန်းကျောင်းတွင် ၃ နှစ်၊ ကောလိပ်တွင် ၄ နှစ်၊ ဘွဲ့ရပြီးနောက် ၃ နှစ်ဖြစ်သည်။ အားလုံး ပေါင်းလိုက်သောအခါ သူ စုရှောင်းယွီကို သဘောကျခဲ့တာ ၁၀ နှစ်နဲ့ နှစ်တစ်ဝက် ရှိနေပါပြီ။
ယခင်တုန်းက စုရှောင်းယွီကို လီကော်ချင်း မပိုးပန်းရဲခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် စုရှောင်းယွီက အလွန် လှပလွန်းသောကြောင့် ဖြစ်သည်။
စုရှောင်းယွီက ကြယ်ပွင့်တစ်ပွင့်ဖြစ်လာပြီး ဖန်သားပြင်ပေါ်မှာ အကြင်နာပေးခန်း တစ်ခါမှ မရိုက်ဖူးသည့် ကောင်မလေး ဖြစ်သည်ဟု ပြောကြသည်။
လက်ကိုင်သည့် ဇာတ်ဝင်ခန်းတောင် အရင်က တစ်ခါမှ မရိုက်ဖူးပါ။ အလွန်ဆုံး ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 1 မှာ လင်းဖန်ကို သူမ၏ ခံစားချက်များ ဖွင့်ပြောခဲ့သော်လည်း ဒါတွေအားလုံးက ရုပ်သံဒရမ်မာထဲမှာသာ ဖြစ်သည်။
ယနေ့ လီကော်ချင်း အနည်းငယ် ပျော်ရွှင်နေပါသည်။
နောက်ဆုံးတော့ နိုင်ငံခြားမှာ အောင်မြင်စွာ ပညာသင်လာနိုင်ခဲဲ့ပြီ။
နောက်ဆုံးတော့ စုရှောင်းယွီနဲ့ သူ ထိုက်တန်သွားပါပြီ။
စုရှောင်းယွီမှာ ရည်းစား မရှိသေးမှန်း လီကော်ချင်း သိပြီး သူ့အတန်းဖော်တွေထဲက ဘယ်သူမှ သူ့ထက် ပိုပြီး မတော်ကြပါ။
သူ့ရဲ့ နှစ်စဉ်ဝင်ငွေက ယွမ် ၈ သန်း ရှိပါသည်။
နောက်ထပ် ၁ နှစ် ၂ နှစ်လောက် အလုပ်ဆက်လုပ်ပါက သူ့နှစ်စဉ်ဝင်ငွေ ယွမ် ၁၀ သန်းအထိ ရှိလာဖို့ မခက်ပါ။
အောင်မြင်သည့် လူတစ်ယောက်အနေဖြင့် လီကော်ချင်းက ယွမ် ၂ သန်းကျော်တန်သည့် Porsche ကြီး တစ်စီးကို မောင်းနှင်သည်။
စကားတစ်ခွန်းတည်းနဲ့ ပြောရပါက ချမ်းသာပါသည်။
လီကော်ချင်း ပြုံးလိုက်၏။ စုရှောင်းယွီကို သူအလွန် သဘောကျပြီး ယခု သူ့မှာ ပိုင်ဆိုင်မှု သန်းဆယ်ချီပြီး ရှိနေပါပြီ။ စုရှောင်းယွီကို ပိုးပန်းဖို့ မခက်ခဲလောက်တော့ပါ။
ကျန်တာအားလုံးထက် သူက အသက် ၂၀ ဝန်းကျင်သာ ရှိသေးသော်လည်း ပိုင်ဆိုင်မှု သန်းဆယ်ချီ ပိုင်ဆိုင်နေပါပြီ။
အသက် ၃၀ - ၄၀ ကျော်ရောက်သည့်အခါ ပိုပြီး ကြွယ်ဝလာလိမ့်မည်။
ထို့အပြင် လီကော်ချင်း၏ မိသားစုမှာလည်း ပိုင်ဆိုင်မှု တချို့ရှိသည်။ စုစုပေါင်းအားဖြင့် လီကော်ချင်း၏ မိသားစုတွင် ပိုင်ဆိုင်မှု ၁ ဘီလီယံ ရှိပါသည်။
"ဝါး လီကော်ချင်း နင် ဒီနေ့ ပြန်ရောက်လာတာလား" ပင်းထန်က လီကော်ချင်းကို ကြည့်လိုက်ပါသည်။ ကျောင်းသားများစွာလည်း လီကော်ချင်းကိုကြည့်ကာ ပြုံးလိုက်သည်။
