← Chapters

ဝိဇ္ဇာလမ်းစဉ်

Vol. 71 Ch. 990

ဝိဇ္ဇာလမ်းစဉ်

Vol. 71 Ch. 990

“ကျုပ်တို့ကိစ္စက ပြီးသွားပြီးတော့ အချိန်ရသေးတယ်ဆိုတော့ နောက်ထပ် မေးခွန်းတချို့များ မေးလို့ရမလား” ဝမ်ဝေ့က မေးလိုက်သည်။

“မေးလေ။ ဒါပေမဲ့ ငါ ဖြေမယ်လို့ အာမတော့ မခံဘူး”

“ကောင်းပြီလေ။ ကျုပ် မေးခွန်းက ဧကရာဇ်ခုံနဲ့ ပတ်သက်နေတာ။ ပြောရမယ်ဆိုရင် ကောင်းကင်ဘုံအရှင်ခုံပေါ့။ သူနဲ့ ခင်ဗျားတို့ဘက်ကနဲ့ ဘာဆက်ဆံရေးလဲ”

“ကောင်းကင်ဘုံအရှင်ခုံလား။ ငါ သိထားသလောက် သူ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူက ငါတို့ရဲ့ အပေးအယူကို အမြဲတမ်း ငြင်းဆန်နေခဲ့တာ” ဖေးလန်က တည်တည်ငြိမ်ငြိမ်ပြောလိုက်၍ ဝမ်ဝေ့က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ဒီလူက ဒီအပေးအယူကို အလွယ်တကူ ဆုံးဖြတ်နိုင်တော့ တော်လှန်ရေးဘက်က သူ့အာဏာနဲ့ အဆင့်အတန်းက အရေးပါလောက်တယ်။ အဲဒါဆိုတော့ သူက ငါ့မေးခွန်းရဲ့ အဖြေကို သိသင့်တယ်…

ထိုစဉ် သူက ထိုသူသည် လိမ်ညာနေခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

“ကောင်းပြီလေ။ နောက်ထပ်တစ်နည်းနဲ့ မေးပါရစေ။ ကျုပ် စုဆောင်းထားတဲ့ သတင်းအချက်အလက်အပေါ် မူတည်ပြီးတော့ ကောင်းကင်ဘုံအရှင်ခုံက ကမ္ဘာပေါ်မှာ ထူးကဲတဲ့ အဆင့်အတန်း ရှိတယ်ဆိုတာ ကောက်ချက်ချမိတယ်။ ပြောရမယ်ဆိုရင် လမင်းခုနစ်စင်းကတောင် သူ့ကို ထိခိုက်အောင် မလုပ်ပဲနဲ့ လေးစားသမှုနဲ့ ဆက်ဆံရတဲ့အထိပေါ့။ အဲဒီအကြောင်းအရင်းကို ပြောပြလို့ရမလား”

“အော် အဲဒါက လွယ်ပါတယ်။ သူက ဒုတိယအဆင့် ကုသိုလ်ရွှေခန္ဓာရှိထားတဲ့ ကောင်းကင်ဘုံအဆင့် ဖြစ်နေလို့လေ” ဖေးလန်က ပြောလိုက်သည်။

“ကုသိုလ်ရွှေခန္ဓာလား”

“နာမည်အတိုင်းပဲ။ ကမ္ဘာအတွက် ကြီးမြတ်တဲ့အရာတွေ လုပ်ပြီးတော့ အောင်မြင်ပြီး ကုသိုလ်အမြောက်အများ စုဆောင်းနိုင်တဲ့သူတွေအတွက် ထူးကဲတဲ့ ကောင်းချီးတစ်ခုပေါ့”

