ဆက်သွယ်မှု
Vol. 71 Ch. 987
ဝမ်ဝေ့က ကမ္ဘာတစ်ဝန်းမှ ကောင်းချီးမင်္ဂလာလက္ခဏာရပ်များကို ကြည့်လိုက်သည်။ သူက တခြားနည်းလမ်းကို အသုံးပြုထားသည့်သူများသည် ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည့် အမြင်ရုပ်လွှာမျိုး မရှိကြောင်း သတိထားမိ၏။
သို့သော်လည်း ဤသို့သော အချက်က များစွာ ပြောင်းလဲမှု မရှိပေ။ အနှစ်ချုပ်အားဖြင့် ဤပုံစံကို ပို၍သဘောကျ၏။ မဟုတ်ပါက လူတချို့သည် ထိုအမြင်ရုပ်လွှာများအားလုံးက အသင်္ချေအင်ပါယာကမ္ဘာမှ အစပြုလာခြင်းဖြစ်ကြောင်း သတိထားမိသွားလောက်သည်။
ကမ္ဘာက ပြန်လည်အားဖြည့်နေဆဲ အခြေအနေတွင် ရှိနေသည့်အတွက် ဝမ်ဝေ့က ခဏတာ သိုသိုသိပ်သိပ် နေလိုသည်။
ထုံရို့ပင်း၏ ဟောပြောပို့ချမှုက စတင်တော့မည်ဖြစ်သည့်အတွက် သူက ရှုရှစ်အတွက် လုပ်ဆောင်ပေးသလိုမျိုး တူညီစွာ လုပ်ဆောင်ခဲ့သည်။ သူက အိပ်မက်လောကမှ လူအားလုံးကို အပြင်ထုတ်ကာ ဟောပြောပို့ချချက်ကို နားထောင်ဖို့ ကိုယ်ပွားတစ်ယောက်ကိုပင် ချန်ထားခဲ့သည်။ သူက သူ့စွမ်းအားကို အသုံးပြုကာ ဓားအရှင်နှင့် ဝမ်ကျူကဲ့သို့ အဝေးရောက်နေသည့်သူများကိုလည်း နားထောင်ခွင့်ပြုထား၏။ ထိုစဉ် သူ့တကယ့်ခန္ဓာကိုယ်ကမူ ချီအခန်းအတွင်း ဆက်လက်လေ့ကျင့်နေသည်။
ဟောပြောပို့ချမှုက သုံးနှစ်တာ ကြာမြင့်ခဲ့၏။ ထို့နောက် သူမက မဟာအဆောင်မြို့တော်ဆီ သွားကာ ကိုယ်ပွားတစ်ယောက်ချန်ထားခဲ့ပြီး ကြယ်တာရာသားရဲကမ္ဘာဆီ ပြန်သွားလေသည်။
…………………………………………….
