← Chapters

အိမ်ရှင် မဖြစ်ချင်တဲ့လူ

Vol. 24 Ch. 350

အိမ်ရှင် မဖြစ်ချင်တဲ့လူ

Vol. 24 Ch. 350

လီကော်ချင်းရဲ့ မျက်နှာက အနည်းငယ် အကျည်းတန်နေပါသည်။ "လင်းဖန် မင်း ဒီလောက် ချမ်းသာမယ် ထင်မထားဘူး။ သန်း ၃၀၀ ကျော် တန်တဲ့ ပြိုင်ကားကို မောင်းတယ်။ တနည်းအားဖြင့် ပြိုင်ကားဝယ်ဖို့ မင်း သန်း ၅၀၀ သုံးခဲ့တဲ့ သဘောပဲ။”

"ငါ နည်းနည်း စိတ်ဝင်စားလို့ပါ။ မင်း ဆယ်လီတစ်ယောက် လုပ်ရုံနဲ့တော့ ဒီလောက် ငွေတွေ အများကြီး မရနိုင်ဘူးမလား။ ပြီးတော့ မင်းရဲ့ မိသားစုနောက်ခံကလည်း အရမ်းမကောင်းဘူး။ မင်း ဘယ်လိုများ ရအောင် လုပ်ခဲ့တာလဲ ငါတို့ကို ပြောပြလို့ရမလား" လီကော်ချင်းက မေးလိုက်သည်။

တကယ်တော့ လီကော်ချင်းက လင်းဖန်ကို ဒေါသ မျက်လုံးဖြင့် ကြည့်လိုက်ခြင်း ဖြစ်ပါသည်။

သူနှစ်ပေါင်းများစွာ စုရှောင်းယွီကို ပိုးပန်းခဲ့ရပြီး ဝံ့ကြွားဖို့ ကြိုးစားခဲ့သည်။ အခုတော့ သူ့ရဲ့ စင်မြင့် ခိုးယူခံလိုက်ရပါပြီ။

ဒီလို လူရှေ့သူရှေ့မှာ အရှက်ခွဲခံရပြီး ဘယ်လို ရှင်သန်နိုင်ဦးမှာလဲ။

လင်းဖန်ကို ဒီလို မေးလိုက်ရခြင်းက အဓိကအားဖြင့် လင်းဖန် ငွေတွေ ဘယ်ကရသလဲဆိုတာကို သိချင်သောကြောင့် ဖြစ်သည်။

သာမန် မိသားစုတစ်စုမှာတော့ ကားဝယ်ဖို့အတွက် သန်း ၅၀ ကျော်ရှိနေတာမျိုး မဖြစ်နိုင်ပါ။

တရုတ်နိုင်ငံမှာ ရင်းမြစ် မရှိသည့် ငွေပမာဏ အမြောက်အများ ရှိနေသည်။ လင်းဖန်သာ ရုတ်တရက်ကြီး ငွေတွေအများကြီးပိုင်ဆိုင်ကာ ဘယ်ကရရှိမှန်း သက်သေမပြနိုင်ပါက သူ့ကို ဖမ်းဆီးလို့ ရပါသည်။

လင်းဖန်က ပြုံးကာ ဘာမှမပြောခဲ့ပါ။

ထိုအချိန်တွင် ပင်းထန်က သူမဖုန်းကို ကိုင်ထားပြီး သူမ ရရှိလိုက်သည့် မက်ဆေ့ကြောင့် တုန်လှုပ်သွား၏။

အဘယ့်ကြောင့်ဆိုသော်... Bugatti ကော်ပိုရေးရှင်းက ၎င်း၏ အသစ်ထွက် ရှယ်ယာစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သောကြောင့်ပင်။

ပင်းထန်က ရင်ဘတ်ပေါ် လက်တင်ကာ လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်၏။ "ဟယ် လင်းဖန်က အရမ်းတော်တာပဲ။ Bugatti ကော်ပိုရေးရှင်းရဲ့ ရှယ်ယာဝင် နာမည်တွေကို ကြည့်ပါဦး... တတိယအများဆုံး ရှယ်ယာဝင်က လင်းဖန်တဲ့"

