← Chapters

ကင်းကောင်နဲ့မိုးကြိုးသွား.. ခုတ်လိုက်တော့

Vol. 29 Ch. 562

ကင်းကောင်နဲ့မိုးကြိုးသွား.. ခုတ်လိုက်တော့

Vol. 29 Ch. 562

ရွှေရောင်ရှေးမျောက်ဝံ၏လက်သီးများသည် ၎င်း၏ခန္ဓာကိုယ်ကို ပြင်းထန်စွာထုနှက်ကာ ၎င်း၏အညိုရောင်မျက်လုံးနှစ်လုံးသည် ချက်ချင်း သွေးနီရောင်ပြောင်းသွားလေသည်။

ပေါက်ကွဲထွက်လာသော နတ်အလင်းရောင်သည် မိုးကြိုးသွားဖြင့်ဖွဲ့စည်း ထားသော အနက်ရာင်အတောင်ပံများထပ်နေသည့်အကြားမှ ရွှေရောင်ဓား သွားနှစ်ချောင်းနှင့်တူသည်။ ၎င်းသည် ကြီးမားသောစွမ်းအင်နှင့် ပြင်းထန်သည့် တိုက်ခိုက်ရေးဓားနှစ်ချောင်းကို ပေါင်းစပ်ထားကာ ပေထင်းဟွမ်၏ ဓားပျော့ကို ဟန့်တား၍ သူမ၏စိတ်စွမ်းအားကို လွှမ်းခြုံထား၏။

၎င်းသည် မကြုံစဖူးပင်။ မည်သူမှ ထင်မထားကြပေ။ ပေထင်းဟွမ်၏ ရည်ရွယချက်ကိုကြည့်ပြီး အားလုံးသည် ပါးစပ်များပင် မပိတ်နိုင်ကြပေ။ သူတို့ ၏ မျက်လုံးများသည် ထွက်ကျမတတ်ပင်။ အားလုံးသည် သူမအား စိတ်လှုပ် ရှားစွာဖြင့်ကြည့်နေကြပြီး သူတို့ကိုယ်တိုင် စစ်မြေပြင်ထဲသို့ရောက်နေသည့် အလား ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။

ယနေ့ သူမ ပြိုလဲသွားလျှင်တောင် အကြံအစည်အောင်မြင်သရွေ့ သူမသည် ဤတိုက်ကြီး၏ အသန်မာဆုံးပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်ရန် ထိုက်တန်သည်။

ပေထင်းဟွမ်၏မျက်နှာသည် ပိုပိုပြီးဖြူဖျော့လာသည်။ ပုတီးစေ့ အရွယ်အစားရှိသောချွေးလုံးများသည် သူမမျက်နှာတွင် စီးကျလာသည်။ ဤ တိုက်ကွက်ကို ထုတ်သုံးရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် အတွေ့အကြုံမရှိဘဲ အတွေးသာရှိခဲ့သည်။ သူမသည် စိတ်စွမ်းအား နှင့် ဒြပ်စင်စွမ်းအင်တို့ကို သုံးပြီး ဓားသွားနှစ်ချောင်းနှင့် တဖြည်းဖြည်းပေါင်းစပ် ပြီး ဓားပျော့ဖြင့်ရစ်ပတ်ထားသော ရွှေရောင်အလင်းဓားသွားတို့ကို စုပေါင်း လိုက်၏။

ထိုလုပ်ငန်းစဉ်သည် ပေထင်းဟွမ်ကို လဲကျမတတ်ပင်ဖြစ်စေသည်။ သူမ တွင် သန်မာသောစိတ်ခွန်အားနှင့် အပြင်ကမ္ဘာမှစုပ်ယူထားသည့် စွမ်းအင် ဖြစ်သော ကစဥ့်ကလျားနတ်အရင်းအမြစ်တို့သာမရှိလျှင် စခန်းတွင်ရှိနေသော လူများတွေးနေသကဲ့သို့ သူမ၏ဝိညာဉ်သိုင်းပညာကြောင့် အမှန်တကယ်ပင် ဖောက်လဲဖောက်ပြန်ဖြစ်သွားမည်ဖြစ်သည်။

ပေထင်းဟွမ်၏လက်သည် ကြမ်းတမ်းစွာတုန်ယင်လာပြီး ဓားသွားမှ ရွှေရောင်အလင်းတန်း လွင့်ထွက်လာသည်။ ၎င်းသည် ကမ္ဘာကြီးကို ပိုင်းဖြတ် နိုင်လောက်သည့်ရောင်ဝါနှင့်အတူ ထန်းယန်ကိုတိုက်ခိုက်လေသည်။