ဖေးလန်က ရှင်းပြလိုက်သည်။

“ကုသိုလ်ရွှေရောင်ခန္ဓာက သုံးဆင့် ခွဲထားတယ်။ ဒီအင်မော်တယ်အဆင့်တွေရဲ့ အစဉ်လိုက်ပဲပေါ့။ ပထမအဆင့်က မသေမျိုးလမ်းစဉ်အတွက် အတော်လေး အသုံးဝင်တယ်။ ပြီးတော့ ကာကွယ်မှုနဲ့ ကောင်းချီးကိုလည်း ရတယ်လေ။ အဲဒါက အကြီးမားဆုံး အသုံးပြုမှု မဟုတ်သေးဘူး။ ကုသိုလ်ရွှေခန္ဓာ ရှိတဲ့သူကို သတ်တဲ့သူက ဆိုးဆိုးရွားရွား ကံဆိုးမှု ကျိန်စာသင့်လိမ့်မယ်”

“ဘယ်လောက်ဆိုးရွားတာလဲ”

“မင်းကို နမူနာတစ်ခုပေးမယ်။ တကယ်လို့ ဧကရာဇ်တစ်ယောက်က တတိယအဆင့် ကုသိုလ်ရွှေခန္ဓာရှိထားတယ်ဆိုရင် စံပြတစ်ယောက်က သူတို့ကို သတ်ပြီးရင် သေတဲ့အထိ ကျိန်စာမိလိမ့်မယ်”

“အဲ့လောက်တောင် အားကောင်းတာလား”

“ဟုတ်တယ်”

“အဲဒါဆိုရင် ဒုတိယအဆင့်က ကောင်းကင်ဘုံအဆင့်ရဲ့ သေဆုံးမှုကို ဖြစ်စေတာလား”

“အမှန်ပဲ”

“အဲဒါဆို ကောင်းကင်ဘုံအရှင်ခုံကရော” ဝမ်ဝေ့က မေးလိုက်သည်။

“ကုသိုလ်ခန္ဓာစနစ်က လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်အပေါ်မှာ မူတည်နေတာ နမူနာအနေနဲ့ဆိုရင် ခုံက ဒုတိယအဆင့်ခန္ဓာရှိတဲ့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်လေ။ အဲဒါကြောင့် အစောပိုင်းနဲ့ အလယ်အလတ်အဆင့် စံပြတွေက သူ့ကိုသတ်လို့ တန်ပြန်မှုကို စိုးရိမ်ရလိမ့်မယ်။

တကယ်လို့ သူက ဒုတိယအဆင့်ခန္ဓာကိုယ်ရှိတဲ့ မဟာဧကရာဇ်တစ်ယောက် ဖြစ်မယ်ဆိုရင်တော့ သူက သူတို့အတွက် ခြိမ်းခြောက်မှု ဖြစ်မှာမဟုတ်ဘူး။ သူ့ဆီမှာ တတိယအဆင့် ကုသိုလ်ရွှေခန္ဓာ မရှိသရွေ့ပေါ့”

ဝမ်ဝေ့က သူ ရရှိထားသည့် သတင်းအချက်အလက်များကို စဉ်းစားလိုက်၏။

“သူ စံပြဖြစ်လာပြီးရင် ဘယ်လိုဖြစ်သွားမှာလဲ”

“အဲဒီအခါကျရင် နောက်ပိုင်းအဆင့် စံပြတွေကတောင် သူ့ကို သတ်လို့ တန်ပြန်သက်ရောက်မှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။”

“အဲဒါဆို ထိပ်သီးစံပြတွေက သူ့ကို သတ်နိုင်တာပေါ့”

“တကယ်လို့ သူတို့လည်း ဂရုမစိုက်ရင် တန်ပြန်သက်ရောက်မှု ခံစားရနိုင်တယ်”

“တကယ်လို့ သူ့ဆီမှာ တတိယအဆင့် ကုသိုလ်ရွှေခန္ဓာ ရှိနေရင်ရော”

“အဲဒီအရာက ရယူဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို သိလား”

“ကျွန်တော် မသိဘူး။ ဒါပေမဲ့ ဒီမေးခွန်းကို ဖြေပေးပါလား”

