← Chapters

မောင်ပိုင်စီးခြင်း

Vol. 82 Ch. 1135

မောင်ပိုင်စီးခြင်း

Vol. 82 Ch. 1135

အနက်ရောင်ငါးလေး ထိုကဲ့သို့ ကျိန်ဆဲနေစဉ် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေ၏။ သူသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဧရာမဝဲကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေပြီဖြစ်သည်။

သို့သော် ယခုအကြိမ်မှာ ယခင်အကြိမ်များတုန်းကလောက် လွယ်ကူမည်တော့မဟုတ်ပေ။ ဝမ်ပေါင်လဲ့ မြင်နေရသည့် ဧရာမဝဲကြီးကဲ့သို့သော ဝဲများမှာ ဤ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲတွင် များများစားစားမရှိပေ။ ၎င်းတို့မှာ အဆုံးမဲ့မျိုးနွယ်စု၏ နတ်ဘုရင်များ သေဆုံးသွားရာမှ ပေါ်ပေါက်လာကြသည့် ဝဲများမဟုတ်ပါလော။ ချန်ရှင်းအား သတ်ဖြတ်နိုင်ရန် ကြိုးစားခဲ့ကြသည့် နတ်ဘုရင်များထဲတွင် လခြမ်းဧကရာဇ်ကြီး၏ လက်အောက်ရှိ နတ်ဘုရင် ဆယ့်ခုနစ်ပါးသာ ပါဝင်ပေသည်။

သို့ဖြစ်ရာ ဤ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲတွင် ထိုကဲ့သို့သော ဧရာမ ဝဲကြီးများမှာ အများဆုံး ဆယ့်ခုနစ်ခုအထိသာ ရှိနိုင်ပေသည်။ တစ်ချိန်ထဲမှာပင် ၎င်းတို့၏ အရေအတွက်မှာ နည်းပါလွန်းလှသောကြောင့် ၎င်းတို့ထဲသို့ ဝင်ရောက်ကာ အခွင့်အရေးများ ရယူနိုင်မည့် ကျင့်ကြံသူများမှာလည်း အင်အားကြီးအဖွဲ့အစည်း အသီးသီးမှ ထိပ်သီးအဆင့် ပါရမီရှင်များသာ ဖြစ်နေကြမည်ဖြစ်သည်။

ထို အဖွဲ့အစည်းများထဲမှ ရောက်ရှိလာခဲ့ကြသည့် ကျင့်ကြံသူများမှာ ပထမအဆင့် ပါရမီရှင်များ မဟုတ်ဘဲ ဒုတိယအဆင့် ပါရမီရှင်များသာ ဖြစ်နေကြသည့်တိုင်အောင် သူတို့မှာ ပထမအဆင့်နှင့် မတိမ်းမယိမ်းအနေအထားတွင် ရှိနေကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့ ထိုနေရာသို့ ရောက်ရှိလာသည်နှင့် ဧရာမဝဲကြီးထဲတွင် ရှိနေကြသည့် လူရှစ်ယောက်မှာ တစ်ပြိုင်နက်တည်း မျက်လုံးများပွင့်လာကြ၏။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် နှောင့်ယှက်နေကြခြင်းမရှိဘဲ ဝဲကြီးကိုသာ စုပ်ယူနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ထို ရှစ်ယောက်ထဲတွင် နှစ်ယောက်မှာ အဆုံးမဲ့မျိုးနွယ်စုမှ ဖြစ်ပြီး အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ အသက်ငယ်ရွယ်ကြပြီး နဖူးပေါ်တွင် မီးတောက်အမှတ်အသားတစ်ခုစီ ရှိနေ၏။ သူတို့မှာ မျက်လုံးများပွင့်လာကြသည်နှင့် နတ်ဘုရားစွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့အပြင် ဧရာမ လိပ်ကြီးတစ်ကောင်လည်း ရှိနေသေးသည်။ ထို လိပ်ကြီးမှာ ဧရာမဝဲကြီး၏ အလယ်တွင် လဲလျောင်းနေပြီး အသက်ရှူလေ့ကျင့်ခန်းများ လုပ်နေ၏။ ထို လိပ်ကြီး မျက်လုံးများပွင့်လာသောအခါ ၎င်း၏ သူငယ်အိမ်များမှာ မြွေတစ်ကောင်၏ သူငယ်အိမ်များကဲ့သို့ အေးတိအေးစက်နှင့် အသက်မဲ့နေသည်ကို မြင်လိုက်ရသည်။

