← Chapters

တရုတ်စစ်တုရင် လောကကြီး တုန်လှုပ်သွားခြင်း

Vol. 24 Ch. 360

တရုတ်စစ်တုရင် လောကကြီး တုန်လှုပ်သွားခြင်း

Vol. 24 Ch. 360

လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်တော့ ကြည့်ရှုသူ အမြောက်အများ စုပြုံဝင်ရောက်လာခဲ့ပါသည်။

"66666666"

"နောက်ဆုံးတော့ အစ်ကိုဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ ရောက်လာပြီကွ။ လခွမ်းပဲ။ ငါသတင်းလည်း ကြားပြီးပြီ။ ဂေါ့ဆစ်ပ်က ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပဲ။ အစ်ကိုဖန်ကို သူနဲ့ တရုတ်စစ်တုရင် ကစားဖို့ ဖိတ်ကြားထားတယ်"

"ဟုတ်တယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်က သာမန်လူတွေနဲ့ ယှဉ်လို့ မရဘူး။ အစ်ကိုဖန်ရဲ့ ဆက်တိုက် အနိုင်ရရှိမှု စံချိန်တော့ ပျက်မသွားလောက်ပါဘူးနော်"

"ဖြစ်နိုင်တယ်။ အစ်ကိုဖန် ရှုံးသွားလည်း ရှက်စရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်ပဲလေ"

"လခွမ်း အစ်ကိုဖန်က အရမ်း စွမ်းအားကြီးတာပဲ။ အဆင့် ၉-၁ တောင် ရောက်နေပြီ။ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားကို ယှဉ်နိုင်ဖို့ဆိုတာ အရမ်းခက်တယ်။ အဆင့် ၉-၃ ရှိတဲ့ ကစားသမားတွေတောင် အဆင့် ၉-၁ ကိုနိုင်ချင်မှ နိုင်မှာ။ ဒီအဆင့်မှာ ရှိတဲ့ လူတိုင်းက ထိပ်သီးတွေချည်းပဲ"

လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကောမန့်များကို ဖတ်ကြည့်ပြီး မျက်နှာထားက အလွန်တည်တံ့သွားပါသည်။

သူလည်း ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင်ကစားသမား ဂေါ့ဆစ်ပ်အကြောင်း ကောင်းကောင်းကြီး သိပါသည်။

သို့သော်လည်း ရှားဝမ်ချွေ့၏ အဖေအဆင့်ကို ရောက်နိုင်ဖို့က ပရော်ဖက်ရှင်နယ် စည်းကို အရင်ဆုံး ကျော်ရပါမည်။

ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားများအနက် အားကြီးသူနဲ့ အားနည်းသူဟူ၍လည်း ရှိပါသေးသည်။ ဂေါ့ဆစ်ပ်က မကြာသေးခင်ကမှ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင်ကစားသမား လောကထဲ ဝင်လာသူဟု ဆိုနိုင်သည်။

Room ထဲကို ဝင်ပြီးနောက် လင်းဖန် အရင် အကွက်ရွှေ့ရသည်။

လင်းဖန်က ဗဟိုအမြှောက်ကိုပဲ စဖွင့်သည်။ နောက်တော့ မြင်းကို ဒုတိယအတန်းမှ တတိယအတန်းသို့ ထောင့်ဖြတ်မျဉ်းအတိုင်း ရွှေ့လိုက်သည်။ သူ့နယ်ရုပ်များကို မြစ်ကို ကျော်ဖြတ်စေလိုက်သည်။ သူ့အရုပ်များကို ဗဟိုသို့ ဆက်တိုက် ချီတက်ခိုင်းဖို့ ရွေးချယ်လိုက်ပါသည်။