ဖေးလန်က သူ့ကို စိုက်ကြည့်ပြီး သူက အဘယ်ကြောင့် အများကြီး သိလိုနေကြောင်း နားလည်ဖို့ ကြိုးစားလိုက်သည်။ ထိုအရာနောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေလားဟု တွေးနေမိသည်။

“တတိယအဆင့် ကုသိုလ်ရွှေခန္ဓာနဲ့ဆိုရင် ဘယ်သူကမှ အဲ့လိုအထွတ်အထိပ် ဝိဇ္ဇာကို မထိနိုင်ဘူး။ ရှေးဦးမူလစံပြတွေအပါအဝင်ပဲ”

“ရှေးဦးမူလစံပြလား”

“အဲဒီအကြောင်း မင်း သိဖို့ မလိုသေးဘူး”

ဝမ်ဝေ့က ခေါင်းညိတ်ပြီး ဆက်မမေးတော့ပေ။ ထိုအသုံးအနှုန်းကို ကြားပြီးသည့်နောက်တွင် ဝူဟုန်ချန်ထားခဲ့သည့် စာအုပ်က ပြောင်းလဲသွားပြီး စည်းတံဆိပ်များစွာ ပြေလျော့သွား၏။ ရှေးဦးမူလ စံပြအကြောင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာ ပါဝင်သော စာရွက်အသစ်များ ပေါ်ထွက်လာပြီး အမှောင်သက်ရှိ သို့မဟုတ် အကုသိုလ်များသည့် ကျင့်ကြံသူများအပေါ် သက်ရောက်မှုရှိပြီး ကျင့်ကြံရေးတွင် ကောင်းချီးတစ်ခုလိုမျိုး အကျိုးအမြတ်များ ပါဝင်နေသည့် ကုသိုလ်ရွှေခန္ဓာအကြောင်းလည်း အပါအဝင် ဖြစ်၏။

“ဝိဇ္ဇာဆိုတဲ့ စကားကို သုံးလိုက်သလားလို့” ဝမ်ဝေ့က ဆက်မေးလိုက်သည်။

“ဝိဇ္ဇာလမ်းစဉ်ဆိုတာက မသေမျိုးဘဝရဲ့ နောက်ထပ် လမ်းစဉ်တစ်ခုပဲ။ ပြောရမယ်ဆိုရင် လူတွေက သူတို့ရဲ့ဘဝကို ကမ္ဘာကို ဖွံ့ဖြိုးတိုးတက်ဖို့ မြှုပ်နှံထားတဲ့သူတွေက ကုသိုလ်ကို စုဆောင်းနိုင်တယ်။

သူတို့အောင်မြင်သွားတာနဲ့ သူတို့က ကောင်းကင်အလိုဆန္ဒကို ဆင့်ခေါ်ပြီးတာအိုကို သက်သေပြနိုင်တယ်။ ပြောရမယ်ဆိုရင် ကုသိုလ်ရွှေခန္ဓာကို စုစည်းနိုင်တာပေါ့။ ဒီလမ်းစဉ်က ကျင့်ကြံဆင့် တိုးပွားလာတာနဲ့ ကုသိုလ်ရွှေခန္ဓာအကြောင်း ပါဝင်နေတော့ ခက်ခဲတယ်”

“စိတ်ဝင်စားစရာကောင်းတဲ့ လမ်းစဉ်တစ်ခုပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ကမ္ဘာကြီးက အသစ်ဖြစ်ပြီး အလွယ်တကူ လွှမ်းမိုးဖို့ လွယ်တုန်းက အချိန်တွေဆိုတော့ ပိုပြီးတော့ ကျော်ကြားလောက်တယ်”

“ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင်တော့ အဲ့လိုပဲ”

ဖေးလန်က ပြောလိုက်ပြီး ဝမ်ဝေ့အပေါ် အမြင်က ထပ်ပြီးတော့ မြင့်မားသွားသည်။

“ကောင်းကင်ဘုံအရှင်ခုံက ရှေးဟောင်းဝိဇ္ဇာလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာလား”

“အဲ့လိုနီးပါးပါပဲ”

