ဒါ ယွမ် သန်း ၃၀၀ ကျော်တန် ဗီလာကြီးပဲ
Vol. 24 Ch. 351
လူများစွာက ဝန်ထမ်းဘဝသာ ရှိသဖြင့် အိမ်ရှင် ဖြစ်ချင်ကြသည့် လူပေါင်းများစွာ ရှိပါသည်။
၎င်းတို့ရဲ့ အိမ် အဖြိုခံရမည်ဆိုပါက အပျော်လွန်သွားကြမည်။ အဘယ့်ကြောင့်ဆိုသော် အဖြိုခံရမည်ဆိုတာက ချမ်းသာတော့မည်ဟု ဆိုလိုတာနဲ့ အတူတူပဲဖြစ်သည်။
ယနေ့စျေးကွက်တွင် အိမ်တစ်လုံးပိုင်ဆိုင်ထားလျှင် ငွေရှိတာနဲ့ အတူတူပဲဖြစ်သည်။
အိမ်တွေ အများကြီးရှိပါက ပုံမှန်ဝင်ငွေလမ်းကြောင်း တစ်ခု ပိုင်ဆိုင်နိုင်ပါသည်။
သို့သော်လည်း အိမ်ရှင်တစ်ယောက် မလုပ်ချင်တော့သည့် အဆင့်လောက်အထိကို လင်းဖန်က ရောက်နေပါပြီ။
အိမ်ရှင်တစ်ယောက်အဖြစ် သူရရှိနိုင်သည့် ငွေများက နည်းပါးလွန်းပါသည်။
လက်ချောင်းလေးများကို လှုပ်ရှားရုံဖြင့် တစ်လကို ယွမ် ၂၀၀,၀၀၀ ထက်ပိုများသည့် ငွေကို ရနိုင်သည်။ ထို့ကြောင့် လင်းဖန် စိတ်ရှုပ်ခံပြီး မလုပ်ချင်ပါ။
ဒါက သူဌေးတွေရဲ့ လောက ဖြစ်သည်။
သူတို့ စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်သည့် လောကကြီး တစ်ခု ဖြစ်ပါသည်။
ပင်းထန်၊ ကျောင်းရှီမင်၊ လီကော်ချင်းနဲ့ တခြားသူတွေအားလုံး၏ မျက်လုံးထဲ မနာလို အားကျမှု အရိပ်အယောင်များ ရှိနေကြပါသည်။
လီကော်ချင်း၏ တစ်နှစ်တာဝင်ငွေက အလွန်မြင့်မားသည်။ တစ်နှစ်ကို ယွမ် ၈ သန်းဖြစ်သည်။ သို့သော်လည်း အလုပ်အလွန် ကြိုးစားမှ ရပါမည်။
သို့သော်လည်း လင်းဖန်က တစ်လကို ယွမ် ၂၀၀,၀၀၀ ကျော် ရနိုင်သည်။ တစ်နှစ်အတွင်း သူရနိုင်သည့် အိမ်ငှားခများက ယွမ် ၇ သန်း ၈ သန်းလောက် ရှိသည်။
လင်းဖန် အေးအေးဆေးဆေး ရနိုင်သည့် မုန့်ဖိုးလောက် ပမာဏက သူ့တစ်နှစ်တာ ဝင်ငွေထက် အများကြီး ပိုမြင့်နေပါပြီ။
အရေးအကြီးဆုံးက လင်းဖန် ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှုများက မမှန်းဆနိုင်စရာပင်။
ကျောင်းနယ်မြေ အိမ်ရာကျော် ရှိသည်။ အနာဂတ်တွင် ထိုကျောင်းနယ်မြေအိမ်များ၏ တန်ဖိုးက ဒီအိမ်ငှားခ ပမာဏ ယှဉ်နိုင်တာမျိုး မဟုတ်ပါ။
ကျောင်းရှီမင်က လင်းဖန်ကို ကြည့်ကာ သက်ပြင်း ချလိုက်ပါသည်။ "လင်းဖန် မင်းအဲ့လို ဆက်ပြောရင် ငါတို့ ထိုးမှာနော်။ မင်းက ငါတို့တောင် မယှဉ်နိုင်လောက်အောင် ဒီလောက် စွမ်းအားကြီးနေတယ်"
