ကမ္ဘာကြီးရဲ့ ယနေ့ခေ်
Vol. 71 Ch. 984
လင်းဖန်က မိသားစုနှင့်အတူ ပျော်ရွှင်စွာ ညစာစားခဲ့သည်။ သို့သော်လည်း ပျော်ရွှင်ရမည့်အစား ပင်ပန်းသလို ခံစားနေရသည်။
အဆုံးသတ်တွင် သူ့ဇနီးသည်တချို့အနေဖြင့် သူက သူတို့နှင့် အချိန်အတူတူ ကုန်ဆုံးဖို့ ငြင်းဆန်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကြသည်။
လင်းဖန်က သူ အသက်ပြန်ရှင်ကာစဖြစ်၍ ခန္ဓာကိုယ်က အင်မတန် အားနည်းနေသည့်အချက်ကို အကြောင်းပြချက်အနေဖြင့် အသုံးပြုခဲ့သော်လည်း သူတို့ထဲက တချို့က တစ်စုံတစ်ခု မှားယွင်းနေမှန်း သတိထားမိခဲ့သည်။ သို့သော်လည်း သူ့အကြောင်းပြချက်က မှန်ကန်ပေသည်။ သူ့လက်ရှိခန္ဓာကိုယ်ဖြင့် သူသာ မိန်းမအများကြီးဖြင့် အိပ်စက်ပါက တစ်စုံတစ်ခု ဖြစ်ပျက်လာနိုင်သည်။
လင်းမင်က သူ့သားကို အခန်းတစ်ခုဆီ ခေါ်ဆောင်လာ၏။
“သား အခု ဘာလုပ်မှာလဲ”
“အဖေ သိတယ်လား”
“အဖေက အသေးစိတ်တော့ မသိပါဘူး။ ဒါပေမဲ့ ရှစ်အာ တာအိုသက်သေပြပြီးတဲ့နောက်မှာ အခြေအနေက ပြောင်းလဲသင့်တယ်လေ”
လင်းဖန်က သူမနှင့် စကားဝိုင်းတစ်ခုလုံးအကြောင်းကို ရှင်းပြကာ သက်ပြင်းချလိုက်သည်။
“အဖေ ကျွန်တော် ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ”
“သူမရဲ့ အမြင်ကိုလည်း နားလည်တယ်။ ထာဝရဧကရာဇ်တစ်ယောက်အနေနဲ့ သူမက အရှက်ကွဲလို့ မဖြစ်ဘူးလေ။ အဆိုးဆုံးအခြေအနေအရဆိုရင် တခြားသူတွေအားလုံးကို တိတ်တဆိတ် သုတ်သင်ပစ်နိုင်တယ်။ ဒါပေမဲ့လည်း မင်းအနေနဲ့ အားနည်းတုန်းက ဘေးမှာ အဖော်ပြုပေးခဲ့တဲ့လူတွေကို စွန့်မပစ်ချင်တာကိုလည်း နားလည်တယ်” လင်းမင်က ပြောလိုက်သည်။
“အဖေက ကိစ္စတွေကို အရမ်းစဉ်းစားလွန်းနေတာ မဟုတ်ဘူးလား။ ရှစ်အာက အဲ့လိုမျိုး မလုပ်ပါဘူး”
“မင်းကသာ သူမကို လျှော့တွက်နေတာ။ သူမက ထာဝရဧကရာဇ်တစ်ယောက်လေ။ သူတို့နဲ့ ရင်ဆိုင်ဖို့ သူမကိုယ်တိုင် လှုပ်ရှားဖို့တောင် မလိုဘူး။ ထာဝရဧကရာဇ်တစ်ယောက်ရဲ့ မုန်းတီးခံရတဲ့ ကြမ္မာနဲ့ ကံဆက်နွယ်မှုက သူတို့ရဲ့ ကံကောင်းမှုကို ပျက်သုဉ်းစေပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်တယ်။”
လင်းဖန်က ကိစ္စများသည် ဤမျှပြင်းထန်လိမ့်မည်ဟု ထင်မထားမိခဲ့သည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