“သူက ဒုတိယအဆင့် ကုသိုလ်ရွှေခန္ဓာကို ဘယ်လိုဖွဲ့စည်းခဲ့တာလဲ။ ကျောင်းတော်ရဲ့ သဘောတရားက ဒိုင်မေးရှင်းအမြင့်မှာ တည်ရှိပြီးသားဆိုတော့ အဲဒီအတွက် မလုံလောက်ဘူးလို့ ထင်တယ်။”

ဧကရာဇ်ခုံက ကျောင်းတော်ဖြင့် ကမ္ဘာကို အသက်ပြန်သွင်းခဲ့သော်လည်း ဒိုင်မေးရှင်းအနိမ့်တွင် သူ တစ်ယောက်တည်းသာ ဖန်တီးခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ထိုအရာသည် ဒိုင်မေးရှင်းအမြင့်တွင် တည်ရှိခဲ့သည်မှာ ကြာမြင့်လောက်ပြီ ဖြစ်၏။

“ခုံက ကျောင်းတော်သဘောတရားကို ပြန်လည်အသက်သွင်းဖို့ လူတွေကို ဖျောင်းဖျပြီးတဲ့နောက်မှာ နာမည်ကျော်ကြားလာခဲ့တာပဲ”

“ပြန်လည်အသက်သွင်းဖို့လား”

“ဟုတ်တယ်။ သာမန်လူတွေ ကျင့်ကြံရေးအကြောင်း မသိအောင် တားဆီးဖို့ ကျောင်းတော်တွေ ဖျက်ဆီးခံလိုက်ရတယ်လေ။ ဒါပေမဲ့ သူက ပြန်ပြီးတော့ အသက်သွင်းခဲ့တာ”

“သူက ဘယ်လိုလုပ်ခဲ့တာလဲ”

“မင်းရော ဘယ်လိုထင်လဲ” ဖေးလန်က ပြန်ဖြေမည့်အစား မေးလိုက်သည်။

“သူက သူတို့ကို အကျိုးအမြတ်နဲ့ ဖျောင်းဖျခဲ့မှာပေါ့။ ကျောင်းတော်ကို သူတို့ရဲ့ အကျိုးအမြတ်အတွက် အသုံးပြုခွင့်ပေးလောက်တယ်”

“မှန်တယ်”

မြေကမ္ဘာဧကရာဇ်က ထိုဆုံးဖြတ်ချက်ကို ပထမဦးဆုံး ထောက်ခံသူ ဖြစ်၏။ ပြောရလျှင် ကျောင်းတော်က မဟာချူးအံ့ဖွယ်တိုင်းပြည်ရှိ ကျင့်ကြံရေးပါရမီရှင်များအတွက် အရေးပါလှသည်။

“သူက သူတို့ကို ဖျောင်းဖျခဲ့တာက သူ့စွမ်းဆောင်ရည်ရဲ့ သက်သေတစ်ခုပဲ” ဝမ်ဝေ့က ချီးကျူးလိုက်၏။ ဧကရာဇ်ခုံ၏ သံတမန်စွမ်းရည်များက ရန်သူနှင့်ပင် တစ်သားတည်းဖြစ်စေလိုအောင် ဖျောင်းဖျနိုင်ခဲ့လိမ့်မည်။

မဟုတ်သေးဘူး။ ထာဝရဧကရာဇ်တိုင်းက မရိုးရှင်းဘူး။ ပြောရမယ်ဆိုရင် ကောင်းချီးပေးခံထားရတဲ့ အသင်္ချေအင်ပါယာကမ္ဘာက ပိုပြီးတော့တောင် မရိုးရှင်းနိုင်ဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

“ကျောင်းတော် အသက်ပြန်သွင်းတာက သူတို့အတွက် ဒုတိယအဆင့် ကုသိုလ်ခန္ဓာကို ဖွဲ့စည်းဖို့ လုံလောက်ခဲ့တယ်လား”

