မြောင်မြောင်
Vol. 24 Ch. 355
၂ နာရီအတွင်း လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုရေပန်းစားနှုန်းက ၁၀ သန်း ရောက်သွားခဲ့ပါပြီ။
ရေပန်းစားနှုန်း ၁၀ သန်းတောင် ဖြစ်သည်။
ဒီလို ရေပန်းစားနှုန်းကြောင့် Streamer အကြီးစားတွေတောင် ကြောက်လန့်ကုန်ကြပါသည်။
အလွန် နာမည်ကြီးသည့် Streamer တချို့သာ ရေပန်စားနှုန်း ၁၀ သန်းကို ရနိုင်ကြလိမ့်မည်။
ဥပမာအားဖြင့် တစ်ချိန်က လွှမ်းမိုးခဲ့သည့် လေထီးခုန် လုခိုင်ခိုင်က တိုက်ရိုက်ထုတ်လွှင့်သူများအတွက် စံနှုန်းတစ်ခု ချိုးခဲ့သည်။
သို့သော်လည်း လုခိုင်ခိုင်က တိုက်ရိုက်ထုတ်လွှင့်သူ မလုပ်တော့ဘဲ သူ့အမည်က ရာဇဝင်တစ်ခု ဖြစ်လာခဲ့ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုလောကတွင် တကယ်ရေပန်းစားသည့်လူ၊ အထွတ်အထိပ်မှာ ရပ်တည်နေနိုင်သည့်လူက မျိုးရိုးနာမည် လုဖြင့် ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် ဖြစ်သည်။
ယခုတော့ Douyu တိုက်ရိုက်ထုတ်လွှင့်မှု လောကတွင် လင်းဖန်က ၂ နာရီလောက် အေးအေးဆေးဆေး တိုက်ရိုက်ထုတ်လွှင့်လိုက်တာနဲ့ ဒီလောက် ရေပန်းစားနှုန်းကို ရရှိခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော်... သူ့နာမည်က လင်းဖန် ဖြစ်နေတာကြောင့်ပင်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားနှုန်း ၁၀ သန်းပြည့်သွားပြီဟူသည့် သတင်းက Douyu ရှိ လူအားလုံးကို တုန်လှုပ်သွားစေခဲ့ပါသည်။
Douyu တွင် တာဝန်ရှိသူများ စုစည်းလိုက်ကြပြီး ၎င်းတို့မျက်နှာများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပါသည်။
"မဖြစ်နိုင်တာ... ၂ နာရီတည်းနဲ့ လင်းဖန်က ရေပန်းစားမှု ၁၀ သန်းအထိတောင် ရောက်သွားပြီ"
"Bullet ကောမန့်တွေကို ကြည့်ပါဦး။ အရမ်း များလွန်းလိ့ မြင်တောင် မမြင်ရတော့ဘူး။ ဒါက လင်းဖန် ယူဆောင်လာပေးနိုင်တဲ့ ကြည့်ရှုသူဦးရေနဲ့ ရေပန်းစားမှုပေါ့"
"အရေးကြီးဆုံးက လင်းဖန် ဘာလို့ ဒီလောက် တော်ရတာလဲ။ သူက ကြယ်ပွင့်တစ်ပွင့်ပဲ မဟုတ်ဘူးလား။ ဘာလို့ တရုတ်စစ်တုရင်မှာပါ အရမ်းတော်နေရတာလဲ။”
"ဟုတ်တယ်။ လင်းဖန်ရဲ့ ရေပန်းစားမှုက တကယ်မြင့်တယ်။ သူငါတို့ဆီက တိုက်ရိုက်ထုတ်လွှင့်သူ မဟုတ်တာ နာတာပဲ။ မဟုတ်ရင် ပရိုမိုးရှင်လေးနည်းနည်း ဆင်းပေးလိုက်ရုံနဲ့ သေချာပေါက် အင်တာနက်ပေါ်က ရေပန်းအစားဆုံး တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်သွားလိမ့်မယ်"