ကောင်းကင်ခုံရုံး
ဝမ်ဝေ့၏ ကိုယ်ပွားက မျက်လုံးပွင့်လာကာ အသက်ပြင်းပြင်းရှူလိုက်သည်။
“မူလကျင့်ကြံရေးစနစ်ရဲ့ ပုံစံအသစ်ကိုတော့ အပြီးသတ်နိုင်လိုက်ပြီ”
ဤမျိုးဆက်ရှိ ဟောပြောပို့ချချက်နှင့် တခြားအတွေးအခေါ်များကို နားထောင်ပြီးသည့်နောက်တွင် ကျင့်ကြံရေးစနစ်ကို အဆင့်မြှင့်တင်ခြင်းအား အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်၏။
ငါ အခု ထုတ်ဖော်လိုက်ရမလား။ ဒါမှမဟုတ်ဘူးဆိုရင် ခုံရုံးအစည်းအဝေးထိ စောင့်ရမလား…
ဝမ်ဝေ့က ခေါင်းအသာယမ်းကာ တွေးလိုက်မိသည်။
လက်ရှိပြဿနာကိုပဲ အရင်ဖြေရှင်းကြတာပေါ့…
သူက ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ကို ကြည့်လိုက်သော်လည်း ထင်ထားသည့်အတိုင်း ဧကရာဇ်ခုံဆီမှ တုံ့ပြန်မှုမရသေးပေ။
တစ်နှစ်ပဲ အချိန်ကျန်တော့တယ်ဆိုတော့ စောင့်လိုက်ရအောင်…
ဝမ်ဝေ့က ဆက်လက် ကျင့်ကြံလိုက်ပြီး တစ်နှစ်တာ ကုန်ဆုံးသွားလေသည်။ သူက နိုးထလာခဲ့သည်။ နှမြောစရာကောင်းလှသည်က ရလဒ်က အတူတူဖြစ်နေသည့်အတွက် ဒုတိယအစီအစဉ်ကိုသာ ဆက်လက် လုပ်ဆောင်ရ၏။
သူက အချိန်မဖြုန်းဘဲ ရွှေကျီးမျိုးနွယ်မှ ယခင်ကောင်းကင်ရွေးချယ်ခံဖြစ်သူ ကျင်းဝူဟွားအား ဆင့်ခေါ်လိုက်သည်။ ဝမ်ဝေ့က ပလ္လင်အခန်းအတွင်း စောင့်ဆိုင်းနေပြီး သူ့လေ့ကျင့်ထားမှု၏ ရလဒ်ကို စမ်းသပ်နေသည်။ ၅နှစ်အတွင်း သူက မကောင်းဆိုးဝါးနတ်ဘုရားတစ်ပါး ခွန်အားတိုးမြှင့်ခဲ့ပြီး စုစုပေါင်း ၇၅ အထိ ဖြစ်သွားသည်။
သူက အားကောင်းလာသလောက် ယခင်လို ကျင့်ကြံရာတွင် မြန်ဆန်မည်မဟုတ်ကြောင်း သိထားသော်လည်း ဤတိုးတက်မှုဖြင့် ကျေနပ်နေဆဲ ဖြစ်၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကျင်းဝူဟွားက ပလ္လင်အခန်းအတွင်း ပေါ်ထွက်လာပြီး သူမ၏ နောက်တွင် ရွှေကျီးမျိုးနွယ်မှ ဆန့်ကျင် ကျင့်ကြံသူတစ်ယောက် လိုက်ပါလာသည်။
“ငါ သူမနဲ့ ပြောစရာရှိတယ်။ သွားလို့ရပြီ”
ဆန့်ကျင် ကျင့်ကြံသူက ဦးညွှတ်ကာ ထွက်သွားလိုက်သည်။
သူမ ကြည့်ရတာ မျိုးနွယ်နဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင်ထားတဲ့ပုံပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ နောက်ဆုံးတိုက်ပွဲ မတိုင်ခင်က ကျင်းဝူဟွားသည် သူမ အဖေ၏ ဧကရာဇ်အရိုးကြောင့် မျိုးနွယ်ထဲတွင် ပြဿနာတချို့ ရှိခဲ့၏။