"လင်းဖန်က တကယ်ကြီး Bugatti ကော်ပိုရေးရှင်းရဲ့ တတိယ အများဆုံး ရှယ်ယာဝင်ပါလား။ အထင်ကြီးဖို့ ကောင်းလိုက်တာ" ပင်းထန်က ပြောလိုက်ပါသည်။

“...” လီကော်ချင်းလည်း ဖုန်းကို ယူကြည့်လိုက်ရာ မက်ဆေ့ကို မြင်လိုက်ရ၏။

သူ မှင်သက်သွားသည်။

လုံးဝ မှင်သက်သွားပါသည်။

Bugatti ဆိုတာ ဘယ်လို ကုမ္ပဏီမျိုးလဲ။

ကမ္ဘာကျော် တန်ဖိုးကြီး ပြိုင်ကားဘရန်း ဖြစ်သည်။

အလွန်ရေပန်းစားပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ထိပ်တန်း ဖြစ်ပါသည်။

Bugatti ဘရန်းက Rolls-Royce, Maserati, Ferrari, Maybath အစရှိသော နာမည်ကြီး ပြိုင်ကား ဘရန်းတွေလိုပဲ နာမည်ကြီးသည်။

Bugatti ကုမ္ပဏီဝင်ငွေ ဘယ်လောက်ရှိသလဲဆိုတာ ပြောဖို့ မလိုတော့ပါ။ Bugatti ဘရန်းက ကမ္ဘာကျော်ဘရန်း ဖြစ်သည်။

လင်းဖန်က Bugatti ကော်ပိုရေးရှင်း၏ တတိယ အများဆုံး ရှယ်ယာဝင်ဖြစ်ပါသည်။

ဒီလောက်ဆို လင်းဖန် ဘာကြောင့်အလွန် ချမ်းသာနေရသလဲ ပြသဖို့ လုံလောက်ပါပြီ။

ဘီလီယံရာချီပြီး တန်ဖိုးရှိသည့် ကုမ္ပဏီကြီးတစ်ခု၏ တတိယအများဆုံးရှယ်ယာဝင်မှာ ငွေမရှိဘဲ နေပါ့မလား။

သန်းရာဂဏန်းလောက်နဲ့ ငွေဝင်ပေါက်တစ်ခု ဖန်တီးကာ ငွေတွေ ပိုပိုပြီး ထပ်ရလာနိုင်ပါသည်။

ကျောင်းရှီမင်လည်း မှင်သက်သွားရသည်။ "လခွမ်း တတိယအများဆုံးရှယ်ယာဝင် ဟုတ်လား။ ဒါဆို လင်းဖန်က ဘော့စ်ကြီးပေါ့။ ဒီလောက်တောင် ကြမ်းနေပြီလား"

ပင်းထန်ကလည်း သဘောတူစွာ ခေါင်းငြိမ့်လိုက်ပါသည်။ "နင်က... အရမ်းတော်တာပဲ။ Bugatti မှာ အဓိကရှယ်ယာဝင်ဖြစ်ဖို့ဆိုတာ ခက်ခဲပေမယ့် နင်ဖြစ်လာနိုင်ခဲ့တယ်။ အဲ့လို ရာထူးမျိုးကြောင့် Bugatti က နင့်အတွက် သီးသန့် ပြိုင်ကားတစ်စီးကို ထုတ်ပေးခဲ့တာကိုး"

"လူအများစုက Bugatti လို ပြိုင်ကားမျိုးတွေကို အနိမ့်ဆုံးစျေး သန်း ဆယ်ဂဏန်းကနေ စပြီး ဝယ်ရတယ်။ ထိပ်တန်း Bugatti ဒီဇိုင်နာက နင့်အတွက် သီးသန့် ပြိုင်ကားဒီဇိုင်း ဆွဲပေးထားတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ"

ပင်းထန်က လင်းဖန်ကို ကြည့်လိုက်ကာ ပိုပိုပြီး သဘောကျလာခဲ့ပါသသည်။

လင်းဖန်က အလွန်လည်း ချောမောလွန်းသည်။

ထိုအချိန်တွင် စုရှောင်းယွီက ကားထဲက ထွက်လာပြီး အတန်းဖော်များကို အပြုံးပါးပါးဖြင့် ကြည့်လိုက်၏။

