လင်းဖန်ရဲ့ အသီးအရွက်သုတ်ကတောင် အရမ်းအရသာရှိတယ်
Vol. 24 Ch. 352
"နင်ပေါ့" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ လက်ကို ဆွဲကာ ဝင်လာခဲ့ပါသည်။
ဗီလာထဲတွင် အားလုံး အားကျနေကြသည်။
လင်းဖန်၏ ကောင်မလေးက တကယ်ပဲ ကြည့်ကောင်းလွန်းပါသည်။
ဒီလိုကောင်မလေးမျိုးက ရှားပါးလွန်းပါသည်။
မိတ်ကပ်မပါရင်တောင် ဒီလောက်ကြည့်ကောင်းသည့် မိန်းကလေးမျိုးကို ဘယ်သူက မချစ်ဘဲနေနိုင်မှာလဲ။
ထို့အပြင် ရှားဝမ်ချွေ့၏ ကိုယ်လုံးကိုယ်ပေါက်က ပြီးပြည့်စုံသည်။
ဖွံ့ဖြိုးသင့်သည့် နေရာဖွံ့ဖြိုးပြီး သွယ်သင့်သည့်နေရာ သွယ်လျပါသည်။
"ဆက်ကြည့်နှင့်ကြဦး။ အားလုံးအတွက် ငါညစာ သွားပြင်ပေးမယ်" လင်းဖန်က ပြောလိုက်သည်။
စုရှောင်းယွီ၏ အတန်းဖော်များ ဖြစ်သဖြင့် လင်းဖန် သူတို့ကို မျက်နှာသာ ပေးပါသည်။
ဒီလူတွေက လင်းဖန်၏ မိတ်ဆွေ မဟုတ်ပါက လင်းဖန် ညစာ ချက်ကျွေးမှာ မဟုတ်ပါ။
အရေးအကြီးဆုံးက ရှားဝမ်ချွေ့လည်း ရှိနေပါသည်။
သူ့မိန်းမအတွက် ညစာချက်ပေးမှ သင့်တော်ရာ ကျပါမည်။
ရောက်လာတဲ့ အတန်းဖော်တွေလည်း အများကြီး မဟုတ်သဖြင့် ညစာချက်ပေးဖို့က ပြဿနာ မရှိပါ။
လင်းဖန် ဒီတစ်ခေါက် အိမ်ချက်ဟင်းလျာတချို့ ချက်ပြုတ်ထားသည်။
ငါးပေါင်း၊ ငါးအရသာ ဝက်သားဟင်း၊ ကြက်ကုန်းဘောင် စသည်ဖြင့် ရင်းနှီးသည့် ဟင်းလျာနာမည်တွေ စုံလင်သည်။ ထမင်းတချို့လည်း ပါသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့အတွက် အသီးအရွက်သုတ်ကို ပြင်ဆင်ပေးထားသည်။
ထို့နောက်... တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာပြန်ပါသည်။
ပင်းထန်၊ ကျောင်းရှီမင်၊ လီကော်ချင်းတို့အားလုံး တံခါးကို ကြည့်လိုက်ကြကာ မှင်သက်သွားကြသည်။
နောက်ထပ် မိန်းမလှလေးတစ်ယောက် ဖြစ်လေ၏။
လင်းဖန်၏ လက်ထောက်၊ စုမိသားစု၏ ဒုတိယ သမီး၊ စုမူချင်း ဖြစ်ပါသည်။