ဒါပေမဲ့ ဒါက ပါရမီရှင်တွေ နဂိုထက်ပိုပြီး အလေးထားခံရတဲ့ ခေတ်ကာလမျိုးကို ရောက်တော့မှာဆိုတော့ အဓိပ္ပာယ်တော့ ရှိပါတယ်…
ဝမ်ဝေ့က ကျင်းဝူဟွားကို အာရုံစိုက်ကာ တွေးလိုက်မိ၏။
အကယ်၍ သူမ၏ လက်ရှိသွင်ပြင်ကို ဖော်ပြရပြီဆိုပါက စိတ်ဓာတ်ကျမှု၊ စိုးရိမ်မှုနှင့် ပိန်ပါးမှုတို့သာ ဖြစ်သည်။
“အရှင် ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်” ကျင်းဝူဟွားက အရိုအသေပေးကာ ပြောလိုက်သည်။
“စိတ်အေးအေးထားပါ” ဝမ်ဝေ့က သူ့ဝိညာဉ်ကို ထုတ်လွှတ်ကာ သူမ၏ စိတ်ပင်ပန်းမှုကို ပြေပျောက်အောင် လုပ်ပေးလိုက်ပြီး သူမ မျက်ဝန်းအထက် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များကိုလည်း လျှော့ချပေးလိုက်၏။
“အရှင့်ကို ကျေးဇူးတင်ပါတယ်”
“မင်းအဖေနဲ့ ဆက်သွယ်လို့ရလား”
ခေတ္တမျှ ရပ်တန့်သွားပြီး ခေါင်းခါကာ ပြောလိုက်သည်။
“ကျွန်မ ဘယ်လိုပဲကြိုးစားကြိုးစား သူက မတုံ့ပြန်ဘူး”
“ဒီလိုဆိုရင် မင်းကို ကူညီပေးမယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“မင်းရဲ့ သွေးတစ်စက်ကို ပေး”
သူမက တုံ့ဆိုင်းမနေဘဲ လက်ညှိုးထိပ်မှ သွေးကို ဖောက်ကာ ပေးလိုက်သည်။ ထိုသွေးစက်က ဝမ်ဝေ့ဆီ ရောက်ရှိလာသည်နှင့် ကံကြိုးမျှင်တစ်ခုက ကောင်းကင်အထက် ပျံ့လွင့်သွားသည်။ သူ့စိတ်က ထိုကြိုးမျှင်နောက် လိုက်သွားပြီး သိပ်မကြာခင် အတားအဆီးတစ်ခုကို တွေ့လိုက်ရ၏။ သို့သော်လည်း အမည်မသိ စွမ်းအားတချို့က သူ့ကို ဝင်ရောက်ခွင့်ပြုထားပြီး ဦးတည်ရာသို့ ရောက်ရှိလာစေသည်။
အခန်းအတွင်း ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ဝမ်ဝေ့နှင့် ကျင်းဝူဟွားတို့က မြေကြီးပေါ်တွင် ဆိုးဆိုးရွားရွားဖြင့် လဲလျောင်းနေသည့် ဧရာမ ရွှေကျီးတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုအရာ၏ ငှက်မွေးများက တောက်ပမှုတို့ ပျောက်ဆုံးနေပြီး ဘယ်ဖက်တောင်ပံက အရိုးများအဖြစ် ပြောင်းလဲသွားကာ ညာဖက်တောင်ပံကို တိုက်စားနေသည့် အနက်ရောင်အရာများ ရှိနေသည်။
ရွှေကျီးက ခြေထောက်နှစ်ချောင်းလည်း ဆုံးရှုံးထားရပြီး သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် အနီရောင်မီးတောက်တစ်ခုက နောက်ထပ် အနက်ရောင်မီးတောက်တစ်ခုကို တိုက်ခိုက်နေရသည်။
“အဖေ”
ကျင်းဝူဟွား၏ အသံက ကံကြိုးမျှင်မှတဆင့် ထိုမဲမဲမှောင်မှောင်အခန်းအတွင်း ပျံ့နှံ့လာသည်။ သို့သော် ရွှေကျီးက လှုပ်ရှားနိုင်ခြင်း မရှိသလို တုံ့ပြန်နိုင်ခြင်း မရှိပေ။
