← Chapters

တိုက်ပွဲ

Vol. 71 Ch. 991

တိုက်ပွဲ

Vol. 71 Ch. 991

အဆုံးမဲ့တိုက်ပွဲ၊ မဟာချူးတိုင်းပြည်

ဖေးလန်က ကျင့်ကြံရေးအခန်းအတွင်း ရှိနေဆဲဖြစ်ကာ ထိုစကားဝိုင်းအပြီး အတွေးနက်နေမိ၏။

ကြမ္မာပါလာတဲ့သူ…

သူက တွေးလိုက်မိသည်။

သူ့ဘဝကို ခိုးလိုက်ရင် အခွင့်အရေးကောင်းဆိုပေမဲ့ စွန့်စားရာကျတယ်…

အကယ်၍ ဧကရာဇ်ဝမ်ကသာ နောက်ခံမရှိဘဲ မဟာဧကရာဇ်အဆင့်မျှသာ ရှိထားသည့် သာမန်ကျင့်ကြံသူဖြစ်ပါက စွန့်စားမိလောက်သည်။ သူ့စွမ်းအားဖြင့် အစီအစဉ်က သတိကြီးကြီး ထားထားသရွေ့ အောင်မြင်နိုင်ချေ မြင့်မား၏။

နှမြောစရာကောင်းလှသည်က ထိုသူ၏ အင်အားသည် ကောင်းကင်ဘုံအဆင့်နှင့် နီးကပ်နေလေသည်။ သူက တစ်စုံတစ်ခု ကြိုးစားခဲ့ပါက ဧကရာဇ်ဝမ်၏ ကြမ္မာသည် အသက်ဝင်လာမည်ဖြစ်ကာ သူ့ကို ထိခိုက်စေနိုင်လောက်သည့် ကောင်းကင်ဘုံအဆင့် စွမ်းအားကို ပေးအပ်လာလိမ့်မည်။

ထို့အပြင် သူက တာအိုအခွင့်အလမ်းဂိုဏ်း၏ ရှေးဦးမူလ စံပြလေးယောက်ထဲမှ တစ်ယောက်သည် မသေဆုံးသေးကြောင်း သိထား၏။

သူမက ဒဏ်ရာအပြင်းအထန် ရကာ အင်အားလျော့ကျသွားသော်လည်း သူ ဖြေရှင်းနိုင်သည့်သူ မဟုတ်ပေ။

အကယ်၍ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဆက်နွယ်မှုများဖြစ်သည့် ဧကရီဝူကိုပါ ထည့်တွက်လိုက်လျှင် ထိုကလေးကို ရန်သူဖြစ်အောင် လုပ်ခြင်းက တုံးအသည့် ဆုံးဖြတ်ချက်တစ်ခုမျှသာ ဖြစ်၏။

မထိုက်တန်ဘူး…

ဖေးလန်က လောင်မာကို ဆက်သွယ်လိုက်သည်။

“ငါတို့တွေ အရှိန်မြှင့်ဖို့ လိုပြီ။”

“လူကြီးမင်း အဲဒါက အဆင်ပြေပါ့မလား။ ကျုပ်တို့တွေက လူတော်တော်များများရဲ့ အာရုံကို ဆွဲဆောင်မိပြီးသွားပြီ” လောင်မာက သတိပေးလိုက်သည်။

“မစိုးရိမ်နဲ့။ ကြမ္မာက ငါတို့ဘက်မှာ”

လောင်မာက တစ်စုံတစ်ခု တွေးမိသွားဟန်ဖြင့် “သူ …”

“ဘာမှမပြောနဲ့”

“ကောင်းပါပြီ” သူက ပြုံးကာ ပြောလိုက်၏။

“တခြာတစ်ခုခုများ ရှိသေးလား”

“အင်း။ အားလုံးကို ပြင်ဆင်ထားဖို့ ပြောလိုက်။ ငါ မကြာခင် အဆင့်တက်တော့မယ်”

လောင်မာက မျက်လုံးအပြူးသားဖြစ်သွားကာ “လူကြီးမင်း ဒါက အန္တရာယ်များလွန်းတယ်”