"သူ့ကို ပရိုမိုးရှင်းဆင်းပေးဖို့တောင် လိုလို့လား။ လင်းဖန်က အင်တာနက်ပေါ်မှာ ရေပန်းအစားဆုံး ဆယ်လီ ဖြစ်နေပြီ။ သူရိုက်ကူးထားတဲ့ ရုပ်သံဒရမ်မာနဲ့ ရုပ်ရှင်တွေ အားလုံးကို ပရိတ်သတ်တွေ အသိအမှတ်ပြုထားပြီးသားလေ"
"ဒါလင်းဖန်ရဲ့ ရေပန်းစားမှုပဲလေ။ အစက ဒီတိုင်း သူ့ဖာသာသူဖျော်ဖြေဖို့ဆိုပြီး လုပ်ခဲ့တာ။ လင်းဖန်က တကယ့် စည်းစနစ်ရှိတဲ့ ကစားသမား ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ။ သူက တရုတ်စစ်တုရင် ကစားတာ အရမ်းတော်တာပဲ"
တာဝန်ရှိသူများစွာက လင်းဖန် တရုတ်စစ်တုရင် ကစားနေတာကို စောင့်ကြည့်နေကြသည်။
လင်းဖန်က ကင်မရာကို ဖွင့်ထားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ပရိတ်သတ်ဘယ်လောက်ရှိနေပြီး သူ့မျက်နှာကို ဘယ်နှယောက် စိုက်ကြည့်နေမလဲဆိုတာကိုတောင် မသိပါ။
အဓိက ပြဿနာက လင်းဖန်လောက် ရုပ်ချောသည့်လူမျိုး အလွန် နည်းပါးခြင်းပင်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲ၌ နာမည်ကြီး Streamer များစွာက လက်ဆောင်များ လာပေးကြပါသည်။
[ထွမ်ထွမ်လေးမှ လင်းဖန်ကို စူပါဒုံးပျံ ၁၀ ခုပေးလိုက်ပါပြီ]
[စစ်မာလေးမှ လင်းဖန်ကို စူပါဒုံးပျံ ၅ ခုပေးလိုက်ပါပြီ]
[DDPမှ လင်းဖန်ကို စူပါဒုံးပျံ ၂၀ ခုပေးလိုက်ပါပြီ]
[ဖိတ်ကာမှ လင်းဖန်ကို စူပါဒုံးပျံ ၃ ခုပေးလိုက်ပါပြီ]
[မိုမိုလေးမှ လင်းဖန်ကို စူပါဒုံးပျံ ၂၀ ခုပေးလိုက်ပါပြီ]
မရေမတွက်နိုင်သည့် လက်ဆောင်များ ဖန်သားပြင်ပေါ် တက်လာခဲ့ပါသည်။
ဒီလူတွေက ရေပန်းစားသည့် Douyu တိုက်ရိုက်ထုတ်လွှင့်သူများ ဖြစ်ကြသည်။
လင်းဖန် တိုက်ရိုက်ထုတ်လွှင့်နေသည်ဟု သူတို့ ကြားမိတော့ အလွန် စိတ်လှုပ်ရှားခဲ့ကြ၏။
နာမည်ကြီး Streamer အားလုံး လင်းဖန်ကို လက်ဆောင်ပေးဖို့ ရောက်လာကြပါသည်။
နောက်မှာ လက်ဆောင်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ လင်းဖန် မသိပါ။ သို့သော်လည်း လက်ဆောင်တွေ အလွန်များပြားလွန်းသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကြီးတောင် ပေါက်ထွက်တော့မလို ဖြစ်နေပါပြီ။
စူပါဒုံးပျံ တစ်ခုကို ၂,၀၀၀ ယွမ်တန်သည်။ ၁၀ ခုဆို ယွမ် ၂၀,၀၀၀ ဖြစ်ပါသည်။
လေယာဉ်နဲ့ ဒုံးပျံတို့လို အသေးစား လက်ဆောင်လေးတွေတောင် ဖန်သားပြင်ပေါ်မှာ ပေါ်မလာကြတော့ပါ။
အဓိက အချက်က လက်ဆောင်တွေ ပေးနေသည့် လူအလွန်များပြားသောကြောင့် ဖြစ်သည်။
