ဒီကောင်က ဘယ်သူလဲ
Vol. 24 Ch. 357
လင်းဖန် တရုတ်စစ်တုရင်တွင် ၈၁ ပွဲဆက်တိုက် အနိုင်ရရှိပြီးပါပြီ။
ထို့အပြင် ဆက်တိုက်အနိုင်ရရှိမှုများက ပွဲဆက်ခဲ့သည်။
ဘယ်သူမှ လာပြီး မချိုးဖျက်နိုင်သေးပါ။
လင်းဖန် တရုတ်စစ်တုရင်ကို ဆက်တိုက် ကစားနေပြီး သရေပွဲဆိုတာကိုတောင် မမြင်ဖူးသေးပါ။
ဂေါ့ဆစ်ပ် Group ထဲက လူအယောက် ၆၀ လှုပ်ရှားလိုက်ကြသောအခါ လင်းဖန်နဲ့ စတင်ပွဲချိတ်ဆက်ကြလေသည်။
လင်းဖန်နဲ့ တွေ့ပြီဆိုတာနဲ့ တိုက်ပွဲကြီးကြီး ဆင်နွှဲလို့ ရပါပြီ။
ထိုကျွမ်းကျင်သူများက လင်းဖန်ကို အလွန် တော်လိမ့်မည်ဟု မထင်ပါ။
ငနုံတွေကို အနိုင်ယူပြီး ၈၁ ပွဲဆက်တိုက် အနိုင်ရရှိထားတာ ဘာမှ ကြွားစရာ မရှိပါ။
တကယ့် ကျွမ်းကျင်သူများက ဒီလို ဆက်တိုက်နိုင်ပွဲများကို ဂရုမစိုက်ပေ။
တစ်ဖက်မှာတော့ လင်းဖန် ID က App ၏ ထိပ်တွင် ဆက်တိုက်ပေါ်လာနေပြီး ကြေညာချက်များကို အပိုင်သိမ်းထားပါသည်။
လင်းဖန် ၈၂ ပွဲ ဆက်တိုက်အနိုင်ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။
လင်းဖန် ၈၃ ပွဲ ဆက်တိုက်အနိုင်ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။
လင်းဖန် ၈၅ ပွဲ ဆက်တိုက်အနိုင်ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။
လင်းဖန် ၈၄ ပွဲဆက်တိုက် အနိုင်ရရှိသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်များ ပါးစပ် အဟောင်းသား ဖြစ်သွားရပါသေးသည်။
"လခွမ်း လင်းဖန်က ၈၄ ပွဲတောင် ဆက်တိုက် နိုင်ထားတာပါလား ဘုရားဘုရား"
"လင်းဖန်ရဲ့ တရုတ်စစ်တုရင် အဆင့်က ၈-၃ အထိ ရောက်သွားပြီ"
"ဒါလင်းဖန်ရဲ့ ပါရမီလား။ တရုတ်စစ်တုရင် ဘာလို့ ဒီလောက်တော်နေရတာလဲ"
"လင်းဖန် ကြိုးစားပမ်းစား လေ့ကျင့်ထားလို့ နေမှာပေါ့။ လင်းဖန်ရဲ့ ရွှေ့ကွက်တိုင်းနဲ့ ကစားပွဲ အလယ် ရွေးချယ်မှုတိုင်းကို ကြည့်လိုက်လေ။ သူ့ပြိုင်ဘက်တွေကို ဘာမှ မဟုတ်သလိုမျိုး အနိုင်ယူနိုင်တယ်။ လင်းဖန်နဲ့ ယှဉ်နိုင်တဲ့လူမျိုး အခုထိတောင် မတွေ့သေးဘူးလို့ ပြောလို့ရတယ်"
"သူက ၈-၃ တောင်ရောက်သွားပြီ။ လင်းဖန် ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မယ့်လူမျိုး မတွေ့ရသေးတာပဲ။ တရုတ်စစ်တုရင်မှာ လင်းဖန်ရဲ့ စွမ်းရည်က တော်တော်မြင့်တယ်လို့ပဲ ပြောရမယ်"
ထိုအချိန်တွင် ဂေါ့ဆစ်ပ် Group မန်ဘာများ အမြန်ထွက်လာခဲ့ကြသည်။
လင်းဖန် ခပ်မြန်မြန်ပဲ ဂေါ့ဆစ်ပ် Group ထဲက ၈-၃ ကျွမ်းကျင်သူ တစ်ယောက်နဲ့ ကစားပွဲ ချိတ်ဆက်မိသွားပါသည်။ သူမနာမည်က လျို့ရှင်းယီ ဖြစ်သည်။
လျို့ရှင်းယီ၏ စွမ်းရည်က မြင်သာပါသည်။
သူမက အမျိုးသမီး တရုတ်စစ်တုရင် ကစားသမား တစ်ယောက်ဖြစ်ကာ တရုတ်စစ်တုရင် Group ထဲက ဂေါ့ဆစ်ပ်ထက် အနည်းငယ်သာ ပိုနိမ့်သည်။