“မလုံလောက်ဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ရဲ့ လှည့်စားတတ်တဲ့ စိတ်က အသုံးဝင်လာတာပဲ”ဖေးလန်က ပြောလိုက်သည်။

“ပြန်လည်အသက်သွင်းတာက သူ့ကို ပထမအဆင့်အထိပဲ ဖွဲ့စည်းခွင့်ပြုထားတာ။ ဒါပေမဲ့ သူက သိုသိုသိပ်သိပ်နေပြီးတော့ ကမ္ဘာကြီးကနေ ပျောက်ကွယ်သွားခဲ့တယ်လေ။ သူ ပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာ သူက ဒုတိယအဆင့် ကုသိုလ်ရွှေခန္ဓာရှိထားတဲ့ အသက်အငယ်ဆုံး ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်နေခဲ့ပြီ။ သူ ဒါကို ရဖို့ ဘာလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ အဲဒီလူတွေက ရှာဖွေဖို့ ကြိုးစားခဲ့ပေမဲ့လည်း လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုအဖြစ် ကျန်ရှိနေတုန်းပဲ”

“အင်း ဉာဏ်ကောင်းတဲ့ အပြုအမူပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“အခု သူက အဲဒီလူတွေနဲ့ ရင်ဆိုင်ပြီးတော့ ကာကွယ်မှုတစ်ခု ရှိနေလို့ပေါ့။ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုတော့ စောင့်ကြည့်နေလောက်တယ်။ အဲဒါက သိပ်မကောင်းဘူးဆိုပေမဲ့လည်း သူတို့က သူ့အပေါ် အာရုံစိုက်ထားလွန်းတယ်ဆိုရင် တခြားသူတွေကို လှုပ်ရှားဖို့ အခွင့်အရေး ရလာစေမှာပဲ”

ဝမ်ဝေ့က ကောင်းကင်ဘုံအရှင် ကျိမင်အား တစ်ချက်ကြည့်လိုက်၏။ ထိုသူက သတင်းအချက်အလက် မထုတ်ဖော်မိစေရန် မျက်နှာအမူအရာကိုပါ ထိန်းချုပ်ထားလေသည်။

ထိုသူ ပြောသည်က မှန်ကန်နေလေ၏။ သူတို့ဘက်က ဧကရာဇ်ခုံကိုသာ အာရုံစိုက်ထားပါက သူတို့အနေဖြင့် လှုပ်ရှားဖို့ ပိုမိုလွယ်ကူလိမ့်မည်။

ဝမ်ဝေ့က သူ့တုံ့ပြန်မှုကို မြင်ကာ ဧကရာဇ်ခုံသည် သူတို့နှင့် သက်ဆိုင်နေကြောင်း အတည်ပြုလိုက်မိ၏။ ထိုအရာက တိုက်ရိုက် မဟုတ်လျှင်ပင် သက်ဆိုင်နေဆဲ ဖြစ်၏။

ဒီကောင်လေးက တာအိုအရှင် ပြီးတော့ တာအိုနယ်ရှင်တစ်ယောက်ပဲ…

အခု ငါ စဉ်းစားကြည့်လိုက်တော့မှ သူက သူ့ရဲ့ နာမည်တောင် ကောင်းကောင်းမပြောခဲ့ဘူးပဲ။ သူက ဘာတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ…

“မင်း သိချင်တာ ရှိသေးလား”

ဖေးလန်က ရုတ်တရက်ဆိုသလို ဤစကားဝိုင်းကို ဆက်ပြောဖို့ မသင့်တော်ကြောင်း ခံစားမိလိုက်သည်။ မဟုတ်ပါက သူ၏ သတင်းအချက်အလက် အမြောက်အများကို ထုတ်ဖော်မိသွားနိုင်သည်။ သူတို့က မဟာမိတ် ဖြစ်နေသော်လည်း ယနေ့မှ တွေ့ဆုံကာစဖြစ်သည့်အတွက် သတိထားခြင်းက ကိစ္စကောင်းတစ်ခု ဖြစ်၏။

