← Chapters

တိုက်ခိုက်စမ်းပါ

Vol. 24 Ch. 359

တိုက်ခိုက်စမ်းပါ

Vol. 24 Ch. 359

Douyu ဌာနချုပ်တွင်....

မန်နေဂျာက တစ်ညတည်းနဲ့ လင်းဖန် လက်ဆောင် ယွမ် သန်း ၈၀ ဖိုး ရရှိသွားသည့် သတင်းကို သူ့ရဲ့ ကြီးကြပ်သူအား တင်ပြလိုက်ပါသည်။

ကြီးကြပ်သူ "…"

ကြီးကြပ်သူလည်း အနည်းငယ် ကြက်သေ သေသွားရသည်။ "လင်းဖန်က တစ်ညလောက် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လိုက်တာနဲ့ သန်း ၈၀ ရသွားတယ်ဟုတ်လား။ ကြောက်ဖို့ ကောင်းလိုက်တာ။ အဓိပ္ပာယ်လည်း မရှိဘူး"

မန်နေဂျာ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့် လင်းဖန်က အဲ့လောက်ထိ တော်တာ။ သူက အရမ်း ရေပန်းစားလွန်းလို့ ဘယ်သူမှ မယှဉ်နိုင်ဘူး"

ကြီးကြပ်သူ အနည်းငယ် အံ့အားသင့်နေဆဲပင်။ "လင်းဖန် ငါတို့ဆီမှာ တိုက်ရိုက်ထုတ်လွှင့်သူ လာလုပ်ရင် ကောင်းမှာပဲ။ လင်းဖန်ကို ချက်ချင်း ဆက်သွယ်ပြီး အခုချိန်ကစပြီး အမြတ်ငွေ အချိုးကို ပြောင်းလိုက်တော့။ လင်းဖန်က ၉၀ ရာခိုင်နှုန်းရပြီး ငါတို့က ၁၀ ရာခိုင်နှုန်းပဲ ယူမယ်"

မန်နေဂျာ အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသည်။ "ဘာလို့လဲ။ ကျွန်တော်တို့ ၅၀ ရာခိုင်နှုန်း ယူရင် ပိုမရနိုင်ဘူးလား"

ကြီးကြပ်သူက ခေါင်းခါရင်း ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် လင်းဖန်က ငါတို့ဆီက တိုက်ရိုက်ထုတ်လွှင့်သူမှ မဟုတ်တာ။ ဒီလောက် လက်ဆောင်တွေ အများကြီး ရတာက Douyu နဲ့ မဆိုင်ဘူး"

"ယုံချင်ယုံ မယုံချင်နေ။ လင်းဖန် ဒီလောက် တော်မှန်း တခြားတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းတွေသာ မြင်သွားရင် သူ့ကို သိမ်းသွင်းဖို့ သေချာပေါက် ကြိုးစားကြမှာ။ လင်းဖန်က အခု အဓိက ဖျော်ဖြေရေးကုမ္ပဏီကြီး ၂ ခုရဲ့ စီအီးအို ဖြစ်နေပြီ။ သူ့ဖာသာသူတောင် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်း တစ်ခု ထောင်လိုက်လို့ ရတယ်။ ငါပြောတာ ယုံလား"

"ငါတို့ လင်းဖန်ကို သိမ်းသွင်းနိုင်ရင် အဲ့ဒီ အမြတ် ၁၀ ရာခိုင်နှုန်းပဲ ရမယ်ဆိုရင်တောင် လင်းဖန်ရောက်လာရင် ငါတို့ကုမ္ပဏီက ကြည့်ရှုသူ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်။ နားလည်လား"

ထို့နောက် မန်နေဂျာကြီး နားလည်သွားပါသည်။

လင်းဖန်က သန်း ၈၀ ထက် အများကြီး ပိုတန်သည်။

ဆွေးနွေးခဲ့ကြပြီးနောက် Douyu က လက်ဆောင်များထံမှ အမြတ်အားလုံးကို လင်းဖန်ကို ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ဒါက လင်းဖန်ကို သိမ်းသွင်းဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