အခြားကျင့်ကြံသူ ငါးယောက်ထဲမှ သုံးယောက်မှာ အမျိုးသားများ ဖြစ်ကြပြီး နှစ်ယောက်မှာ အမျိုးသမီးများဖြစ်ကြသည်။ သူတို့ထဲမှ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်မှာ တန်ဖိုးကြီး ဝတ်ရုံများကို ဆင်မြန်းထားကြ၏။ သူတို့မှာ လူများနှင့် တူပါသော်လည်း နောက်ကျောတွင် တောင်ပံများပေါက်နေကြသည်။ တစ်ယောက်မှာ အမွေးအတောင် စုံလင်သော တောင်ပံများကို ပိုင်ဆိုင်ထားပြီး အခြားတစ်ယောက်မှာ အနက်ရောင်မြူခိုးတောင်ပံများကို ပိုင်ဆိုင်ထား၏။ နောက်ဆုံးတစ်ယောက်၏ တောင်ပံများမှာမူ လင်းနို့တစ်ကောင်၏ တောင်ပံများနှင့် ဆင်တူ၏။ သူတို့သုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် မတူကြသည့်တိုင်အောင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ပိုင်ဆိုင်ထားကြဆဲပင်။

နောက်ဆုံးကျန်သည့် အမျိုးသားနှင့် အမျိုးသမီးတို့မှာ ပို၍ပင် တမူထူးခြား၏။ အမျိုးသမီး ကျင့်ကြံသူမှာ ခေါင်းပေါ်တွင် အဖြူရောင်ဦးချိုများ ပေါက်နေသည်။ သူမသည် ရင်သပ်ရှုမောဖွယ်ရာကောင်းလောက်အောင် ချောမောလှပပြီး သေးသွယ်နွဲ့ပျောင်းသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထား၏။ သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ရွှေရောင်အကြေးခွံတစ်ခု ရှိနေသည်။

အမျိုးသားကျင့်ကြံသူမှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား ပိုင်ဆိုင်ထားပြီး အများနှင့် မတူလောက်အောင် ရုပ်ရည်ချောမော၏။ သို့သော် သူ၏ ခန္ဓာကိုယ်အောက်ပိုင်တွင်မူ အကျိအချွဲများနှင့် ဘုလုံးများ ဖုံးလွှမ်းထားသည့် မရေမတွက်နိုင်လောက်အောင် များပြားသော လက်တံများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့မှာ အလွန်အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းလှပေသည်။ သူသည် အလှတရားနှင့် ရုပ်ဆိုးအကျည်းတန်မှုများ အတူတကွ ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေသောကြောင့် သူ့အား မြင်လိုက်ရသူတိုင်းမှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရမည်သာဖြစ်သည်။

ယခုတွင် ထို ရှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။ သူတို့ထဲမှ ဝမ်ပေါင်လဲ့နှင့် အနီးဆုံးတွင်ရှိနေသည့် နောက်ကျောတွင် တောင်ပံများပေါက်နေသော လူငယ်လေးမှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး လှမ်းပြောလိုက်သည်။

" လစ်လိုက်တော့ "

" သွားသေလိုက်ပါလား " အမွေးအတောင်စုံလင်သော တောင်ပံများကို ပိုင်ဆိုင်ထားသည့် လူငယ်လေး ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ မိုးခြိမ်းသံကဲ့သို့သော အသံကြီးဖြင့် အော်ပြောလိုက်၏။ ထို့ကြောင့် အာကာသကောင်းကင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရသည်။ ထို လူငယ်လေးမှာမူ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး မတ်တတ်ထလာရန် ပြင်လိုက်၏။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာနေသောကြောင့် ဟင်းလင်းပြင်ကြီးထဲ၌ ပေါက်ကွဲသံများပင် ထွက်ပေါ်လာ၏။ ခဏအကြာတွင် သူသည် ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် တောင်ပံပေါက်နေသည့် လူငယ်လေး၏ ရှေ့တည့်တည့်တွင် ပြန်လည်ပေါ်ပေါက်လာပြီး လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။

ထို လူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ လက်သီးချက်အား ခုခံနိုင်ရန် သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်၏။ ထိုအခါ သူ၏ နှောင်းပိုင်း ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ နောက်တွင်ရှိနေသည့် တောင်ပံများမှာလည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး ဝမ်ပေါင်လဲ့၏ လက်သီးချက်အား တားဆီးနိုင်ရန် ကြိုးစားလိုက်သည်။