တရုတ်စစ်တုရင်က စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော စွမ်းအင် ကုန်ခမ်းစေသည့် အားကစားတစ်ခုဖြစ်သည်။ လျို့ရှင်းယီက အမျိုးသမီး တရုတ်စစ်တုရင် ချန်ပီယံဆုုကို ရရှိခဲ့ပြီး နာမည်ကြီးလာခဲ့ပါသည်။
သူမက တရုတ်စစ်တုရင်ကစားရတာကို နှစ်သက်ပြီး တိုက်ရိုက်ထုတ်လွှင့်လေ့ ရှိပါသည်။
ဂေါ့ဆစ်ပ်၏ Group ထဲတွင် လျို့ရှင်းယီ၏ စွမ်းရည်က မန်ဘာ ၆၀ လုံး၏ ထိပ်တွင် ရှိသည်ဟု ဆိုနိုင်သည်။
အစကတော့ လင်းဖန်နဲ့ ဘယ်သူ ကစားပွဲ ချိတ်ဆက်မိပြီး ကစားနိုင်မလဲဆိုတာကို မန်ဘာ ၆၀ ဝန်းကျင် မြင်ချင်ခဲ့ကြသည်။
နောက်ဆုံးတော့ လင်းဖန်နဲ့ ကစားပွဲချိတ်ဆက်မိသွားသည့် မန်ဘာဝင်က လျို့ရှင်းယီ ဖြစ်နေပါသည်။
သူမက တရုတ်စစ်တုရင် Group ထဲတွင် စစ်သူကြီး တစ်ယောက်နဲ့ ညီမျှသည်။
လျို့ရှင်းယီက အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သာမန် ယောက်ျာလေးများက သူမကို တရုတ်စစ်တုရင်မှာ အနိုင်မယူနိုင်ပါ။
အမျိုးသမီး တရုတ်စစ်တုရင် ချန်ပီယံဆု ရရှိထားသည့် အမျိုးသမီးကို လူတိုင်း လေးစားကြသည်။
အမှန်ပင်။ Groupထဲက လူတွေက လင်းဖန်ဟူသည့် id က ဘယ်သူ ဘယ်ဝါမှန်း မသိကြသေးပါ။
"လခွမ်း လင်းဖန်က လျို့ရှင်းယီနဲ့ တွေ့သွားတာပဲ သူ့ကိုဆော်လိုက်တော့”
"လျို့ရှင်းယီရဲ့ စွမ်းရည်က ၈-၃ ဆိုပေမယ့် သူ့ရဲ့ အနှစ်ချုပ် စွမ်းရည်က တရုတ်စစ်တုရင် ဆော့ဖ်ဝဲ တိုင်းတာနိုင်တာမျိုး မဟုတ်ဘူး"
"နဂိုက ငါတို့ တိုက်ခိုက်လို့ရပေမယ့် အခုတော့ မလိုတော့ဘူး ထင်တယ်။ လျို့ရှင်းယီသာ တိုက်ခိုက်မယ်ဆိုရင် လင်းဖန်သူ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်။ လင်းဖန်ရဲ့ ၈၄ ပွဲဆက်တိုက် အနိုင်ရရှိမှု ဒီမှာပဲ အဆုံးသတ်ပြီ"
သူ့ပြိုင်ဘက် ဘယ်သူဆိုတာကို လင်းဖန် ဂရုမစိုက်ပါ။
သူက တရုတ်စစ်တုရင်ကိုသာ လေးလေးနက်နက် ကစားနေသည်။ ရွှေ့ကွက်တိုင်းကို လေးလေးနက်နက် ရွှေ့ခဲ့ပါသည်။
သူ့ပြိုင်ဘက်ကို ဘာအခွင့်အရေးမှ ပေးလို့မရပါ။ လက်ရှိလင်းဖန်က အဆင်ပြေနေသည့် အခြေအနေတွင် ရှိသည်။ သူလေ့လာထားခဲ့သည့် စစ်တုရင် မှတ်တမ်းအားလုံးကို တကယ့် လက်တွေ့ ကစားရာတွင် အသုံးချလို့ ရပါသည်။ ၎င်းတို့ကို သေချာလေ့ကျင့်ပြီး ပိုမို လေးနက်သွားစေခဲ့သည်။
သူ့တရုတ်စစ်တုရင် စွမ်းရည်တွေကလည်း ဆက်တိုက် တိုးတက်နေပါသည်။ တခြားသူတွေကလည်း တချိန်တည်းမှာပဲ သင်ယူ ဖွံ့ဖြိုးတိုးတက်လာကြသည်။
တရုတ်စစ်တုရင် ကစားရာတွေ လင်းဖန်က သူလေ့လာထားသည့် သီအိုရီအားလုံးကို လက်တွေ့ အသုံးချပါသည်။
