← Chapters

ငါးရောင်စုံဇီးပွင့်သမင်ဆွဲတဲ့ ရထားလုံး

Vol. 29 Ch. 570

ငါးရောင်စုံဇီးပွင့်သမင်ဆွဲတဲ့ ရထားလုံး

Vol. 29 Ch. 570

ကျောက်စိမ်းဖြူခင်းထားသည့် လမ်းများကိုလျှောက်ရသဖြင့် ကျောင်းသားသစ်များသည် အထူးစိတ်လှုပ်ရှားလျက်ရှိသည်။ လမ်းလျှောက် ရင်းနှင့် ကျောင်းတော်၏ရှည်လျားသောသမိုင်းကြောင်းနှင့် တိုက်ကြီးတွင် မလှုပ်မယှက်ရှိသောအဆင့်အတန်းတို့ကို ကျယ်လောင်စွာပြောကာ အင်ပါယာ ကျောင်းတော်၏ကျောင်းသားသစ်ဖြစ်ရခြင်းအတွက် ဂုဏ်ယူကြောင်းကို ဖော်ပြနေကြသည်။

သူတိုသည် ဧရိယာအက်စ်မှ လူငယ်တစ်ယောက် လမ်းလျှောက်ထွက် လာသည်ကို မြင်လိုက်ရသည်။ သူသည် ပြောင်မြောက်သောအနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ အင်္ကျီလက်ကို တလက်လက်တောက်နေသော ငွေရောင်ချည်ဖြင့် ပင့်ကူနှင်းပန်းပွင့်ဖတ် ၉ ဖတ်ပုံစံထိုးထားသည်။ သူသည် သိုသိုသိပ်သိပ်နေတတ်ကာ အဆင့်အတန်းမြင့်သည်။ သူ၏ ဆံပင်ရှည်များကို ခရမ်းရောင်ဖဲပြားဖြင့်စုချည်ထားပြီး သူ လမ်းလျှောက်လိုက်တိုင်း ဆံပင်သည် ယိမ်းနွဲ့နေသည်။ လူငယ်သည် အေးစက်နေသည်။ ငွေရောင်မျက်နှာဖုံးသည် သူ့မျက်နှာတစ်ခုလုံးနီးပါးကို အုပ်ထားကာ တောက်ပသောမျက်လုံးတစ်စုံကို သာ ချန်လှပ်ထားသည်။ ကျောက်စိမ်းဖြူနှင့်တူသည့် သူ၏ထင်ရှားသော မေးရိုးသည် နေရောင်အောက်တွင် တောက်ပနေသည်။

အားလုံး၏အကြည့်များသည် လူငယ်၏ ဆွဲဆောင်မှုကိုအလိုလိုခံလိုက်ရ ပြီး သူ့ကိုကြည့်ကြသည်။ သို့သော် လူငယ်၏အကြည့်သည် ကြီးမားသော အဆောက်အဦးကိုဖြတ်ကာ တောင်ခြေနှင့်အနီးဆုံးဖြစ်သည့် ကောင်းကင်ခြံဝင်းကို ကြည့်နေသည်။ သူ၏ပစ်မှတ်သည် ကောင်းကင်ခြံဝင်း ဖြစ်သည်။

“သခင်ကြီးပေထင်းဟွမ်ပဲ.. သူက ကောင်းကင်ခြံဝင်းကိုသွားတော့မယ်”

“ဟုတ်တယ်.. သခင်ကြီးပေထင်းဟွမ်က ကျောင်းသားသစ်ပဲ.. ဒါပေမဲ့ သခင်ကြီးထန်းယန်ကိုအနိုင်ရပြီး ကောင်းကင်အဆင့် ဒုတိယဖြစ်လာတာ.. သူက သေချာပေါက် ကောင်းကင်ကျောင်းကို သွားရမှာပဲ”

“သခင်ကြီးပေထင်းဟွမ်က မိမိုက်နေတာပဲ.. သူကငါ့စံပြပုဂ္ဂိုလ်ပဲ.. တစ်နေ့ကျ ငါသူ့လိုအားကောင်းလာရမယ်”

ပေထင်းဟွမ်၏ခွန်အားသည် ကျောင်းတော်တွင် နာမည်ကျော်ကြားရန် လုံလောက်သည်။ တစ်ညတည်းနှင့် ပေထင်းဟွမ်၏လုပ်ဆောင်ချက်များကို ကျောင်းတော်မှ ကျောင်းသားသစ်၊ ကျောင်းသားဟောင်းများက ထပ်တလဲလဲ ချီးကျူးခဲ့ကြသည်။ သူမ၏လုပ်ဆောင်ချက်များသည် ကျောင်းတော်တင် သာမကဘဲ ရာယာအင်ပါယာမြို့တော်မှစပြီး တိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့သွား ခဲ့သည်။

ဘီးလုံးသံသည် အဝေးမှ တဖြည်းဖြည်းနီးကပ်လာသည်။ ဤရှေးဟောင်း ကျောင်းတော်တွင် ကျောင်းအုပ်ပင်လျှင် ကျောင်းထဲတွင် ရထားလုံးမောင်း သည့်အလေ့အထမရှိပေ။ အားလုံး၏အကြည့်သည် လူငယ်ဆီမှ ငါးရောင်စုံ ဇီးပွင့်သမင်ဆွဲသည့် ရထားလုံးကိုကြည့်လိုက်ကြသည်။

ဝိုး...