ဤနှစ်များစွာတစ်လျှောက် လူမည်မျှက အဆင့်တက်လှမ်းဖို့ ကြိုးစားခဲ့ကြသနည်း။ သို့သော်လည်း သူတို့ကို လမင်းခုနစ်စင်းက ရှာဖွေတွေ့ရှိသွားသည်။ သူတို့၏ နည်းလမ်းက ပိုမိုကောင်းမွန်နေလျှင် နေမင်းနှစ်စင်းက အမြဲလိုလို ရှာဖွေတွေ့ရှိသွားလေ့ရှိ၏။

အကယ်၍ မာတာမေတ္တယျက ရှာဖွေတွေ့ရှိသွားလျှင် အခြေအနေအပေါ်မူတည်၍ သူမက အဆင့်တက်လှမ်းခြင်းကို တားဆီးရုံမျှသာ ဖြစ်၏။ အကယ်၍ တခြားသူသာ ဖြစ်နေပါက သူတို့အတွက် ကျန်ရှိသည်က သေခြင်းတရားသာ ဖြစ်သည်။

“မဟုတ်ဘူး။ ဒါက အခွင့်အခါကောင်းပဲ။ ငါ ဒီစကားဝိုင်း အဆုံးသတ်လိုက်တာနဲ့ ငါ့ရဲ့ အခွင့်အရေးက ရောက်လာပြီဆိုတာကို ခံစားမိလိုက်တယ်”

လောင်မာက စိုးရိမ်နေဆဲဖြစ်ကာ အားကောင်းသည့် ကျင့်ကြံသူတစ်ဦး၏ အလိုလိုသိစိတ်ကို သံသယ မဖြစ်ရဲသော်လည်း လက်ရှိအခြေအနေအရ သူ့အနေဖြင့် မတတ်နိုင်ပေ။

“မင်းရဲ့ တုံ့ပြန်မှုကို ကြည့်ဦး” ဖေးလန်က ခေါင်းခါကာ ပြောလိုက်သည်။

“အဲဒီလူတွေက သက်ရှိတွေအားလုံးရဲ့ စိတ်ထဲမှာ အကြောက်တရားကို ထည့်သွင်းပေးထားတာ။ တစ်စုံတစ်ယောက်က ရပ်တည်ပြီးတော့ မျှော်လင့်ချက် ရှိသေးတယ်ဆိုတာကို ပြသရမယ်။ ငါ ကျရှုံးသွားတယ်ဆိုရင်တောင် ငါက အနိုင်ရလိမ့်မယ်”

“လူကြီးမင်း သဘောအတိုင်းပါပဲ” လောင်မာက ဦးညွှတ်ကာ ပြောလိုက်သည်။ ထိုစကားဝိုင်းက အဆုံးသတ်သွားပြီး ဖေးလန်က အခန်းအတွင်း တိတ်တဆိတ် ရပ်နေမိ၏။ သူက သူရဲကောင်း တစ်ယောက် မဟုတ်ပေ။ သူ ဤတော်လှန်ရေးကို စတင်ခဲ့သည်က ထိုသူများထံ ဦးညွှတ်ဖို့ ငြင်းဆန်ခဲ့၍သာ ဖြစ်၏။

သူ့အနေနှင့် ထိုအရာက အန္တရာယ်ကြီးသော်လည်း ဂုဏ်သတင်း၊ ကျော်ကြားမှုနှင့် အာဏာအတွက် အခွင့်အရေးကိုပါ မြင်နေ၍ ဖြစ်သည်။ ထို့ကြောင့် သူ့အပြုအမူများက လူများစွာထံ အမှန်တကယ် မျှော်လင့်ချက်ကို ယူဆောင်ပေးလာခြင်း မဟုတ်ပေ။

တကယ်လို့ ငါ စံပြဖြစ်လာတာသာ အောင်မြင်တယ်ဆိုရင် အစစ်အမှန်ကောင်းကင်တာအိုက ငါ့ကို ကုသိုလ်အမြောက်အများ ချီးမြှင့်လာမှာပဲ…

