← Chapters

ပြီးပြည့်စုံစွာအောင်နိုင်ခြင်း.. ဘယ်သူစိန်ခေါ်ချင်လဲ

Vol. 29 Ch. 564

ပြီးပြည့်စုံစွာအောင်နိုင်ခြင်း.. ဘယ်သူစိန်ခေါ်ချင်လဲ

Vol. 29 Ch. 564

လက်မည်းကြီးသည် ရွှေရောင်နေကို ဆုပ်ကိုင်ထားသည်နှင့်တူသည်။ ရွှေရောင်သည် နတ်ဘုံကျွမ်းကျင်သူများတွင်သာရှိသောအရောင်ဖြစ်သည်။ ၎င်းသည် မကြုံစဖူးပင်။ ထိုအမှော်လက်နှင့် လွှမ်းခြုံလိုက်သောအခါ ၎င်းကို ဖျက်ဆီး၍မရတော့ပေ။ ရုန်းကန်၍ပင်မရတော့ပေ။

ထိုအခိုက်အတန့်တွင် အားလုံး၏နှလုံးများ တုန်ခါသွားကြသည်။ ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားပဲ။ ၎င်းသည် တိတ်ဆိတ်စွာ ပျံ့နှံ့သွားပြီး စီရင်ချက်လှံတံတွင်ပါရှိသော နတ်စွမ်းအားတစ်ခုလုံးကို အမှန်တကယ်ပင် ဝါးမျိုသွားခဲ့သည်။

ယန်ယဲ့၏မျက်လုံးများ ပွင့်ဟလာသည်။ ထိုအခိုက်အတန့်တွင် သေဆုံး ခြင်းအရိပ်သည် သူ့စိတ်ထဲတွင် ကာဆီးနေသည်။ အမှောင်လက်နောက်ကွယ် တွင် သွေးလရောင်ဓားသွားသည် သူ့နောက်သို့ အရိပ်တစ်ခုလိုလိုက်နေသည် ကို ရှင်းလင်းစွာမြင်နေရသည်။ အမှောင်လက်သည် နတ်စွမ်းအားကို ဖျက်ဆီး ရန်ကြိုးစားနေသည်နှင့်တူသည်။ ဤအခိုက်အတန့်တွင် သွေးလရောင်ဓားသွား သည် ရုတ်တရက် အရှိန်ပြင်းပြင်းနှင့် ထိုးဖောက်ဝင်ရောက်လာကာ အမှောင် လက်သည် မှော်သလင်းအမြောက်ကဲ့သို့ သူ့ကို တိုက်ခိုက်ခဲ့သည်။

မီးတောက်များရုတ်တရက် ထွက်လာကာ စိတ်မချမ်းမြေ့ဖွယ်ရာအော်သံ များသည် စွမ်းအင်အတားအဆီးကိုဖြတ်ပြီး စခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ် သွားလေသည်။ သူတို့ရှေ့တွင် ကြီးမားသောမီးတောက်ရှိကာ စွမ်းအင် အတားအဆီးကို ထိုးဖောက်ဖြတ်ကျော်ပြီး မိုးကောင်းကင်အား ရောင်ပြန်ဟပ် နေသည်။ အမှောင်ရွှေရောင်အလင်းပေါက်ကွဲလာပြီး ရွှေရောင်နှင့်အနက်ရောင် တို့သည် တစ်ခုနှင့်တစ်ခုတိုက်မိကြလေသည်။ မြူခိုးမည်းသည် ပေါက်ကွဲမှု အစွန်တွင် တိတ်တိတ်လေးရပ်နေသည်။

ထိုအခိုက်အတန့်တွင် စွမ်းအင်အတားအဆီး ကွဲအက်သွားပြီး လူငယ်၏ အလွန်တောက်ပသောပုံရိပ်သည် လေထဲတွင်ပေါလောပေါ်နေသည်။ မိုးကောင်းကင်ရှိကြယ်နှင့်တူသော နက်မှောင်သည့်မျက်လုံးတစ်စုံသည် မီးရှူး မီးပန်းများဖြင့် တောက်ပစွာ ပေါက်ကွဲနေသောမြင်ကွင်းကို အလွန်အေးစက်စွာ ကြည့်နေသည်။ မီးတောက်များတဖြည်းဖြည်းပျောက်ကွယ်သွားချိန်တွင် သူမ လက်ထဲမှဓားပျော့ကို အနည်းငယ်လှုပ်ခါလိုက်ရာ မြူခိုးမည်းများသည် အသိစိတ်ရှိသည့်အလား ရှောင်ဖယ်ပေးလေသည်။ ၎င်းသည် ဓားပျော့နှင့် ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေသည်။