"လင်းဖန်မှာ ကျောင်းနယ်မြေအိမ် ရာနဲ့ချီပြီးရှိတယ်။ နှစ်တိုင်း အိမ်လခ ထိုင်စားရုံနဲ့ ငွေတွေ အများကြီး ရနိုင်တယ်။ အဲ့တာတွေက အသေးအဖွဲတွေပါ"

ပင်းထန် ဆွံ့အသွား၏။

ကျောင်းရှီမင် ဆွံ့အသွားသည်။

လီကော်ချင်းလည်း ဆွံ့အသွားသည်။

အတန်းဖော်အားလုံးပါ ဆွံ့အသွားရ၏။

ဒါ သူတို့ရဲ့ ကမ္ဘာကြီးအပေါ် အမြင်ကို ဖျက်ဆီး ပစ်လိုက်သလိုပင်။

ယခု ရှိနေကြသော ကျောင်းသား အများစုက ရှန်ဟိုင်းမြို့ ဘယ်ဟိုတယ်မှာ တည်းရမလဲဆိုတာ အကြာကြီး စဉ်းစားနေရသည်။

ရှန်ဟိုင်းမြို့၏ ဟိုတယ်များက စျေးကြီးသည်။ အထူးသဖြင့် မြို့တော်ဗဟိုက ဟိုတယ်များ ဖြစ်သည်။

တစ်ညကို ယွမ် ရာဂဏန်းလောက်က စျေးသက်သာသည်ဟု ဆိုနိုင်ပါသည်။

ရှန်ဟိုင်းမြို့မှာ အိမ်တစ်လုံး မငှားခင်လည်း သေချာ စဉ်းစားကြရသည်။ အိမ်တစ်လုံး ဝယ်ဖို့ဆို ပြောစရာ မလိုတော့ပါ။

ရှန်ဟိုင်းမြို့မှာ စတုရန်း ၁၀ မီတာကျော် ကျယ်ဝန်းသည့် လူနေတိုက်တစ်ခုလုံးကို ငှားလိုက်ပါက အနည်းဆုံး ယွမ် ၃,၀၀၀ ကုန်ကျနိုင်သည်။

တခြားသူတွေနဲ့ အတူတူ ငှားနေသည့်အခါ အနည်းငယ် စျေးသက်သာနိုင်သော်လည်း ရှန်ဟိုင်းမြို့က အိမ်ငှားခတွေကတော့ မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်မားလွန်းပါသည်။

လစာ ယွမ် ၅,၀၀၀ လောက်မရဘဲ ရှန်ဟိုင်းမြို့မှာ နေထိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါလိမ့်မည်။

ရှန်ဟိုင်းမြို့၏ အိမ်ရာစျေးများက ပို၍ပင် မြင့်မားပါသေးသည်။ သာမန်လူတွေဆို စျေးကြည့်ပြီး ပခုံးသာ တွန့်နိုင်ကြသည်။

ရှန်ဟိုင်းမြို့က ကျောင်းနယ်မြေအိမ်တွေကတော့... လူပေါင်းများစွာရဲ့ အိပ်မက်သာသာ ဖြစ်ပါသည်။

မြို့တော် ဗဟိုအနည်းရှိ ကျောင်းနယ်မြေ အိမ်တစ်လုံးက အနည်းဆုံး ယွမ် ၅ သန်း ၆ သန်း တန်သည်။

လင်းဖန်က ကျောင်းနယ်မြေအိမ် ရာနဲ့ချီပြီး ပိုင်ဆိုင်ပါသည်။

စုရှောင်းယွီ ကိုယ်တိုင် ပြောလိုက်ခြင်း ဖြစ်၏။ အားလုံးရဲ့ အမြင်မှာတော့ လင်းဖန်က မဟာ အိမ်ရှင်ကြီးတစ်ယောက် ဖြစ်သည်။

ကျောင်းရှီမင်က လင်းဖန်ကို လေးစားအားကျစွာ ကြည့်လိုက်ပါသည်။ "အိမ်ရှင်တစ်ယောက်ရဲ့ ဘဝက ဘယ်လောက် ကောင်းလိုက်သလဲ။ လတိုင်း အိမ်လခ ကောက်ရုံပဲ။ ဒီငွေတွေ အကုန်လုံးကို သုံးလို့တောင် မကုန်နိုင်ဘူး။ လင်းဖန်ဘာကြောင့် ကုမ္ပဏီ တည်ထောင်နိုင်ခဲ့တာလဲ နောက်ဆုံးတော့ သိလိုက်ရပြီ။ ကျောင်းနယ်မြေ အိမ် ရာကျော်ပိုင်ဆိုင်ထားရင် ငါနတ်ပြည်တောင် တက်လို့ ရတယ်"

