← Chapters

လင်းဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်က မယုံနိုင်စရာပဲ

Vol. 24 Ch. 356

လင်းဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်က မယုံနိုင်စရာပဲ

Vol. 24 Ch. 356

ရှားဝမ်ချွေ့ကို ထိုပုံစံလေးဖြင့် မြင်လိုက်ရသောအခါ လင်းဖန် အလွန်ချိုမြိန်သွားရ၏။

တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်ကာ ရှားဝမ်ချွေ့၏ အခန်းထဲ ပြေးဝင်သွားချင်သည်။

သို့သော် မဖြစ်နိုင်သေးပါ။

ရှားဝမ်ချွေ့၏ အဖေကို မတွေ့ရသေးဘဲ မဖြစ်နိုင်ပါ။

လင်းဖန် ရှားဝမ်ချွေ့အဖေကို မတွေ့ခင် တရုတ်စစ်တုရင် စွမ်းရည်ကို တိုးတက်အောင် လုပ်ရမည်။

"ဟုတ်ပြီ ဟုတ်ပြီ။ စကားမများကြနဲ့တော့။ ကျွန်တော်တရုတ်စစ်တုရင် ကစားရဦးမယ်"

"ကျွန်တော် အိပ်ယာဝင်နောက်ကျရင် ချွေ့ချွေ့ စိတ်ဆိုးသွားဦးမယ်" လင်းဖန် ပြုံးလိုက်သည်။

သူနဲ့ ရှားဝမ်ချွေ့တို့က တစ်အိမ်တည်း အတူတူ နေနေတာ ဖြစ်သည်။ ဒီသတင်းက ရေပန်းစားတာ ကြာပြီဖြစ်ပြီး ပရိတ်သတ်တွေလည်း သိပြီးသား ဖြစ်သည်။

လင်းဖန်တို တစ်အိမ်တည်းနေပြီး အတူတူနေရင်တောင် ပရိတ်သတ်တွေ ထွက်ပြေးမှာ မဟုတ်ပါ။

အဘယ့်ကြောင့်ဆိုသော် ရှားဝမ်ချွေ့က လင်းဖန်ရဲ့ ကောင်မလေးဖြစ်တာ ကြာပြီ ဖြစ်သောကြောင့်ပင်။ လင်းဖန်ကလည်း ကျဲကျန့်ရုပ်သံ ပွဲတော်မှာ ရှားဝမ်ချွေ့ကို လူထုရှေ့ လက်ထပ်ခွင့်တောင်းခဲ့ပြီးပြီ ဖြစ်ပါသည်။

ထိုမြင်ကွင်းက ပရိတ်သတ်များ၏ နှလုံးသားထဲ စွဲမြဲနေသည်။

ပရိတ်သတ်တွေရဲ့ အမြင်မှာတော့ လင်းဖန်ရဲ့ ကောင်မလေး ဖြစ်သည့်အပြင် ရှားဝမ်ချွေ့က သူ့ရဲ့ ဇနီးလောင်းလည်း ဖြစ်သည်။

ဒီလို ဆက်ဆံရေးမျိုးနဲ့ တစ်အိမ်တည်းအတူတူနေတာ ဘာမှ မထူးဆန်းပါ။

ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုကို ပရိတ်သတ်များ ကြည့်ကြသောအခါ သူတို့ နှစ်ယောက်က တစ်အိမ်တည်း အတူတူနေတာ ဖြစ်သော်လည်း အတူတူ အိပ်ကြတာ မဟုတ်မှန်း သိလိုက်ရပါသည်။

ထိုသို့ သိလိုက်ရသဖြင့် ပရိတ်သတ်တွေက အနည်းငယ် စိတ်ပျက်သွားရပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လက်ထပ်သင့်တာ ကြာပါပြီ။ သူတို့ ကလေးမွေးရင် ပိုတောင် ကောင်းပါဦးမည်။

သူတို့အချစ်ကို ထုတ်ကြွားပြီးနောက် လင်းဖန် ၄၁ ပွဲမြှောက် တရုတ်စစ်တုရင်ဂိမ်းကို စတင်ဖို့ ပြင်လိုက်ပါသည်။