ကမ္ဘာက အမှောင်ခေတ်အတွင်း ရောက်ရှိနေသည့်အတွက် တစ်စုံတစ်ယောက်က လူများအား မျှော်လင့်ချက်နှင့် သူတို့ကို လှုံ့ဆော်ပေးနိုင်သူ တစ်ယောက် လိုအပ်ပေသည်။

တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အနေအထားအတွက် ငါ လွတ်မြောက်ပြီး ရှင်သန်ဖို့အတွက်ပါ ပြင်ဆင်ထားသင့်တယ်…

ယခုကား သူအဆင့်တက်လှမ်းဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်၏။ ကပ်ပါး ၈ယောက်ထဲမှ တစ်ယောက်က ပျောက်ဆုံးသွားလေသည်။ ကြည့်ရသည်မှာ ဤကပ်ဘေးမှ ရှောင်ရှားဖို့ရာ ထွက်ပြေးသွားဟန်ပေါ်၏။ ကျန်ရှိနေသည့်သူများကမူ တခြားသော ဟွင်သွမ်းကမ္ဘာမှ ကျူးကျော်မှုများကို ဆက်လက် တိုက်ခိုက်နေရသည်။

နယ်ခြားကမ္ဘာက ငါတို့ကို ဘာလို့ ရုတ်တရက် တိုက်ခိုက်လာတယ်ဆိုတာကို မသိသေးပေမဲ့ ငါ့အတွက် အရေးမကြီးဘူး။ တစ်ခုတည်းသော ပြဿနာက အဲဒီနှစ်ယောက်ပဲ…

သူ့သုံးသပ်ချက်အရ နေမင်းနှစ်စင်းကြားတွင် ကွဲလွဲချက်ကြီးတစ်ခု ရှိလာခဲ့သည်။ ထိုမတိုင်ခင်က သူတို့သည် ပဋိပက္ခ ရှိနေသော်လည်း အချိန်အတော်ကြာ အလုပ်တွဲလုပ်ကိုင်ခဲ့သေး၏။ သို့သော် ယခုတွင် သူတို့က ရန်သူအဖြစ် ပြောင်းလဲသွားဟန်ပေါ်သည်။

ဒီနေမင်းနှစ်စင်းက တကယ်ကို ပြဿနာပဲ။ ဒါပေမဲ့ ငါ့အလိုလိုသိစိတ်က ဉာဏ်အလင်းပွင့်မဲ့ အခွင့်အရေး ရောက်လာတော့မယ်ဆိုတာကို ပြောနေတယ်။ သူတို့နဲ့ ပတ်သက်ပြီးတစ်ခုခုများ ဖြစ်သွားတာလား…

ဖေးလန်က သတင်းအချက်အလက်ကို ထပ်မံ ကောက်ချက်ချ၍ မရတော့ပေ။ ထို့ကြောင့် သူက စောင့်ဆိုင်းနေရုံမျှသာ တတ်နိုင်တော့၏။ ထို့ကြောင့် သူက နောက်ထပ် အလုပ်တစ်ခုကို အာရုံစိုက်ထားလိုက်သည်။ သူက ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ကာ တစ်စုံတစ်ယောက်ဆီ သတင်းစကား ပို့ဆောင်လိုက်၏။

သူမက ဒီသတင်းကို စိတ်ဝင်စားလောက်တယ်…

ဖေးလန်က ကမ္ဘာပေါ်ရှိ အလှဆုံးမိန်းကလေးအား စကားပြောဖို့ အကြောင်းပြချက်အနေနှင့် ဆက်သွယ်ခဲ့သည်ကို ငြင်းဆန်နေသည်။

သူမက တကယ်ကြီး ပြန်ဖြေလာတယ်လား…

သူက ပြုံးကာ တွေးလိုက်သည်။ သူ့ အလောင်းကစားက အလုပ်ဖြစ်သွားမှန်း သိလိုက်၏။ သို့သော်လည်း သူက တစ်စုံတစ်ခု ခံစားမိဖို့ သိပ်မကြာမြင့်လိုက်ပေ။ သူ့အကြည့်က နံရံများကို ထိုးဖောက်သွားပြီး ကောင်းကင်ဆီ ကျရောက်သွားသည်။

“ဒါက …”

သူက အမတ်ချုပ်အသွင် ပြောင်းလဲကာ အခန်းအတွင်းမှ ထွက်လာလိုက်သည်။

………………………………………..

