တိုက်ရိုက်ထုတ်လွှင့်မှု တစ်ညတာတည်းနဲ့ သန်း ၄၀ ရရှိခြင်း
Vol. 24 Ch. 358
လျို့ရှင်းယီက Group Chat တွင် ပြောလိုက်သည်။ "ကျွန်မ ရှုံးသွားပြီ။ လင်းဖန်ဆိုတဲ့ ID နဲ့ လူက အရမ်း စကေးရှိပြီး ဘာပြစ်ချက်မှ မရှိဘူး"
လျို့ရှင်းယီ၏ စကားလုံးများက Group မန်ဘာတွေအတွက် မကြောက်ရွံ့စေခဲ့ပါ။
ထို့အစား Group မန်ဘာတွေ ပိုပြီးတောင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ကြပါသည်။
သူတို့ မကြောက်ကြပါ။
တရုတ်စစ်တုရင်တွင် နိုင်တာရှုံးတာက လုံးဝ သာမန်ပဲ ဖြစ်သည်။
Group ထဲမှာ လူတွေ အများကြီးရှိပါသည်။ လင်းဖန်ကို တစ်ယောက်မဟုတ် တစ်ယောက်တော့ အနိုင်ယူနိုင်ပါလိမ့်မည်။
ထို့နောက်...
ညတစ်ဝက်လောက် အနိုင်ယူမှုများ ပြီးဆုံးသွားသည့်အခါ လင်းဖန် တရုတ်စစ်တုရင် App မှာ ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရရှိသွားပါသည်။
အခုချိန်ထိ လင်းဖန်၏ အနိုင်ရရှိနှုန်းက ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်။
ထို့အပြင်... Group တစ်ခုလုံးထဲက ဘယ်သူမှ သူ့ကို မယှဉ်နိုင်ကြပေ။
Group ထဲမှာ လူ ၆၀ ကျော်ရှိပါသည်။ Group ခေါင်းဆောင် ဂေါ့ဆစ်ပ်က လွဲပြီး အားလုံးကို လင်းဖန်က အနိုင်ယူသွားခဲ့ပါပြီ။
တိုက်ရိုတ်ထုတ်လွှင့်မှု၏ Bullet ကောမန့်တွင် ပရိတ်သတ်များ ရူးသွပ်ကုန်ကြလေပြီ။
ယခု မနက် ၄ နာရီခွဲ အချိန် ရှိနေပါပြီ။
လင်းဖန်၏ မနက်အစောကြီး မိုးလင်းသည့်အထိ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ အခုချိန်ထိ ပွဲတိုင်းကိုလည်း အနိုင်ရရှိနေဆဲ ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားနှုန်းက ၁၅ သန်း ဖြစ်သွားခဲ့ပါပြီ။
မနက်အစောကြီးအချိန်တွင် ပရိတ်သတ်များ၏ ကောမန့်များ အနည်းငယ် လျော့နည်းသွားသော်လည်း လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ရေပန်းစားနေဆဲ ဖြစ်သည်။
"66666666666666"
"လင်းဖန် ငါ့ရဲ့ ထာဝရ အိုင်ဒေါလေး"
"တရုတ်စစ်တုရင်လောကထဲက ကျွမ်းကျင်သူ အားလုံးကို အနိုင်ယူတော့မှာလား။ ဒီနေ့ အစ်ကိုဖန် ကျွမ်းကျင်သူတွေ အများကြီးကို အနိုင်ယူသွားတာ မြင်ခဲ့ရတယ်။ အကုန်လုံး အသေအကြေပဲ"
"ဘယ်သူမှ အစ်ကိုဖန်ကို ဖိအားတောင် မပေးနိုင်ဘူး။ အဓိပ္ပာယ်မရှိတာ"
"အစ်ကိုဖန် တရုတ်စစ်တုရင်ကို ဘယ်လို ကျွမ်းကျင်သွားတာလဲ။ ငိုတောင် ငိုချင်လာပြီ"
"အစ်ကိုဖန်ကို အရမ်းလေးစားတာပဲ။ သူ့သရုပ်ဆောင်စွမ်းရည်၊ ဒါရိုက်တာစွမ်းရည်၊ ဇာတ်ညွှန်းစွမ်းရည်၊ ဒီနေ့ စစ်တုရင်စွမ်းရည်ကော... သြော် ဟုတ်သားပဲ အစ်ကိုဖန်က အချက်အပြုတ်လည်း တတ်သေးတယ်။ ဒါ အစ်ကိုဖန်ရဲ့ စံနှုန်းလား။ ဘယ်သူက သူနဲ့ ယှဉ်နိုင်မှာလဲ။ အစ်ကိုဖန်ရဲ့ ဆက်တိုက် အနိုင်ရရှိမှုကို တားနိုင်တဲ့ လူမျိုး ရှိသေးလား"