"ဟုတ်တယ်။ စုရှောင်းယွီကို လာတွေ့တာလေ။ သူ့ကို မတွေ့တာ နှစ်တွေ တော်တော်ကြာပြီ" လီကော်ချင်းက ပြုံးလိုက်ပြီး သူ့ရဲ့ အသစ်စက်စက် Porsche ထဲမှ ထွက်လိုက်ကာ သူ့ရဲ့ ဒီဇိုင်နာချုပ် အဝတ်အစားများကို ဆန့်လိုက်ပါသည်။
သူ စီးထားသည့် ဖိနပ်များက ယွမ် ၂၀,၀၀၀ တန်ပြီး အဝတ်အစားအားလုံးက ယွမ် ၁၀,၀၀၀ နဲ့ အထက်သာ ရှိသည်။ သူဝတ်ထားသည့် နာရီကလည်း Rolex နာရီ ဖြစ်ပါသည်။
ဒါတွေက အောင်မြင်မှု၏ သင်္ကေတများ ဖြစ်ကြသည်။
"လီကော်ချင်း မင်းက တော်တော် အဆင်ပြေနေတာပဲ။ Porsche ကြီးတစ်စီးတောင် မောင်းနိုင်နေပြီပေါ့။ ဒီ Porsche ကြီးက ဘယ်လောက် ပေးရလဲ" ကျောင်းရှီမင်က မေးလိုက်၏။ သူကလည်း စုရှောင်းယွီ၏ အတန်းဖော် တစ်ယောက် ဖြစ်ပါသည်။
"၂ သန်းလောက်ပါ။ အရမ်း စျေးမကြီးပါဘူး။ ဒီတိုင်း ကားတစ်စီးပဲကို။ မောင်းလို့ရရင်ပြီးတာပဲ" လီကော်ချင်းက ကျိုးနွံစွာ ပြောလိုက်ပါသည်။
"၂ သန်းတဲ့... အဲ့လောက်ပမာဏမျိုး ငါ့ဘဝ အချိန် တစ်ဝက်လောက် အလုပ်လုပ်မှ ရနိုင်လိမ့်မယ်" ကျောင်းရှီမင်က အနည်းငယ် မနာလို အားကျစွာဖြင့် သက်ပြင်းချလိုက်ပါသည်။
"စကားမစပ် ဒီနေ့ အတန်းဖော်ပြန်လည်တွေ့ဆုံပွဲဆီ စုရှောင်းယွီ ဘယ်တော့လာမှာလဲ" လီကော်ချင်းက မေးလိုက်၏။
မိန်းကလေးတစ်ယောက်ကို ပိုးပန်းသည့်အခါ ကိုယ့်ရဲ့ စွမ်းအားကို ပြသဖို့ အလွန် အရေးကြီးမှန်း သူ့စိတ်ထဲမှာ သိထားပါသည်။
ဘီလျံနာနဲ့ အဝတ်နွမ်းနွမ်း ဝတ်ထားသည့် သူတောင်းစား နှစ်ယောက်ထဲ မိန်းကလေးတစ်ယောက်က ဘယ်သူ့ကို အရင် စိတ်ဝင်စားမှာလဲ။
လီကော်ချင်း၏ ပစ်မှတ်က စုရှောင်းယွီ ဖြစ်သည်။
စုရှောင်းယွီကို ပိုးပန်းပြီးနောက် သူ့ဘဝကြီး ပြီးပြည့်စုံသွားပါလိမ့်မည်။
"စုရှောင်းယွီ မကြာခင် ရောက်လာတော့မှာပါ။ ငါတို့ အားလုံး သူ့ကို စောင့်နေကြတာလေ" ပင်းထန်က ပြောလိုက်သည်။
"အင်းပါ။ ဒီနေ့က အတန်းဖော်ပြန်လည်တွေ့ဆုံပွဲနေ့ပဲ။ ငါလည်း သိပ်အဆင်မပြေဘူးဆိုပေမယ့် ရပါတယ်။ ဒီနေ့ ကုန်ကျစရိတ်အားလုံး ငါတကာခံမယ်"
"ပြီးတော့ ရှန်ဟိုင်းမြို့က ဟိုတယ်မှာ နေတာက အရမ်း စျေးကြီးမှာ။ Tomson Riviera မှာ ငါ့မိသားစုပိုင် ဗီလာတစ်လုံး ရှိတယ်။ အရမ်းကြီး မကြီးပေမယ့် စတုရန်းမီတာ ၅၀၀ ကျော် ကျယ်တယ်။ ယွမ် သန်း ၄၀ ကျော်တန်တယ်။ ငါ့အိမ်မှာပဲ ညအိပ်လို့ ရပါတယ်" လီကော်ချင်းက ပြောလိုက်၏။
"ဝါး... လီကော်ချင်း။ Tomson Riviera မှာ စတုရန်း မီတာ ၅၀၀ ကျယ်တဲ့ ဗီလာတစ်လုံး ရှိတယ် ဟုတ်လား။ အရမ်း အားကျတာပဲ" ပင်းထန် ပြောလိုက်ပါသည်။
"တော်လိုက်တာကွာ။ လီကော်ချင်းကတော့ တကယ် အဆင်ပြေနေတာပဲ" ကျောင်းရှီမင်လည်း မှင်သက် သွားပါသည်။