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ အလင်းမဲ့အမှန်တရား

အန္တိမသဟဇာတက မျက်လုံးပွင့်လာပြီး ပတ်ဝန်းကျင်က အနည်းငယ် တုန်ယင်သွားသည်။ သူက ဝမ်ဝေ့နှင့် ဖေးလန်တို့ ကြားမှ စကားဝိုင်းကို စောင့်ကြည့်နေခဲ့၏။

ပိုးမွှားနှစ်ကောင်တွေ့ပြီးတော့ ပိုကြီးတဲ့ ပိုးကောင်ဖြစ်လာတာပဲ…

သူက တွေးလိုက်မိသည်။ သူ့အေးစက်သည့် အကြည့်များက အမြဲတမ်းလိုလို မထူးမခြားနားဘဲ ဖြစ်နေလေ၏။ သူ့ခန္ဓာကိုယ်မှ ကြောက်ဖို့ကောင်းသည့် သတ်ဖြတ်ငွေ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ အကယ်၍ သူ့တိုက်ခိုက်လိုစိတ်ကို တားဆီးထားသည့် နောက်ထပ်စွမ်းအားတစ်ခုကြောင့်သာ မဟုတ်လျှင် ကမ္ဘာသန်းချီကာ ပျက်သုဉ်းသွားလိမ့်မည်။

အန္တိမသဟဇာတက စိတ်အခြေအနေဆိုးရွားနေစဉ် မေတ္တယျက ပြုံးနေမိသည်။

သူမ အလေးထားရသည့် လူနှစ်ဦးက တွေ့ဆုံသွားပြီဖြစ်ကာ ဤခေတ်ကာလ၏ ပျက်စီးမှုကို ကြံစည်နေကြသည်။

သူမက စကားဝိုင်းတစ်ခုလုံးကို ကြည့်နေပြီး ဖေးလန်နှင့် လောင်မာတို့ ပြောသည့် စကားဝိုင်းများပင် အပါအဝင် ဖြစ်၏။

ငါ မင်းကို ကာကွယ်ပေးရတာ အလကား မဖြစ်ဘူးပဲ…

သူမက တွေးလိုက်မိသည်။ သူမ၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် အန္တိမသဟဇာတ သို့မဟုတ် သူ့လက်အောက်ခံများက မြေကမ္ဘာဧကရာဇ်ကို ဖေးလန်၏ ဇစ်မြစ်အကြောင်း သတိပေးပြီးလောက်လေပြီ။

စစ်တုရင်ခုံကတော့ ပြင်ဆင်ပြီးသွားပြီ။ အခု ငါ့ဆီမှာ အရေးသာချက်ရှိနေတယ် ထင်ရပေမဲ့ အန္တိမသဟဇာတက သူ့ရဲ့ဝှက်ဖဲကို ထုတ်မပြသေးဘူး…

သူမက သုံးသပ်လိုက်သည်။ သူမက သူမ လုပ်ခဲ့သမျှအရာအားလုံးကို ပြန်လည်သုံးသပ်ပြီး အဆုံးမဲ့ဖြစ်နိုင်ချေအားလုံးကို တွက်ချက်ကြည့်လိုက်သည်။

ဒီလက်ရှိအခြေအနေမှာ ငါ လုပ်နိုင်တဲ့ အကောင်းဆုံးလှုပ်ရှားမှုက ဘာဖြစ်မလဲ…

သူမက ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်နေရင်း အဖြေရလိုက်သည်။

ကစားပွဲကနေ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ဖယ်ရှားပစ်ဖို့ပဲ။ ဒါက ကိစ္စတွေအကုန်လုံးကို ချောမွေ့သွားစေမဲ့ အကောင်းဆုံးနည်းလမ်းပဲ။

မေတ္တယျက အချိန်ဖြုန်းမနေဘဲ ထရပ်လိုက်သည်။ ထို့နောက် သူမ၏ အရှိန်အဝါကို ထုတ်လွှတ်လာ၏။