ထို့ကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ တောင်ပံနှင့်လူငယ်လေးမှာ တမူထူးခြားသည့် ပါရမီများနှင့် အပြင်ခန္ဓာကိုယ်စွမ်းအားများကို ပိုင်ဆိုင်ထားသည့်ပုံပင်။ သူသည် ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြောင့် ပေါက်ကွဲသွားခြင်းမရှိဘဲ ၎င်း၏ စွမ်းအားများကို ခြေဖျက်နိုင်ရန် ကြိုးစားနေသည့်အလား တစ်ကိုယ်လုံး တုန်ရီသွားသည်။

သို့သော် တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ ညာဘက်ခြေထောက်မှာ လေပေါ်သို့ မြောက်တက်လာ၏။ ၎င်းမှာ သူ၏ လက်သီးချက်ထက် ပို၍ပင် မြန်ဆန်နေပြီး အစွမ်းပိုထက်နေသဖြင့် ဟင်းလင်းပြင်ကြီးကိုပင် အက်ကွဲသွားစေနိုင်စွမ်း ရှိနေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ ထိုခြေထောက်ဖြင့် တောင်ပံနှင့် လူငယ်လေး၏ ပေါင်ကြားသို့ လှမ်းကန်လိုက်၏။

ထို ကန်ချက်မှာ မည်သူမှ သတိမထားမိနိုင်လောက်အောင် မြန်ဆန်လွန်းနေသည်။ တောင်ပံနှင့် လူငယ်လေးမှာမူ ထိုကဲ့သို့ အကန်ခံလိုက်ရသည်နှင့် မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် သူသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားတော့သည်။

" ငါက ငှက်မွေးစိမ်းတာအိုဂိုဏ်းက ရှန့်ယွီကျိကွ။ မင်းက ဘယ်သူလဲ။ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့ "

အခြား ကျင့်ကြံသူ ခုနစ်ယောက်မှာ တောင်ပံနှင့် လူငယ်လေး နောက်သို့ တွန်းထုတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာများ တည်ကြည်သွားကြ၏။ သူတို့ထဲမှ လေးယောက် ငါးယောက်မှာဆိုလျှင် မတ်တတ်ထလာကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများမှာလည်း ပျံ့လွင့်လာကြသည်။

" ဟင် " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင်မူ အံ့အားသင့်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူ ထိုကန်ချက်အား အသုံးမပြုခဲ့သည်မှာ အတော်အတန် ကြာမြင့်နေပြီဖြစ်ပါသော်လည်း ယခင်တုန်းက ခဏခဏ အသုံးပြုခဲ့ဖူးသည်ဖြစ်ရာ ၎င်းအား အသုံးပြုရာမှ ပေါ်ပေါက်လာသည့် ခံစားချက်အား ကျင့်သားရနေပြီးသား ဖြစ်သည်။ ယခုတွင်မူ သူ၏ ကန်ချက်ကြောင့် ထိုလူငယ်လေးမှာ အပြင်းအထန် ဒဏ်ရာရသွားသည့်ပုံ ပေါ်ပါသော်လည်း သူသည် တစ်ခုခုမှာ လွဲနေသည်ဟု ခံစားလိုက်ရ၏။

" ဒီကောင့်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ပုံမှန်မဟုတ်ဘူးပဲ "

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ အတွေးလွန်နေခြင်းမရှိဘဲ ရှေ့သို့ ထပ်၍ ပြေးထွက်သွားလိုက်ပြီး အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် အော်ပြောလိုက်၏။