ထို့အပြင် ဒီကောင်မလေးက ရှားဝမ်ချွေ့၊ စုရှောင်းယွီတို့နဲ့ ခြားနားပါသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ နှစ်ယောက်စလုံးမှာ ဆယ်လီများ၏ ရောင်ဝါမျိုးရှိသည်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့မှာ တူညီသည့် စရိုက်လက္ခဏာတစ်ခုရှိပြီး ကြောင်လေး ခွေးလေးများအဖြစ် ပြုမူသောအခါ အလွန် ချစ်ဖို့ကောင်းခြင်း ဖြစ်သည်။
စုမူချင်းကတော့ ခြားနားပါသည်။ သူမက ငြိမ်းချမ်းမှုနဲ့ တောက်ပမှုတို့ကို ယူဆောင်လာပေးသည်။
ဘာမှ မပြောဘဲ ဒီတိုင်း မတ်တပ်ရပ်နေသည်။ သူမက လူပေါင်းများစွာ၏ မှတ်ဉာဏ်ထဲတွင် ကျောင်းတော် Queen နတ်သမီးလေး ဖြစ်ခဲ့ပါသည်။
"ဘော့စ်လင်း ကျွန်မ ရောက်ပါပြီ" စုမူချင်းက နူးညံ့စွာ ပြုံးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
"အေး ဝင်လာခဲ့လေ။ ညစာ အတူတူ စားကြစို့" လင်းဖန်လည်း စုမူချင်းကို ပြုံးကြည့်လိုက်ပါသည်။
"ဘော့စ် ကျွန်မလည်း ပါတယ်နော်" လင်းချမ့်ဝေလည်း ဝင်လာပါသည်။
"ဟုတ်ပါပြီ။။ အတူတူ ဝင်ခဲ့" လင်းဖန် ပြုံးလိုက်သည်။
ကျောင်းရှီမင် ဆွံ့အသွားသည်။
ပင်းထန် ဆွံ့အသွားသည်။
လီကော်ချင်းလည်း ဆွံ့အသွားသည်။
ဒီကို ရောက်လာသည့် မိန်းကလေးတိုင်းက အလွန် လှပလွန်းပါသည်။
လင်းဖန်... ဒီလောက် ကံကောင်းရတာလဲ။
လင်းဖန်ကလည်း အတော်လေး ရေပန်းစားသူ ဖြစ်သည်။
ဒီကိုရောက်လာသည့် လူတိုင်းကလည်း မိန်းမလှလေးများသာ ဖြစ်ကြသည်။
အားလုံးက ထိပ်တန်းအဆင့် မိန်းမလှလေးများ ဖြစ်ကြ၏။
ထို့နောက် တံခါးခေါက်သံ ထွက်လာပြန်သည်။
ဒီတစ်ခေါက် စူပါစတားများ ဖြစ်ကြသည့် လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့ ဖြစ်ကြသည်။
ကောင်မလေး နှစ်ယောက် ဝင်လာခဲ့၏။ လင်းခဲ့ရှင်းက ပြောလိုက်သည်။ "ကျွန်မတို့ကော ညစာ အတူတူ စားလို့ ရမလား"
ဆယ်လီများစွာကို တစ်ပြိုင်တည်း မြင်လိုက်ရသဖြင့် အတန်းဖော်အားလုံး မှင်သက်သွားကြသည်။
လင်းဖန် ဘယ်လောက်တောင် ရေပန်းစားတာလဲ။
မိန်းကလေးတွေ အများကြီး တစ်ပြိုင်တည်း ရောက်ချလာတယ်။
"ဒါပေါ့။ အားလုံး ရောက်လာပြီဆိုတော့ ပြောစရာ ရှိတာ ပြောဦးမယ်။ အခုချိန်ကစပြီး နင်တို့ ဒီဗီလာရဲ့ မျက်နှာချင်းဆိုင် ဗီလာမှာ နေလို့ ရတယ်။ အဲ့ဗီလာမှာ အတူတူနေကြ"