တခြား အတန်းဖော်တွေလည်း အားကျသွားသည့် ပုံပင်။
Tomson Riviera မှာ ဗီလာတစ်လုံး ပိုင်ဆိုင်နိုင်ရုံနဲ့တင် အဆင့်အတန်း သင်္ကေတစ်ခု ဖြစ်နေပါပြီ။
လီကော်ချင်းက သူ့ဗီလာဆီ အတန်းဖော်တွေကို ခေါ်တာက သူတို့အတွက် စဉ်းစားပေးတာက တစ်ဝက်၊ စုရှောင်းယွီရှေ့မှာ ဝံ့ကြွားချင်တာက တစ်ဝက် ဖြစ်သည်။
စုရှောင်းယွီကို ပိုးပန်းဖို့ အခွင့်ကောင်းလည်း ဖြစ်သည်။
ကျောင်းရှီမင်က လီကော်ချင်းကို ကြည့်ကာ ပြောလိုက်ပါသည်။ "လီကော်ချန်း။ မင်း စုရှောင်းယွီကို သဘောကျနေတာလား။ စုရှောင်းယွီ ဘေးမှာ လင်းဖန်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ်ဆိုတာ ငါသတိပေးထားမယ်နော်။ သူက စုရှောင်းယွီနဲ့ အရမ်းရင်းနှီးတယ်။ ပြီးတော့ လင်းဖန်လည်း Tomson Riviera မှာ ဗီလာတစ်လုံး ပိုင်တယ်လို့ ပြောကြတယ်"
ထိုစကားကို လီကော်ချင်း ကြားတော့ ရယ်မောလိုက်ပါသည်။ "လင်းဖန် ဟုတ်လား။ ငါ သူ့ကို သိသားပဲ။ သူက ရုပ်သံဒရမ်မာ နည်းနည်း ရိုက်တာ မလား။ သူက ငွေဘယ်လောက် ရှာနိုင်မှာ မို့လို့လဲ။ ဆယ်လီတစ်ယောက်သာသာပဲကို"
"လင်းဖန်က ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ သူများတွေ ငွေကြေးထောက်ပံ့တာကို အားကိုးရတယ်။ Tomson Riviera မှာ သူ ဗီလာပိုင်တယ်ဆိုတာကို ကြွားချင်ရင် ဒီလိုပုံစံမျိုး ကြွားလို့မှ မရတာ။ Tomson Riviera က ဗီလာတွေက ရောင်းဖို့ မဟုတ်ဘူးဆိုတာ မသိကြဘူးလား။ ငွေရှိရုံနဲ့ ဝယ်လို့ရတာမျိုး မဟုတ်ဘူး"
"ဒါပေမယ့် Tomson Riviera တွေက ငှားလို့တော့ ရတယ်။ လင်းဖန် Tomson Riviera တစ်လုံး ဝယ်နိုင်မယ်လို့ ဘယ်သူမှတော့ မထင်ကြပါဘူးနော်" လီကော်ချင်း၏ မျက်လုံးများက အနည်းငယ် ရန်လိုမှု အရိပ်အယောင် ပေါ်လာပါသည်။
သူ စုရှောင်းယွီကို သဘောကျခဲ့ရတာ ၁၀ နှစ်တောင် ကြာပြီ။ သူများတွေ နှောင့်ယှက်တာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။
လီကော်ချင်း ထိုသို့ ပြောလိုက်သောအခါ အားလုံး ခေါင်းငြိမ့်လိုက်ကြသည်။
လင်းဖန်က ကြယ်ပွင့်ဖြစ်နေရင်တောင် ကြယ်ပွင့်ဖြစ်တာ နှစ်ဝက်တောင် မကြာသေးပါ။
၆ လတည်းနဲ့ ဘယ်လောက်ရှာနိုင်မှာလဲ။
နှစ်ဝက်တည်းနဲ့ လီကော်ချင်းကို ယှဉ်နိုင်ပါ့မလား။
ပင်းထန်က တိတ်ဆိတ်စွာ ပြောလိုက်ပါသည်။ "ဒါပေမယ့် လင်းဖန်က Bugatti တစ်စီးကို စီးတာ။ အရမ်းစျေးကြီးတယ်လို့ ကြားတယ်"