လူတွေ အများကြီး သူ့ကို အားပေးနေတာကိုမြင်ပြီး လင်းဖန် ပြုံးလိုက်ပါသည်။
"စူပါဒုံးပျံတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျေးဇူး အများကြီး တင်ပါတယ်"
"ဒါပေမယ့် လက်ဆောင်တွေ အများကြီး ထပ်မပေးကြပါနဲ့။ ကျွန်တော်က အများစုထက် ပိုပြီး ချမ်းသာပါတယ်။ ကျွန်တော် ဒီတိုင်း တရုတ်စစ်တုရင် ကစားပြီး အားလုံးနဲ့ စကားပြောချင်ရုံပါ" လင်းဖန် ပြုံးပြီး အတည်ပေါက် ပြောလိုက်ပါသည်။
လက်ဆောင်တွေ အများကြီး ရလိမ့်မည်ဟု သူ မတွေးခဲ့ပေ။
လက်ဆောင်တွေ အများကြီး တစ်ပြိုင်တည်း ရလိုက်ပြီးနောက် လင်းဖန် စိတ်ပျက်လက်ပျက် ဖြစ်သွားရပါသည်။
သူလည်း ငွေကြိုက်တတ်သော်လည်း ငွေရှာဖို့ ရည်ရွယ်ချက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ခြင်း မဟုတ်ပါ။
ပရိတ်သတ်တွေက လက်ဆောင်များ ဆက်တိုက် ပို့နေကြသော်လည်း ထိုပရိတ်သတ်များ၏ စည်းစိမ်က အကန့်အသတ်ရှိသည်။
ဘာပဲဖြစ်ဖြစ် ပရိတ်သတ်တွေ ဘယ်လောက်ပဲ ချမ်းသာပါစေ လင်းဖန်ကို ယှဉ်လို့တော့ မရပါ။
လင်းဖန်၏ လက်ရှိ ပိုင်ဆိုင်မှုများက ဖော်ပြလို့တောင် မရတော့ပါ။
"66666 အစ်ကိုဖန်ရဲ့ ရိုးသားမှုကို သဘောကျတယ်"
"အစ်ကိုဖန် တရုတ်စစ်တုရင် ဆက်ကစားပါ။ ငါတို့က လက်ဆောင်ပေးရတာ သဘောကျလို့လေ။ ငါတစ်လကို ယွမ် ၅,၀၀၀ ရရင် ၄,၉၀၀ ကို အစ်ကိုဖန်အတွက် လက်ဆောင်ဝယ်ပေးပြီး ကျန် ၁၀၀ နဲ့ အသင့်စားခေါက်ဆွဲခြောက်တွေ အသီးအရွက် ဆားရည်စိမ်တွေ ဝယ်ပစ်လိုက်မယ်"
"အစ်ကိုဖန် ချမ်းသာမှန်း ငါတို့ အားလုံး သိပါတယ်။ ဟားဟားဟား အစ်ကိုဖန် ပြောတာ မှန်ပေမယ့် ငါတို့ ဂရုမစိုက်ပါဘူး"
"အစ်ကိုဖန် ရိုက်မယ့် နောက်ထပ် ရုပ်သံဒရမ်မာက ဘာလဲ။ ငါမျှော်နေမိပြီ"
"အစ်ကိုဖန်။ ဘယ်တော့ ဂီတဖျော်ဖြေပွဲ လုပ်မှာလဲ။ မင်းသီချင်းဆိုတာ နားထောင်ချင်တယ်။ အဓိကက မင်းသီချင်းဆိုတာ အရမ်းကောင်းလွန်းလို့လေ။ မင်းသီချင်းတွေကို အခုဆို ထပ်ခါထပ်ခါတောင် နားထောင်နေပြီ"
[ရှောင်းမိုမှ လင်းဖန်ကို စူပါဒုံးပျံ ၃၀ ခု ပေးလိုက်ပါပြီ]
[ဘရားသားဟပ်ပီးမှ လင်းဖန်ကို စူပါဒုံးပျံ ၂၀ ခု ပေးလိုက်ပါပြီ]
[တုံပေ လွမ်တွန်းမှ လင်းဖန်ကို စူပါဒုံးပျံ ၂ ခု ပေးလိုက်ပါပြီ]
[လင်းဖန်ရဲ့အမာခံပရိတ်သတ်မှ လင်းဖန်ကို စူပါ ဒုံးပျံ ၅၀ ခု ပေးလိုက်ပါပြီ]
လက်ဆောင်များ စုပြုံလာလေပြီ။
ပရိတ်သတ်တွေရဲ့ စိတ်အားထက်သန်မှုလည်း ပိုပြီး ကြီးထွားလာခဲ့ပါပြီ။