"ကိုယ့်အခန်းကိုယ် ရွေးလို့ ရတယ်။ အားလုံးက ကုမ္ပဏီကဆိုတော့ နောက်ပိုင်း လာတွေ့ဖို့ ပိုပြီး လွယ်ကူသွားတာပေါ့" လင်းဖန် ပြုံးလိုက်ပြီး ကောင်မလေးများကို ကြည့်လိုက်ပါသည်။
ဒီကောင်မလေးများက လင်းဖန်နဲ့ အလွန် နီးစပ်ပြီး ကုမ္ပဏီထဲမှာလည်း အလွန် အရေးပါကြပါသည်။
လင်းဖန်က ယခု ဘော့စ်တစ်ယောက် ဖြစ်နေပါပြီ။ စုမူချင်းနဲ့ လင်းချမ့်ဝေတို့ကလည်း ကုမ္ပဏီတွင် တာဝန်များစွာကို ယူထားရသည်။
အစကတော့ လင်းချမ့်ဝေမှာ လင်းဖန်၏ မန်နေဂျာသာ ဖြစ်သည်။ အခုတော့ သူမရဲ့ အဆင့်လည်း တက်သွားခဲ့ပါပြီ။
ပြောစရာမလိုအောင် စုမူချင်းက စီအီးအို တစ်ယောက် ဖြစ်နိုင်လောက်သည့်အထိ အစွမ်းအစ ရှိသည်။ သို့သော် သူမက လင်းဖန်၏ လက်ထောက်သာ လုပ်ချင်ပါသည်။
လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့ကလည်း အလားအလာကောင်းကြသည့် မိန်းမလှလေးများ ဖြစ်ကြပါသည်။
သူတို့သာ အတူတူ ပေါင်းနေကြပါက မျက်စိကျစရာပင်။
လင်းဖန်က သူ့အချစ်ရေးကို တန်ဖိုးထားသော်လည် မိန်းမလှလေးများကို မြင်ရတာ အနည်းဆုံးတော့ မျက်စိကျဖို့ ကောင်းပါသည်။
လင်းဖန်က အချစ်ကို တန်ဖိုးမထားဘဲ မိန်းမလှလေးတွေကို ဖွန်ကြောင်တတ်သည်ဟု တချို့က ပြောချင်ပြောနိုင်သည်။
လင်းဖန်က မျက်နှာချင်းဆိုင် ဗီလာမှာ အဘွားအို တစ်စုကို နေခွင့်ပေးပါ့မလား။
ထို့အပြင် ထိုဗီလာကြီးကလည်း ဗလာကျင်း ဖြစ်နေသည်။ နောက်ပိုင်း အလုပ်အတွက် ပိုပြီး အဆင်ပြေနိုင်ပါသည်။
လင်းဖန်၏ စကားကို ကြားသောအခါ စုမူချင်း၊ လင်းခဲ့ရှင်း၊ လင်းချမ့်ဝေ၊ ချူးယောင်ယောင်တို့၏ မျက်လုံးများ အရောင်လက်သွားရသည်။
လင်းချမ့်ဝေကလွဲပြီး တခြားကောင်မလေးများက ချမ်းသာသည့် မိသားစုမှ လာခဲ့ကြသည်။
သို့သော်လည်း သူတို့မိသားနောက်ခံ ဘယ်လောက် ကောင်းကောင်း ဒီကောင်မလေးတွေလည်း ဒီလို စျေးကြီးသည့် ဗီလာမျိုးမှာ နေဖို့ မတတ်နိုင်ကြပါ။
ဘယ်သူက ယွမ်သန်းရာကျော်တဲ့ ဗီလာတစ်လုံးကို ဝယ်နိုင်မှာလဲ။
လင်းခဲ့ရှင်းက ဆယ်လီတစ်ယောက်ဖြစ်သည်။ သူမ အတွက်တောင် သန်း ၁၀၀ ကျော်သည့် ဗီလာတစ်ခုမှာ နေဖို့က အလွန်ခက်ခဲပါသည်။
