← Chapters

ကျောင်းအုပ်ရဲ့ကျောင်းသားက ပြဿနာအိုးပဲ

Vol. 29 Ch. 568

ကျောင်းအုပ်ရဲ့ကျောင်းသားက ပြဿနာအိုးပဲ

Vol. 29 Ch. 568

တဲထဲတွင် တစ်ညတာအနားယူပြီးနောက် မီးခိုးရောင်လသည် အနောက် ဘက်သို့ဝင်သွားပြီး မိုးကောင်းကင်သည် ထပ်မံမှောင်မိုက်သွားပြန်သည်။ စခန်း မှ ဆူညံသံများထွက်လာသည်မှာ နေ့သစ်တစ်ရက်စတင်ပြီကို ညွှန်ပြနေ၏။ ပေထင်းဟွမ်နှင့်တခြားသူများသည် ပစ္စည်းများကို ထုပ်ပိုးကာ တိုင်သုံးလုံးထိပ် ဆီသို့ ခရီးဆက်ကြသည်။

သူတို့အိပ်ယာထနောက်ကျသဖြင့် စခန်းထဲမှလူအများစုသည် ထွက်သွား နှင့်ပြီဟု အစကထင်ခဲ့ကြသည်။ မထင်မှတ်စွာပင် ပေထင်းဟွမ်တို့ စတင် ထွက်ခွာချိန်တွင် ကျောင်းသားသစ်အများစုပါဝင်သည့် ကြီးမားသောလူအုပ် ကြီးသည် သူတို့အနောက်မှလိုက်လာကြသည်။

“အဲလူတွေက တိုင်သုံးလုံးထိပ်ကိုဝင်ရင် အကြီးတန်းတွေက လုယက်မှာ ကိုကြောက်လို့ ငါတို့နောက်ကလိုက်လာကြတာလား.. မင်းက သူတို့ကို ဂရုစိုက် ပေးနိုင်မယ်လို့ သူတို့ထင်လို့ပေါ့” ရှန်းယန်ပိုသည် မပျော်မရွှင်နှင့်ပြောလေ၏။

“မနေ့ညကတည်းက သံမဏိသွေးက လူတွေလက်ခံသေးလားဆိုပြီး မေးတဲ့ ကျောင်းသားသစ်တွေရှိတယ်” ရန်ရှောင်ကျဲသည်လည်း ကူကယ်ရာမဲ့ နေ၏။ ခေါင်းဆောင်၏ ဂုဏ်သတင်းသည် အလွန်ပင်ကြီးလှသည်။ ထိုလူများ အားလုံးသည် ရထားတွဲကဲ့သို့ အနောက်မှနီးကပ်စွာလိုက်လာကြသည်။ ဤကဲ့သို့လူမျိုးသည် ဘယ်သောအခါမှ သန်မာလာမည်မဟုတ်ပေ။

“စိတ်မပူပါနဲ့.. သူတို့တွေ ဝေးနိုင်သလောက် ဝေးဝေးလိုက်ကြပါစေ” ပေထင်းဟွမ်ပြောလေသည် “အကြီးတန်းကျောင်းသားတွေနဲ့တွေ့ရင် တစ်ယောက်နှစ်ယောက်လောက်ဆီက လုပြီး ယွမ်ဟဲ့နဲ့ လင်အာတို့ ဝိညာဉ် အမှတ်တိုးအောင်လုပ်ပေးရမယ်”

ပေထင်းဟွမ်၏စကားများကို ကြားသောအခါ ရှန်းယန်ပိုတို့သည် ပျော်ရွှင် ကြ၏။

သူတို့သည် အရှေ့သို့ပြေးကာ အကြီးတန်းကျောင်းသားများ ပုန်းနေသည့် နေရာကို သွားကြည့်ကြသည်။

ယွမ်ဟဲ့နှင့် မုချင်းလင်တို့သည် ဝိညာဉ်အမှတ်များစွာရခဲ့ကြသည်။ ချင်ရှဲလင်၊ နန်ကုန်းချန်းရှီနှင့်တခြားသူများပင် ပိုက်ဆံမနည်းလှပေ။ ထိုအချိန် လောက်မှပင် သူတို့သည် အန္တရာယ်ဇုန်၏အစွန်းပိုင်းသို့ရောက်လာသည်။

ယခုနှစ်သည် အင်ပါယာကျောင်းတော် တည်ထောင်ကတည်းကပင် ကျောင်းသားသစ်များအကြား သုတ်သင်မှုနှုန်းအနိမ့်ဆုံးဟု ဆိုရမည်။ တိုင်သုံးလုံးထိပ်သည် အမြဲတစေ ကျောင်းသားသစ်များအတွက် ဘေးအန္တရာယ် ကြီးသည့်နေရာဖြစ်ခဲ့သည်။ ၎င်းနေရာတွင် အန္တရာယ်တောမှထွက်ရန် ဖြတ်သွားရမည့်လမ်းရှိသည်။ နှစ်တိုင်းတွင် ကျောင်းသားဟောင်းများသည် တိုင်သုံးလုံးထိပ် တောင်လမ်းတစ်လျှောက် ချောင်းမြောင်းတိုက်ခိုက်ကြသည်။ သို့သော် ယခုနှစ်တွင် ပေထင်းဟွမ်၏ သံမဏိသွေးသည် ကျောင်းသားဟောင်း များကို အထူးလုယက်သည်ဟု ကြားထားသည်။ မည်သူကများ ဤနေရာတွင် နေနိုင်တော့မည်နည်း။