တကယ်တော့ ဆယ်လီတွေက သူတို့ထက် ပိုချမ်းသာမှန်း ပရိတ်သတ်တွေ အားလုံး သိပါသည်။
သို့သော်လည်း သူတို့က လိုလိုလားလားနဲ့ လင်းဖန်ကို လက်ဆောင်တွေ ပေးချင်နေကြ၏။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်ကို သူတို့က အစွန်းရောက်လောက်သည့်အထိ သဘောကျကြသောကြောင့် ဖြစ်သည်။
လင်းဖန်က လှမ်းကြည့်ရင်း ခေါင်းခါလိုက်မိပါသည်။ ထိုသို့ မပြောခဲ့လျှင် ပိုကောင်းမည်ဟု တွေးမိသွား၏။
သူက ပရိတ်သတ်တွေကို လက်ဆောင်ပို့မပေးအောင် တားချင်ခဲ့သော်လည်း သူတို့က ပိုပြီးတောင် ရူးသွပ်လာကြပါသေးသည်။
ထို့နောက် ချက်ချင်းဆိုသလို မက်ဆေ့တစ်စောင်ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကြီး တစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့၏။
[ရှားဝမ်ချွေ့မှ လင်းဖန်ကို ဒုံးပျံ ၁၀၀ ခု ပေးလိုက်ပါပြီ]
[ရှားဝမ်ချွေ့ လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပထမဆုံး ဧကရာဇ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်]
ရှားဝမ်ချွေ့တောင် လင်းဖန်ကို လက်ဆောင် လာပေးရသည်။
တစ်ခါတည်းနဲ့ စူပါဒုံးပျံ အခု ၁၀၀ ကိုပေးလိုက်၏။
စူပါဒုံးပျံ အခု ၁၀၀ က ၂၀၀,၀၀၀ တန်ပါသည်။
ဒါက သူ့ကောင်မလေး သူ့ကို ဘယ်လောက်တောင် မျက်နှာသာ ပေးလဲဆိုတာပင်။
တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကို လာကြည့်ရုံနဲ့ မျက်နှာပူအောင် လုပ်ခံရမည်ဟု မည်သူက ထင်မည်နည်း။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်တွေလည်း စာကြောင်းတစ်ကြောင်းတည်း ဖြစ်သွားကြသည်။
[ဟယ်လို ယောက်မ]
[ဟယ်လို ယောက်မ]
ရှားဝမ်ချွေ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကောမန့်များကို ဖတ်ကြည့်လိုက်ပြီး ပြုံးမိသွားသည်။
လင်းဖန်လည်း ပြုံးလိုက်၏။ "မိန်းမ အိပ်ချိန်ရောက်နေပြီ။ ငါ့ကို လက်ဆောင်တွေ ထပ်ပို့မပေးစမ်းပါနဲ့။ ငါ ခဏလောက် တရုတ်စစ်တုရင် ထပ်ကစားလိုက်ဦးမယ်။ ပြီးမှ အိပ်တော့မယ်"
ပရိတ်သတ်တွေအားလုံး တိုက်ရိုက်ထုတ်လွှင့်မှုမှာ မတ်တပ်ထရပ်လိုက်မိကြသည်။
ဒါ တမင်သက်သက် လူရှေ့သူရှေ့ ကြည်နူးပြခြင်း ဖြစ်သည်။
ရှားဝမ်ချွေ့က သေချာပေါက် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လင်းဖန်၏ စကားကို ကြားနိုင်လောက်ပါသည်။
ရှားဝမတ်ချွေ့က လင်းဖန်ကို စူပါဒုံးပျံ ၁၀၀ ပို့ပေးလိုက်ပြီး ဧကရာဇ်ဖြစ်လာခဲ့သည်။