ဒီနေ့တော့ ထိုကဲ့သို ဗီလာမျိုးတွင် နေထိုင်ဖို့ အားလုံး အခွင့်အရေး ရသွားကြပါသည်။
လင်းဖန်၏ ဗီလာတွင် နေရမည့်အပြင် လင်းဖန်ကိုလည်း မကြာမကြာ မြင်နိုင်ပါသည်။
အားတက်စရာပင်။
"ဘော့စ်လင်း ကျေးဇူးပါ~~ နောက်ပိုင်း တစ်ခုခု လိုအပ်လို့ ကျွန်မကို ခေါ်တဲ့အချိန်ကျရင် ပိုပြီး အဆင်ပြေသွားတာပေါ့။ ဒါပေမယ့် အလကားတော့ မနေနိုင်ပါဘူး။ ကျွန်မ အိမ်ငှားခ ပေးပါ့မယ်" စုမူချင်း ပြောလိုက်၏။
"ဟုတ်တယ်။ ကျွန်မတို့ အိမ်ငှားခပေးရမယ်။ မဟုတ်ရင် အချောင်ခိုတဲ့လူတွေ ဖြစ်သွားမှာပေါ့" လင်းခဲ့ရှင်းကလည်း ခေါင်းငြိမ့်လိုက်သည်။
"အိမ်ငှားခက အရမ်းစျေးကြီးတယ်။ Tomson Riviera က အိမ်ငှားခတွေ အတိုင်းဆိုရင် ဒီက အိမ်ငှားခက အနည်းဆုံး တစ်နှစ်ကို ယွမ် သန်း ဂဏန်းလောက် ရှိတယ်။ သာမန်လူတွေက ငှားနိုင်မှာ မဟုတ်ဘူး။ နင်တို့ကော တစ်နှစ်ကို ဘယ်လောက် ရနေပြီလဲ။ အိမ်ငှားခကို မေ့ထားလိုက်စမ်းပါ။ ငါလည်း ငွေမလိုသေးဘူး။ ဒါပေမယ့် အိမ်မှာနေရင်တော့ အိမ်ရဲ့ သန့်ရှင်းရေးတွေအတွက်ကော၊ သစ်ပင်ပန်းမန်တွေကို ဂရုစိုက်ဖို့အတွက်ကော တာဝန်ယူရမှာပေါ့" လင်းဖန် ပြောလိုက်ပါသည်။
အိမ်ငှားခ သန်းဂဏန်းရှိသည်ဆိုတာကို နားထောင်ရင်း အားလုံး အတွေးများစွာဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။
သန်းချီတယ်တဲ့။ ဘယ်သူက တတ်နိုင်မှာလဲ။
ထိုအချိန်တွင် လင်းချမ့်ဝေက ပြောလိုက်သည်။ "ဘော့စ်။ ကျွန်မ အိမ်ငှားခ သန်းချီပြီးတော့တော့ မပေးနိုင်ဘူး။ ဒါပေမယ့် ဒီမှာ အလကားတော့ မနေချင်ပါဘူး~ လစဉ်လတိုင်း ၁၀,၀၀၀ ယွမ် အိမ်ငှားခ အနေနဲ့ လွှဲပေးပါ့မယ်။ ဘယ်လို သဘောရလဲ ဘော့စ်။”
ဒါက သူမ တတ်နိုင်သည့် ပမာဏအတွင်းမှာ ရှိပြီး အိမ်ငှားခကိုလည်း ပေးဆောင်ချင်သောကြောင့် ဖြစ်သည်။
လင်းချမ့်ဝေ၏ အကြံပြုချက်ကို ကြားပြီးနောက် စုမူချင်း ခေါင်းငြိမ့်လိုက်သည်။ လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့လည်း သဘောတူကြပါသည်။