ပင်းထန်ကလည်း ခေါင်းငြိမ့်လိုက်သည်။ "အင်း။ အစ်ကိုလင်းဖန်က တော်လိုက်တာ။ အခု သူ့မှာ ကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားသလို အဲ့ဒီအိမ်တွေ အကုန်လုံးကိုလည်း ပိုင်ထားတယ်။ ငွေတွေ အများကြီး ရှာနိုင်တယ်။”
လင်းဖန်က အလွန်ချမ်းသာသည်ဟု ပင်းထန် အတည်ပြုပြီးသွားသောအခါ သူ့ကို ခေါ်ဝေါ်သည့် ပုံစံအား အစ်ကိုလင်းဖန်ဟု ပြောင်းလဲလိုက်ပါသည်။
ဘယ်သူက ဒီလိုအကျော်အမော်မျိုးနဲ့ မနီးစပ်ချင်ဘဲ နေမှာလဲ။
ငွေက အရာရာ မဟုတ်သော်လည်း ပြဿနာ အများကြီးကို ငွေနဲ့ ဖြေရှင်းနိုင်သည်။
ဥပမာအားဖြင့် အမျိုးသမီးများ၊ အဆင့်အတန်းနဲ့ ဂုဏ်ဒြပ်တို့ ဖြစ်သည်။
ပင်းထန်၏ အမြင်မှာတော့ လင်းဖန်က သူမ အမြဲတမ်း ကိုးကွယ်မည့် အကျော်အမော်မျိုး ဖြစ်ပါသည်။
လီကော်ချင်းက လင်းဖန်ကို ကြည့်ကာ မေးလိုက်၏။ "လင်းဖန် Tomson Riviera မှာ မင်း ဗီလာတစ်လုံး တကယ်ပိုင်တာလား"
လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့် တစ်လုံး မဟုတ်ဘူး။ နှစ်လုံး။ မင်းတို့က စုရှောင်းယွီရဲ့ အတန်းဖော်တွေဆိုတော့ ဒီနေ့ ဗီလာမှာပဲနေပြီး အချင်းချင်း စကားတွေ ပြောကြပါဦး"
လီကော်ချင််း ခေါင်းဖော်နိုင်ဖို့ ခက်ခဲသွား၏။ "ဗီလာ နှစ်လုံး ဟုတ်လား"
အလွန် ပုံပျက်ပန်းပျက် တုန်လှုပ်သွားရ၏။
သောက်လခွမ်း။ ဗီလာ ၂ လုံးတဲ့လား။
Tomson Riviera ရှိ ဘယ်လို ဗီလာမျိုးမဆို သန်း ရာကျော်ကုန်ကျနိုင်သည်။
သူ့မိသားစုက အသေးဆုံးဗီလာကို ဝယ်ယူနိုင်သည့် အဆင့်အတန်းမျိုးအထိ ရောက်လာနိုင်ခဲ့သည်။ ဒါတောင် သန်း ၅၀ ကျော် တန်ပါသည်။
စတုရန်းမီတာ ရာဂဏန်း အနည်းငယ်လောက်သာ ရှိသည့် ဗီလာအသေးစားလေးက Tomson Riviera ရှိ အကြီးစား ဗီလာတွေနဲ့ လယ်ဗယ်ချင်း လုံးဝ ခြားနားပါသည်။
လင်းဖန် ပြုံးလိုက်၏။ "ဟုတ်တယ်"
Tomson Riviera ဝင်ပေါက်နား လျှောက်လာတော့ လုံခြုံရေးအစောင့်များက လင်းဖန်ကို မြင်ပြီး ချက်ချင်း ဦးညွှတ်လိုက်ကြပါသည်။
"ကြိုဆိုပါတယ် မစ္စတာလင်း"
"ကြိုဆိုပါတယ် မစ္စတာလင်း"
လင်းဖန်က စုရှောင်းယွီ၏ အတန်းဖော်များကို အိမ်ရာထဲ ခေါ်လာခဲ့ပါသည်။