ယခု သူ့ရဲ့ အဆင့်က ပွဲ ၄၀ ဆက်တိုက် နိုင်ပွဲနဲ့အတူ ၆-၃ ကိုရောက်နေပါပြီ။

သူ့ကိုယ်ပိုင် အစွမ်းအစနဲ့ ဘယ်အဆင့်ထိ ရောက်နိုင်မလဲ လင်းဖန် မသိသော်လည်း ဆက်ပြီး ကြိုးစားကြည့်ပါမည်။

ရှားဝမ်ချွေ့အဖေက ပရော်ဖက်ရှင်နယ် အဆင့်ဖြစ်မှန်း သူသိပါသည်။

ရှားဝမ်ချွေ့က အလွန်ကျွမ်းကျင်သည့် တရုတ်စစ်တုရင် ကစားသမား မဟုတ်သော်လည်း လင်းဖန် ပရော်ဖက်ရှင်နယ် အဆင့် ရောက်သည့်အခါ ရှားဝမ်ချွေ့၏ အဖေနဲ့ ယှဉ်နိုင်ပါလိမ့်မည်။

တရုတ်စစ်တုရင်တွင် အရေးအကြီးဆုံးက အတွေ့အကြုံ ဖြစ်သည်။

တရုတ်စစ်တုရင်မှာ ရှုပ်ထွေးသည့် ကစားနည်း ပေါင်းစုံ ရှိပြီး အကွက်တိုင်းက မတူညီသည့် ရလဒ်ကို ဦးဆောင်သွားနိုင်သည်။

နှစ်ဖက် ကစားသမားများက ဦးနှောက်ဉာဏ်ရည်၊ ၎င်းတို့ အကွက်ရွှေ့သည့် ပုံစံ၊ တရုတ်စစ်တုရင်ကို နားလည်နိုင်စွမ်းတို့အရ ယှဉ်ပြိုင်ရသည်။

တရုတ်စစ်တုရင်ဂိမ်းကို ပြန်ဖွင့်ပြီးနောက် လင်းဖန် သူ့ရဲ့ ၄၁ ပွဲမြောက်ကို အာရုံစိုက်ထားလိုက်ပါသည်။

ဒီတစ်ခေါက် လင်းဖန်ရဲ့ ပြိုင်ဘက်ကလည်း ၆-၃ အဆင့် ရှိသည်။

ဒီတစ်ခေါက် ပြိုင်ဘက်က အရင်ရွှေ့ရပြီး ဗဟို အမြှောက် ဖွင့်ကွက်ကို ရွေးချယ်လိုက်ပါသည်။

အရင်ဆုံး ရွှေ့ရသည့်လူက အားသာချက် အနည်းငယ် ရလိမ့်မည်။ တိုက်ခိုက်ဖို့ ဦးဆောင်မှုနဲ့ အားသာချက် ရှိလိမ့်မည်။

ဒီပြိုင်ပွဲမှာ ပြိုင်ဘက်က ကြမ်းကြမ်းတမ်းတမ်း စတင် တိုက်ခိုက်ပါသည်။

သို့သော်လည်း တိုက်ကွက်အားလုံးကို လင်းဖန်က ကာနိုင်ခဲ့သည်။

လင်းဖန်၏ အကွက်ချမှုက ပြစ်ချက်ကင်းသည်။

ထို့အပြင် လင်းဖန်က သူ့ရွှေ့ကွက်တွေကို စဉ်းစားဖို့ အချိန်အများကြီး မရပေ။ အကွက်ချမှုတိုင်း၊ ကာကွယ်ရွှေ့ကွက်တိုင်း၊ ရန်သူ့ရဲ့ တိုက်ကွက်တိုင်းက သူ့ရဲ့စိတ်ထဲမှာ စစ်တုရင် မှတ်တမ်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

၆ မိနစ်လောက် ကြာသောအခါ ပြိုင်ဘက်က ခံနိုင်ရည် မရှိတော့ပါ။

"လခွမ်းထဲမှ။ ဒီ လင်းဖန်ဆိုတဲ့ id နဲ့ကောင်က တရုတ်စစ်တုရင်ကစားတာ ဘာလို့ ဒီလောက် ထိုးဖောက်လို့မရတာလဲ" သူ့ပြိုင်ဘက်က တိုက်ကွက်အားလုံး အကာခံရသဖြင့် မှင်သက်သွားပါသည်။

"လခွမ်းပဲ ငါ့ရထားလေး ပါသွားပြီ"

"လခွမ်း ငါ့အမြှောက်အသိမ်းခံလိုက်ရပြီ"