ဗဟိုကို ဆက်တိုက် ချီတက်ခြင်းက အလွန်ရဲတင်းသည့် တိုက်ခိုက်မှု ဗျူဟာတစ်ခုဖြစ်သည်။ ပြိုင်ဘက်က အမှားအယွင်း အနည်းငယ် လုပ်လိုက်မိတာနဲ့ ဟာကွက်တစ်ခုကို ရှာတွေ့ပြီး ဒီအချီကို အနိုင်ယူသွားနိုင်ပါသည်။

လင်းဖန်၏ တိုက်ခိုက်မှု အနေအထားကို ဂေါ့ဆစ်ပ် မြင်သောအခါ ပြုံးကာ ပြောလိုက်၏။

"လင်းဖန်ရဲ့ အဆင့်နဲ့ စွမ်းရည်က မြင့်ပါတယ်။ ဒါပေမယ့် ကြည့်ရတာ တရုတ်စစ်တုရင်မှာ တကယ့်တိုက်ခိုက်မှု အတွေ့အကြုံ သိပ်မရှိရှာဘူး ထင်တယ်။ ဒီလိုဆို သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ပုံမှန်တိုက်ခိုက်ပြီး အခွင့်အလမ်းတစ်ခုကို ရှာနိုင်ရင် လင်းဖန်ကို အနိုင်ယူနိုင်လောက်တယ်။ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင်ကစားသမားတစ်ယောက်ရဲ့ ခွန်အားကို ခံစားခိုင်းလိုက်ဦးမယ်"

ထို့နောက် ချက်ချင်းဆိုသလိုပဲ ဂေါ့ဆစ်ပ်က တကယ့် ဖောက်ထွင်းမရနိုင်သည့် ကာကွယ်မှုကို စတင် ပြင်ဆင်သည်။

၁၀ မိနစ် ကုန်ဆုံးသွားခဲ့၏။

လင်းဖန်နဲ့ ဂေါ့ဆစ်ပ်တို့၏ တရုတ်စစ်တုရင် ကစားပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတစ်ခုကို ရောက်လာခဲ့ပါသည်။

ဖောက်ထွင်းမရနိုင်သည့် ကာကွယ်မှုတစ်ခုကို အရင်တစ်ခေါက်တုန်းက ဖန်တီးခဲ့တာ လျို့ရှင်းယီ ဖြစ်သည်။

သို့သော်လည်း လျို့ရှင်းယီ၏ ကာကွယ်မှုက ဂေါ့ဆစ်ပ်၏ အဆင့်လောက်အထိ မရောက်သေးပါ။

ဂေါ့ဆစ်ပ်နဲ့ ကစားသည့်အခါ လင်းဖန် သူ့ကိုယ်သူ မုဆိုးတစ်ယောက်လို ခံစားလိုက်ရသည်။

ဂေါ့ဆစ်ပ်က တရုတ်စစ်တုရင်တွင် ခုခံကစားသည့်အခါ အလွန်တော်ပါသည်။ အချိန်မရွေး တန်ပြန်တိုက်ခိုက်နိုင်သည်။

တိုက်ခိုက်သူက အမှား တစ်ခုလောက် လုပ်လိုက်တာနဲ့ တိုက်ခိုက်သူက အားနည်းချက်ရှိသွားမည့်လူ ဖြစ်သွားနိုင်သည်။

၁၅ မိနစ် ကုန်လွန်သွားခဲ့သည်။

လင်းဖန်ရဲ့ ရထား ၂ ခုကို ဂေါ့ဆစ်ပ်ရဲ့ ရထား ၂ ခုနဲ့ အပြန်အလှန် စားလိုက်ကြသည်။

တခြား အရုပ်အများစုလည်း အပြန်အလှန် အစားခံလိုက်ရပါပြီ။

နယ်ရုပ်တွေဆိုရင်တောင် တိုက်ခိုက်ရမည်။ အရုပ်တိုင်းက စွမ်းအားအပြည့် ထုတ်ရပါမည်။

လင်းဖန်နဲ့ ဂေါ့ဆစ်ပ်တို့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။

ထိုအခြေအနေမျိုးတွင် လင်းဖန်မှာ အားသာချက် အနည်းငယ် ရှိသည်။

သို့သော်လည်း ဒီလို အားသာချက် အနည်းငယ်လေးနဲ့ ဂေါ့ဆစ်ပ်ကို အနိုင်ယူဖို့ မဖြစ်နိုင်ပါ။