[ယွဲ့အာလေးမှ လင်းဖန်ကို စူပါ ဒုံးပျံ ၅၀ ခု ပေးလိုက်ပါပြီ]
[လင်းဖန်ရဲ့ အမာခံ ပရိတ်သတ်လေးမှ လင်းဖန်ကို စူပါဒုံးပျံ ၆၀ ခု ပေးလိုက်ပါပြီ]
[ချစ်စရာရှောင်းယွီမှ လင်းဖန်ကို စူပါဒုံးပျံ ၂၀၀ ခု ပေးလိုက်ပါပြီ]
တိုက်ရိုက်ထုတ်လွှင့်မှုကြီး လုံးဝ ရူးသွပ်သွားခဲ့ရသည်။
ထို့အပြင် တစ်ယောက်ယောက်က လင်းဖန်ကို စူပါဒုံးပျံ ၂၀၀ ခုတောင် လက်ဆောင်ပေးသွားသည်။
အမှန်ပင်။ စုရှောင်းယွီတော့ မဟုတ်ပါ။ စုရှောင်းယွီက အိပ်ပျော်နေပါပြီ။ ခွေးကလေးတိုင်း အနားယူဖို့ လိုသည်။
လင်းဖန်၏ ပရိတ်သတ်တွေက စိတ်အားထက်သန်လွန်းပါသည်။
လင်းဖန်က အလွန်နောက်ကျသည့်အထိ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ သူ ပျင်းကြောဆန့်ပြီး အားလုံးကို ပြောလိုက်ပါသည်။ "ကျေးဇူးတင်ပါတယ် ပရိတ်သတ်တို့။ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရေချိုးပြီး အနားယူဖို့ ပြင်တော့မယ်။ ဒီနေ့ညလည်း တရုတ်စစ်တုရင် ဆက်ကစားပြီး ဆက်တိုက် အနိုင်ရရှိမှု အများဆုံး ဘယ်လောက်ထိ ရောက်နိုင်မလဲ ကြည့်ကြတာပေါ့"
လင်းဖန် ပြောပြီးသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်များကို နှုတ်ဆက်လိုက်ပါသည်။
"6666 တခြား တိုက်ရိုက်ထုတ်လွှင့်မှုတွေထဲမှာ ပရိတ်သတ်တွေက တိုက်ရိုက်ထုတ်လွှင့်သူတွေကို အသေနှိပ်စက်တာ။ လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့ တိုက်ရိုက်ထုတ်လွှင့်သူက ပရိတ်သတ်တွေကို အသေသတ်သွားတယ်"
"တခြား ဆယ်လီတွေက မိနစ်ပိုင်းလောက်ပဲ တိုက်ရိုက်ထုတ်လွှင့်ကြတာ။ အစ်ကိုဖန်ကတော့ ငါတို့အတွက် တစ်ညလုံး တိုက်ရိုက်ထုတ်လွှင့်ပေးသွားတယ်"
"သဘောကျတယ် သဘောကျတယ်။ ဂွတ်နိုက် အစ်ကိုဖန်"
ပရိတ်သတ်များ ထွက်သွားဖို့ ပြင်နေစဉ် လင်းဖန်က ရုတ်တရက် သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။
"လက်ဆောင်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
"အားလုံးကို ဘာပြန်ပေးရမှန်းမသိလို့ ဒီနေ့ည နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ သီချင်းတစ်ပုဒ် ဆိုပေးမယ်နော်"
"ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်း သီချင်းကို သီဆိုပေးပါ့မယ်"
လင်းဖန်၏ စကားကိုကြားပြီးနောက် ပရိတ်သတ်တွေ အိပ်ယာမဝင်နိုင်တော့ပေ။
လင်းဖန် သီချင်းဆိုပြတော့မည်။
ရင်းနှီးနေသည့် နောက်ခံတီးလုံးသံနဲ့အတူ လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုတွင် စတင်သီချင်းဆိုလိုက်ပါသည်။
[မနက်ဖြန်ရောက်ရင်ကော မှတ်မိနေဦးမလား
မနေ့က နင်ရေးခဲ့တဲ့ ဒိုင်ယာရီလေးကို
မနက်ဖြန်ရောက်ရင်ကော သတိရနေဦးမလား
နင်က အမြဲ အငိုသန်သူလေးဖြစ်လို့ ]