“အဖေ သမီး ပြောတာကြားလား”
“စိတ်အေးအေးထားပါ” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ကျင်းဝူဟွားက နောက်ဆုံးတွင် ပြန်လည်ထိန်းနိုင်သွားသည်။ ဝမ်ဝေ့က ကံကြိုးမျှင်ကို လက်ညှိုးထိုးပြီး သေခြင်းရှင်ခြင်း စွမ်းအားကို ပို့ဆောင်လိုက်သည်။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရွှေကျီး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာပြီး မျက်လုံးဖွင့်လာသည်။ ထိုသက်ရှိက နာကျင်မှုဖြင့် ညည်းညူရင်း ဘေးပတ်လည်ကို ကြည့်လိုက်၏။ သို့သော်လည်း သူက ပတ်ဝန်းကျင်ကို မတုံ့ပြန်နိုင်သေးသည့်အတွက် ဝေဝါးနေဟန်ပေါ်သည်။
ကျိန်စာလား။ ဒီလောက်တောင် ဆိုးရွားတယ်လား…
ဝမ်ဝေ့က ထိုကံကြိုးမျှင်မှတဆင့် သူ့စွမ်းအား အနည်းငယ်ကို ပို့ကာ တွေးလိုက်သည်။ ဤတစ်ကြိမ်တွင် သူ့ဇနီး၏ ကျင့်စဉ်အပေါ် အခြေခံထားသည့် အားကောင်းသည့် စည်းတံဆိပ်တစ်ခုကို ပို့ဆောင်လိုက်ခြင်း ဖြစ်၏။
ရွှေကျီး၏ ခန္ဓာကိုယ်ဝန်းကျင်တွင် မှော်စက်ဝန်း ၉ခု ပေါ်ထွက်လာသည်။ ကျိန်စာက တောင့်ခံဖို့ ကြိုးစားသော်လည်း သူတို့က ရွှေကျီးပေါ်တွင် သင်္ကေတအမှတ်အသားဖြင့် ပြောင်းလဲသွားဖို့ ယာယီမျှသာ ကြာမြင့်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို ထိုသက်ရှိ၏ မျက်ဝန်းက ကြည်လင်သွားဟန်ပေါ်၏။ ထို့နောက် ရွှေကျီးက သူ့ရှေ့တွင် ရှိနေသည့် ပုံရိပ်ကို မြင်လိုက်ရသည်။
“ဟွားအာလား”
“အဖေ နောက်ဆုံးတော့ ကြားရပြီလား”
“မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ မင်း တက်လှမ်းလာပြီလား။ ဒီမှာ မရှိသင့်ဘူးလေ” ရွှေကျီးက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ သို့သော်လည်း သူက မဟာဧကရာဇ်တစ်ပါး ဖြစ်နေသေးသည့်အတွက် အခြေအနေကို သိဖို့ရာ သိပ်မကြာမြင့်ခဲ့ပေ။
“ကျုပ်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါ” ရွှေကျီးက အနည်းငယ် တုံ့ဆိုင်းကာ ပြောလိုက်သည်။ သူ့ကို ဤကျိန်စာမှ ကယ်တင်ဖို့အတွက် မည်သို့သော စွမ်းအားမျိုး လိုအပ်ကြောင်း သိထားလေ၏။ ပို၍အရေးကြီးသည်က ထိုသူသည် လတ်တလော အတားအဆီးများ ရှိသော်လည်း ဒိုင်မေးရှင်းအနိမ့်မှ ဆက်နွယ်နိုင်ကြောင်း ပြောနိုင်လေသည်။
ဒီလိုလူမျိုးက ကြောက်ဖို့ကောင်းတယ်ဆိုတော့ အလွယ်တကူ သွားရှုပ်လို့ မရဘူး…