ထို့အပြင် Douyu က လင်းယွီရှစ်၏ စာချုပ်ကြေးကိုလည်း တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ လင်းယွီရှစ်ကို Douyu မှာ စည်းနှောင်ထားနိုင်သေးသရွေ့ လင်းဖန် သေချာပေါက် နောက်ကိုလည်း Douyu မှာပဲ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါသည်။

ထိုနေ့က ၈၁.၂၃ သန်း ယွမ် လင်းယွီရှစ်၏ အကောင့်ထဲ ဝင်လာခဲ့သည်။

လင်းယွီရှစ်က ၈၁ သန်း ယွမ်ကို လင်းဖန်ထံသို့ လွှဲပေးလိုက်၏။

လင်းဖန် “...”

လင်းယွီရှစ် ပြောလိုက်၏။ "အစ်ကိုကြီး ငါငွေမလိုသေးဘူး။ အားလုံးနင့်ဟာပဲ။ ငါငွေလိုမှ နင့်ကို လာပြောမယ်လေ~"

သူ့ညီမ ဘယ်လောက် လိမ္မာသလဲဆိုတာကို မြင်ပြီး လင်းဖန် ခေါင်းသာ ခါလိုက်မိပါတော့သည်။

ပိုက်ဆံ အကုန်လုံးကို လင်းယွီရှစ်အား ပေးလိုက်ချင်သည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်လည်း အခု ငွေမလိုသေးပါ။

ထိုအချိန်တွင် လင်းယွီရှစ်ကလည်း လင်းဖန်အတွက် စဉ်းစားပေးနေ၏။ ၈၁,၂၃၀,,၀၀၀ ယွမ်တွင် သူမအတွက် သူမ ၂၃၀,၀၀၀ ယွမ်သာ ချန်ထားပါသည်။

လင်းဖန် ပြောလိုက်၏။ "အိုကေ"

လင်းယွီရှစ် ပြောလိုက်၏။ "ငါ သူဌေးမလေး ဖြစ်သွားပြီ။ ယွမ် ၂၃၀,၀၀၀ နဲ့ဆို ငါနှစ်တွေ အကြာကြီး သုံးလို့ ရတယ်"

လင်းဖန်ပြောလိုက်သည်။ "နင်ဝယ်ချင်သမျှ အလှကုန်ပစ္စည်းတွေ ဝယ်လိုက်။ မိန်းကလေးတွေအတွက် အသားအရေ ထိန်းသိမ်းဖို့က အရေးအကြီးဆုံးပဲ"

လင်းယွီရှစ်ပြောလိုက်သည်။ "(ကြောက်စရာမျက်နှာ.jpg) အစ်ကိုကြီး အရင်တစ်ခေါက်ကလည်း အလှကုန်ပစ္စည်းတွေ အများကြီး ပေးထားသေးတယ်လေ~~"

လင်းဖန်ပြုံးလိုက်ပြီး ဘာမှ မပြောတော့ပါ။

တချို့ မိန်းကလေးများက သိုက်တူးသမားများသာ ဖြစ်ပြီး သုံးဖြုန်းဖို့ ငွေကို အမြဲ ပိုလိုချင်နေကြသူများ ဖြစ်သည်။

တစ်ဖက်မှာတော့ လင်းယွီရှစ်က ဂရုမစိုက်ပါ။ သူမ ပညာရေးမှာလည်း ထူးချွန်သလို စရိုက်လည်း ကောင်းမွန်ပါသည်။

အလိုလိုက်စရာ ညီမတစ်ယောက်ရှိတာ အလွန်ကောင်းပါသည်။

ဂေါ့ဆစ်ပ်၏ Group တွင်...။

"ဂေါ့ဆစ်ပ်။ ငါတို့အကုန်လုံး လင်းဖန် ဆော်တာ ခံလိုက်ရပြီ။ လင်းဖန် ညစ်ကစားနေတာလို့ပဲ သံသယ ဖြစ်မိတယ်"

"ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ စံချိန်တောင် ချိုးသွားပြီ"

"ဟုတ်တယ်။ လျို့ရှင်းယီတောင် ရှုံးသွားတယ်။ ဒီလူ ညစ်နေတာလို့ သံသယဝင်မိတယ်။ မဟုတ်ရင် ဒီလောက် စွမ်းအားကြီးမှာ မဟုတ်ဘူး။ သူက စက်ရုပ်ဖြစ်မယ်။ ငါတို့နဲ့ ကစားဖို့ ကွန်ပျူတာ ဆော့ဖ်ဝဲ တစ်ခုခုကို သုံးနေတာ ဖြစ်မယ်"

"တစ်မိသားစုလုံး သေပါစေ"

"လင်းဖန်ကို တော်မယ်ထင်ထားတာ။ လူညစ်ကြီး ဖြစ်နေတာကိုး"

ခေတ္တလောက် Group ထဲတွင် လင်းဖန် ညစ်ပတ်သည့်အကြောင်း ပြောလိုက်ကြသည်။

လင်းဖန် တိုက်ရိုက်ထုတ်လွှင့်နေမှန်း သူတို့ မသိကြပါ။ လင်းဖန် ဟူသည့် id နဲ့ လူက ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရရှိခဲ့တယ် ဆိုတာကိုသာ သိကြပါသည်။

ထို့အပြင် လင်းဖန်၏ အဆင့်က ၉-၁ ကို ရောက်သွားပါပြီ။

၉-၁ ဆိုတာ ဘယ်လို အဆင့်မျိုးလဲ။

၉-၁ က ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင်ကစားသမားများ၏ စည်းကို ထိသွားပြီဟု ပြောနိုင်သည်။

ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် အများစုက အဆင့် ၉ တွင် ရှိကြသည်။

အလွန်ထူးချွန်သည့် တရုတ်စစ်တုရင် ကစားသမားက အဆင့် ၉ ရှိလိမ့်မည်။

အဆင့် ၉ အထက်မှာတော့ နတ်ဘုရားသာ ရှိပါလိမ့်မည်။

သို့သော်လည်း လောလောဆယ်မှာ ဂိမ်းကို Hack ပြီး ကွန်ပျူတာဆော့ဖ်ဝဲများ အသုံးမပြုဘဲ အဆင့် ၉-၃ ကို ဘယ်သူမှ မကျော်နိုင်ပါ။

လူတွေ တရုတ်စစ်တုရင်ကို သူများနဲ့ ကစားရာတွင် ပြစ်ချက် အများကြီး ရှိသည်။

အဆင့် ၉ တွင် ကစားသမားများစွာ တရုတ်စစ်တုရင်မှာ သရေပွဲဖြစ်ဖို့ လွယ်ကူပါသည်။

၎င်းတို့ရဲ့ ပြိုင်ဘက်ကို အနိုင်ယူဖို့က ခက်ခဲသည်။ ထို့ကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားအများစု ဒီအဆင့်မှာ ရပ်တန့်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရရှိကာ အဆင့် ၉-၁ ကိုရောက်ရှိလာသည့် လူမျိုးတော့ တစ်ခါမှ မကြားဖူးပေ။

ထိုသတင်းမျိုးကို ကြားလိုက်ရသောအခါ ဂေါ့ဆစ်ပ်လည်း တုန်လှုပ်သွားရ၏။

သူ့ Group ထဲက ဒီမန်ဘာဝင်များ၏ စွမ်းရည်က ထိပ်တန်း မဟုတ်ရင်တော့ အားတော့ မနည်းကြပေ။

သို့သော် တစ်ယောက်မှ လင်းဖန်ကို အနိုင်မယူနိုင်ခဲ့ကြပါ။

လင်းဖန်ဆိုတာ ဘယ်သူလဲ။

ဂေါ့ဆစ်ပ်က ပြောလိုက်၏။ "လင်းဖန် တကယ်ညစ်တာဆိုရင် တာဝန်ရှိသူတွေက သူ့ကို ဘန်းမှာပေါ့။ လင်းဖန် တကယ် ညစ်တာလားဆိုတာ ငါတို သက်သေမပြနိုင်သေးဘူး။ တကယ် ညစ်တာမဟုတ်ရင် ဒီလူ့ရဲ့ တရုတ်စစ်တုရင် စွမ်းရည်က သာမန် မဟုတ်ဘူး"