“မဟာဧကရာဇ်တွေက အဲ့လောက် အားကောင်းတာလား”
လင်းမင်က သက်ပြင်းချလိုက်၏။
“ကျင့်ကြံရေးမှာ သေမျိုးနဲ့ မသေမျိုးကြားက အဆင့် ကွာဟချက်က မင်း ထင်ထားတာထက်ပိုပြီးတော့ ကြီးမားတယ်။ အထူးသဖြင့် ဧကရာဇ်လမ်းစဉ်ပေါ့။ မဟာဧကရာဇ်တိုင်းကို မဟာတာအိုကိုယ်တိုင် ကောင်းချီးပေးထားတာဆိုတော့ သူတို့ရဲ့ တည်ရှိမှုက တခြားမသေမျိုးတွေနဲ့ ကွဲပြားတယ်။ သေမျိုးတွေဆိုရင် ထည့်ပြောဖို့တောင် မလိုတော့ဘူး”
“ကြည့်ရတာ ကျွန်တော် လိုအပ်နေတဲ့ ဗဟုသုတတွေကို ဖြည့်စည်းရဦးမဲ့ပုံပဲ” လင်းဖန်က သူစောစီးစွာ သေဆုံးမှု၏ ဆိုးကျိုးတစ်ချက်ကို တွေ့ရှိသွားသည်။
“အဖေ ကျွန်တော် ဘာလုပ်သင့်တယ်ဆိုတာ မပြောရသေးဘူး”
“ဒီလိုအခြေအနေမျိုးမှာ ငါ မင်းကို ပေးနိုင်တဲ့ အကောင်းဆုံးအကြံက မင်းရဲ့ စိတ်နှလုံးသားနောက်ကို လိုက်ဖို့ပဲ”
“ကျွန်တော်ရဲ့ စိတ်နှလုံးသားနောက်ကို လိုက်ရမှာလား။ ဒါက ပြောတာထက်ပိုပြီးတော့ ခက်ခဲတယ်”
“စိတ်နှလုံးသားကိစ္စက အမြဲတမ်း အဲ့လိုပါပဲ” လင်းမင်က ပြောလိုက်သည်။
“အချိန်ယူပြီး နားရင်း ဆုံးဖြတ်။ အခု မင်းပြန်ရောက်လာပြီဆိုတော့ မင်းအမေကို အသက်ပြန်သွင်းနိုင်ပြီ”
“အမေလား” သူ့အမေက ငယ်ရွယ်စဉ် သေဆုံးသွားခဲ့သည့်အတွက် သူ့ကျင့်ကြံဆင့် အနေအထားတစ်ခု ရောက်ရှိပြီးမှသာ ပြန်လည်အမှတ်ရလာခဲ့သည်။ သူ့မှတ်ဉာဏ်မှ သူမသည် ဂရုစိုက်ကာ ကြင်နာတတ်သည့် အမျိုးသမီးတစ်ဦးဖြစ်ကာ လူများကို စိတ်အေးစေသည့် အပြုံးမျိုးကို ပန်ဆင်ထားတတ်သူ ဖြစ်ကြောင်း သိထား၏။
“ဟုတ်တယ်။ သူမနဲ့ ထပ်တွေ့သင့်တယ်”
ဤနှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် သူ့အဖေက သူ့ကိုယ်ပိုင်ပျော်ရွှင်မှုနောက် လိုက်သင့်သည်။ မကြာခင် လင်းမင်က အခန်းမှ ထွက်ခွာသွားသော်လည်း လင်းဖန်ကမူ သူ့ဆရာနှင့် တွေ့ဆုံဖို့ ရှိသေးသည့်အတွက် အနားမယူနိုင်သေးပေ။
“ဘယ်လိုနေလဲ” ချိုးကျင့်က မေးလိုက်သည်။
“နည်းနည်းတော့ ပင်ပန်းနေတယ်”
“အဲဒါက နားလည်လို့ ရပါတယ်။ မနက်ဖြန်မှ ပြန်လာလိုက်ရမလား”
“မဟုတ်တာ အဆင်ပြေပါတယ်” လင်းဖန်က ထကာ အဖန်ရည်ဧည့်ခံလိုက်သည်။
“မင်းရဲ့ အခြေအနေက သိပ်မကောင်းဘူး”