ထန်းယန်သည် သေဆုံးသွားလေပြီ။

စီရင်ချက်လှံတံသည် ကောင်းကင်မှကျလာပြီး မြေကြီးထဲသို့ တည့်တည့် ထိုးစိုက်ဝင်သွားသည်။ ၎င်းသည် မြေကြီးကိုတုန်ခါသွားစေကာ လူအုပ်ကိုလည်း လှုပ်ခတ်သွားစေသည်။

အင်ပါယာကျောင်းတော်ရဲ့ ကောင်းကင်အဆင့် အဆင့် ၂ ကျွမ်းကျင်သူက ဒီအတိုင်းသေသွားပြီလား။

ကောင်းကင်အဆင့် အဆင့် ၁ သည် ဘယ်တော့မှပြန်ပေါ်လာမည့်ပုံ မပေါ်တော့ပေ။ အင်ပါယာကျောင်းတော်တွင် ကောင်းကင်အဆင့် အဆင့် ၁ ဖြစ်သော ထန်းယန်သည် ကျောင်းကိုတရားဝင် ‌မဝင်ရောက်သေးသူ ကျောင်းသားသစ်၏ သတ်ခြင်းကိုခံလိုက်ရလေပြီလား။

သားရဲထိန်းထန်းယန်လည်း သေဆုံးသွားလေပြီ။ စီရင်ချက်ဗိမာန်၏ သန့်စင်သောသားတော်အသစ်သည် မသေခင်တွင် လူသိရှင်ကြား တရားဝင် ကြေညာခဲ့သည်သလား။

ကျယ်လောင်သော ခေါင်းလောင်းသံနှင့် ရှေးခေတ်များဆိက အသံတစ် သံသည် ဤနေရာတွင် ပဲ့တင်ထပ်သွားလေသည်။ “သခင်ကြီးထန်းယန်ကို စိန်ခေါ်တာအောင်မြင်သွားတဲ့အတွက် သခင်ကြီးပေထင်းဟွမ်ကို ဂုဏ်ပြုပါ တယ်.. အခုကစပြီး သခင်ကြီးပေထင်းဟွမ်က ကောင်းကင်အဆင့် ဒုတိယ မြောက်အသန်မာဆုံးလူပါ.. သခင်ကြီးပေထင်းဟွမ်ရဲ့ ဝိညာဉ်အမှတ်က ၁၇,၃၇၀,၀၀၀ တက်သွားပါပြီ”

အင်ပါယာကျောင်းတော်တွင် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ ကျောင်းတော်တည်ထောင်ပြီးကတည်းကပင် ကျောင်းတော်နှင့် ပေါင်းစပ်ထား သည့် နတ်ပစ္စည်းတစ်ခုရှိသည်။ ၎င်းသည် ကောင်းကင်မျက်လုံးကဲ့သို့ ကျောင်းသားများ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး သူတို့၏ ဝိညာဉ်အမှတ် များကို မှတ်တမ်းတင်ထားသည်။

ပေထင်းဟွမ်နှင့် ထန်းယန်တို့သည် သာမန်အသေအကြေတိုက်ခိုက်ခဲ့ကြ သည်။ ထန်းယန်သေဆုံးပြီးနောက် ပေထင်းဟွမ်သည် ကောင်းကင်အဆင့် အဆင့် ၂ သို့တိုက်ရိုက် တက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျောင်းတော်မှ ဆုကြေးလည်းရရှိခဲ့သည်။ အားလုံးပေါင်း ၁၇,၃၇၀,၀၀၀ မှတ်ဖြစ်သည်။

ဝိုး..

သခင်ကြီးထန်းယန်တွင် ထိုမျှများပြားသော ဝိညာဉ်အမှတ်များရှိနေသည် မှာ အံ့ဩလောက်စရာပင်။ ယခုအခါ အားလုံးသည် ပေထင်းဟွမ်အား ရွေ့လျား နိုင်သည့် မြေတိုက်တစ်ခုသဖွယ်ကြည့်ကြလေသည်။ သူမသည် ကျောင်းသား သစ်သာဖြစ်သည်။ ဤကျောင်းသားသစ်လေ့ကျင့်ရေးတွင် အကြီးတန်း ကျောင်းသားများသည် သူမဆီမှ ဝိညာဉ်အမှတ်လုချင်ကြသည်။ သို့သော် မည်သူက လုရဲမည်နည်း။

“ကျုပ်ကို ဘယ်သူစိန်ခေါ်ရဲသေးလဲ.. အတူလာခဲ့ကြ” ပေထင်းဟွမ်၏ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် တောက်ပသွား၏။ သူမ၏ အေးစက်သော မျက်လုံးများသည် စခန်းရှိ အကြီးတန်းကျောင်းသားများဆီသို့ ဝေ့ဝဲသွာသည်။ သူမပေးသည့် ဖိအားသည် တောင်သုံးလုံးထိပ်တွင် သူတို့ကို ခေါင်းမမော့နိုင် လောက်အောင်ဖြစ်စေသည်...

All Chapters