လင်းဖန် ဒီတစ်ပွဲမှာ အရင်ဆုံးအကွက်ရွှေ့ရသည်။ ပုံမှန်အတိုင်းပဲ လင်းဖန်က တိုက်ကွက်ရွှေ့ကာ ဗဟို အမြှောက်တစ်လက်နဲ့ စတင်ခဲ့သည်။
ထိုစဉ် လျို့ရှင်းယီက လင်းဖန်၏ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် သံမဏိနံရံလို အဟန့်အတားမျိုး ဖန်တီးလိုက်၏။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်တွေ လျို့ရှင်းယီကို မြင်တော့ တချို့က ချက်ချင်း မှတ်မိသွားပါသည်။
"သွားပြီ။ အစ်ကိုဖန်ရဲ့ ၈၄ ပွဲဆက်တိုက် အနိုင်ရရှိမှု မကြာခင် အဆုံးသတ်တော့မယ်"
"လျို့ရှင်းယီက ဘယ်သူလဲ။ အရမ်းတော်တယ်နော်။ လင်းဖန်က သူ့ထက်ပိုတော်တယ်ဆိုရင်တောင် တရုတ်စစ်တုရင်မှာ သရေပွဲဖြစ်နိုင်ချေ မြင့်တယ်။ ကာကွယ်မှုမှာ ဟာကွက်မရှိရင် သရေပွဲဖြစ်နိုင်ချေက ပိုမြင့်တယ်"
"သရေပွဲဖြစ်သွားရင် လင်းဖန်ရဲ့ ဆက်တိုက်နိုင်ပွဲ ၈၄ ပွဲလည်း တကယ် ကျိုးသွားမှာပဲ။ ဟူး... ဒါပေမယ့် လင်းဖန်က အရမ်းတော်တာကို။ ဒီအဆင့်ကို ရောက်နိုင်တယ် ဆိုတာပဲ ငါတို့အများစု မလုပ်နိုင်တဲ့ အရာမျိုးလေ"
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်တွေ အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
လျို့ရှင်းယီက လင်းဖန်တွေ့ဖူးသည့် ပထမဆုံး ထူးချွန်သည့် ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။
ထို့နောက် လင်းဖန် လျို့ရှင်းယီနဲ့ ဘယ်အတိုင်းအတာထိ ယှဉ်နိုင်မှာလဲ။
၁၈ လှည့်မြောက်တွင် လင်းဖန်၏ အမြှောက်ထွက်လာပြီး ရထားလည်း ထွက်လာကာ လျို့ရှင်းယီ၏ စစ်သူကြီးကို ချိန်ထားလိုက်သည်။
ချက်ခ်။
၁၈ လှည့်တည်းနဲ့ သူမ အားနည်းချက် ပေါ်လာပါပြီ။
လင်းဖန်က ဟာကွက်တစ်ခုကို ရှာတွေ့ပြီး ပြီးပြည့်စုံသည့် သံမဏိတံတိုင်းကြီးကို ဖောက်ထွင်းလာခဲ့သည်။
လျို့ရှင်းယီ၏ နဖူးမှာ ချွေးတွေရွှဲစိုနေပါပြီ။ "ဒီလင်းဖန်က ဘာလို့ ဒီလောက်တောင် တော်ရတာလဲ"
လင်းဖန်၏ ချက်ခ်လုပ်မှုနဲ့ ရင်ဆိုင်ရသောအခါ လျို့ရှင်းယီက သူမရဲ့ အကြံပေးနဲ့ ကာကွယ်ဖို့ ကြိုးစားလိုက်သည်။
ထို့နောက် လင်းဖန်၏ ရထားက မူရင်းနေရာမှ ရွေ့လာခဲ့သည်။
ဒုတိယအကြိမ် ချက်ခ်။
ထို့အပြင် သူမ၏ အမြှောက်ကိုပါ ချိန်ရွယ်ပြီး ချက်ခ်လုပ်လိုက်ခြင်း ဖြစ်သည်။
လျို့ရှင်းယီ သူမရဲ့ ဆင်နဲ့ ကာကွယ်ဖို့ ဆုံးဖြတ်လိုက်၏။
ထို့နောက်... သူမ၏ အမြှောက်ကို လင်းဖန်၏ ရထားက စားသွားသည်။
နဂိုက ဖောက်ထွင်းမရဘူးဟူသည့် ကာကွယ်မှုကြီးတွင် လင်းဖန် ဧရာမ ဟာကွက်ကြီးတစ်ခုကို ဖန်တီးခဲ့ပါသည်။
အလှည့် ၂၀ တွင် မြင်းက ခုန်ပြီး ချက်ခ်လုပ်လိုက်၏။
မြင်းကော၊ အမြှောက်ကော၊ ရထားကော သုံးရုပ်စလုံး ပြိုင်ဘက်စစ်သူကြီးကိုပဲ မနားတမ်း တိုက်ခိုက်နေကြသည်။
အလှည့် ၂၃ တွင်...
