ငါ့နာမည်ကယဲ့ချီ
Vol. 29 Ch. 571
“သခင်ကြီး မင်းက ကောင်းကင်ခြံဝင်းကိုသွားမလို့လား”
ပေထင်းဟွမ်၏မျက်နှာမှ မီးခိုးရောင်မျက်နှာဖုံးကဲ့သို့ အနက်ရောင် မျက်နှာဖုံးသည် ထိုလူ၏မျက်နှာအစိတ်အပိုင်းအများစုကို ကာထားပြီး မျက်လုံး ကိုသာ လှစ်ဟာပြထားသည်။ သူ့မျက်လုံးများသည် လေမိုးပြင်းထန်သည့်ကြား က ပင်လယ်ကဲ့သို့ အန္တရာယ်များပြီး အတိမ်အနက်မသိနိုင်သည့် ခရမ်းရောင်ရင့် ဖြစ်သည်။ သူ၏ကျောက်စိမ်းနှင့်တူသော နှာခေါင်းအောက်တွင် ချယ်ရီပန်းနှင့် တူသောနှုတ်ခမ်းများနှင့် ကျောက်စိမ်းဖြူနှင့်တူသောမေးရိုးတို့သည် နွေဦးတွင် နံရံပေါ်၌ပေါက်တတ်သော ကြွေပန်းနှင့်တူ၏။ သူသည် ယောက်ျားဖြစ် သော်လည်း လှပလွန်းသည်။
အကြောင်းအရင်းတချို့ကြောင့် ဤလူသည် ထူးဆန်းသည်ဟု ပေထင်းဟွမ်ခံစားရသည်။ ထိုလူသည် လမ်းမသိ၍မေးသည်ဟုအထင်နှင့် သူမ သည် တောင်ခြေရှိ အမြင့်ဆုံးအဆောက်အဦးကိုညွှန်ပြလေသည်။ အင်ပါယာ ကျောင်းတော်တစ်ခုလုံးတွင် အမြင့်ဆုံးအဆောက်အဦးသည် မိုးပြာရောင်ဖြစ် သည် “ကောင်းကင်ခြံဝင်းက အဲဘက်မှာပဲ”
ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် ရှေ့သို့ဆက်လျှောက်သွားမည် အပြုတွင် ထိုအမျိုးသား၏အသံသည် နွေဦးလေပြေနှင့်အတူပါလာသော ရနံ့ ကဲ့သို့ လွင့်ပါလာသည် “သခင်ကြီး ကျုပ်တို့တွေ့တာလည်း ရေစက်ပဲလေ.. ကျုပ်တို့က ကောင်းကင်ခြံဝင်းကိုသွားနေကြမှတော့ ဘာလုပ်ကျုပ်ရထားလုံး ကိုမစီးတာလဲ”
ဧရိယာအက်စ်မှ ကောင်းကင်ကျောင်းတော်သို့ သွားရမည့်ခရီးသည် မနီးလှပေ။ လမ်းလျှောက်သွားလျှင် ကျောင်းတော်၏တစ်ဝက်ခန့်လျှောက်ရ လိမ့်မည်။ ပေထင်းဟွမ်သည် ပျံချင်လျှင်ပျံနိုင်သည်။ သို့သော် ပထမဆုံးနေ့ဖြစ် သဖြင့် ဤကျောင်းကိုကောင်းကောင်းကြည့်ချင်သဖြင့် လမ်းလျှောက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားမိသည်။ သူမက ကောင်းကင် အဆင့်ဖြစ်ပြီး ကောင်းကင်ခြံဝင်းကိုသွားချင်နေတယ်လို့ ဒီလူက ဘာလို့ ဒီလောက်တောင်သေချာနေတာလဲ။ သူမ၏ လက်ပတ်သည် ကောင်းကင်ကို အံတုနိုင်သည့်ဝိညာဉ်ပစ္စည်းဖြစ်သည်။ သူမ၏လိင်အင်္ဂါကို ဖုံးဖိနိုင်ရုံသာမကဘဲ ခွန်အားကိုလည်း ဖုံးကွယ်ထားပေးနိုင်သည်။ သူမသာ ခြေထောက်အောက်မှ ကြယ်ပုံစံအစီအရင်ကို မထုတ်ပြသရွေ့ သူမ၏ခွန်အားအစစ်အမှန်ကို မည်သူမှ မမြင်နိုင်ပေ။ သူမသည် ဤလူကိုမသိသဖြင့် သူလည်း မည်သို့သိမည်နည်း။
လက်ရှိတွင် သူမသည် ကျော်ကြားနေပြီဖြစ်သော်လည်း ဤလူသည် သူမ ကိုမှတ်မိသွားလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။
“ဟုတ်ပြီ လမ်းလျှောက်ရမှာပျင်းနေတာနဲ့အတော်ပဲ” ပေထင်းဟွမ်သည် အနည်းငယ်ကြောက်ရွံ့မိသော်လည်း သူမ၏မျက်နှာကို မပြပေ။
