ယန်ယဲ့ကတကယ်ပဲသားရဲထိန်းလာ
Vol. 29 Ch. 567
လျိုရွှီသည် ခေတ္တမျှမှင်တက်မိသည်။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း အကြောင်းကို ပေထင်းဟွမ်သိလိမ့်မည်ဟု သူ ထင်မထားပေ။ သို့သော် သူမ သည် ကျောင်းသားသစ်ဖြစ်ကာ ငယ်ရွယ်သေးသည်ကို သူမှတ်မိသောကြောင့် ရှင်းပြလေသည် “နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းက ပင်မနယ်မြေမှာဆိုရင် အန္တရာယ်များတဲ့နေရာတစ်ခုပဲ.. ပင်မတိုက်ကြီးမှာ ရှေးဟောင်းစစ်မြေပြင်တွေ အများကြီးရှိတဘ်လို့ပြောကြတယ်.. ပြီးတော့ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းက အကြီးဆုံးတစ်ခုပဲ.. ပထဝီမြေအနေအထားအရ အရမ်းထူးခြားတယ်.. ပတ္တမြား ကမ္ဘာက စစ်ပွဲတွေအများကြီးကို မှတ်တမ်းတိုင်နိုင်တဲ့ မှတ်ဉာဏ်ပုံဆောင်ခဲ တွေ မြေအောက်မှာအများကြိးရှိတဲ့ပုံပဲ.. ပြီးတော့ သူရဲကောင်းတွေကို မြှုပ်နှံပြီး ရတနာတွေကိုလည်း ချန်ထားခဲ့တယ်.. နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းဖွင့်တိုင်း ဝင်သွားတဲ့သူက အများကြီးရပြီး နောက်မျိုးဆက်မှာ ကျွမ်းကျင်သူဖြစ်လာ တယ်”
“စစ်ဦးစီး ဒီတစ်ခါ မင်းက ထန်းယန်ကိုနိုင်ပြီး ကျောင်းတော်ရဲ့ အဆင့် ၁၀ အတွင်းကိုဝင်သွားတာပဲ.. ကျောင်းပြိုင်ပွဲကို ဝင်ပါဖို့အခွင့်အရေးရသွားပြီ.. မင်းသာ ပါဝင်သူ ၁၀ ယောက်အတွင်းမှာပါရင် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်ဖို့အခွင့်အရေးရှိသွားပြီ” ရှန်းယန်ပို ပြောလေသည် “နတ်မိစ္ဆာဝိညာဉ်ဂူ သင်္ချိုင်းက ၁၀ နှစ်တစ်ခါဖွင့်တယ်.. အထဲမှာရတနာတွေအများကြီးရှိတယ်.. အဲထဲကတစ်ခုလောက်နဲ့ ပင်မတိုက်ကြီးကို လွှမ်းမိုးနိုင်လောက်တယ်.. စစ်ဦးစီး ကျိန်းသေပေါက်လုပ်နိုင်ရမယ်နော်”
ပေထင်းဟွမ်သည် ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိတ်လေသည် “အဲဒါကိုတော့ သံသယဝင်စရာမရှိပါဘူး.. ငါ ကျိန်းသေပေါက် တိုက်ခိုက်ယူမှာ.. ဒါပေမဲ့ အဲလောက်ကောင်းတဲ့နေရာဆိုမှတော့ ကျောင်းတော်ကလူတွေအတွက် ပဲလား.. တခြားအင်အားစုတွေလည်း ဝင်ဖို့အခွင့်အရေးရှိလား”
ပေထင်းဟွမ်သည် ဤတိုက်ကြီး၏စည်းမျဉ်းများကို မသိသည်ကို လျိုရွှီ တွေ့လိုက်ရသည်။ သူသည် အံ့ဩသွားသော်လည်း ပေထင်းမိသားစု၏ သခင်လေး ၉ သည် ငယ်စဉ်ကတည်းကပင် မြို့မှနယ်နှင်ဒဏ်ခံထားရသည်ကို ကြားဖူးခဲ့သည်။ သူသည် သူမကို ဆက်ရှင်းပြလေသည် “နတ်မိစ္ဆာဝိညာဉ်ဂူ သင်္ချိုင်းက ယန်းမြို့တော်ရဲ့ နယ်နိမိတ်ပဲ.. ပြိုင်ပွဲမှာ ဘယ်သူ ပါဝင်မလဲဆိုတာ ကို ယန်းမြို့တော်က ဆုံးဖြတ်မှာပဲ.. တခြားအင်အားစုတွေက မှတ်ချက်ပေးခွင့် မရှိဘူး.. အဲဒီနေရာက သူရဲကောင်းတွေကျဆုံးသွားပြီး အထဲမှာရတနာတွေ အများကြီးရှိပေမဲ့ ရဖို့လည်းအရမ်းအန္တရာယ်များတယ်.. အဓိကအကျိုးအမြတ် ကတော့ ဂူသင်္ချိုင်းထဲက စစ်ပွဲရည်ရွယ်ချက်ပဲ.. ဒါပေမဲ့ နတ်မိစ္ဆာဝိညာဉ်ဂူ သင်္ချိုင်းထဲကိုရောက်ရင် ပတ္တမြားကမ္ဘာရဲ့ ဖန်ဆင်းရှင်နတ်ဘုရားရဲ့ စွမ်းအင်ကို အမွေဆက်ခံဖို့ အသူရာရွှံ့နွံ့ချောက်နက်ထဲက ရွှံ့နွံသန့်စင်တဲ့မြေကို တိုက်ရိုက် ရောက်သွားမယ်လို့ ဒဏ္ဍာရီတွေရှိကြတယ်”