"ဒါ... ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ စွမ်းအားလား။” လင်းဖန် ဖိအားတချို့ကို ခံစားလာရပြီး ပြောလိုက်ပါသည်။

ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားများက အပျော်တမ်း တရုတ်စစ်တုရင် ကစားသမားနဲ့ လုံးဝ ခြားနားမှန်း သူခံစားနိုင်သည်။

သာမန် ကစားသမားတွေ တရုတ်စစ်တုရင်ကို ကစားသည့်အခါ နောက်ထပ် ရွှေ့ကွက်မလုပ်ခင် ခြေလှမ်း ၃ လှမ်း ၄ လှမ်း၊ သို့မဟုတ် ၇ လှမ်း ၈ လှမ်းလောက် ကြိုတွေးကြသည်။ ဒါ သူတို့ ကစားသည့် ပုံစံ ဖြစ်သည်။

ပရော်ဖက်ရှင်နယ်ကစားသမားများအတွက်ကတော့ ကစားပွဲအလယ်လောက်တွင် နောက်ထပ် ရွှေ့ကွက် လုပ်သည့်အခါ ခြေလှမ်း ၁၀ လှမ်းလောက် ကြိုမြင်နိုင်ပါသည်။

ဒါက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်၏ တွက်ချက်နိုင်စွမ်း ဖြစ်သည်။

ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်လောက် မတော်လျှင် ပရော်ဖက်ရှင်နယ်ကစားသမား၏ ထောက်ချောက်တွင် သေသွားနိုင်ပါသည်။

"အခုချိန်ထိ ဂေါ့ဆစ်ပ်ကို အပြည့်အဝအနိုင်ယူဖို့ နည်းလမ်းမရှိဘူး။ ဒီတိုင်းသာ ဆက်သွားရင် သရေပွဲနဲ့ အဆုံးသတ်သွားနိုင်ချေ များတယ်" လင်းဖန် ပြောလိုက်သည်။

သူ့တရုတ်စစ်တုရင်စွမ်းရည်ကိုကော သင်ယူခဲ့သမျှ အရာအားလုံးကိုကော အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်၏ စွမ်းအားကို လင်းဖန် ခံစားနိုင်ပါသည်။

ယခုတော့ လုံးဝ ဘုံအသစ်တစ်ခုကို ရောက်ရှိသွားသည့်ပုံစံပင်။ သူ့တရုတ်စစ်တုရင် အသိပညာ အားလုံး ဆူပွက်လာသည်။

တစ်ဖက်မှာလည်း ဂေါ့ဆစ်ပ် လေးလေးနက်နက် တုန်လှုပ်သွားရပါသည်။

အဲ့တာကြောင့် လင်းဖန် ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရခဲ့တာကိုး။

"လင်းဖန်က အရမ်းတော်တယ်... သူ့ခွန်အားနဲ့ သူ ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရခဲ့တာပဲ"

"အခု ငါ့ရဲ့ နေရာချကွက်တွေက ဘယ်လို အပျော်တမ်း စစ်တုရင်ကစားသမားကိုမဆို အနိုင်ယူနိုင်မှာ။ လင်းဖန်သာ ငါ့တိုက်ကွက်နဲ့ တန်ပြန်တိုက်ကွက်တွေကို ရှောင်ဖယ်နိုင်တယ်"

"လင်းဖန်ရဲ့ ခွန်အားက တကယ့်ကို သာမန်ထက် ထူးကဲတာပဲ" ဂေါ့ဆစ်ပ် ပြောလိုက်ပါသည်။

"ဒါပေမယ့် ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင်ကစားသမားတစ်ယောက်အနေနဲ့ ငါ ရှုံးလို့ မဖြစ်ဘူး။ လင်းဖန် တိုက်ခိုက်ကြစို့" ဂေါ့ဆစ်ပ်ပြောလိုက်ပြီး ဒီတိုက်ပွဲကို ပြန်လည် အာရုံစိုက်လိုက်သည်။