လီကော်ချင်းက အထင်အမြင်သေးနေသေးသည်။ "အဲ့လို Bugatti ပြိုင်ကားမျိုးက ငှားလို့ရတာပဲ။ ဆယ်လီတစ်ယောက်က နှစ်ဝက်တည်းနဲ့ သန်း ရာကျော်ကို ရှာနိုင်မှာလဲ။”
လီကော်ချင်း ကြွားဖို့ ကြံလိုက်စဉ်မှာပင် လင်းဖန် ရောက်လာခဲ့၏။
လင်းဖန် ပြိုင်ကားတစ်စီးကို မောင်းလာပါသည်။ သူ မောင်းလာသည့်ကားက Bugatti Veyron Ettore Bugatti ဖြစ်သည်။
ဒီ Bugatti Veyron Ettore Bugatti ကြီးကို Bugatti ကော်ပိုရေးရှင်းက ပြန်ပြင်ပေးထားပါသည်။
လင်းဖန်၏ ပြိုင်ကားကို မြင်လိုက်ရတော့ အားလုံး မျက်လုံးတွေ တောက်ပသွားကြသည်။
အထူးသဖြင့် ပင်းထန် ဖြစ်သည်။ လင်းဖန် Bugatti တစ်စီး မောင်းမှန်း သူမ သိသည်။ သူမ အတန်းဖော်တွေ သူ့အကြောင်းကို ဒီလိုမျိုး ပြောနေကြတာကို သဘောမကျပါ။
သူမ Bugatti ၏ တရားဝင်ဝက်ဘ်ဆိုက်ကို ဝင်ကြည့်လိုက်ပါသည်။
"ဝိုး... ဒီပြိုင်ကားကို Bugatti Veyron Ettore Bugatti လို့ ခေါ်တာပဲ။ ဒီနှစ်မှ ထုတ်လုပ်လိုက်တဲ့ ပြိုင်ကားကြီး။ ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်စီးပဲ ရှိတယ်"
"ဒီပြိုင်ကားရဲ့ စျေးနှုန်းက သန်း ၃၀၀ ကျော်တဲ့... ပြိုင်ကားပိုင်ရှင်နာမည်က လင်းဖန်တဲ့"
"ဘုရားရေ လင်းဖန်က သန်း ၃၀၀ ကျော်တန် ပြိုင်ကားကို မောင်းနေတာပေါ့" ပင်းထန်က မှင်သက်စွာ ပြောလိုက်ပါသည်။
ပြိုင်ကားပိုင်ရှင်၏ အမည်ကို Bugatti ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ရေးသားထားပါသည်။ ပိုင်ရှင်က လင်းဖန်ပင်။
Bugatti ကုမ္ပဏီ၏ ပင်မစာမျက်နှာပေါ်တွင် လင်းဖန်၏ ဓာတ်ပုံတစ်ပုံပါ ရှိနေပါသည်။
"လခွမ်း။ တကယ်ကြီးဟ။ လင်းဖန်က ယွမ် သန်း ၃၀၀ တန် ပြိုင်ကားကြီး မောင်းတာပဲ။ ဒါဆို လင်းဖန် Tomson Riviera မှာ ဗီလာတစ်လုံးလည်း ပိုင်လောက်မှာပေါ့။ သေချာပေါက် ငှားထားတာတော့ မဟုတ်လောက်ဘူးထင်တယ်နော်"
"သန်း ၃၀၀ တန် ပြိုင်ကားကြီးတဲ့။ ဘုရားရေ။ ငါဆို ၃၀၀,၀၀၀ တန်တဲ့ ကားတောင် မမောင်းနိုင်သေးဘူး။ လင်းဖန်က သန်း ၃၀၀ တန်တဲ့ ကားကို မောင်းတယ်တဲ့..."
"လင်းဖန်က Bugatti La Voiture Noire ကြီးလည်း ပိုင်ဖူးတယ်။ အဲ့တာလည်း သန်း ၂၀၀ ကျော်တန်တဲ့ ပြိုင်ကားကြီးပဲ။ လင်းဖန်က ...ချမ်းသာလိုက်တာ"
အားလုံး၏ စကားလုံးများကို ကြားသောအခါ လီကော်ချင်းလည်း အကျည်းတန်သော မျက်နှာဖြင့် ဖုန်းကို ကိုင်ထားပါသည်။
ခုနလေးတင် သူ ကြွားဝါဖို့ ကြိုးစားခဲ့သော်လည်း အခုတော့ အရှက်ခွဲခံလိုက်ရပါပြီ။
လင်းဖန်၏ ပြိုင်ကားက ငှားထားတာ မဟုတ်ပါ။
သူ့မှာ ကိုယ်ပိုင် အစွမ်းအစတွေ ရှိနေပါသည်။