“ကျောင်းတော်က ကျွန်တော့်အခြေအနေကို သိနေတာ အံ့အားစရာလို့တော့ မထင်ဘူး” လင်းဖန်က မလုံမလဲပြုံးကာ ပြောလာသည်။
“အခြေခံအနေနဲ့ပေါ့”
“သူတို့က တရားဝင်ရပ်တည်ချက် ရှိနေပြီလား”
“အင်း … ဒါပေမဲ့ သူတို့အကြောင်း စိုးရိမ်စရာ မလိုပါဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်က မင်းလက်ထဲမှာပဲ” ချိုးကျင့်က ပြောလိုက်၍ လင်းဖန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အနေဖြင့် ကျောင်းတော်က သူ့အား ရှုရှစ်ကို ရွေးချယ်စေလိုသည်မှာ ခန့်မှန်းမိဖို့ မတုံးအပေ။ ထိုရွေးချယ်မှုမှ အကျိုးအမြတ်အားလုံးက သူတို့အတွက် အကောင်းဆုံး ဖြစ်၏။
“ဆရာက ကျွန်တော့်ဘက်မှာ ရှိတာ ဝမ်းသာတယ်”
“ငါက မင်းအရွယ်ရောက်လာတာကို စောင့်ကြည့်ခဲ့တာလေ။ ငါက ဘယ်တုန်းကမှ မပြောခဲ့ပေမဲ့ မင်းကို ငါ့သားလိုပဲ ဆက်ဆံခဲ့တာ။ အဲဒါကြောင့် ကျောင်းတော်ကို စိုးရိမ်စရာ မလိုဘူး။ မင်းကိုယ်မင်းပဲ အာရုံစိုက်ပြီး နောင်တအနည်းဆုံးလမ်းကို လျှောက်ပေါ့”
“နောင်တအနည်းဆုံးလမ်း” လင်းဖန်က ရေရွတ်လိုက်ပြီး သူ့ရှေ့တွင်ရှိနေသည့် အဖန်ရည်ကို ကြည့်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက သက်ပြင်းချကာ ပြောလိုက်၏။
“အဲဒါက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်မှာပါ”
“မင်းဆီမှာ ဆုံးဖြတ်ချက်မချခင် အချိန် ရပါသေးတယ်။ အဲဒီမတိုင်ခင် မင်းရဲ့ စွမ်းအားနဲ့ အနာဂတ်ကိုပဲ အာရုံစိုက်ထားပေါ့” ချိုးကျင့်က ဆက်ပြောလိုက်သည်။
“နောက်မျိုးဆက်ရဲ့ တိုက်ပွဲလား”
“မဟုတ်ဘူး။ အဲဒီနောက်ကဟာ”
“အဲဒါက ဘာကိုပြောတာလဲ”
“ကမ္ဘာရဲ့ အင်အားစုအများစုက နောက်ပြိုင်ပွဲကို တာအိုအခွင့်အလမ်းဂိုဏ်းဆီ လက်လျှော့ထားကြတာ”
“သူတို့လား။ ဘာလို့လဲ။ ဝမ်ဝေ့ အဲလေ ကောင်းကင်ဧကရာဇ်က အဲဒီအခါ တက်လှမ်းသွားလောက်ပြီလေ”
လင်းဖန်က တစ်စုံတစ်ခုကို အမှတ်ရသွားကာ ပြောလိုက်၏။
“ဝမ်ထျန်းလား”
“ဟုတ်တယ်။ အဲဒါက သူ့အပိုင် ဖြစ်လိမ့်မယ်”
“ဘာလို့လဲ။ ကျွန်တော် မှတ်မိသလောက် သူက ပါရမီထူးကဲပေမဲ့ အားလုံးက သူ့အတွက် ဖယ်ပေးလောက်အောင်အထိတော့ မဟုတ်ပါဘူး”
ချိုးကျင့်က သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“ကျောင်းအုပ်က အကြွင်းမဲ့ ဓားရေးတိုက်ပွဲအကြောင်း မပြောရသေးဘူးလား”