လီကော်ချင်း ဘာမှ မပြောတော့ပါ။ ကျောင်းနယ်မြေ အိမ်ရာကျော်ကို ဝယ်ယူဖို့ဆိုတာ အနည်းဆုံး ၁ ဘီလီယံယွမ်လောက် ကုန်ကျနိုင်ပါသည်...။

ဒါတွေက လင်းဖန်ရဲ့ ပိုင်ဆိုင်မှု ဖြစ်၏။

ထိုပိုင်ဆိုင်မှုများနဲ့ ယှဉ်လျှင် ကြယ်ပွင့် တစ်ယောက် လုပ်တာ သူ့ကို ငွေအများကြီး မရှာပေးနိုင်ပါ။

ထို့ကြောင့် လင်းဖန် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။

ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ခြင်းက ဆယ်လီတစ်ယောက် လုပ်ရတာထက် ငွေတွေ အများကြီး ပိုဝင်ပါသည်။

လင်းဖန်က.... တော်လွန်းပါသည်။

လီကော်ချင်း ဘာမှ မပြောတော့ပါ။ သူ့ရဲ့ စင်မြင့် အခိုးခံလိုက်ရပါပြီ။

နောက်ပိုင်းတွင် စုရှောင်းယွီရှေ့မှာလည်း လင်းဖန်နဲ့ ဘယ်တော့မှာ ယှဉ်နိုင်တော့မှာ မဟုတ်ပေ။

ဒါက သူတို့ရဲ့ ခြားနားချက်ပဲ ဖြစ်သည်။

တချို့တွေက မညစ်ပတ်ဘဲ တခြားလူတွေကို ကျော်လွန်ဖို့ တစ်ဘဝလုံး မဖြစ်နိုင်ပါ။

လီကော်ချင်း အထင်ပင် ကြီးမိသွားပါသည်။

သာမန် ဝန်ထမ်းမိသားစုတစ်စုကနေ ဒီလောက်အဆင့်ထိ ရောက်လာတာ လင်းဖန် တော်လွန်းပါသည်။

လင်းဖန် ဘယ်လိုလုပ်ခဲ့သလဲဆိုတာ လီကော်ချင်း မှန်းဆလို့ မရနိုင်သော်လည်း သာမန်လူတွေ မကျော်နိုင်လောက်အောင် လင်းဖန် အားတွေ အများကြီး စိုက်ထုတ်ခဲ့တာ ဖြစ်နိုင်ပါသည်။

လင်းဖန်က လူလိမ်တစ်ယောက်လည်း မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား။

လင်းဖန်က ခေါင်းခါလိုက်သည်။ "ရိုးရိုးသားသား ပြောရရင် အိမ်ရှင်တစ်ယောက်ဖြစ်ရတာ ဘာကောင်းလို့လဲ။ လတိုင်း ကျောင်းနယ်မြေအိမ် အလုံး ၂၀၀ ကနေ အိမ်လခ တောင်းရတယ်။ တစ်လကို ရက် ၃၀ နဲ့ တွက်ရင် တစ်ရက်ကို ၇ အိမ်နှုန်းနဲ့ အိမ်လခ လိုက်ကောက်ရတယ်။ အရမ်း ဒုက္ခများပြီး ပင်ပန်းရပါတယ်"

"ငါ အိမ်ငှားခ မကောက်ချင်ပေမယ့် မတတ်နိုင်ဘူး" လင်းဖန် သက်ပြင်းချလိုက်သည်။

အိမ်ငှားခ တောင်းခံခြင်း၊ တစ်ရက်ကို အိမ် ၆ လုံး ၇ လုံးလောက်ထံမှ တောင်းခံရခြင်း၊ ပြောဆိုဆက်ဆံမှု ပေါင်းစုံ လုပ်ရခြင်း၊ မှတ်တမ်းများစွာ မှတ်သားရခြင်း စသည်တို့ အားလုံးက အလွန် ဒုက္ခများပါသည်။