ပင့်သက်ရှိုက်သံများသည် ဘီးလုံး၏အသံကိုဖုံးလွှမ်းရန်လုံလောက်သည်။ ရထားလုံးကိုဆွဲလာသူမှာ ငါးရောင်စုံဇီးပွင့်သမင် ကြယ် ၇ ပွင့် မွန်မြတ်သောသားရဲဖြစ်သည်။ အားလုံးသည် ကျိန်ဆဲလုမတတ်ပင်။ ဒီကမ္ဘာမှာ ဒီလောက်ဇိမ်ကျတဲ့သူရှိသေးတာလား။ တိုက်ကြီးပေါ်မှာ ဝိညာဉ်သခင်တွေ မှော်သားရဲအပေါင်းအဖော်ရဖို့ ဘယ်လောက်ခက်ခဲမှန်းကို ဒီလူမသိဘူးလား။ ကြယ် ၇ ပွင့်မွန်မြတ်တဲ့သားရဲကို ရထားလုံးဆွဲခိုင်းလိုက်သေးတယ်။

စိတ်ထဲမှဆန္ဒကိုမထိန်းနိုင်ဘဲ ငါးရောင်စုံသမင်ကို သွားကယ်ချင်သည့် လူများပင်ရှိသည်။

ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲဆွဲလာသည့် ရထားလုံးကိုကြည့်ပြီး ပေထင်းဟွမ်သည် တအံ့တဩအော်မိတော့မလိုပင်။ ဒီလူက ဘယ်သူလဲ။ မှော်သားရဲတွေများလွန်းလို့ သုံးစရာနေရာမရှိတော့လို့လား။ သူက ကျောင်းတော်မှာ အထိန်းအကွပ်မရှိ ရထားလုံးနဲ့ ခရီးနှင်လာနေသေးတယ်။ သူက သူမဆရာနန်လင်းထက် ပိုပြီးတည်ရှိမှုကြီးတဲ့လူများဖြစ်နေမလား။

သူမသည် ကျောင်းတော်တွင် အမြင့်ဆုံးအကြီးအကဲရှိသည်ဟု မကြားဖူး ပေ။

ရထားလုံးကို တိုက်ကြီးတွင်တွေ့ရခဲသည့် သစ်သားဖြင့်ပြုလုပ်ထား၏။ ၎င်းသည် အနက်ရောင်ဖြစ်သော်လည်း အလင်းထွက်နေသည့်အနက်ရောင် ဖြစ်သည်။ ၎င်းတွင် သံမဏိအသွေးအသားရှိသည်။ ပြတင်းပေါက်မှသစ်သား အပြင် တံခါးပေါက်နှင့် ရထားလုံးတစ်ခုလုံးသည် တစ်ရောင်တည်းဖြစ်သည်။ သို့သော် ထိုအနက်ရောင်သည် လူများကိုပိုပိုပြီးကြောက်သွားစေသည်။

အထဲတွင် မည်သူထိုင်နေသည်ကို မသိကြသော်လည်း ဤလူသည် စွမ်းအားရှင်ဖြစ်ပြီး ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်လိမ့်မည်။ သူအနားကပ်မလာ ခင်တွင် ဖိအားခပ်ဖျော့ဖျော့သည် သူမကိုဖိနှိပ်လေသည်။ ပေထင်းဟွမ်သည် ခုခံရန် သူမ၏ဖိအားကိုမထုတ်နိုင်တော့ပေ။ ၎င်းသည် တမင်လုပ်ယူခြင်း မဟုတ်ဘဲ စွမ်းအားရှင်၏ ဖိအားမျှသာဖြစ်သည်။

သူမ လှည့်ပြီးရှေ့သို့ဆက်မည်အပြုတွင် ရထားလုံးသည် ရုတ်တရက် ပေထင်းဟွမ်ဆီသို့ ချည်းကပ်လာပြီး ရပ်လိုက်သည်။ ပြတင်းပေါက်မှ ကန့်လန့်ကာကို ကျောက်စိမ်းနှင့်တူသည့် လက်တစ်ဖက်မှမ,လိုက်ရာ အနက်ရောင်မျက်နှာဖုံးတပ်ထားသည့် မျက်နှာတစ်ခုပေါ်လာလေသည်...

All Chapters