"လခွီးပဲ လခွီးပဲ နောက်ရထားပါ အသိမ်းခံလိုက်ရပြီ"

"ယီးပဲဟေ့ ငါ့စစ်တုရင်ရုပ်တွေ အကုန်ပါသွားပြီ"

ပြိုင်ဘက်က ၈ မိနစ်သာ ခံလိုက်ပြီး အရှုံးပေးလိုက်ပါသည်။

သူ့အရုပ်တွေ အားလုံးကို လင်းဖန်က သိမ်းသွားသည်။

အစားမခံရသေးသည့် နယ်ရုပ်တချို့ကလွဲပြီး ရထားများ၊ မြင်းများ၊ ဆင်များ၊ အကြံပေးများ အားလုံး အစားခံလိုက်ရသည်။

တစ်ဖက်မှာတော့ လင်းဖန်က နယ်ရုပ်တချို့၊ အမြှောက်တစ်ခု၊ မြင်းတစ်ကောင်တို့သာ အစားခံရသည်။

လင်းဖန် လုံးဝနိုင်သွားပါသည်။

ဒီပွဲကို ၈ မိနစ်အတွင်း အနိုင်ရရှိသွား၏။

QQ တရုတ်စစ်တုရင် App ၏ ထိပ်တွင် စာသား တစ်ကြောင်းလည်း ပေါ်လာခဲ့ပါသည်။

[၄၁ ပွဲ ဆက်တိုက်အနိုင်ရရှိတဲ့အတွက် လင်းဖန်ကို ဂုဏ်ပြုပါတယ်]

ဘာမှန်းမသိလိုက်ဘဲ ၃ နာရီကုန်လွန်သွားသည်။

ထိုအချိန်အတွင်း လင်းဖန်လည်း တရုတ်စစ်တုရင်ကို အလွန်လျှင်မြန်စွာ ကစားခဲ့သည်။ မတူညီသည့် ပြိုင်ဘက်များကို ရင်ဆိုင်ခဲ့ပါသည်။

၃ နာရီအတွင်း စစ်တုရင် ကစားပွဲ ဆယ်ကျော်ကို ကစားခဲ့သည်။

ယခု လင်းဖန်၏ အဆင့်က ၈-၂ အထိ တဟုန်ထိုး တက်သွားခဲ့ပါသည်။

လင်းဖန်၏ ဆက်တိုက် အနိုင်ရရှိမှုကလည်း ၄၁ ပွဲမှ ၈၁ ပွဲ ဖြစ်သွားခဲ့သည်။

ပွဲတိုင်းကို အနိုင်ရရှိနေခြင်း ဖြစ်သည်။

အားလုံးက အားရစရာ နိုင်ပွဲတွေချည်းပဲ ဖြစ်သည်။

၈-၂ မတိုင်ခင် လင်းဖန်က ပြိုင်ဘက်တွေကို ငနုံလေးများအား အနိုင်ကျင့်နေသလိုမျိုး အနိုင်ယူခဲ့သည်။

ဘယ်လို ပြိုင်ဘက်မျိုးပဲ ဖြစ်ဖြစ် လင်းဖန်ကို ခုခံဖို့က ခက်ခဲလွန်းပါသည်။

မနက် ၂ နာရီတောင် ထိုးနေလေပြီ။

လင်းဖန်က တရုတ်စစ်တုရင် ကစားရင်း စိတ်ပါသွားသဖြင့် အချိန်တွေတောင် မသိတော့ပါ။

မနက် ၂ နာရီထိုးသောအခါ ပရိတ်သတ်အများစုက အနားယူနေကြလောက်ပြီ ဖြစ်သည်။

သို့သော်လည်း ဒီနေ့က သောကြာနေ့ဖြစ်သဖြင့် မနက်ဖြန် ပရိတ်သတ်များစွာ အလုပ်ပိတ်ရက်နဲ့ ကြုံပါသည်။

ထို့ကြောင့် လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အလွန် ရေပန်းစားနေဆဲ ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပေါက်ထွက်သွားခဲ့၏။

"တော်လိုက်တာ တော်လိုက်တာ တော်လိုက်တာ..."