“ပြောပြထားတယ်။ ဒါပေမဲ့ အကြမ်းဖျင်းပဲ”
“အဲဒီတိုက်ပွဲမှာ ဝမ်ထျန်းက ဒီမျိုးဆက်ရဲ့ အကောင်းဆုံးတွေထက် အားမနည်းတဲ့ အလားအလာနဲ့ စွမ်းအားကို ပြသနိုင်ခဲ့တယ်။ အဲဒါက သူ့ကို ကူညီပြီး လေ့ကျင့်ပေးမဲ့ အားကောင်းတဲ့ သူသားဖြစ်သူ မရှိခင်ကလေ။ ဒါပေမဲ့ အဲဒီအင်အားစုတွေက နောက်အင်အားစုတွေကို လက်လျှော့ရတဲ့အထိ အဓိကအကြောင်းအရင်းတော့ မဟုတ်သေးဘူး”
“ကောင်းကင်ဧကရာဇ်က သူ့အဖေ မဟုတ်ရင် နောက်တက်မဲ့ ဧကရာဇ်ကို သတ်ပစ်မှာကို စိုးရိမ်နေကြတာလား” လင်းဖန်က မေးလိုက်သည်။
“အတိအကျပဲ။ သူ တက်လှမ်းသွားတယ်ဆိုရင်တောင် နောက်ဧကရာဇ်ကို သုတ်သင်ဖို့ နည်းလမ်းချန်ထားဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး။ အဲဒါကြောင့် အင်အားစုအများစုက နောက်တိုက်ပွဲကို အားလျှော့ထားကြတာ။ ပြီးတော့ အဲဒီနောက်က တစ်ခုကိုတောင် သူ့အမေနဲ့ ယု မျိုးနွယ်အတွက်ဆိုပြီးတော့ ထည့်သွင်းစဉ်းစားထားကြသေးတယ်”
လင်းဖန်က ညည်းတွားလိုက်သည်။
“ကမ္ဘာကြီးက ကျွန်တော် သေသွားကတည်းက ပိုပြီးတော့ ရှုပ်ထွေးလာတော့တာပဲ”
“ဟုတ်တယ်။ ထပ်ပြီးတော့ ပိုပြီးတော့ ရှုပ်ထွေးလာဦးမှာ” ချိုးကျင့်က သတိပေးလိုက်သည်။
“မင်းအနေနဲ့ ပြောင်းလဲပြီးတော့ တတ်နိုင်သမျှ မြန်မြန်နေသားကျဖို့ လိုတယ်”
လင်းဖန်က အဖန်ရည်တစ်ငုံ သောက်ကာ ပြောလိုက်၏။
“အဲဒါဆို အစီအစဉ်က ဘယ်လိုလဲ”
“အိပ်မက်လောကက ဒိုင်မေးရှင်းအနိမ့် တစ်လျှောက်လုံးမှာရှိတဲ့ အဖွဲ့ဝင်တွေအတွက် ကောင်းကင်ရွေးချယ်ခံ တိုက်ပွဲနဲ့ တူတယ်။ အဓိက အစီအစဉ်က မင်းအတွက် အဲဒီတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲပြီးတော့ ထိပ်ဆုံး ၁၀ယောက်ထဲ ပါဖို့ပဲ။ ပထမ ဖြစ်ရင်ပိုကောင်းတယ်။ အဲ့လိုမျိုး ကြမ္မာနဲ့ ကံကောင်းမှုအမြောက်အများနဲ့ဆိုရင် မင်းကိုယ်မင်း စည်းပိတ်ပြီးတော့ စတုတ္ထမျိုးဆက်မှာ နိုးထလာနိုင်တယ်”
လင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူ့ဇနီး ရှိနေ၍ ကံကြွေးအကြောင်း စိုးရိမ်စရာ မလိုပေ။ စည်းတံဆိပ်အတွက်မူ သူက ကံကြွေးကို ဆေးကြောစရာ မလိုသည့်အတွက် ဖြစ်စဉ်က အချိန်အတော်ကြာ အိပ်စက်သည်နှင့် တူညီနေလိမ့်မည်။ တစ်မိနစ် သူက မျက်လုံးမှိတ်လိုက်ပြီး နောက်တွင် နှစ်သန်းရာချီ ကုန်ဆုံးသွားကာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ပါဝင်ဖို့ အဆင်သင့် ဖြစ်နေလိမ့်မည်။