သူတို့သည် အတားအဆီးမဲ့စွာဖြင့်ထွက်လာပြီး ပေထင်းဟွမ်အနောက်မှ လူအုပ်ကြီးကိုကြည့်လိုက်သည်။ ကျောင်းတော်ကိုယ်စား ကျောင်းသားသစ်များ ကို လာကြိုကြသည့် ကျန်းယန်နှင့်တခြားနည်းပြတို့သည် ငိုရမည်လား ရယ်ရ မည်လားကိုမသိတော့ပေ။ ဤကောင်လေးပေထင်းဟွမ်နှင့်ဆိုလျှင် ကျောင်းတော်သည် အရင်ကကဲ့သို့ အေးချမ်းမည်မဟုတ်တော့သည်ကို ကျန်းယန်သိသည်။ ထင်ထားသည့်အတိုင်းပင် ဤကောင်လေးသည် ပထမဆုံး စာရင်းပေးသွင်းသည့်နေ့၌ပင် ရုန့်ရင်းဆန်ခတ်အခြေအနေများကို ဖန်တီးခဲ့ သည်။ ကျောင်းသားသစ်လေ့ကျင့်ရေးအတောအတွင်းတွင်လည်း လှုပ်လှုပ်ရှား ရှားဖြစ်စေခဲ့ရာ သူ၏ဂုဏ်သတင်းသည် တိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ် သည်။

“နည်းပြကျန်းယန် အခုဘာလုပ်ကြမလဲ.. ကျောင်းတော်က ဒီနှစ် ဒီလောက်များတဲ့ကျောင်းသားသစ်တွေ လက်ခံရမှာလား” သူနှင့်အသက် မတိမ်းမယိမ်းအရွယ်ရှိ အမျိုးသမီးနည်းပြသည် လေပေါ်တွင်ပေါလောပေါ်ပြီး အနည်းဆုံး ကျောင်းသားသစ် အယောက် ၂,၀၀၀ ရှိသောအဖွဲ့ကြီးကို ကြည့်နေ ၏။ သူမသည် ခေါင်းကိုက်လာသည်။ ပုံမှန်အားဖြင့် နှစ်တိုင်း ကျောင်းသားသစ် အယောက် ၁,၀၀၀ သာလက်ခံခဲ့သည်။ ယခု နှစ်ဆများနေရာ ကျောင်းတော်မှ သူတို့ကို မည်သို့ နေရာထိုင်ခင်းပေးနိုင်မည်နည်း။

“အဲဒါဘာဖြစ်လို့လဲ၊ ဒီလိုပြဿနာကို စိတ်ပူရမှာ ငါတို့တာဝန်မဟုတ်ဘူး၊ ဒါကကျောင်းအုပ်ကြီးရဲ့တပည့်ကြောင့်ဖြစ်တာပဲ.. ကျောင်းအုပ်ကသာ စိတ်ပူရ မှာ” ကျန်းယန်သည် ဒေါသတကြီးပြောလေသည်။ ထိုသို့ပြောပြီးနောက် သူသည် ပေထင်းဟွမ်အား စိုက်ကြည့်လိုက်သည်။ ဤကောင်လေးသည် အမြင့် ဆုံးသားရဲထိန်းဖြစ်နေလိမ့်မည်ဟု သူ ထင်မထားပေ။ ထိုစကားသာအပြင်ထွက် သွားလျှင် တိုက်ကြီးကို တုန်လှုပ်စေနိုင်သည်။

ပေထင်းဟွမ်သည် အန္တရာယ်ရှိသောနေရာမှ ကြယ် ၉ ပွင့် မွန်မြတ်သော သားရဲကိုဖမ်းပြီး ထိန်းကျောင်းခဲ့ခြင်းသည် အင်ပါယာကျောင်းတော်မှ အတွေ့အကြုံမရှိသော ကျောင်းသားများကို ဖုံးဖိထား၍ရချင်ရမည်။ သို့သော် နည်းပြများကို ဖုံးဖိနိုင်မည်မဟုတ်ပေ။

ဤကောင်လေးသည် အလွန်ပင်ဝမ်းမည်းလွန်းသည် သူမသည် 'သားရဲထိန်းသခင်ကြီးပါ' ဟုသာ ဆက်တိုက်ပြောနေကာ အမြင့်ဆုံးသားရဲထိန်း ဆိုသည့် သူမ၏သရုပ်မှန်ကို ဖုံးထားခဲ့သည်။ အမှန်တရားကိုမသိသူများသည် သူမကြောင့် ဒေါသထွက်ပြီးသေနိုင်သလို အမှန်တရားကိုသိသူများသည် သူမကို မုန်း၍သေနိုင်သည်...

All Chapters