ချက်ခ်မိတ်။
လင်းဖန် လျို့ရှင်းယီကို အနိုင်ယူသွားပါပြီ။
"တော်လိုက်တာ..." လျို့ရှင်းယီက လင်းဖန်၏ ID ကို ကြည့်ရင်း သက်ပြင်းချလိုက်ပါသည်။
သူမ တိုက်ခိုက်ဖို့ အခွင့်အရေး မရလိုက်ခင်မှာပင် လင်းဖန်က သူမကို အနိုင်ယူသွားခဲ့ပါပြီ။
လင်းဖန်ရဲ့ တရုတ်စစ်တုရင်က ဘယ်လိုလုပ်ပြီး ဒီလောက်အဆင့်ထိ ရောက်လာခဲ့ရတာလဲ။
ဟာကွက်ဆိုတာ မရှိဘဲ သူ့တိုက်ခိုက်မှုများက အားကောင်းလွန်းပါသည်။
"ငါ ရှုံးသွားပြီ" လျို့ရှင်းယီ သက်ပြင်းချလိုက်၏။ သူမ ဒီနေ့ ပြိုင်ဘက်စစ်စစ်ကို ရင်ဆိုင်ခဲ့ရသည်။
လင်းဖန် ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် ဖန်သားပြင်အပြည့် ကြေညာချက်တစ်ခုက တရုတ်စစ်တုရင် ဆော့ဖ်ဝဲတွင် ပေါ်လာခဲ့ပါသည်။
လင်းဖန် ၈၅ ပွဲဆက်တိုက် အနိုင်ရရှိမှုအတွက် ဂုဏ်ပြုပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်တွေလည်း ပွက်လောရိုက်သွားခဲ့ကြလေသည်။
"မဖြစ်နိုင်တာ။လင်းဖန်က လျို့ရှင်းယီကို ၂၃ ချီတည်းနဲ့ အနိုင်ယူသွားတာလား။ လျို့ရှင်းယီက တရုတ်နိုင်ငံရဲ့ အမျိုးသမီး တရုတ်စစ်တုရင်ချန်ပီယံ မဟုတ်ဘူးလား။ သူက အရမ်းတော်မှာပဲ"
"ငါတို့ ဘာမှ မတတ်နိုင်ဘူး။ အစ်ကိုဖန်က ပိုတော်တယ်။ ဘာအမှားမှ မလုပ်ခဲ့ဘူး။ တစ်ချိန်လုံး ဘာအမှားအယွင်းမှ မလုပ်ခဲ့တာ"
"လခွမ်း ကြောက်ဖို့ကောင်းလိုက်တာ။ လင်းဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်တွေက... နည်းနည်း ကြမ်းလွန်းတယ်"
"လမ်းဖန်ကို အရမ်းကြိုက်တာပဲ။ ဘက်စုံပါရမီရှင်ဆိုတာ ဒါမျိုးကိုခေါ်တာကွ"
"တော်လွန်းတယ် PLUS"
လင်းဖန် ဆက်တိုက်နိုင်ပွဲ ၈၅ ပွဲ ရရှိပြီးနောက် ခပ်မြန်မြန်ပဲ နောက်တစ်ပွဲကို စတင်ခဲ့ပါသည်။
ဂေါ့ဆစ်ပ် Group ထဲတွင် မန်ဘာဝင်အများစု ကြက်သေသေသွားကြသည်။
"လျို့ရှင်းယီ ရှုံးသွားပြီတဲ့ လုံးဝ ရှုံးသွားတာ"
"ပြိုင်ပွဲကို ငါအကြာကြီး စောင့်ကြည့်နေခဲ့တာ။ လင်းဖန်ဆိုတဲ့ ID နဲ့ ကောင်က အရမ်း စကေးကြမ်းတာပဲ"
"လျို့ရှင်းယီက ပြန်တိုက်ဖို့တောင် အခွင့်အရေးမရခဲ့ဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
"ဒီ... ဒီကောင်က ဘယ်သူများလဲ"