အထဲမှတံခါးပွင့်လာရာ ပေထင်းဟွမ် ဝင်လိုက်သည်။ ထိုအခါမှသာ ဤရထားလုံး၏ အပြင်ပန်းသည် သာမန်ရထားလုံးနှင့်တူသော်လည်း အထဲတွင် ကျယ်ဝန်းသည်ကိုသိလိုက်ရသည်။ ဝိညာဉ်ကျောက်တုံးများကိုသုံးပြီး နေရာကို ချဲ့ထားပုံပင်။ အထဲတွင်ဘတ်စကတ်ဘောလုံးကွင်း အရွယ်အစားရှိသည်။ ပြတင်းပေါက်ဘေးတွင် နူးညံ့သောကွပ်ပျစ်တစ်ခုရှိသည်။ အမျိုးသားသည် နှင်းဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ရှည်လျားသော နှင်းဖြူရောင်ဆံပင်များကို ဖြန့်ချထားသည်။ သူသည် ကွပ်ပျစ်ကိုမှီကာ ဝိညာဉ် ဆေးဖက်ဝင်အပင်ဖြင့်နှပ်ထားသည့် လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ဖြည်းဖြည်းချင်း အရသာခံသောက်နေသည့် နတ်ဘုရားတစ်ပါးနှင့်တူသည်။
စားပွဲခပ်နိမ့်နိမ့်ပေါ်တွင် ပန်းကန်ပြား ၁၀ ချပ်ကျော်ရှိသည်။ တစ်ချပ်ချင်း စီတွင် ထူးခြားသည့်သရေစာများဖြင့် ပြည့်နေသည်။ အရေအတွက်များပြီး မျိုးစုံ လှသည်။ ထိုသရေစများသည် ထူးခြားပြီး အဆင့်အတန်းမြင့်လှသည်။
ဤလူ၏ သရုပ်မှန်သည် ပုံမှန်မဟုတ်ပေ။
သို့သော် အကြောင်းအရင်းတချို့ကြောင့် ပေထင်းဟွမ်သည် ထိုအမျိုးသားနှင့် နားမလည်နိုင်သောရင်းနှီးမှုကို ခံစားရသဖြင့် သူမကို အထူးအဆန်းဖြစ်စေသည်။
“ကျုပ်နာမည်ကယဲ့ချီပါ.. ဒီကျောင်းရဲ့အကြီးတန်းကျောင်းသားပဲ” ထိုအမျိုးသားသည် ပေထင်းဟွမ်အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့ပေး သည်။ သူ့မျက်လုံးများသည် ရှားပါးလှသောခရမ်းရင့်ရောင်ဖြစ်ပြီး ပေထင်းဟွမ် နှင့် မျက်နှာချင်းဆိုင်လိုက်ချိန်တွင် ကြည်လင်ပြီး စိတ်ရင်းပါလှသည်။ “ကျုပ် ကျောင်းကိုမရောက်တာ တော်တော်ကြာပြီ.. ကျုပ်နာမည်လည်း ကျောင်းမှာ ထွက်မလာတာ နှစ်တွေအများကြီးရှိပြီ.. မင်းလည်းကြားဖူးမှာမဟုတ်ဘူး.. ဒီကျောင်းမှာ အထင်ကြီးလောက်စရာကျောင်းသားသစ်ရှိတယ်လို့ကြားတယ်.. ကျုပ်ရဲ့အလိုလိုသိစိတ်အရ အဲဒါမင်းဖြစ်လိမ့်မယ်လို့ထင်တယ်.. ကျုပ်ခန့်မှန်းချက် မှန်ရဲ့လားမသိဘူး”
အမျိုးသားသည် သူမကို ရထားလုံးအတွင်း ဖိတ်ကြားရသည့်အကြောင်း အရင်းကို ပေထင်းဟွမ်အားရှင်းပြနေသည်။ ပေထင်းဟွမ်ကဲ့သို့ ခွန်အားနှင့် အသွင်အပြင်ထိပ်တန်းအဆင့်တွင်ရှိသည့်လူများ၏ အာရုံခံစားမိသည် အလွန် စူးရှသည်။ သူသည် ပေထင်းဟွမ်၏ သတိရှိမှုများကို ဖယ်ရှားရန် ထိုစကားများ ကို ပြောနေခြင်းဖြစ်၏။
ထိုလူသည် ပျင်းရိကာ အဆင့်အတန်းမြင့်ပုံပေါက်သည်။ သို့သော် ပေထင်းဟွမ်အတွက် ဆွဲဆောင်မှုရှိနေသည်။ ပေထင်းဟွမ်သည် သူ၏ကြင်နာ မှုကိုခံစားမိပြီး အသာခေါင်းညိတ်လေသည် “ကျွန်တော့်နာမည်က ပေထင်းဟွမ်ပါ ဒီနှစ်ကျောင်းသားသစ်ပါပဲ...”