Tomson Riviera ကိုရောက်လာတော့ စုရှောင်းယွီ၏ အတန်းဖော်များ မျက်လုံးပြူးကုန်ကြသည်။
"လခွမ်း... ဒါက ရှန်ဟိုင်းမြို့တစ်မြို့လုံးမှ တန်ဖိုးအကြီးဆုံးနဲ့ နာမည်အကြီးဆုံး နယ်မြေ Tomson Riviera ပဲ။ ဘာနဲ့ ယှဉ်နိုင်မှာလဲ"
"ဒီက ရှုခင်းတွေက အရမ်းလှတာပဲ။ သစ်ပင်တွေက စိမ်းလန်းစိုပြည်နေတာပဲ။ လေကောင်းလေသန့်လည်း ရတယ်။ တိရိစ္ဆာန်လေးတွေတောင် ရှိသေးတယ်။ ကြည့်ပါဦး။ ဟိုမှာ ဒေါင်းလေးတွေပါလား"
"လခွမ်း။ ဟိုနားမှာ ဘောလုံးကွင်းကြီး တွေ့လိုက်သလိုပဲ။ ဘယ်သူဌေးက အဲ့မှာ ဘောလုံးကွင်း လာဆောက်သွားတာလဲ"
"ဒီနေရာကြီးက တကယ့် ကောင်းကင်ဘုံလိုပဲ။ သစ်ပင်ပန်းမန်တွေ၊ ရှုခင်းတွေ၊ လေကောင်းလေသန့်တွေ၊ ဗီလာတွေ အကုန်လုံးက တန်ဖိုးကြီးတယ်ကွာ"
"ဒီမှာ ပါကင်ထိုးထားတဲ့ ကားတွေလည်း မြင်တယ်။ Rolls-Royceတွေကော Ferrari တွေကော... ဒီနေရာကြီးက ပြိုင်ကားတွေနဲ့ ပြည့်နေတာပါလား"
"အကုန်လုံးက သူဌေးတွေကိုး။ တကယ်ပါပဲ။ Tomson Riviera အိမ်ရာမှာ နေထိုင်တဲ့လူတွေ အားလုံးက တကယ့် သူဌေးတွေချည်းပဲ"
"အားကျလွန်းလို့ ငိုတောင် ငိုချင်လာပြီ။ ငါကော ဘယ်တော့ ဒီလိုနေရာမျိုးမှာ နေနိုင်မှာလဲ။ နောင်ဘဝကျမှနဲ့ တူပါတယ်"
"လင်းဖန်က ဒီလိုနေရာမှာ ဗီလာတစ်လုံး ဝယ်နိုင်တာ တော်တော် တော်တာပဲ"
အားလုံး အံ့အားသင့်နေပုံကို ကြည့်ပြီး လင်းဖန် ပြုံးလိုက်ပါသည်။
စုရှောင်းယွီလည်း ချိုမြိန်စွာ ပြုံးကာ လင်းဖန်ဘေးမှာ ရပ်နေပါသည်။
သူတို့ အိမ်ရာဗဟိုကို ရောက်လာတော့ ဗီလာကြီး ၂ ခုက အားလုံးရှေ့မှာ ပေါ်လာခဲ့ပါသည်။
ဗီလာတစ်လုံးက ပိုသေးသည့် ၂ ထပ်ဗီလာ တစ်လုံး ဖြစ်ကာ ၁,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည်။
နောက်တစ်လုံးက ၃ ထပ်ဗီလာကြီး တစ်လုံးဖြစ်ကာ ၂,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပါသည်။
"ဒါ ငါဝယ်ထားတဲ့ ဗီလာ ၂ လုံးလေ။ ပြန်လည်ပြုပြင်မှုတွေ ပြီးသွားပြီ။ အားလုံးပဲ အထဲလိုက်ခဲ့ကြပါ" လင်းဖန် ပြုံးလိုက်ပြီး ၃ ထပ် ဗီလာကြီးထဲ ဝင်လာခဲ့ပါသည်။
လင်းဖန်ရဲ့ အမြင်မှာတော့ ထိုဗီလာအသေးစားကို ငှားလိုက်တာ ပိုကောင်းမည်။ အနည်းဆုံးတော့ ငွေတချို့ ရနိုင်ပါလိမ့်မည်။