" ရှန့်ယွီကျိ။ မင်းက ငါ့ရဲ့ အဖိုးတန်ရတနာကို ခိုးယူဖို့ ကြိုးစားခဲ့တာလေ။ ဒါပေမဲ့ အဲဒီတုန်းက ငါ သေမသွားခဲ့တဲ့အပြင် အထူးအခွင့်အရေးကြီး တစ်ခုကိုပါ ရှာတွေ့ခဲ့တာကို မင်း မသိဘူးမလား။ အခု ဒီနေရာမှာ ငါတို့တွေ ပြန်ဆုံပြီဆိုတော့ ငါ မင်းရဲ့ ရတနာကို ပြန်ပြီးတော့ လုယူပြမယ်။ မင်းကိုလည်း ရိုက်နှက်ကန်ကျောက်ပြီး ဆုံးမပြမယ် " ဝမ်ပေါင်လဲ့ ထိုသို့အော်ပြောလိုက်သည်နှင့် မကြာသေးမီတုန်းက မတ်တတ်ထလာကြပြီး ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ရန်ပြင်နေကြသည့် ပါရမီရှင်များမှာ ရပ်တန့်သွားကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြပြီး ရှန့်ယွီကျိအား စိုက်ကြည့်လိုက်ကြသည်။ သူတို့မှာ အောက်သို့ ပြန်ထိုင်သွားကြခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့အား ချက်ချင်း မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။

" ငါက မင်းရဲ့ အဖိုးတန်ရတနာကို ခိုးယူခဲ့တာ ဟုတ်လား " ရှန့်ယွီကျိမှာမူ အံ့အားသင့်သွားရ၏။ သူသည် ထိုကဲ့သို့ အခြားသူများ၏ ရတနာများကို ကြိမ်ဖန်များစွာ ခိုးယူခဲ့ဖူးပေသည်။ ထို့ကြောင့်လည်း ယခုတွင် သူသည် ဝမ်ပေါင်လဲ့အား မမှတ်မိသည့်တိုင်အောင် သူ ခိုးယူးဖူးခဲ့သည့် ရတနာများကို ပြန်၍ စဉ်းစားကြည့်လိုက်ဆဲပင်။

သူ ထိုသို့ စဉ်းစားရင်း နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေစဉ် ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်၍ ပြေးလာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ အနီးသို့ ရောက်သွားသည်နှင့် နောက်ထပ် လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။ ထိုသို့ဖြင့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်မှာ ဝဲကြီးထဲ၌ တိုက်ခိုက်နေကြတော့သည်။ ခဏအကြာတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ရှန့်ယွီကျိမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည့်အထိ ရိုက်နှက်ကန်ကျောက်ခံလိုက်ရ၏။ သူသည် မကျေမချမ်းဖြစ်နေပြီး အသံကုန်အော်ဟစ်၍ ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်ပါသော်လည်း အချည်းနှီးပင်။ ဝမ်ပေါင်လဲ့မှာ သူ့အား အပြည့်အဝ ဖိနှိပ်ချုပ်တည်းထား၏။

ထိုသို့ဖြင့် သူတို့နှစ်ယောက် အဆုံးမဲ့မျိုးနွယ်စုမှ ကျင့်ကြံသူနှစ်ယောက် ရှိနေသည့် နေရာသို့ ရောက်သွားချိန်တွင် ရှန့်ယွီကျိမှာ အလောတကြီး ဆိုလိုက်၏။

" ငါ ငါ့ရဲ့ အင်မော်တယ်ငှက်မွေးအရည် ဆယ်စက် ပေးပါ့မယ်။ တာအိုရောင်းရင်းတို့။ ကျေးဇူးပြုပြီးတော့ ဒီကောင့်ကို ဖိနှိပ်ချုပ်တည်းပေးကြပါ။ ဒီ အရူးကောင်က ဦးနှောက်တစ်ခန်းလွတ်နေတာ သေချာတယ် "

လူတိုင်းမှာ ရှန့်ယွီကျိ၏ စကားကိုကြားလိုက်ရသောအခါ အမူအရာများ ပြောင်းလဲသွား၏။ သို့သော် အမြန်ဆုံး လှုပ်ရှားလိုက်သည့်သူမှာ သူ၏ ဘေးတွင်ရှိနေသော အဆုံးမဲ့မျိုးနွယ်စုဝင် လူငယ်လေးဖြစ်ပေသည်။ သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး အော်ပြောလိုက်၏။

" နောက်မှရောက်လာတဲ့ကောင်။ အခုချက်ချင်းထွက်သွားစမ်း။ ထွက်မသွားဘူးဆိုရင် ငါ မင်းကို ဖိနှိပ်ချုပ်တည်းပစ်မယ် "

" ချီးကိုပဲ ဖိနှိပ်ချုပ်တည်းလိုက် " ဝမ်ပေါင်လဲ့မှာမူ ထို လူငယ်လေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။ သူသည် သူ၏ လက်သီးချက်ဖြင့် ရှန့်ယွီကျိအား နောက်သို့လွင့်ထွက်သွားအောင် ထိုးနှက်လိုက်ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ နတ်နွားကြီးပေါ်ပေါက်လာပြီး သူ့အား ခြိမ်းခြောက်ခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် လူငယ်လေးဆီသို့ ပြေသွားတော့သည်။