"ဒီနေ့ ဂေါ့ဆစ်ပ်ဆိုတဲ့ ငါကိုယ်တိုင် လင်းဖန်ကို ထိပ်တိုက် ရင်ဆိုင်ဖို့ စိန်ခေါ်မယ်"

"ဒီလောကက ဘယ်လောက်ခက်ခဲလဲဆိုတာကို လင်းဖန် နားလည်သွားအောင် လုပ်ပြမယ်"

"ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင်ကစားသမားတွေက ဘယ်လောက် အားကောင်းသလဲဆိုတာ သိအောင် လုပ်ပြမယ်။ ဒီနေ့ညက လင်းဖန်ရဲ့ ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရရှိမှု အဆုံးသတ်မယ့် နေ့ပဲ"

ဂေါ့ဆစ်ပ်၏ ပို့စ်က ချက်ချင်း Group ထဲမှာ ပွက်လောရိုက်သွားစေခဲ့ပါသည်။

အားလုံဂက ကျွမ်းကျင်သူများဖြစ်သည်။ သက်သေ ခိုင်ခိုင်လုံလုံ မရှိပါက လင်းဖန် ညစ်နေသည်ဟု ပြောလို့ မရပေ။

တရုတ်စစ်တုရင်ကို ကစားဖို့ ညစ်ပတ်ပြီး ကွန်ပျူတာဆော့ဖ်ဝဲများကို သုံးပါက လက်ရှိ လူသားများက တရုတ်စစ်တုရင်မှာ ကွန်ပျူတာတွေကို အနိုင်မယူနိုင်သေးပါ။

သို့သော်လည်း ကွန်ပျူတာ ဆော့ဖ်ဝဲတစ်ခု တရုတ်စစ်တုရင် ကစားသည့်အခါ သိသာသည်။

တရုတ်စစ်တုရင်ကို လူအစစ်က ကစားနေတာလား ကွန်ပျူတာက ကစားနေတာလားဆိုတာကို ပရော်ဖက်ရှင်နယ် ကစားသမားများက ခံစားနိုင်ပါသည်။

မကြာမီ သတင်းများ ပျံ့နှံ့သွားခဲ့၏။

ဂေါ့ဆစ်ပ်။ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်။ တရုတ်စစ်တုရင်မှာ အကျော်အမော် ပုဂ္ဂိုလ်တစ်ယောက်။

ဂေါ့ဆစ်ပ်က ပရော်ဖက်ရှင်နယ် ကစားသမားအဆင့်ကို ရောက်နေပြီဖြစ်သည်။ လျို့ရှင်းယီကဲ့သို့ လူမျိုးထက် တစ်ဆင့်ပိုမြင့်သည်။

တရုတ်စစ်တုရင်မှဦ အဆင့် ၂ ဆင့်သာ ရှိပါသည်။

အပျော်တမ်းကစားသမားနဲ့ ပရော်ဖက်ရှင်နယ်ကစားသမား ဟူ၍ ဖြစ်သည်။

"လခွမ်း လင်းဖန်က ကြယ်ပွင့် လင်းဖန်ကိုး။ သူ့ရဲ့ ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရရှိမှုကိုလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ။ အဲ့တော့ သူညစ်နေတာ မဟုတ်ဘူးပေါ့"

"လင်းဖန်က တကယ် ဒီအဆင့် ရှိတာလား။ ဒါဆို တော်တော်ကြမ်းတာပဲ"