"ဟုတ်ပါပြီ။ ဒါဆိုလည်း ရှိပါစေတော့" လင်းဖန် ပြုံးလိုက်၏။ သူ့လူတွေကိုသူ စျေးနှုန်းတန်တန်နဲ့ ငှားရမ်းပေးသည်ဟု သဘောထားနိုင်ပါသည်။ တကယ်တော့ သူက ငွေကိုတောင် စိတ်မဝင်စားပါ။ သို့သော် သူတို့က ပေးချင်သည်ဆိုမှတော့ လင်းဖန်မှာ ရွေးချယ်စရာ မရှိပေ။
"လာပါ စားကြရအောင်"
"လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့၊ အဲ့မှာနေဖို့ ထန်ရှင်းရန်လေးကိုပါ ခေါ်ဖို့ မမေ့နဲ့ဦး။ သူ့ကို ကျောင်းလိုက်ပို့ဖို့ ပရော်ဖက်ရှင်နယ် ယာဉ်မောင်း တစ်ယောက် ခန့်လိုက်" လင်းဖန် ပြောလိုက်သည်။
"ဟုတ်ပြီ~" လင်းခဲ့ရှင်း ခေါင်းငြိမ့်လိုက်ပါည်။
"ဒါဖြင့် ကျွန်မတို့ ညစာ ဘာစားကြမှာလဲ" လင်းခဲ့ရှင်း မေးလိုက်သည်။
"နင်တို့အားလုံးက အသီးအရွက်သုတ်ပဲ စားရမယ်။ နင်တို့ ခန္ဓာကိုယ်က အရေးကြီးတယ်လေ။ နောက်ကို ကုမ္ပဏီက ငွေရှာဖို့ နင်တို့ကိုပဲ အားကိုးရမှာ" လင်းဖန် ပြုံးလိုက်သည်။
"ဟာ... အသီးအရွက်သုတ်တဲ့။ ဝမ်းနည်းလိုက်တာ... ဝမ်ချွေ့။ ငါတို့ အသားအတူတူစားလို့ရအောင် လင်းဖန်ကို ပြောပေးပါလား" လင်းခဲ့ရှင်းက ရှားဝမ်ချွေ့ကို တောင်းတောင်းပန်ပန် ကြည့်လိုက်သည်။
ရှားဝမ်ချွေ့သာလျှင် လင်းဖန်ကို တိုက်တွန်းနိုင်ပါလိမ့်မည်။ သူတို့ တိုက်တွန်းရဲပါ့မလား။
လင်းဖန်၏ ဟင်းလျာများက အရသာရှိလွန်းသဖြင့် သူတို့ စိတ်မထိန်းနိုင်ပါ။
သို့သော် အသီးအရွက်သုတ်က အရသာ သိပ်ရှိမှာ မဟုတ်ပေ။ ဒီ အသားဟင်းငါးဟင်းတွေနဲ့ အရသာ ယှဉ်နိုင်မှာ မဟုတ်ပါ။
ရှားဝမ်ချွေ့က အသီးအရွက်သုတ်ကို ယူပြီး ခပ်ပါးပါး ပြုံးလိုက်ပါသည်။ သူမ လင်းဖန်ကို လှမ်းကြည့်ကာ ပြောလိုက်၏။ "နင်တို့အားလုံး လင်းဖန်ပြောတာ နားထောင်ရမယ်လေ။ တကယ်တော့ လင်းဖန်ရဲ့ အသီးအရွက်သုတ်ကလည်း အရမ်းအရသာရှိပါတယ်။ အဲ့ဒီ ငါးအရသာ ဝက်သားဟင်းတွေက ရှောင်းယွီရဲ့ အတန်းဖော်တွေ အတွက်ပဲ"
လင်းခဲ့ရှင်းလည်း စိတ်ပျက်လက်ပျက်ဖြင့် အသီးအရွက်သုတ်ကို ယူလိုက်ပါသည်။
တစ်လုတ်စားပြီးတာနဲ့ လင်းခဲ့ရှင်း၏ မျက်လုံးများ ကျယ်သွားရသည်။
ချူးယောင်ယောင်လည်း မှင်သက်သွားရ၏။
ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လင်းဖန်၏ အသီးအရွက်သုတ်ကတောင် အရသာ အလွန်ရှိပါသည်။