"လခွမ်း။ လင်းဖန် ဘယ်လိုများ လုပ်လိုက်တာလဲ။ ၈၁ ပွဲဆက်တိုက် အနိုင်ရရှိမှုတဲ့။ လင်းဖန် ၈၁ ပွဲတောင် ဆက်တိုက်အနိုင်ရထားတာပဲ"

"အစ်ကိုဖန် ဘယ်လယ်ဗယ်တောင် ရောက်နေပြီလဲ။ ယီး... သူက AI များလား။ တရုတ်စစ်တုရင်ဂိမ်းထဲက ပြိုင်ဘက်တိုင်းကို ဘာလို့ အနိုင်ယူနေတာလဲ။ အစ်ကိုဖန် ညစ်နေတာလို့တောင် သံသယဖြစ်လာပြီ"

"သူညစ်ကစားရင်တောင် ၈၁ ပွဲဆက်တိုက် နိုင်ဖို့က မဖြစ်နိုင်ဘူး သရေပွဲရှိနိုင်တယ်။ ဒါပေမယ့် လင်းဖန်က ဆက်တိုက် အနိုင်ရရှိနေပြီး သူ့ပြိုင်ဘက်တိုင်းကို အမြဲတမ်း အနိုင်ယူနေတာ"

"လင်းဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်တွေက အရမ်းမြင့်တာပဲ။ လူတောင် ဟုတ်ရဲ့လား"

လင်းဖန် ဘီယာကို ယူကာ တစ်ငုံသောက်လိုက်ပါသည်။

လုပ်စမ်းပါ ရွှေ့ပါတော့ဟ။

သူ့သွေးတွေ ဆူပွက်နေပါပြီ။

လင်းဖန် မောက်မာတာ မဟုတ်သော်လည်း သူ လေ့လာထားခဲ့သမျှ အသိပညာအားလုံးက ဒီနေ့ ပွဲအစစ်များ ကစားရာတွင် သူ့ခေါင်းထဲ ပြန်ဝင်လာပြီး အသုံးချနိုင်ခဲ့သည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။

စာအုပ်တွေထဲက အသိပညာတွေက အတွေ့အကြုံအဖြစ် ပြောင်းလဲကာ လင်းဖန်ရဲ့ စိတ်ထဲမှာ ကျေညက်နေပါပြီ။

လင်းဖန် စာအုပ်ထဲမှာ သင်ယူခဲ့သည့် တရုတ်စစ်တုရင် ချက်ခ်မိတ်လုပ်နည်း ၃၆ နည်းကဲ့သို့ ဗဟုသုတ အားလုံးနီးပါးကို မေ့နေပြီ ဖြစ်မှန်း လင်းဖန် သိလိုက်ရသည်။

ကျန်းယုကျီ သူ့ရွှေ့ကွက်တွေ အားလုံးကို မေ့သွားသလိုမျိုးပဲဖြစ်သည်။

ရွှေ့ကွက်အားလုံးကို မေ့သွားတာက သင်ယူဖို့ နည်းလမ်း အစစ်အမှန် ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုရွှေ့ကွက်များကို ကျွမ်းကျင်သွားတာ ဖြစ်သောကြောင့်ပင်။

လင်းဖန်က ၈၁ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဆက်လက် အနိုင်ရရှိနေဆဲ ဖြစ်သည်။

ဒီစံချိန်က တရုတ်စစ်တုရင်လောကထဲက အကျော်အမော်များစွာကိုပင် သတိထားမိသွားစေသည်။

တရုတ်စစ်တုရင်လောကထဲက အုပ်စုများစွာ တုန်လှုပ်နေပါပြီ။

"ဒီလင်းဖန်ဆိုတာ ဘယ်သူလဲ သိကြလား။ ဘုရားရေ သူ ၈၁ ပွဲဆက်တိုက် နိုင်ထားတာပဲ။ ငါတို့ ဆော့ဖ်ဝဲပေါ်မှာ အမြင့်ဆုံး နိုင်ပွဲ ဆက်တိုက်က ၆၁ ပွဲပဲ ရှိဖူးတယ်"

"ဘယ်လိုလုပ်ပြီး ၈၁ ပွဲ ဆက်တိုက် နိုင်သွားတာလဲ"

"ဒီလူ ညစ်ပြီး ကစားနေတာ ဖြစ်မယ်လို့ သံသယ ဖြစ်မိတယ်။ မဟုတ်ရင် အဲ့လောက် တော်စရာ အကြောင်း မရှိဘူး"