"ဒါပေမယ့် ဂေါ့ဆစ်ပ်ကို လင်းဖန်နိုင်ဖို့တော့ ခက်တယ်။ ငါတို့ Group ထဲက အတော်ဆုံးလူတောင် ဂေါ့ဆစ်ပ်ကို မနိုင်နိုင်ဘူး"

"ဂေါ့ဆစ်ပ်က ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားပဲ။ လင်းဖန်က သာမန် အပျော်တမ်း ကစားသမားတစ်ယောက်။ တကယ် ရှုံးသွားနိုင်တယ်"

"ဟုတ်တယ် အပျော်တမ်းကစားသမား အယောက် ၁၀၀ ဆိုရင်တောင် ပရို တစ်ယောက်ကို မနိုင်နိုင်ဘူး"

"ဂိုကစားနည်းနဲ့ တရုတ်စစ်တုရင် ကစားနည်းတို့လို ဦးနှောက်စွမ်းရည်နဲ့ အတွေ့အကြုံကို အားကိုးရတဲ့ အားကစားတွေမှာ ပရော်ဖက်ရှင်နယ်တွေကို ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

လင်းဖန် မညစ်မှန်း အတည်ပြုပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမား ဂေါ့ဆစ်ပ်က လင်းဖန်ကို ဖိတ်ကြားမှု ပို့လိုက်ပါသည်။

လင်းဖန်က ဒီပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ရဲ့ ခက်ခဲမှုကို မြည်စမ်းသွားရမည်။

ပရော်ဖက်ရှင်နယ် ကစားသမားများ၏ စွမ်းအားကိုလည်း မြင်တွေ့သွားစေရမည်။

Luntai, Tieba, Weibo, Group များနဲ့ တရုတ်စစ်တုရင်အကြောင်း အဓိက ဆွေးနွေးရာ ဗဟိုချက်များက စတင်ပြီး ကြော်ငြာခဲ့ပါသည်။

ညဘက် တိုက်ရိုက်ထုတ်လွှင့်သောအခါ လင်းဖန် ဒါကို မြင်လိုက်ရသည်။

ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်က သူ့ကို စိန်ခေါ်ထားမှန်း မြင်လိုက်ရပြီးနောက် လင်းဖန် အပျော်လွန်သွားခဲ့သည်။

အခု သူ့အဆင့်က ဘယ်လောက်ရှိနေပြီ ဖြစ်မှန်း မသိသေးပါ။

သေချာတာတစ်ခုက ရှားဝမ်ချွေ့၏ အဖေမှာ တရုတ်စစ်တုရင်တွင် ပရော်ဖက်ရှင်နယ် ကစားသမား အဆင့် ရှိသည်။

သူသာ ရှားဝမ်ချွေ့အဖေကို အနိုင်ယူချင်ပါက တရုတ်စစ်တုရင်တွင် ပရော်ဖက်ရှင်နယ် အဆင့်ကို ရောက်ရပါမည်။

ဒီနေ့ညက လင်းဖန် ကိုယ့်ကိုယ်ကို စမ်းသပ်ဖို့ အခွင့်ကောင်း ဖြစ်သည်။

သူ့ရဲ့ ၁၄၁ ပွဲမြောက်မှာ နိုင်ငံတော်ထဲက နာမည်ကြီး ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်ကို သူ ရင်ဆိုင်ရပါမည်။

ဂေါ့ဆစ်ပ်၏ စွမ်းအားကို အားလုံးသိကြသည်။

ဂေါ့ဆစ်ပ်မှ ဖိတ်ကြားထားသည့် Room ထဲကို ဝင်ရောက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ကာ ပရောက်ဖက်ရှင်နယ် ကစားသမားတစ်ယောက်၏ အခက်အခဲကို စတင်ကြုံတွေ့ဖို့ ပြင်ဆင်လိုက်ပါသည်။

သူ့ရဲ့ လက်ရှိအဆင့်နဲ့... ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ကို အနိုင်ယူနိုင်မလားဆိုတာကို စောင့်ကြည့်ရပါမည်။

All Chapters