ရွှေရောင်အလင်းဓားသွားသည် မကြီးပေ။ သို့သော် ၎င်းသယ်ဆောင်ထား သော စွမ်းအင်သည် ပျံသန်းစဉ်တွင် ကျယ်လောင်သောညည်းတွားသံကို ဖြစ်ပေါ်စေသည်။ ထိုအသံသည် ထန်းယန်၏ ခြင်္သေ့မာန်ဟိန်းသံကို လွှမ်းမိုးနိုင် ခဲ့သည်။ ၎င်းသည် သေဆုံးခြင်းနတ်ဘုရား ရောက်ရှိလာသကဲ့သို့ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားကိုသယ်ဆောင်လာသည်။ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းဖြင့် တည်ဆောက်ထားသော စွမ်းအင်အတားအဆီးပင်လျှင် ထိုရောင်ဝါကို မတားဆီးနိုင်ပေ။ ၎င်းသည် စိမ့်ထွက်လာပြီး စခန်းတစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။

ထန်းယန်သည် တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူသည် စွမ်းအင် အတားအဆီးအတွင်းတွင် ပေထင်းဟွမ်၏ တိုက်ခိုက်မှုကို ခံစားရဆုံးဖြစ်သည်။ ၎င်းသည် ကြယ်ဝိညာဉ်သခင်တစ်ယောက်မှ ပြသနိုင်သည့် စွမ်းအားမျိုးမဟုတ် ပေ။ ထိပ်ဆုံးအဆင့်ဝိညာဉ်သခင်ကြီးပင် ဤတိုက်ကွက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဒီကောင်ပေထင်းဟွမ်မှာ ဘယ်လိုလုပ် ဒီလိုခွန်အားရှိနေတာလဲ။

သူသည် ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားများအားလုံးကို စုစည်းပြီး ခန္ဓာ ကိုယ်နှင့် လက်ထဲမှစီရင်ချက်လှံတံကို ဖုံးအုပ်လေသည်။ ထိုအချိန်တွင် စီရင်ချက်လှံတံသည် တောက်ပသောရွှေရောင်အလင်းတန်း ထုတ်လွှတ်လေ သည်။ ၎င်းသည် နတ်ဘုရား၏အနောက်တွင် ပျံ့နေသော ရောင်လျှံစက်ဝန်းနှင့် တူသည်။

“ကြည့်လိုက် စီရင်ချက်လှံတံရဲ့ နတ်အလင်းထွက်လာပြီ”

“အားကောင်းလိုက်တဲ့ ခုခံမှုပဲ.. ဖျက်ဆီးလို့မရဘူးလို့ ခံစားနေရတယ်”

“သခင်ကြီးပေထင်းဟွမ်ရဲ့ တိုက်ခိုက်မှုတွေကလည်း သာမန်မဟုန်ဘူး.. ဘယ်တစ်ခုက ပိုအားကောင်းမလဲမသိဘူး”

ပေထင်းဟွမ်၏တစ်ကိုယ်လုံးသည် ပင်ပန်းနေပြီဖြစ်သည်။ လက်ထဲမှ ဓားပျော့သည် တည့်တည့်တိုးဝင်သွားသည်။ ဓားသွားမှ ရွှေရောင်အလင်းသည် နေရောင်အောက်တွင် ကျလာသောမိုးစက်ကဲ့သို့ပင်။ ၎င်းသည် မြေကြီးသို့ ကျလုနီးပါးဖြစ်ချိန်တွင် အားလုံးသည် တအံ့တဩအော်မိကြသည်။ ထန်းယန် ၏ မျက်နှာမှ လှောင်ပြောင်သည့်မျက်နှာထားကို မမြင်ခင်တွင် ၎င်းသည် တဖြည်းဖြည်းနှင့် မနက်ခင်းနေအလင်းရောင်ကဲ့သို့ မြင့်တက်လာသည်။

“ကင်းကောင်နဲ့ မိုးကြိုးသွား ခုတ်လိုက်တော့”

ပေထင်းဟွမ်၏ကြည်လင်သောအသံသည် စွမ်းအင်အတားအဆီးအတွင်း ၌ပဲ့တင်ထပ်ပြီး ရွှေရောင်အလင်းဓားသွားသည် အသက်နှုတ်တော့မည့်အလား ရုတ်တရက် ထန်းယန်ဆီသို့ တည့်တည့်ပျံသွားလေသည်...

All Chapters