အစတွင် သူသည် လူတစ်ယောက်ကိုသာ ပစ်မှတ်ထား၍ လူတစ်ယောက်စာ နေရာတစ်ခုသာ ယူရန် စိတ်ကူးထားခြင်းဖြစ်၏။ သို့သော် ယခုတွင်မူ အခြားတစ်ယောက်မှာ သူ့အား နှောင့်ယှက်နေသည်ဖြစ်ရာ သူ့ကိုပါ နှင်ထုတ်ပစ်မှ ရတော့မည်ဖြစ်သည်။

ထိုသို့ဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာစဉ် အဆုံးမဲ့မျိုးနွယ်စုမှ လူငယ်လေးမှာ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် မန္တန်လက်ကွက်များဖော်၍ သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ သို့သော် ခဏအကြာတွင် သူ၏ အမူအရာများမှာ ပြောင်းလဲသွားသည်။ သူသည် ရုတ်တရက်ဆိုသလို နောက်သို့ ဆုတ်ခွာသွားပြီး သူ၏ ခန္ဓာကိုယ်အစစ်အား ထုတ်သုံးလိုက်၏။ သို့သော် သူ၏ ဦးခေါင်းသုံးလုံးထဲမှ တစ်လုံးနှင့် လက်သုံးဖက်မှာ ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးသွားသည်။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲ၌ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

သူ၏ ဘေးတွင်ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် အမျိုးသမီးကျင့်ကြံသူမှာလည်း မျက်ဝန်းများအရောင်လက်သွားသည်။ ထို့နောက် သူမသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရှန့်ယွီကျိနှင့် ပူးပေါင်းကာ ဝမ်ပေါင်လဲ့အား ချက်ချင်း တိုက်ခိုက်လိုက်၏။

အခြားသူများမှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီ ဖြစ်သည်။ သူတို့ထဲမှသုံးယောက်မှာ မျက်မှောင်ကြုတ်သွားကြ၏။ သူတို့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နောက်သို့ ချက်ချင်းဆုတ်ခွာသွားကြပြီး တိုက်ပွဲကြီးထဲ၌ ဝင်မပါရန် ဆုံးဖြတ်လိုက်ကြသည်။ တစ်ချိန်ထဲမှာပင် ထို တိုက်ပွဲကြီးကြောင့် သူတို့၏ အငွေ့အသက်များမှာ မတည်မငြိမ်ဖြစ်နေရသဖြင့် သူတို့မှာ ဉာဏ်အလင်းပွင့်အောင် ကြိုးစားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့်လည်း သူတို့မှာ နောက်သို့ဆုတ်ခွာ၍ ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။

သူတို့သုံးယောက်မှာ လိမ္မာပါးနပ်မှု ရှိကြသောကြောင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ဤနေရာ၌ မဖြုန်းတီးလိုကြပေ။ သို့သော် ကျန်ရစ်နေခဲ့သည့် အခြားနှစ်ယောက်မှာမူ ထိုကဲ့သို့ ထွက်ခွာသွားသည့် သုံးယောက်အား တစ်ချက် လှမ်းကြည့်လိုက်ကြပြီးနောက် လျစ်လျူရှုထားလိုက်ကြ၏။ ထို့နောက် သူတို့မှာ တင်ပျဉ်ခွေထိုင်ကာ ဉာဏ်အလင်းပွင့်အောင် ဆက်လက်ကြိုးစားနေလိုက်သည်။ သူတို့မှာ နှောင့်ယှက်မခံရသရွေ့ ထိုတိုက်ပွဲကြီးထဲ၌ ဝင်မပါမည့်ပုံပင်။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ လိပ်ကြီးဖြစ်ပြီး အခြားတစ်ယောက်မှာ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ရုပ်ဆိုးအကျည်းတန်သည့် ခန္ဓာကိုယ်အောက်ပိုင်းတို့ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူကြီးဖြစ်သည်။