“ဒါက ဘာအဓိပ္ပာယ်လဲ” အန္တိမသဟဇာတက မေးလိုက်သည်။

“ကျွန်မကို သင်ကြားပေးပါဦး” သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီး လက်နှစ်ဖက်ပူးကာ သစ်သားပုတီးကို ကိုင်ဆောင်ထားသည်။

အန္တိမသဟဇာတက သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်၏။ ထိုသူများကို အခွင့်အရေးပေးဖို့ သူ့ကို စင်မြင့်ထက်မှ ဖယ်ရှားလိုခြင်း ဖြစ်သည်။

ကံဆိုးစွာဖြင့် သူက သူမ၏ စိန်ခေါ်မှုကို လက်ခံရုံမှအပ ရွေးချယ်စရာ မရှိပေ။

သူမက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို သူ့လောက် ဂရုမစိုက်ပေ။ အကယ်၍ သူမသာ ရွေးချယ်မှုရှိပါက သူ့ကို အနိုင်ယူဖို့အတွက် ဟွင်သွမ်းကမ္ဘာတစ်ခုလုံးကို အားနည်းအောင် လုပ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော် သူကမူ ထိုစွန့်စားမှုမျိုးကို မပြုရဲပေ။

“မင်းက အလင်းမဲ့အမှန်တရားအကြောင်းကို ဂရုမစိုက်တော့ဘူးလား”

“အလင်းမဲ့အမှန်တရားက ကျွန်မတို့အဆင့်ထက် ကျော်လွန်နေတယ်ဆိုတာ ရှင်ရော ကျွန်မရော သိကြတာပဲ” သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ပြီးတော့ အလင်းမဲ့အမှန်တရားက အဆိုးရွားကြီးလည်း မဟုတ်ပါဘူး”

“ကောင်းပြီလေ” အန္တိမသဟဇာတက ထရပ်လိုက်သည်။ သူက ဤရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက ပြင်ဆင်ထားခဲ့သည်။ သူက စစ်တုရင်ကစားပွဲကို ရှုံးနိမ့်လိမ့်မည်ဟု အာမခံထားခြင်း မရှိပေ။ သူက ပျောက်ကွယ်မသွားခင် ကမ္ဘာကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။

မေတ္တယျက သူ့နောက်မှ လိုက်ပါသွားခဲ့သည်။ နှစ်ဦးသားက ဒဏ္ဍာရီလာတိုက်ပွဲကို စတင်တော့မည် ဖြစ်၏။ သူတို့စတင်တိုက်ခိုက်သည့်အခါ ဤတိုက်ပွဲကွင်းပြင်ထံ ကြောက်စရာကောင်းသည့် အကြည့်များစွာ ကျရောက်လာသည်။ သူတို့ထဲမှ အားအနည်းဆုံးက ထိုသူနှစ်ဦးနှင့်ပင် ယှဉ်နိုင်လေ၏။တချို့သော လေ့လာသူများက သူတို့ပင် ကြည့်နေမှန်း သတိမထားမိလောက်သည့် သက်ရှိမျိုး ဖြစ်သည်။

………………………………………..

မူလစည်းတံဆိပ်ကုန်းမြေ

ဝူဟုန်က ဓားဧကရီနားတွင် ပေါ်ထွက်လာသည်။

“သူမ သွားပြီ”

“အင်း” ဓားဧကရီက ပြန်ဖြေလိုက်သည်။

“သူမကို စိုးရိမ်နေတာလား”

“စိုးရိမ်နေတာက ဘာမှလုပ်လို့ မရဘူးလေ”

“အင်း မင်း ပြောတာလည်း ဟုတ်တာပဲ”

“အခု ဘာဆက်လုပ်မှာလဲ”

“သူတို့ကို အသက်ပြန်သွင်းမယ်”

“အဲဒါက အကြံကောင်းဆိုတာ သေချာရဲ့လား” ဝူဟုန်က မေးလိုက်သည်။

“အန္တိမသဟဇာတက သူတို့တွေ ပြန်ရောက်လာတာကို အမြဲတမ်း တားဆီးနေခဲ့တာက သူတို့ရဲ့ အောက်ခြေစည်းမျဉ်းပဲ”