အိမ်ငှားတိုင်းမှာ ပြဿနာ တချို့ရှိလာပြန်ရင်လည်း လင်းဖန်က ဖြေရှင်းပေးရသေးသည်။

အဲ့တာ ဘယ်လောက်တောင် ဒုက္ခ များလိုက်သလဲ။

ထို့အပြင် ပိုက်ဆံက နည်းလွန်းပါသည်။ အိမ်ငှားခက တစ်လကို ယွမ် သောင်းဂဏန်းသာ ဖြစ်သည်။ အိမ် ၆ အိမ်မှ အိမ်ငှားခက စုစုပေါင်း ယွမ် ၂၀၀,၀၀၀ လောက်သာ ရှိပါသည်။

"တစ်လကို အိမ်ငှားခ ယွမ် ၂၀၀,၀၀၀ လောက်ပဲ ရတယ်။ ဝင်ငွေက လုပ်အားနဲ့ မမျှတဘူး" လင်းဖန် ပြောလိုက်ပါသည်။ ပိုက်ဆံက နည်းလွန်းသည်ဟု သူ တကယ် ထင်ပါသည်။

စုရှောင်းယွီလည်း ထိုစကားကြားပြီးနောက် ခေါင်းငြိမ့်လိုက်ပါသည်။ "တကယ် မမျှတဘူး။ အိမ်ငှားခ ကောက်ဖို့က အရမ်းပင်ပန်းတယ်။ နင်က အဲ့လောက်ပဲ ရတာလား"

စုရှောင်းယွီက အိမ်ငှားခ ကောက်ဖို့ မလိုပေ။ သူမ ဘဏ်အကောင့်ထဲက ဘဏ်တိုးနဲ့တင် တစ်ရက်ကို ယွမ် သိန်းဂဏန်းလောက် ရပါသည်။ အိမ်ခြံမြေ အစရှိသည့် ပုံသေပိုင်ဆိုင်မှုများစွာ၏ တန်ဖိုးမြင့်မှုနဲ့ ပေါင်းလိုက်ပါက စုရှောင်းယွီ လက်ချောင်းထိပ်လေး လှုပ်လိုက်တာနဲ့ ငွေအများကြီး အလွယ်တကူ ရနိုင်ပါသည်။ တချို့ဆို အိမ်ငှားခကောက်ဖို့ WeChat မှာတောင် သွားပြောရသေးသည်။

လင်းဖန်နဲ့ စုရှောင်းယွီတို့၏ စကားကို နားထောင်ပြီး ကျောင်းရှီမင်၊ ပင်းထန်၊ လီကော်ချင်းနဲ့ တခြား အတန်းဖော်အားလုံး လင်းဖန်ကို သတ်ချင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

လင်းဖန်က လူမုန်းအောင် လုပ်နေတာပဲ။

တစ်လကို အိမ်ငှားခ ကောက်ရုံနဲ့ ယွမ် ၂၀၀,၀၀၀ ကျော် ရနိုင်သည်။ လင်းဖန်က ဒါကို နည်းလွန်းသည်ဟု ထင်နေသည်။

ထိုငွေပမာဏကို လင်းဖန်က နည်းလွန်းသည်ဟု ထင်ရဲသည်။

သူတို့ နောက်ကို ဘယ်လို သည်းခံရတော့မလဲ။

လီကော်ချင်းတောင် ထိုငွေပမာဏမျိုးကို အထင်မသေးရဲပါ။

အိမ်ရှင်တစ်ယောက်ဖြစ်ဖို့က လူပေါင်းများစွာ၏ အိပ်မက်တစ်ခု ဖြစ်သည်။ ညှပ်ဖိနပ်စီး စွပ်ကျယ် ဝတ်ပြီး နေ့စဉ် ကောင်မလေးတွေရဲ့ ခြေတံသွယ်သွယ်များကို ကြည့်ကာ အိမ်လခ ကောက်ခံရင်း အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် နေရသည့် အိမ်ရှင်မျိုး ဘယ်သူက မဖြစ်ချင်ဘဲ နေမှာလဲ။

နောက်ဆုံးတော့... ဒီနေ့ အိမ်ရှင် မဖြစ်ချင်သည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

လင်းဖန်။ မင်း ငါတို့အမြင်ကို လာဖျက်စီးနေတာပဲ။

All Chapters