“အခု မင်းအနေနဲ့ ကောင်းကင်ဧကရာဇ်နဲ့ တွေ့ဆုံဖို့အတွက် ပြင်ဆင်ထားသင့်တယ်” ချိုးကျင့်က ပြောလိုက်သည်။
“ငါတို့ သုံးသပ်ထားသလောက် သူက ငါတို့ကမ္ဘာရဲ့ ကောင်းကင်ရွေးချယ်ခံတွေကို ရောက်လာမဲ့ အဆုံးမဲ့လေဟာနယ် ကောင်းကင်ရွေးချယ်ခံတိုက်ပွဲအတွက် အရေးသာချက်ပေးဖို့ များတယ်”
“သူက အဲ့လောက် ရက်ရောတယ်လား”
“ဒါပေါ့။ အထူးသဖြင့် ကမ္ဘာရဲ့ ကြီးထွားလာမှုက သူ့ကို အကျိုးအမြတ် ဖြစ်စေတယ်လေ”
“ကျွန်တော် သိပြီ”
ချိုးကျင့်က သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“နှလုံးသားကိစ္စကို နောက်ထားထားလိုက်။ အခု ကျင့်ကြံပြီးတော့ မင်းရဲ့ စွမ်းအားကို ပြန်ရအောင်လုပ်”
“ဟုတ်ကဲ့ပါ” လင်းဖန်က ထိုဆုံးဖြတ်ချက်သည် အလျင်မလိုသင့်ကြောင်း ခံစားမိလိုက်သည်။
“မင်းအနေနဲ့ အရင်ဆုံး ကမ္ဘာကြီးကို မြင်တွေ့သင့်တယ်။ အဲဒါက မင်းရဲ့ စိတ်အခြေအနေကို အကူအညီ ဖြစ်စေလိမ့်မယ်” ချိုးကျင့်က ပြောကာ ထွက်ခွာသွား၏။ နောက်တစ်ရက်တွင် လင်းဖန်က ကျောင်းတော်မှ အထက်ပိုင်းနှင့် တွေ့ဆုံကာ သူ ပြန်ရောက်လာကြောင်း ပြသခဲ့သည်။
ထို့နောက် သူက သူ့ဆရာ၏ အကြံဉာဏ်အတိုင်း အသင်္ချေအင်ပါယာကမ္ဘာအနှံ့ ခရီးထွက်ခဲ့သည်။
ကျောင်းတော်က လင်းဖန်အား ကာကွယ်ရေး ပေးအပ်လာလေသည်။ သူတို့အနေဖြင့် ကျောင်းအုပ် ရှိနေပါက ဘာမှလုပ်ဖို့ မလိုပေ။ ကျောင်းတော်က ချိုးကျင့်၏ အကြံဉာဏ်ကို ထည့်သွင်းစဉ်းစားပြီးသည့်နောက် ကာကွယ်ရေးကို ထုတ်မပြခဲ့ပေ။
သူက ကျောင်းတော်မှ ထွက်လာပြီးသည့်နောက်တွင် အသက်ပြင်းပြင်း ရှူလိုက်၏။ နောက်ဆုံးတွင် သူက ပတ်ဝန်းကျင်အပြောင်းအလဲကို သတိထားမိသွားသည်။
ဒါက ပင်ကိုချီလား…
လင်းဖန်က ကျင့်ကြံဆင့် ပျောက်ဆုံးသွားသော်လည်း သူ့ဝိညာဉ်က သေဆုံးပြီးသည့်နောက်တွင် မပြောင်းလဲသွားသည့်အတွက် ပတ်ဝန်းကျင်ရှိ စွမ်းအားများကို ခံစားခွင့်ပြုထားသည်။
ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဘယ်လိုပါရမီရှင်တွေ မွေးဖွားလာမလဲဆိုတာကို စိတ်ကူးကြည့်လို့တောင် မရဘူး။ ပလ္လင်အတွက် တိုက်ပွဲက ပိုပြီးတော့တောင် ပြင်းထန်လာလိမ့်မယ်…