ဒီတရုတ်စစ်တုရင် တိုက်ပွဲမှာ အခြေအနေများ ပိုမိုတင်းမာလာခဲ့သည်။

ဂေါ့ဆစ်ပ်က ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် ဖြစ်သည်။

လင်းဖန်ကလည်း ပွဲ ၁၄၀ ဆက်တိုက် အနိုင်ရရှိမှုနဲ့ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။

သူ့ရဲ့ ၁၄၁ ကြိမ်မြောက် ပြိုင်ပွဲတွင် လင်းဖန် ယှဉ်နိုင်ဖွယ် မရှိအောင် စွမ်းအားကြီးသည့် ပြိုင်ဘက် တစ်ယောက်ကို ရင်ဆိုင်ခဲ့ရပါသည်။

လွတ်လမ်း မရှိတော့ပါ။ သူ့ရဲ့ ဆက်တိုက် အနိုင်ရရှိမှုကို ဆက်ထိန်းသိမ်းဖို့အတွက် ဂေါ့ဆစ်ပ်ကို အနိုင်ယူရပါမည်။

သရေပွဲတောင် ဖြစ်လို့ မရပါ။

ထို့ကြောင့် လင်းဖန် ဂေါ့ဆစ်ပ်ကို အနိုင်ယူဖို့ဆို ဂေါ့ဆစ်ပ်ထက် တွက်ချက်မှု ပိုကောင်းရမည်။

လင်းဖန်က ဆုံးဖြတ်ချက်မချခင် သူရွှေ့မည့် အကွက်တိုင်းကို ကြိုတွက်ထားသည်။

အကွက်တိုင်းကို ခြေလှမ်း ၁၀ လှမ်းလောက် ကြိုတွက်ကာ ပြောင်းလဲမှု ပေါင်းစုံနဲ့ အလဲထိုးကွက်မျိုးစုံတို့ကို ရွှေ့ခဲ့ပါသည်။

နောက်ဆုံးတော့... လင်းဖန် ဟာကွက်တစ်ခုကို ရှာတွေ့သွားသည်။

ဟာကွက်ကိုရှာတွေ့သွားပြီးနောက် ဂေါ့ဆစ်ပ်နဲ့ ကမ္ဘာမြေကွဲအက်သွားလောက်သည့် ခံစစ်တိုက်ပွဲ ဆင်နွှဲခဲ့ရသည်။

၂၈ မိနစ်လောက် ကြာသောအခါ ဂေါ့ဆစ်ပ်၏ အရုပ်တစ်ရုပ်သာ ကျန်တော့သည်။

လင်းဖန်မှာ နယ်ရုပ် ၂ ရုပ်ကျန်ပါသေးသည်။ နယ်ရုပ် ၂ ရုပ်သာ ဖြစ်သည်။

သို့သော် ဘာပဲဖြစ်ဖြစ် ဘယ်နှရုပ်ပဲကျန်ကျန အဆုံးသတ်ရလဒ်ကတော့...

လင်းဖန် အနိုင်ရရှိသွားခဲ့ပါသည်။

လင်းဖန် ၁၄၁ ပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့သည်။

တရုတ်စစ်တုရင် ဆော့ဖ်ဝဲ၏ ဖန်သားပြင်ထိပ်တွင် ဖန်သားပြင်အပြည့် ကြေညာချက်တစ်ခုပေါ်လာခဲ့သည်။

[နိုင်ပွဲ ၁၄၁ ပွဲ ဆက်တိုက်ရရှိခဲဲ့တဲ့အတွက်နဲ့ ဂေါ့ဆစ်ပ်ကို အနိုင်ရရှိသွားတဲ့အတွက် လင်းဖန်ကို ဂုဏ်ပြုပါတယ်]