Tomson Riviera က အဆင့်အတန်းနဲ့ ဂုဏ်ဒြပ် သင်္ကေတ တစ်ခုပင်။ ဒီမှာ နေထိုင်နိုင်သည့် လူတွေက ချမ်းသာသူများ သို့မဟုတ် အကျော်အမော်များ ဖြစ်ကြသည်။
သို့သော်လည်း အိမ်ငှားခတော့ အနည်းငယ် စျေးသက်သာ၏။ ဒီဗီလာကို လင်းခဲ့ရှင်း၊ စုမူချင်းနဲ့ လင်းချမ့်ဝေတို့ အသုံးပြုနိုင်လိမ့်မည်ဟု လင်းဖန် ထင်မိပါသည်။
ဒီဗီလာက လူနေကြာလျှင် ပိုကောင်းပါသည်။ ပိုပြီး သက်ဝင်လာမည်ဖြစ်သည်။
ငှားလိုက်တော့ကော ငွေဘယ်လောက်ရနိုင်မှာမို့လို့လဲ။ စုမူချင်းတို့ကိုသာ ဗီလာမှာ လာနေခိုင်းဖို့ လင်းဖန် ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။
ဒီလိုမှ စုမူချင်းနဲ့ အလုပ်ထွက်လုပ်ဖို့ သူ့အတွက် ပိုပြီး လွယ်ကူသွားပါမည်။ ဘာပဲဖြစ်ဖြစ် စုမူချင်းက လင်းဖန်၏ အစွမ်းအစရှိ လက်ထောက်တစ်ယောက် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
ဗီလာကြီး ၂ လုံးကို ကြည့်ရင်း ပင်းထန်၊ ကျောင်းရှီမင်၊ လီကော်ချင်းနဲ့ တခြားအတန်းဖော်များ မှင်သက်သွားကြသည်။
တကယ်ကြီး ဗီလာ ၂ လုံး ရှိပါသည်။
ထို့အပြင် ထိုဗီလာကြီး ၂ လုံးက ကြီးမားလွန်းသည်။
လှပသည့် ကျောက်စရစ်လမ်းများ၊ ရွှေအနားကွတ်များဖြင့် ပြုလုပ်ထားသည့် တံခါးများ၊ နာမည်ကျော် နိုင်ငံခြား ဘရန်းများဖြင့် ပြုလုပ်ထားသည့် တံခါးများ ပြတင်းပေါက်များ စသည်တို့ဖြင့် ကြွယ်ဝစွာ အလှဆင်ထားသည်။ အလွန် အနုပညာမြောက်ပါသည်။
တံခါးကို လက်ဗွေစနစ်ဖြင့် ဖွင့်လိုက်သည်။ အားလုံး လင်းဖန်နောက်လိုက်ပြီး ဗီလာကြီးထဲဝင်လာတော့ အားလုံး မိန်းမောသွားရသည်။
"တကယ်... မိုက်လိုက်တာကွာ"
"ဒါ သန်း ၃၀၀ တန်ဗီလာကြီးပဲ။ တန်ဖိုးကြီးလိုက်တာ။ တကယ် တန်ဖိုးကြီးလိုက်တာ"
"မှင်သက်စရာ ကောင်းလိုက်တာ။ ဗီလာကြီးက အရမ်း ကြီးလွန်းတယ်။ ငါသဘောကျတယ်"
"လင်းဖန်က တော်လိုက်တာ။ ဒီလောက်ကြီးတဲ့ ဗီလာကြီး တစ်လုံးကို ပိုင်ဆိုင်ဖို့ဆိုတာ ငါတို့တစ်သက်လုံး မရနိုင်တဲ့ ပန်းတိုင်မျိုးပဲ ဖြစ်မယ် ထင်တယ်"
ဗီလာကြီးထဲ လမ်းလျှောက်ဝင်လာတော့ အတန်းဖော်များစွာ တုန်လှုပ်ခဲ့ရသည်။
လီကော်ချင်းလည်း အပါအဝင်ဖြစ်၏။ ဒါက သန်း ၃၀၀ တန် ဗီလာကြီးထဲ ဝင်ဖူးတာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