“ဟုတ်ကဲ့။ ရှုကျင်းယောင်က ခင်ဗျားတို့နဲ့ ဆက်နွယ်နေတာလားဆိုတာ သိချင်တယ်”

ဖေးလန်က သူတို့ထဲတွင် သစ္စာဖောက်များ ရှိနေတာလားဟု သံသယဖြစ်ကာ တွေးမိသွားလေသည်။ အကယ်၍ ထိုသူကသာ ဒိုင်မေးရှင်းအနိမ့်တွင် ရှိပြီး လက်ရှိ တာအိုအခွင့်အလမ်းဂိုဏ်းသည် ကမ္ဘာကို ဝင်ရောက်စွက်ဖက်မည့် အခြေအနေတွင် မရှိနေပါက သူ့တပ်ဖွဲ့ထဲ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း တွေးမိသွားနိုင်သည်။

“အဲဒီနာမည်ကို ဘယ်လိုလုပ်သိတာလဲ” သူက ဖြေမည့်အစား မေးခွန်းပြန်မေးလိုက်၏။

“ဟိုးတလောက ဒိုင်မေးရှင်းအမြင့်က ပါရမီရှင်‌တွေက ဒီရောက်လာတယ်လေ။ သူတို့ထဲက တစ်ယောက်က သူမရဲ့ တပည့်ပဲ”

ဖေးလန်က ထိုဖြစ်ရပ်ကို အမှတ်ရသွားကာ မျက်မှောင်ကြုတ်လိုက်သည်။

မြေကမ္ဘာဧကရာဇ်က သူ ဖုံးကွယ်ထားသည့် သမီးကိုပင် ဒိုင်မေးရှင်းအနိမ့်ဆီ တာဝန်တစ်ခု စေလွှတ်ခဲ့လေသည်။ သို့သော်လည်း ထိုသူက ထိုတာဝန်၏ ရည်ရွယ်ချက်ကို မထုတ်ဖော်ခဲ့ပေ။

တကယ်လို့ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် အဲဒီလူရဲ့ တပည့်က အဲ့တုန်းက ပျောက်ကွယ်သွားခဲ့တာပဲ…

တချို့သောဖြစ်ရပ်များက ဖေးလန်အတွက် အဓိပ္ပာယ်ရှိလာခဲ့သည်။

“သူမအကြောင်း ဘာလို့မေးနေတာလဲ။ ဘယ်လိုလုပ် ကောက်ချက်ချမိတာလဲ”

“သူမက ကမ္ဘာမှာ အလှဆုံးအမျိုးသမီးလို့ ကြားတယ်။ ဘယ်အမျိုးသားကများ စိတ်မဝင်စားဘဲ နေမှာလဲ”

ဖေးလန်က ထိုစကားများကို မယုံပေ။ သူက ထိုအမျိုးသား၏ မျက်လုံးတွင် သိချင်စိတ်မှအပ ဘာလိုအင်ဆန္ဒမှ မရှိကြောင်း မြင်လိုက်ရ၏။ အများစုက သတင်းအချက်အလက် စုဆောင်းလိုသည့် ဆန္ဒကြောင့်သာ ဖြစ်လိမ့်မည်။

“ဒါကို ဘယ်လိုတွေးမိမလဲဆိုတာကိုတော့ ခန့်မှန်းကြည့်ရုံသက်သက်ပါပဲ”

“ခန့်မှန်းတာတဲ့လား”

“ဟုတ်ပါတယ်။ သူမက ဒီလိုမိန်းမလှ တစ်ဦးဆိုပေမဲ့ ဘယ်အမျိုးသားကမှ သူမနေရာကို အတင်းအကြပ် မယူရဲကြဘူးလေ။ ပြီးတော့ သူမတပည့်က ပါရမီထူးကဲတာကိုတောင် ဒီလောက်အကြာကြီး ကာကွယ်ပေးနိုင်တာဆိုတော့ မရိုးရှင်းတာ အသေအချာပဲ”