ဧကရာဇ်ဖြစ်ဖို့ဆိုတာ အကုန်အကျများပါသည်။
ရှားဝမ်ချွေ့က လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပထမဆုံးသော ဧကရာဇ် ဖြစ်လာခဲ့သည်။
ထို့နေ့ညက လင်းဖန်ကို လက်ဆောင် အများဆုံး ပေးခဲ့တာလည်း ရှားဝမ်ချွေ့ပဲ ဖြစ်သည်။
ယွမ် ၂၀၀,၀၀၀ တန် လက်ဆောင်ကြီးကို တစ်ချီတည်း ပေးပစ်လိုက်သည်။
လင်းဖန်က ရှားဝမ်ချွေ့ကို လက်ဆောင်တွေ မပေးတော့ဖို့ တားမြစ်လိုက်ကာ မိန်းမဟုတောင် ပေါ်တင် ခေါ်လိုက်ပါသည်။
ဘယ်သူက သည်းခံနိုင်မှာလဲ။
ပရိတ်သတ်တွေ အားလုံး သည်းမခံနိုင်တော့ပါ။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကောမန့်အားလုံး "ဟယ်လို မရီး" အဖြစ်မှ --
[မရီးကို တွေ့ချင်တယ်]
[မရီးကို တွေ့ချင်တယ်]
[အစ်ကိုဖန် မရီး အိမ်မှာရှိလား။ သူ့ကို ခဏလောက် ထွက်လာခိုင်းလို့ရမလား]
လင်းဖန်က Bullet ကောမန့်တွေကို ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်ပါသည်။
"ချွေ့ချွေ့ နားနေပြီ။ အားလုံးလည်း ကျွန်တော် တရုတ်စစ်တုရင် ကစားတာပဲ ဆက်ကြည့်ကြပါ" လင်းဖန် ပြောလိုက်သည်။
လင်းဖန် တရုတ်စစ်တုရင် နောက်တစ်ပွဲ စဖို့ ပြင်လိုက်စဉ်မှာပင် ရှားဝမ်ချွေ့က အခန်းထဲ ဝင်လာခဲ့ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ရှားဝမ်ချွေ့က ကြည့်ရှုသူ ၁၀ သန်းရှေ့တွင် လင်းဖန်အတွက် နူးညံ့စွာဖြင့် ရေသန့်တစ်ခွက် ငှဲ့ပေးလိုက်ပါသည်။
"မြောင်မြောင်" ရှားဝမ်ချွေ့ မေးလိုက်သည်။
"ခဏနေ အိပ်ပါ့မယ်။ ခဏလေး စောင့်" လင်းဖန် ပြောလိုက်၏။
"မြောင် မြောင်..." ရှားဝမ်ချွေ့က ချစ်ဖို့ကောင်းသည့် အမူအယာလေး လုပ်ပြကာ ထွက်သွားပါသည်။
ထိုချစ်ဖို့ကောင်းသည့် အမူအယာလေးကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကြည့်ရှုသူအားလုံး၏ နှလုံးသားများ အရည်ပျော်သွားရခြင်း ဖြစ်သည်။
ရှားဝမ်ချွေ့ အရင်တုန်းက ဒါမျိုး တစ်ခါမှ မလုပ်ဖူးပါ။
ဒီနေ့တော့ ရှားဝမ်ချွေ့ လင်းဖန်ကို ကြောင်လေးလို အော်ပြနေတာ မြင်လိုက်ရပါသည်။ သူမက ... ချစ်ဖို့ ကောင်းလွန်းပါသည်။
မရေမတွက်နိုင်သည့် ပရိတ်သတ်များစွာ မနာလိုအားကျဖြစ်သွားကြသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေဆဲပင်။
မိန်းကလေးတွေက သူမတို့ ချစ်ကြိုက်သည့် လူရှေ့မှာပဲ ချွဲနွဲ့ကာ ချစ်ဖို့ကောင်းအောင် လုပ်ပြတတ်ပါသည်။
ဒီနေ့တော့ သူတို့လည်း ရှားဝမ်ချွေ့၏ ချစ်ဖို့ကောင်းသည့် ပုံစံကို မြင်လိုက်ရပါပြီ။