ရွှေကျီးဧကရာဇ်က သုံးသပ်လိုက်သည်။
“ဒီလိုအခြေအနေ ဘယ်လိုလုပ်ဖြစ်လာတာလဲ” ဝမ်ဝေ့က ထိုသူ၏ သတိထားမှုကို စိတ်ထဲမထားဘဲ မေးလိုက်သည်။
ရွှေကျီးဧကရာဇ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ရှင်းပြလိုက်၏။
“နတ်ဆိုးမျိုးနွယ်ကြားက အတွင်းရေးပဋိပက္ခကြောင့်ပါ”
“အတွင်းရေး ပဋိပက္ခလား။ ဟုတ်တာပေါ့။ သွေးနဂါးနဲ့ ဝူယွီဇာမဏီတို့ရဲ့ မြင့်တက်လာမှုက နတ်ဆိုးမျိုးနွယ်ရဲ့ အာဏာပိုင်အခြေအနေကို အပြောင်းအလဲ ဖြစ်သွားစေမှာပဲ။ အတွင်းရေး ပြဿနာရှိတာက အဓိပ္ပာယ်တော့ရှိပါတယ်လေ”
“အရှင် သိတယ်လား”
“ဒါက ကောက်ချက်ချဖို့ သိပ်တော့ မခက်ခဲလောက်ပါဘူး”
ရွှေကျီးဧကရာဇ်က မလုံမလဲပြုံးကာ ပြောလိုက်သည်။
“နတ်ဆိုးမျိုးနွယ်ရဲ့ အထက်ပိုင်း တော်တော်များများက ပျောက်ကွယ်သွားကြပြီးတော့ နေရာလွတ်ပဲ ချန်ထားခဲ့တယ်လေ။ ကျုပ် တက်လှမ်းလာပြီးတဲ့နောက်မှာ ရွှေကျီးမျိုးနွယ်ထဲက မဟာဧကရာဇ်တွေထဲက တစ်ယောက် ဖြစ်တယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်။ သူတို့က ကျုပ်ကို ခေါင်းဆောင်ရာထူးယူဖို့ အတင်းအကြပ် ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေက ကျုပ်ကို ဒီလိုလက်ရှိအခြေအနေ ဖြစ်စေခဲ့တာပဲ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ ယခင် သူ မှန်းဆထားသလောက် ကျင်းဝူဟွား၏ အဖေသည် သူမကို မတုံ့ပြန်သည်မှာ သူ ဒဏ်ရာအပြင်းအထန် ရရှိခြင်း သို့မဟုတ် တခြားတစ်နေရာတွင် သီးသန့်ရောက်ရှိနေ၍ ဖြစ်သည်။ သို့သော်လည်း သူ့သုံးသပ်ချက်အရ ထိုသူသည် တော်လှန်ရေးလှုပ်ရှားမှုထဲတွင် ပါဝင်ပတ်သက်နေမှုကြောင့် ခံစားခဲ့ရခြင်းသာ ဖြစ်၏။
ကြည့်ရတာ ငါ မှားသွားတဲ့ပုံပဲ…
ဝမ်ဝေ့က စိတ်လှုပ်ရှားနေသည့် ကျင်းဝူဟွားကို ကြည့်လိုက်၏။ သူမက သူမအဖေကို ပြောဖို့ စကားပေါင်းများစွာ ရှိနေဟန်ပေါ်သည်။ သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
“ခင်ဗျားရဲ့ အချိန်အများကြီး မယူတော့ဘူး။ ခင်ဗျားက တော်လှန်ရေးနဲ့ အဆက်အသွယ် ရှိလား”
“အဲဒီလူတွေလား” ရွှေကျီးဧကရာဇ်က မေးလိုက်သည်။ တော်လှန်ရေးက လတ်တလောမတိုင်ခင် နှစ်များစွာအထိ အသုံးမဝင်ဘူးဟု ယူဆ၍ ရပေသည်။ အကြောင်းအရင်းတချို့ကြောင့် လမင်း ၇ စင်းသည် ကမ္ဘာကို မအုပ်ချုပ်နိုင်တော့ဘဲ ထိုလူများအား ကမ္ဘာတစ်ဝှမ်း ဖရိုဖရဲဖြစ်ခွင့်ပြုထားသည်။