“လူအများစုက ရှုကျင်းယောင်ကို အလှပန်းအိုးလို့ ယုံကြည်ထားကြတာ။ ဒါပေမဲ့ သူမက တကယ်ကို မရိုးရှင်းဘူး”

ဖေးလန်က ရှုကျင်းယောင်ကို သိပြီး ကမ္ဘာတွင် ထိုလူရှစ်ယောက်အပါအဝင် သူမကလည်း ထာဝရကောင်းကင်ဘုံအဆင့်တစ်ယောက် ဖြစ်၏။

“နှမြောစရာကောင်းတာက သူမက ငါတို့နဲ့ မသက်ဆိုင်ဘူး။ ငါတို့ကလည်း သူမနဲ့ မဆက်စပ်ချင်ဘူးလေ။ သူမက ပြဿနာများလွန်းတယ်”

ရှုကျင်းယောင်က ကိစ္စကောင်းတစ်ခု မဟုတ်ဟု ပြောရမည့် ပြယုဂ်တစ်ခု ဖြစ်၏။ သူမ၏ အလှတရားက ပြဿနာ၏ အရင်းအမြစ် ဖြစ်ပေသည်။

“အဲ့လိုလား” ဝမ်ဝေ့က ရေရွတ်လိုက်၏။

“ကောင်းပြီလေ။ မေးခွန်းတွေ ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ကိစ္စမရှိပါဘူး။ ဒီဟာက ငါတို့ကြားက ပူးပေါင်းမှုကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ”

“ဟုတ်ပါတယ်။”

နှစ်ဦးသားက စကားစမြည်ပြောပြီးသည့်နောက်တွင် စကားဝိုင်းကို အဆုံးသတ်လိုက်ကြသည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ဝေ့က စိတ်လှုပ်ရှားမှု ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

ဒါက ဒီလိုကိုး။ ငါက သူ့ဆီကနေ ဒါနဲ့ဆိုရင် ကာကွယ်နိုင်လောက်တယ်…

သူက တွေးလိုက်မိသည်။

တကယ်လို့ ငါသာ တတိယအဆင့် ကုသိုလ်ရွှေခန္ဓာ ဒါမှမဟုတ်ဘူးဆိုရင် ၄ဆင့်မြောက်ကို ဖန်တီးပေးနိုင်တယ်ဆိုရင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်တွေတောင် ငါ့ကို အလွယ်တကူ သတ်ရဲမှာမဟုတ်ဘူး…

ပြီးတော့ အဲဒီကုသိုလ်တွေက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဆီကို ခေါ်ဆောင်သွားနိုင်မဲ့ ဖြစ်နိုင်ချေလည်း ရှိတယ်…

ထိုအတွေးက ပြောရသလောက် မလွယ်ကူပေ။ သူ တက်လှမ်းသွားသည့်အချိန် သူက တတိယအဆင့် ကုသိုလ်ရွှေခန္ဓာကို ဖွဲ့စည်းနိုင်လိမ့်မည်ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ချက် ရှိနေ၏။ ပြဿနာက ထိုအရာကို ကျော်လွန်ဖို့ ဖြစ်၏။

ပြဿနာရဲ့ ဗဟိုချက်က ငါက ဒိုင်မေးရှင်းအနိမ့်မှာ ပြောင်းလဲခဲ့သလိုမျိုး ဒိုင်မေးရှင်းအမြင့်ကို ပြောင်းလဲနိုင်မလားဆိုတာပဲ။ ဒါပေမဲ့ အဲ့လိုမျိုး ကျယ်ပြန့်ပြီးတော့ ရှေးကျတဲ့ ကမ္ဘာတစ်ခုက ပြောသလောက်တော့ လွယ်ကူမှာ မဟုတ်ဘူး…

အခု သူက ဦးတည်ချက် ရနေပြီဖြစ်သည့်အတွက် ဝမ်ဝေ့က သူ့ရည်မှန်းချက်ကို ရယူဖို့ နည်းလမ်းများစွာ ဖန်တီးနိုင်သည်။

All Chapters