“အသူရာရွှံ့နွံချောက်နက်ထဲက ရွှံ့နွံသန့်စင်တဲ့မြေဟုတ်လား” ပေထင်းဟွမ်သည် သူမနှင့်ချူဖုန်းတို့ ဝိညာဉ်ခွဲချောက်အနက်ဆုံးအပိုင်းထိ ဝင်သွားခဲ့ပုံကိုတွေးမိသွားသည်။ အဝေးမှနေ၍ မြူခိုးမည်းသည် သူတို့ကို ဝန်းရံ ထားသည်။ သို့သော် ထိုနေရာမှ ခြင်္သေ့ဘုရင်လေး မွေးဖွားလာသည်ဟု အဂူး ပြောခဲ့သည်။ အထဲမှ အထွတ်အမြတ်သားရဲအများစုသည် အဂူးကဲ့သို့ အထွတ်အမြတ်သားရဲများကို ကျိန်စာတိုက်ခဲ့သည်။ “အမွေဆက်ခံမှုစွမ်းအင် ဟုတ်လား.. အဲဒါကဘာလဲ”
လျိုရွှီသည် ပြုံးပြီးပြောလိုက်သည် “အဲဒါဘာလဲဆိုတာ ဘယ်သူမှမသိ ဘူး.. ဒီသတင်းက ယန်းမြို့တော်ကထွက်လာတာပဲ.. ယန်းမြို့တော်က လွန်ခဲ့ တဲ့ နှစ်တစ်သောင်းကတည်းက တည်ရှိပြီး နတ်ဘုရားရှိတဲ့ တစ်ခုတည်းသော အုပ်စုပဲ.. ဒီတိုက်ကြီးမှာ နှစ်ပေါင်း တစ်သောင်းကြာအောင် နတ်ဘုရားမရှိရတဲ့ အကြောင်းအရင်းက ဒီကမ္ဘာက စွမ်းအင်က မပြည့်စုံသေးလို့ နတ်ဘုံအဖြစ် အဆင့်မတက်နိုင်တာလို့ ကောလာဟလတွေရှိတယ်.. အမွေဆက်ခံမှုစွမ်းအင် က ဒီချို့ယွင်းချက်အတွက် ဖန်တီးခဲ့ပေမဲ့ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းရဲ့ အမွေ ဆက်ခံမှုစွမ်းအင်ကပဲ ဒီချို့ယွင်းချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်”
“ဟုတ်တယ်.. ငါ့အစ်ကို ၃ က အမွေလက်ခံဖို့ ရွှံ့နွံအထွတ်အမြတ်မြေကို ဝင်ခဲ့တယ်လို့ ကြားဖူးတယ်.. သူက အထင်ကြီးလောက်စရာ သားရဲထိန်းပဲ” ရှန်းယန်ပိုသည် ထပ်ပေါင်းပြောလေသည်။
“ဘာ” ပေထင်းဟွမ်သည် မယုံနိုင်ပေ။ ယန်ယဲ့သည် သားရဲထိန်းဖြစ်လိမ့် မည်ဟု ထင်မထားပေ။ သို့သော် နှင်းဝံပုလွေကြေးစားအဖွဲ့သည် ညအရှင် အိမ်တော်မှ ထိန်းကျောင်းပြီးသားနတ်သားရြများကို ရခဲ့ကြောင်းကို တွေးလိုက် ချိန်တွင် အကျိုးအကြောင်းမသင့်ပြန်တော့ပေ.
လျိုရွှီ ခေါင်းညိတ်လိုက်၏ “ညီလေးပေထင်းဟွမ် ရှန်းယန်ပိုပြောတာ ဟုတ်တယ်.. ညအရှင်သခင်ကလည်း ယန်းမြို့တော်ကပဲ.. ငါလည်း အဲအကြောင်းကို ကြားဖူးတယ်.. မင်းလည်း အဲအခွင့်အရေးကိုယူဖို့ ရည်မှန်း ချက်ရှိရင် ပြင်းထန်တဲ့တိုက်ပွဲကို ဖြတ်ကျော်ရမှာစိုးတယ်.. ညအရှင်သခင် ရွှံ့သန့်စင်တဲ့မြေကိုဝင်တုန်းက ညအရှင်သခင်ရဲ့အရည်အချင်းက ထိတ်လန့် လောက်စရာကောင်းတယ်ဆိုပြီး တိုက်ကြီးပေါ်မှာ သတင်းတွေထွက်ခဲ့တာ.. တိုက်ပေါ်ကလူတွေက အဲဒါကိုပိုယုံကြတယ်.. ဒီတိုက်ပွဲက အရင်ကဟာတွေ ထက်တောင် ပိုပြီးပြင်းထန်မှာစိုးတယ်...”