“မင်း ပြောတာမှန်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက ငါ ကြိုးစားတာကို မတားဆီးနိုင်ဘူး”

“ကောင်းပြီလေ။ တကယ်လို့ သိုသိုသိပ်သိပ်နေဖို့ လိုတယ်ဆိုရင် ဂိုဏ်းကို မပြန်သေးတာ အကောင်းဆုံးပဲ”

“ငါလည်း အဲ့လိုစီစဉ်ထားတာ” ဓားဧကရီက ခေါင်းညိတ်ကာ ပြောလိုက်၏။ ထို့နောက် သူမက အဝေးတစ်နေရာကို ကြည့်ကာ ပြောလိုက်သည်။

“ငါ နယ်ခြားကျူးကျော်မှုတွေအကြောင်း စိုးရိမ်နေတုန်းပဲ”

နယ်ခြားများက သူတို့၏ ကမ္ဘာကို ကျူးကျော်လာပြီး ဖရိုဖရဲဖြစ်စေသည်ကို မည်သည့်ကျင့်ကြံသူကမှ သဘောမကျကြပေ။ ထို့ကြောင့် ဤလက်ရှိအခြေအနေဖြစ်နေသော်လည်း သူမက ကမ္ဘာ၏ အခြေအနေကို စိုးရိမ်နေဆဲ ဖြစ်၏။

“ကျူးကျော်မှုကသာ အောင်မြင်သွားရင် အခြေအနေက ပိုပြီးတော့ရှုပ်ထွေးလာလိမ့်မယ်” ဝူဟုန်က သုံးသပ်လိုက်သည်။

“အခုတော့ သူတို့တိုက်ပွဲရဲ့ သတင်းက လျှို့ဝှက်ချက် ဖြစ်နေဦးမှာ။ ဒါပေမဲ့ အဲဒါပါ ဆက်သွားရင် သူတို့က စမ်းသပ်မနေတော့ဘဲနဲ့ သူတို့ရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေကို စေလွှတ်လိုက်လိမ့်မယ်”

“သဘောတရားအရပြောရရင် အန္တိမသဟဇာတက အဲဒီလူတွေကို သူ့ပိုင်နက်အတွင်း ဝင်ရောက်စွက်ဖက်ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူသာ ချောင်ပိတ်ခံရရင် ဘာလုပ်မယ်ဆိုတာကို ဘယ်သူကများ သိမှာလဲ”

“သူက ရည်မှန်းချက်ကြီးတယ်” ဝူဟုန်က ဆက်ပြောလိုက်သည်။

“သူ့ပြဿနာကို ဖြေရှင်းပြီးတာနဲ့ နောက်တဆင့်က တခြားဟွင်သွမ်းအရင်းအမြစ်ကမ္ဘာက အစစ်အမှန်ကောင်းကင်တာအိုတွေကို ဝါးမျိုဖို့ပဲ။ အဲဒါဆိုတော့ ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ သူက အဲဒီကျူးကျော်တဲ့သူတွေကို နယ်ရုပ်အဖြစ်နဲ့တောင် သုံးချင်သုံးလာမှာ”

“အဲဒါက ဖြစ်နိုင်ရဲ့လား”

“သူ့ရဲ့ ထူးကဲသာလွန်မှုနည်းလမ်းရဲ့ ကန့်သတ်ချက်က မသိရသေးဘူးလေ။ ဖြစ်နိုင်ချေအနည်းငယ် ရှိနေသရွေ့ ပြင်ဆင်ထားသင့်တယ်”

ဓားဧကရီ ညည်းတွာလိုက်၏။

“ငါတို့အနေနဲ့ ထူးကဲသာလွန်မှုလမ်းစဉ်ကို ဖွင့်လှစ်တာ မှန်ကန်ရဲ့လား”

“ကျွန်မတို့ မဖွင့်ရင်တောင် တစ်စုံတစ်ယောက်ကတော့ ဖွင့်မှာပဲ”

All Chapters