အထူးဆန်းဆုံးအရာက တကယ့်အထွတ်အထိပ် ခေါင်းဆောင်ဟု ဆိုနိုင်သည့် နေမင်းနှစ်ပါးကပင် သူတို့၏ အပြုအမူများကို တားဆီးဖို့ ဘာမှမလုပ်ဆောင်ခြင်း ဖြစ်သည်။
“ဟုတ်တယ်။ သူတို့ပဲ။ ကျုပ် သူတို့နဲ့ ဆက်သွယ်ဖို့လိုတယ်။ တကယ်လို့ တာအိုရောင်းရင်းမှာ နည်းလမ်းရှိတယ်ဆိုရင် ကျုပ်ကို ပြောပြပါဦး” ဝမ်ဝေ့က ပြောလိုက်သည်။
ရွှေကျီးဧကရာဇ်က ချက်ချင်း ပြန်မဖြေသေးဘဲ စဉ်းစားလိုက်သည်။ သူက ဒဏ်ရာအပြင်းအထန် ရရှိနေသော်လည်း ရံဖန်ရံခါ အသိစိတ်ရှိနေသေးပြီး မျိုးနွယ်က သူ့အား နောက်ဆုံးသတင်းများကို တင်ပြလေ့ရှိသည်။
သူတို့၏ သုံးသပ်ချက်အရ ကမ္ဘာတွင် အပြောင်းအလဲကြီး ဖြစ်တော့မည်ဖြစ်ကာ အရင်းအမြစ်က တော်လှန်ရေးဆီမှ ဖြစ်နေနိုင်သည်။ တချို့အကြီးအကဲများက လက်ရှိလမင်း ၇စင်းနှင့် နေမင်း ၂စင်းတို့၏ ခေတ်ကာလတို့ အဆုံးသတ်ဖြစ်ကြောင်း ခန့်မှန်းထားကြ၏။
သူတို့၏ လက်ရှိအားနည်းချက်ကြောင့် ရွှေကျီးမျိုးနွယ်က ထိုဖရိုဖရဲဖြစ်မှုအတွင်း ဝင်ရောက်မပတ်သက်လိုပေ။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိပေ။
ကမ္ဘာမှာ ဒီလိုအပြောင်းအလဲကြီးက ရှောင်ရှားလို့ မရဘူး။ ဒါပေမဲ့ မျိုးနွယ်က ဘယ်သူနဲ့ပတ်သက်မလဲဆိုတာကိုတော့ သတိထားရမယ်။ ဒီလူက အလောင်းအစားလုပ်ဖို့ ထိုက်တန်လောက်တယ်…
ရွှေကျီးဧကရာဇ်က ထိုသူသည် ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေသေးသည့်အတွက် ထိုသူအနေဖြင့် တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှုက ကန့်သတ်ခံထားရမည် ဖြစ်ကြောင်း ခံစားမိသည်။ ထိုသို့သော ပါဝင်ပတ်သက်မှုမျိုးက မျိုးနွယ်အတွက် ရာနှုန်းပြည့် မကျူးလွန်ခင် စမ်းသပ်ကြည့်ဖို့ အခွင့်အခါကောင်း ဖြစ်၏။
အကယ်၍ ထိုမတိုင်ခင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပါက သူတို့သည် သူတို့မျိုးနွယ်ကို ကယ်တင်ဖို့ လူတချို့ကို စတေးပြီး ငြင်းဆန်နိုင်သေး၏။
ဒီစတေးမှုက ငါပဲ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်လေ…
သူက တွေးလိုက်မိသည်။ သူ့သမီးမှတဆင့် သူ့ကို ဆက်သွယ်လာသည့်အခါ သူ့ကံကြမ္မာက တော်လှန်ရေးနှင့် ပတ်သက်ပြီးသွားပြီ ဖြစ်၏။
ထို့အပြင် သူက ထိုသူသည် သူ့သမီးကို ဓားစာခံအဖြစ် အသုံးပြုမည့် ဖြစ်နိုင်ချေမျိုးကို မစတေးလိုပေ။
“သူတို့ကို ဆက်သွယ်ဖို့ နည်းလမ်း ရှာပေးပါ့မယ်” ရွှေကျီးဧကရာဇ်က ပြောလိုက်သည်။
“ကောင်းပါပြီ”