ထိုသို့ဖြင့် ထစ်ချုန်းသံများ ဆက်၍ ထွက်ပေါ်လာ၏။ သို့သော် ထိုတိုက်ပွဲကြီးမှာ သိပ်မကြာလိုက်ပေ။ အသက်ရှူကြိမ် အကြိမ်သုံးဆယ် ကုန်ဆုံးသွားချိန်တွင် ရှန့်ယွီကျိမှာ အသံကုန် အော်ဟစ်မြည်တမ်းလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ နောက်တွင်ရှိနေသည့် တောင်ပံနှစ်ဖက်အား ဆွဲဖြုတ်ပစ်လိုက်သောကြောင့် သူသည် ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားရသည်။ အဆုံးမဲ့မျိုးနွယ်စုဝင်နှစ်ယောက်မှာလည်း ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး အလျင်အမြန် ထွက်ခွာသွားကြသည်သာ ဖြစ်သည်။

" ငါ့ရဲ့ အထူးအခွင့်အရေးတွေကို ခိုးယူရဲလောက်အောင် သတ္တိကောင်းနေရတယ်လို့ " ဝမ်ပေါင်လဲ့မှာ ထို သုံးယောက်အား နှင်ထုတ်လိုက်ပြီးနောက် သူတို့၏ နောက်သို့ လိုက်သွားခြင်းမရှိဘဲ အေးစက်စက်နှာမှုတ်၍ ဝဲကြီးထဲ၌ သင့်တော်သည့်နေရာတစ်ခု ရှာဖွေလိုက်ပြီး တင်ပျဉ် ခွေထိုင်ချလိုက်၏။ ကျန်ရှိနေသေးသည့် နှစ်ယောက်မှာမူ တိုက်ပွဲထဲ၌ ပါဝင်ခဲ့ခြင်းမရှိသောကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့အား နှင်မထုတ်ရန် ဆုံးဖြတ်လိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ခဏနေရင် သူတို့တွေ ထွက်သွားရမှာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ ဘေးပတ်ဝန်းကျင်မှာ မှုန်ဝါးဝါးဖြစ်သွား၏။ သို့ဖြစ်ရာ မည်သူကမှ သူ့အား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်တော့သဖြင့် သူ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားပြီးသားဖြစ်သွားသည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ကျင့်ကြံခြင်စွမ်းအားများကို လည်ပတ်သွားစေလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်၏။

ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာ အပြင်းအထန် တုန်ရီသွားသည်။ သူ၏ စုပ်ယူအားများမှာလည်း ချက်ချင်းဆိုသလိုပင် ပို၍ အားကောင်းလာ၏။ ထို စုပ်ယူအားများမှာ ဝမ်ပေါင်လဲ့အား ဗဟိုပြု၍ ဝဲကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝဲကြီးမှာ စတင်တုန်ရီလာတော့သည်။ ၎င်းထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာလည်း ဝမ်ပေါင်လဲ့၏ စုပ်ယူခြင်းကို ခံလိုက်ရသဖြင့် သူ၏ ပတ်ပတ်လည်၌ စုဝေးလာကြ၏။

ထိုမြင်ကွင်းကြောင့် လိပ်ကြီးနှင့် မတူညီသော ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးတို့မှာ မျက်လုံးများပြန်ပွင့်လာကြသည်။ သူတို့မှာ အံ့သြတုန်လှုပ်နေကြ၏။

" ဘာဖြစ်နေတာလဲဟ "

" သူ့ရဲ့ အစွမ်းအစက မဆိုးပေမဲ့ ဒီလောက်အထိ အတင့်ရဲနေစရာ မလိုပါဘူး။ တာအိုရောင်းရင်း ရွှမ်တျန်း။ ကျွန်တော်တို့တွေ အတူတူ ပူးပေါင်းပြီးတော့ သူ့ကို နှင်ထုတ်လိုက်မယ်ဆိုရင် မကောင်းဘူးလား " ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးမှာ တည်ကြည်စွာ ဆိုလိုက်သည်။

" ကောင်းပြီလေ " ထိုအခါ လိပ်ကြီးမှာလည်း မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သို့သော် ထိုအချိန်တွင် ဝဲကြီး၏ အပြင်ဘက်၌ ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်။

အစိမ်းရောင်အမျှင်အတန်း အမြောက်အမြား ပေါ်ပေါက်လာခြင်း ဖြစ်၏။ ၎င်းတို့မှာ အလွန်အင်မတန်မှ များပြားလွန်းနေပြီး ရာနှင့်ချီ၍ ရှိနေသည့်ပုံပင်။

All Chapters