မိနစ်အနည်းငယ် ကြာသောအခါ လင်းဖန် သီချင်းဆိုလို့ ပြီးဆုံးသွားပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်အားလုံဂ လုံးဝ ကျေနပ်သွားကြသည်။
တိုက်ရိုက်ထုတ်လွှင်မှု အဆုံးသတ်တွင် လင်းဖန် သီချင်းသီဆိုပြီးနောက် ပရိတ်သတ်တွေ ရူးသွပ်စွာဖြင့် လက်ဆောင်တွေ ထပ်ပို့ကြပြန်ပါသည်။
များပြားသည့် ကောမန့်များကြောင့် လင်းဖန် ဖတ်လို့တောင် မရပါ။
သို့သော် ကောမန့်များ အားလုံးတွင် [နောက်တစ်ပုဒ်လောက်] ဟူသည့် စာသားများဖြင့် ပြည့်နှက်နေပါသည်။
သူ့ပရိတ်သတ်တွေ သူသီဆိုတာကို နားထောင်ရတာ ဘယ်လောက်သဘောကျမှန်း မြင်ပြီး ပြုံးကာ သီချင်းဆိုတာကို ရပ်တန့်လိုက်ပါသည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။
"ဟူး ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ရတာလဲ။ ဒီနေ့ည ငါအိပ်ပျော်တော့မှာ မဟုတ်ဘူး။ အစ်ကိုဖန် သီချင်းဆိုပြလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ငါအကြိမ်ကြိမ် ကြားဖူးပေမယ့် သူကိုယ်တိုင် ဆိုပြတာကို နားထောင်ရရင် ခံစားချက်က ခြားနားတယ်"
"လင်းဖန်ရဲ့ သီဆိုမှုက အံ့သြဖို့ကောင်းလိုက်တာ။ ဒါပေမယ့် မနက်ဖြန် လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း မျှော်နေမယ်"
"မနက်ဖြန်ညကျရင်လည်း လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဦးမယ်။ သဘောကျတယ်"
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီးနောက် လက်ဆောင်ဝင်ငွေများကို အပေါ်ယံကြည့်လိုက်သည်။
သူ မကြည့်ခဲ့လျှင် ပိုကောင်းမည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိလိုက်သည့် လက်ဆောင်ဝင်ငွေများကို မြင်သောအခါ လင်းဖန် မှင်သက်သွားခဲ့ရပါသည်။
ဒါ... သန်း ၈၀ ကျော်တောင်လား။
Douyu နဲ့ အမြတ်ငွေ မခွဲရသေးသော်လည်း တစ်ညတည်းနဲ့ ယွမ် သန်း ၈၀ ကို ရရှိလိုက်ပါသည်။
Douyu နဲ့ အမြတ်ငွေ ခွဲဝေလိုက်ပါက တစ်ယောက်ကို သန်း ၄၀ စီ ရမည်ဖြစ်သည်။
ဒီပရိတ်သတ်တွေကတော့... အလွန် စိတ်အားထက်သန်လွန်းကြပါသည်။
လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုမှ လက်ဆောင်များစွာ ရရှိခဲ့သည်။ ပစ္စည်းများရောင်းချသည့် တိုက်ရိုက်ထုတ်လွှင့်မှုမျိုး လုပ်ပါက ငွေတွေ အများကြီး ရနိုင်ပါသည်။
ဒါတောင် ရိုးရိုးရှင်းရှင်း တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုသာ ဖြစ်သည်။ နည်းနည်းလောက် ကြော်ငြာလိုက်ပါက သူ ငွေ ဘယ်လောက်တောင် ရနိုင်မလဲ မသိပါ။
ဇာတ်ညွှန်းတစ်ခု ရေးရုံနဲ့တောင် ဒီလောက် အများကြီး မရနိုင်ပါ။
သို့သော်လည်း ဇာတ်ညွှန်းရေးပြီး ရုပ်သံစီးရီးများ ရုပ်ရှင်များရိုက်ကူးပြီးနောက် နောက်ဆက်တွဲရရှိမည့် ဝင်ငွေများနဲ့တော့ ယှဉ်လို့ မရပါ။
လင်းဖန် ယွမ် သန်း ၄၀ ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။