"လင်းဖန်က ညစ်ကစားနေတာ ဖြစ်မယ်။ ဒါပေမယ့် ဒီကောင်က ဘယ်သူလဲ မသိဘူး။ သေချာပေါက်တော့ ညစ်နေတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ လူသားတွေက AI တွေကိုမှ မယှဉ်နိုင်သေးတာ"

"လင်းဖန်ကတော်လိုက်တာ။ ဧကန္တ ငနုံလေးတွေကို အနိုင်ကျင့်ဖို့ အကောင့်တုနဲ့ ကစားနေတာဖြစ်မယ်။ သူ အဲ့လို လုပ်ထားတာပဲ ဖြစ်မယ်"

တစ်ချိန်တည်းမှာပင် အဆင့် ၈ တရုတ်စစ်တုရင် Group တစ်ခုထဲတွင်လည်း စကားဝိုင်းတစ်ခု စတင်လာသည်။

"လင်းန်က ၈၁ ပွဲဆက်တိုက် နိုင်ထားတာ။ ငါတို့ သူ့ကို တားကြမလား"

"တလေးတစားနဲ့ ပြောတာပါ။ အဆင့် ၈ အောက်က ကစားသမားတွေ အကုန်လုံး တရုတ်စစ်တုရင် တကယ် မကစားတတ်ကြဘူးပဲ။ တရုတ်စစ်တုရင်ရဲ့ အနှစ်သာရကို နားမလည်ကြဘူး။ ငါတို့ Group က ဝါရင့် တရုတ်စစ်တုရင် ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းထားတာ။ လှုပ်ရှားဖို့ အချိန်ကျပြီ"

ထိုအချိန််တွင် Group ခေါင်းဆောင် ထွက်လာခဲ့သည်။

Group ခေါင်းဆောင်၏ ID က ဂေါ့ဆစ်ပ် ဖြစ်၏။ ဂေါ့ဆစ်ပ်ကလည်း Douyu ပေါ်က တရုတ်စစ်တုရင် Streamer တစ်ယောက် ဖြစ်သည်။ သူက အလွန် တော်ပါသည်။

"လင်းဖန်က ၈၁ ပွဲဆက်တိုက် နိုင်ထားတယ်ဟုတ်လား။ အဲ့တာ ဘာကြွားစရာ ရှိလို့လဲ။ ခက်လို့လား"

"အစောကြီးကတည်းက အဆင့် ၈ အထက်မှာ ကျွမ်းကျင်သူ များများစားစား မရှိဘူး။ တစ်ဝက် ကျော်ကျော်လောက်က ငါတို့ Group ထဲ ရောက်နေပြီ။ အခု... အားလုံး လှုပ်ရှားကြစို့"

"လင်းဖန်ကို တိုက်ခိုက်ကြစို့။ သူ့ထက်ပိုတော်တဲ့လူတွေ ရှိတယ်ဆိုတာ လင်းဖန်ကို သင်ပေးလိုက်ကြတာပေါ့"

"အခုအတူတူ ပွဲရှာကြစို့။ လင်းဖန်နဲ့ ပွဲတိုးတဲ့လူ ချက်ချင်း အနိုင်ယူပစ်လိုက်"

ဂေါ့ဆစ်ပ်၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

လင်းဖန်က လူသစ်တစ်ယောက်သာ ဖြစ်သည်။

၈၁ ပွဲဆက်တိုက် အနိုင်ရရှိမှုက ဘာမှဂုဏ်ယူစရာ မဟုတ်ပါ။ သူ ကိုယ်တိုင်တောင် လှုပ်ရှားဖို့ မလိုပေ။

လင်းဖန် ညစ်ကစားတာ မဟုတ်ပါက ထို Group ထဲရှိ တရုတ်စစ်တုရင် ကျွမ်းကျင်သူများစွာက သူ့ကို အကြိမ် ၁၀၀ လောက် အနိုင်ကျင့်ကြပါလိမ့်မည်။

ထိုအတွေးဖြင့် Group ခေါင်းဆောင် ဂေါ့ဆစ်ပ်လည်း အိပ်ယာဝင်သွားခဲ့ပါသည်။

နိုးလာသောအခါ လင်းဖန်ကို Group ထဲက လူအယောက် ၆၀ က လုံးဝ အနိုင်ယူထားပြီးသား ဖြစ်နေလိမ့်မည်။

All Chapters