လင်းဖန်က ကမ္ဘာကြီးဆီ လျှောက်လှမ်းလာလိုက်ပြီး သေမျိုးများ၏ အမြင်မှ ခံစားကြည့်လိုက်သည်။ သူက သေမျိုးအဖွဲ့အစည်း၏ မြင့်တက်လာမှုအကြောင်း ကြားထားသော်လည်း ကိုယ်တိုင်မြင်တွေ့ပြီးသည့်နောက်တွင် ထူးကဲကာ ကွဲပြားသည့် အတွေ့အကြုံတစ်ခု ဖြစ်နေသည်။
လင်းဖန်က သေမျိုးနည်းပညာကို အသုံးပြုကာ ကုန်းမြေမှ တစ်ခုမှတစ်ခုသို့ သွားလာနိုင်သည်ကို အံ့အားသင့်နေမိ၏။ သူက သေမျိုးများသည် ဤသို့အလားအလာမျိုး ရှိလာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
သူ့စွမ်းရည်က ကမ္ဘာပေါ်မှာ မမြင်တွေ့ဖူးဘူးလို့ ဝန်ခံရမှာပဲ…
လင်းဖန်က တောင်ပိုင်းကုန်းမြေရှိ စားသောက်ဆိုင်ငယ်လေးတွင် ခေါက်ဆွဲစားရင်း တွေးမိသွားသည်။
သူက အပြင်ဘက်ကို ကြည့်လိုက်၏။
ဒီခေတ်ကာလရဲ့ အနှစ်သာရက တီထွင်ဖန်တီးဉာဏ်ပဲ…
လင်းဖန်က သုံးသပ်လိုက်သည်။
ကောင်းကင်ဧကရာဇ်တိုင်းက ကမ္ဘာကို ပြောင်းလဲပြီးတော့ သမိုင်းကြောင်းအပေါ်မှာ သက်ရောက်မှု ရှိအောင် ချန်ထားခဲ့လိမ့်မယ်…
သူက ကမ္ဘာကြီးသည် အနာဂတ်တွင် မည်မျှပြောင်းလဲသွားမည်ကို ကြိုတင်မြင်နေမိ၏။ အသင်္ချေအင်ပါယာကမ္ဘာ၏ မျိုးဆက်တစ်ခုချင်းစီတွင် ယခင်ထက်ပိုမို ကွဲပြားသွားလိမ့်မည်။
လူတချို့က သူတို့၏ ကြိုးပမ်းမှုထက်ကျော်လွန်အောင် ကမ္ဘာကို ပြောင်းလဲပစ်ဖို့ ကြိုးစားကြလိမ့်မည်။
ဒါပေမဲ့ သူက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်…
လင်းဖန်က ခေါက်ဆွဲစားပြီးသည့်နောက်တွင် ဆက်လက်သွားလာလိုက်သည်။
သူ မြင်ခဲ့သည့်နေရာတစ်ခုချင်းစီတွင် ကမ္ဘာနှင့် နေသားကျလာပြီး ပိုမိုတည်ငြိမ်လာလေ၏။ နောက်ဆုံးတွင် ကမ္ဘာ၏ နေရာအများစုသည် သွားလာပြီးသည့်နောက် လင်းဖန်၏ စိတ်အခြေအနေက သိမ်မွေ့သွားကာ သဘာဝနှင့် သဟဇာတဖြစ်လာပြီး တစ်သားတည်း ဖြစ်လာခဲ့သည်။
ထို့နောက် သူက အိပ်မက်လောကအတွင်း ဝင်ရောက်ဖို့ တုံ့ဆိုင်းမနေပေ။
ထိုအရာက ကောင်းကင်ခုံရုံးအပြင် သူ သွားရောက်လည်ပတ်ချင်သည့် နေရာများထဲမှ တစ်ခု ဖြစ်၏။ သူက သူကိုယ်တိုင် အမှန်တကယ် နားလည်ပြီး မလုပ်ဆောင်နိုင်ခင် ကိစ္စတချို့ကို တွေ့ကြုံခံစားလိုမိသည်။