သူ ငွေတွေကို မလိုအပ်ပါ။ သို့သော်လည်း ငွေတွေ အကုန်လုံး သူ့ညီမအကောင့်ထဲ ဝင်သွားပါက ထူးဆန်းပါလိမ့်မည်။
ဒီလိုဆို သူ့ညီမလင်းယွီရှစ် သူဌေးမလေးတစ်ယောက် ဖြစ်သွားနိုင်သည်။
ရေချိုးပြီးနောက် လင်းဖန်အပ်ပျော်သွားပါသည်။
ပြန်နိုးလာသောအခါ မွန်းတည့် ၁၂ နာရီတောင် ထိုးနေပါပြီ။
နေ့လည်စာစားပြီးနောက် ယွမ် သန်း ၈၀ တန်သည့် လက်ဆောင် Screenshot ကို လင်းယွီရှစ်အား ပို့ပေးလိုက်ပြီး သူ ဖွဲ့ထားသည့် Group ထဲကိုလည်း ပို့ပေးလိုက်ပါသည်။
လင်းယွီရှစ် မှင်သက်သွားရ၏။ "ဟာ အစ်ကိုကြီး ဘာလို့ ဒီလောက် လက်ဆောင်တွေ အများကြီး လက်ခံလိုက်ရတာလဲ"
လင်းဖန် ပြုံးလိုက်သည်။ "အကုန်လုံးက နင့်အတွက် မုန့်ဖိုးပဲ။ သိမ်းထားစမ်းပါ"
လင်းယွီရှစ် ချစ်ဖို့ကောင်းစွာ ပြောလိုက်ပါသည်။ "အဲ့လောက် အများကြီး မလိုချင်ပါဘူး။ နင့်အတွက် စုပေးထားမယ်။ အစ်ကိုကြီး နင်က အရမ်းချောတာပဲ။ ချစ်တယ်နော်~~"
လင်းယွီရှစ်က ငွေကို ဆင်ခြင်မဲ့စွာ မသုံးတတ်မှန်း လင်းဖန် သိပါသည်။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသည့် ငွေတွေက တစ်လကို ယွမ် ၂၀,၀၀၀ - ၃၀,၀၀၀ လောက် ရှိသည်။ ဒီလောက်ဆို လုံလောက်ပါပြီ။
"နင်လည်း အရွယ်ရောက်နေပြီလေ။ ငွေလိုရင် ငါ့ကို ပြောပါ"
လင်းယွီရှစ် ခေါင်းငြိမ့်လိုက်၏။ "သိပါပြီ သိပါပြီ။ နောက်ဆို ငွေလိုမှာတောင် မဟုတ်တော့ဘူး။ ငါသူဌေးမလေး ဖြစ်သွားတော့မှာ။ ဟီးဟီး"
"အစ်ကိုကြီးက တော်လွန်းလို့ ရည်းစားတောင် မရှာနိုင်တော့ဘူး။ ဘယ်သူက ငါ့အစ်ကိုကြီးကို ယှဉ်နိုင်မှာလဲ"
လင်းဖန် ရယ်မောလိုက်သည်။ သူ့ညီမ အရင်းခေါက်ခေါက်က မြှောက်ပင့်တာကို ခံရတာ ကောင်းပါသည်။ "မဟုတ်ဘူး။ နင်ရည်းစားရှာရမယ်။ ဒါပေမယ့် အကျင့်စရိုက်ကောင်းတဲ့ လူမျိုးကိုပဲ ရှာ။ ငါ ကူပြီး ဆန်းစစ်ပေးမယ်"
Group ထဲမှာလည်း ပွက်လောရိုက်သွားခဲ့ပါသည်။
ရှုယန်က ပြောလိုက်၏။ "မနာလိုလိုက်တာ"
လင်းကျင်းကျင်းလည်း ပြောလိုက်သည် "မနာလိုလိုက်တာ"
လင်းခဲ့ရှင်း "+1"
စုမူချင်း ပြောလိုက်၏။ "ဘော့စ်လင်းက တကယ်အထင်ကြီးဖို့ ကောင်းတာပဲ"
ဖန်တုံတုံ ပြောလိုက်သည်။ "လခွမ်း ငါတို့ စားတော်ပွဲ ကျင်းပလို့ ရပြီ။ မဟုတ်ဘူး။ တစ်သက်လုံး စားတော်ပွဲတွေ စားလို့ ရသွားပြီ"
စုရှောင်းယွီ ပြောလိုက်သည်။ "ဟာ ဆရာ ဒီနေ့ည စားတော်ပွဲ ချက်ပြုတ်ပေးတော့မှာပဲ"
ရှားဝမ်ချွေ့ "~~~"
ဆယ်လီများစွာ အားကျလွန်းပြီး ငိုချင်သွားသည်။
သူတို့ ဒီလောက်ငွေမျိုး ရနိုင်ဖို့ အချိန်အကြာကြီး ရိုက်ကူးရေးလုပ်ရပါလိမ့်မည်။
ထိုအချိန်တွင် လင်းဖန်ကတော့ တစ်ညလောက် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ပြီး တရုတ်စစ်တုရင် ကစားပြလိုက်တာနဲ့ ဒီလောက် ငွေတွေ အများကြီး ရနိုင်ခဲ့ပါသည်။
သူတို့ လင်းဖန်ကို ယှဉ်နိုင်ဖွယ် မရှိတော့ပါ။