ဒါက ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ကစားရခြင်း၏ ဆွဲဆောင်မှု ဖြစ်သည်။ ခါးသီးသည့် တိုက်ပွဲဲ ၂၈ မိနစ် ပြီးဆုံးသွားသည့်အခါ လင်းဖန် ၁၄၁ ပွဲဆက်တိုက် အနိုင်ရရှိမှုကို ရရှိခဲ့ပါသည်။

သူက အဆုံးသတ် အနိုင်ရရှိသူ ဖြစ်သည်။

အခုတော့ ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်၏ စည်းကို ကျော်နိုင်ခဲ့ပါသည်။

လင်းဖန်၏ စွမ်းရည်က ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်နဲ့ ညီမျှသွားပါပြီ။

တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ပွက်လောရိုက်သွားသည်။

"နိုင်သွားပြီ သူနိုင်သွားပြီဟေ့"

"အစ်ကိုဖန်က အရမ်းတော်တာပဲ။ မဖြစ်နိုင်တာ။ တစ်ဖက်လူကလည်း ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမား တစ်ယောက်ပဲ။ အစ်ကိုဖန်က တကယ်ကြီး ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားကို အနိုင်ယူနိုင်ခဲ့တယ်"

"ဂေါ့ဆစ်ပ်က ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတွေကြားထဲ အသန်မာဆုံး မဟုတ်ပေမယ့် အစ်ကိုဖန်ရဲ့ စွမ်းအားက သိသာလွန်းပါတယ်"

"ဘုရားရေ ၁၄၁ ပွဲဆက်တိုက် အနိုင်ရရှိမှုတဲ့။ အစ်ကိုဖန်ကို ဘယ်သူ တားနိုင်မှာလဲ။ ဘယ်သူ တားနိုင်သေးလဲ။”

[ယွဲ့အာလေးမှ လင်းဖန်ကို စူပါဒုံးပျံ ၂၀ ခု ပေးလိုက်ပါပြီ]

[ချစ်ရာဖန်လေးမှ လင်းဖန်ကို စူပါဒုံးပျံ ၁၀ ခု ပေးလိုက်ပါပြီ]

[ဂေါ့ဆစ်ပ်မှ လင်းဖန်ကို စူပါဒုံးပျံ ၁ ခု ပေးလိုက်ပါပြီ]

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်များ ရူးသွပ်လောက်အောင် လင်းဖန်ကို လက်ဆောင်များ စပေးခဲ့ကြပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်များ တုန်လှုပ်သွားကြပါသည်။

တရုတ်စစ်တုရင် လောကလည်း ထိုနည်းတူစွာ မှင်သက်သွားကြသည်။

ဂေါ့ဆစ်ပ်၏ ကျွမ်းကျင်သူများ Group၊ ဂေါ့ဆစ်ပ်ကိုယ်တိုင်၊ တရုတ်စစ်တုရင်ကျွမ်းကျင်ပညာရှင်များနဲ့ တရုတ်စစ်တုရင် Forum ကြီး တစ်ခုလုံးတောင် တုန်လှုပ်သွားခဲ့ကြပါသည်။

ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမား ဂေါ့ဆစ်ပ် လင်းဖန်ကို ရှုံးသွားပါပြီ။

လင်းဖန်က တရုတ်စစ်တုရင်လောကတွင် သမိုင်းဝင်စံချိန် ချိုးသွားခဲ့ပါပြီ။

ဆက်တိုက် အနိုင်ပွဲ ၁၄၁ ပွဲ ရရှိခဲ့သည်။

ထို့အပြင်... လင်းဖန်၏ လက်ရှိစွမ်းရည်မျိုးနဲ့ဆို ဂေါ့ဆစ်ပ်လို ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတစ်ယောက်ကတောင် သူ့ကို မတားနိုင်တော့ပါ။

All Chapters