စုရှောင်းယွီက အသားကျနေပြီ ဖြစ်သော်လည်း သူတို့ကတော့ အသားမကျသေးပါ။
အဆင့်မြင့်ပြီး ခမ်းနားတယ်ဆိုတာ ဘာလဲ သိလိုက်ကြရပါပြီ။
ဒိလို အိမ်ကြီးနဲ့ နေထိုင်ပြီးနောက် ဘယ်သူက အသေးစား အိမ်မှာ နေဖို့ စိတ်ဝင်စားတော့မှာလဲ။
လင်းဖန်၏ လုပ်ရပ်များကြောင့် စုရှောင်းယွီ၏ အတန်းဖော်များ သူ့ကို ပိုပြီး လေးစားအားကျလာစေသည်။
ကျောင်းရှီမင်၊ ပင်းထန်၊ လီကော်ချင်းတို့အားလုံး လင်းဖန်ကို လေးလေးနက်နက် လေးစားအားကျ သွားကြပါသည်။
အထူးသဖြင့် ပင်းထန် ဖြစ်သည်။ လမ်းတစ်လျှောက်လုံး စုရှောင်းယွီ၏ လက်မောင်းကို တွဲထားပြီး ဗီလာကြီးထဲက အံ့အားသင့်စရာများကို ကမ္ဘာသစ်တစ်ခု တွေ့လိုက်ရသယောင် တတွတ်တွတ် ပြောနေသည်။
ဒီက ကမ္ဘာကြီးက အပြင်လောကနဲ့ လုံးဝ ခြားနားလွန်းပါသည်။
သို့သော် ခဏကြာသောအခါ တံခါးခေါက်သံ ထွက်ပေါ်လာ၏။
တံခါးဖွင့်ကြည့်လိုက်သောအခါ ကြောင်နားရွက် ဦးထုပ်လေးဆောင်းထားသည့် ကောင်မလေး တစ်ယောက်ကို မြင်လိုက်ရပါသည်။
"မြောင် မြောင်" ရှားဝမ်ချွေ့ ဝင်လာပြီး လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်သည်။
သူမက ဒီနေ့ ရိုးရိုးရှင်းရှင်း ဂါဝန်ဖြူတစ်ထည်နဲ့ ဖိနပ်ပါးလေးကိုသာ ဝတ်ဆင်ထားသည်။ သူမ၏ ဆံနွယ်များက နက်မှောင်ရှည်လျားပြီး ဘာမိတ်ကပ်မှ လိမ်းမထားသော်လည်း အလွန် လှပနေဆဲ ဖြစ်သည်။
သူမ ဝင်လာတော့ အားလုံး မှင်သက်သွားရသည်။
"မိန်းမ လာလာ။ နောက်ဆုံးတော့ ရောက်လာပြီပေါ့။ မတွေ့တာတောင် ကြာပြီ။” လင်းဖန် ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့ကို မြင်လိုက်ရတော့ သူ့စိတ်အခြေအနေ လုံးဝ ပြောင်းလဲသွားပါသည်။
"ဘယ်သူက နင့်မိန်းမလဲ" ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့ကာ လင်းဖန်ကို ဖက်ခွင့်ပေးလိုက်ပါသည်။
ဒါကိုမြင်သောအခါ ကျောင်းရှီမင်၊ လီကော်ချင်း၊ ပင်းထန်နဲ့ အတန်းဖော်တွေ အားလုံး အနည်းငယ် မေတ္တာ ခေါင်းပါးသွားကြ၏။
လင်းဖန်ရဲ့ ကောင်မလေး ရှားဝမ်ချွေ့က ဘာလို့ ဒီလောက်ကြည့်ကောင်းရတာလဲ။
ပြီးတော့... ရည်းစားမရှိတဲ့လူတွေအတွက် ထည့်မစဉ်းစားဘဲ ဘာလို့ ဒီလောက် ချစ်ပြနေကြတာလဲ။