ကောင်းကင်ခြံဝင်း၊ မူလကျောက်တုံး
Vol. 29 Ch. 574
ယဲ့ချီသည် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းကာ ပေထင်းဟွမ်ရှေ့တွင် ရပ်လိုက်သည်။ ဖူခန်း၏မျက်လုံးထဲတွင် ထိုအပြုအမူသည် ထိတ်လန့်ရသည် ဟုပင် ဖော်ပြနိုင်သည်။ သူ့မျက်နှာမှ ကိုယ်ပိုင်လက္ခဏာ မျက်နှာဖုံးကြောင့်သာ မဟုတ်လျှင် ဖူခန်းသည် လူမှားမိသည်ဟုပင် ထင်မိတော့မည်။
သူသည် အရည်အချင်းရှိပြီး အေးစက်ကာရက်စက်သည့် ယဲ့ချီဖြစ်၏။ လွန်ခဲ့သည့် ၇ နှစ်က သူသည် အင်ပါယာကျောင်းတော်၏ ကောင်းကင်ခြံဝင်း ပထမကို တစ်ချက်တည်းနှင့်သတ်ပစ်ခဲ့သည်။ ပထမအဆင့်နှင့် ပေထင်းဟွမ် ရှေ့တွင် မည်သူမှ ခွန်အားကိုမစမ်းသပ်ရဲကြသည့် ကောင်းကင်အဆင့် ဒုတိယ ရထားသည့်လူတို့ပင်။
“သခင်ကြီးယဲ့ချီ၊ သခင်ကြီးပေထင်းဟွမ်နဲ့ ကောင်းကင်အဆင့် သခင်ကြီး ၈ ယောက်တို့ ကျုပ်နောက်ကိုလိုက်ခဲ့ကြပါ” ဖူခန်းသည် အသက်ပြင်းပြင်းရှူ ကာ ပေထင်းဟွမ်အား စေ့စေ့ပင်မကြည့်ရဲပေ။ ဤလူငယ်၏နောက်ခံသည် မရိုးရှင်းပေ။
အပြင်မှအလောတကြီးပြေးလာကြသူများသည် ဖူခန်းပြောသည့် နှင်းဖြူရောင်အဝတ်နှင့်လူ၏ သရုပ်မှန်ကိုမသိကြပေ။ အထူးသဖြင့် မိန်းကလေးများသည် ဒေါသထွက်ကြသည်။ သူတို့သည် အရှိန်မြှင့်လိုက်ကာ ပေထင်းဟွမ်တို့နောက်သို့လိုက်ကာ ကောင်းကင်ခြံဝင်းဆီသို့ တိုးတင်လာကြ သည်။
အဝေးမှကြည့်လျှင် အနက်ရောင်ဝတ်ထားသောလူငယ်နှင့် နှင်းဖြူရောင် ဝတ်ထားသောလူငယ်တို့သည် ကြည့်ကောင်းနေကြသည်။
သူမအား ကြည့်ချင်သည့်လူမှာ ဤမျှလောက်များနေလိမ့်မည်ဟု ပေထင်းဟွမ် မသိခဲ့ပေ။ သူမ အဆောက်အဦးဆီသို့ ချဉ်းကပ်လိုက်သည့် အခိုက်အတန့်တါင် ပေထင်းဟွမ်သည် အင်ပါယာကျောင်းတော်၏ ရက်ရောမှု ကြောင့် ထိတ်လန့်မိသည်။ ပထမအထပ်ခန်းမ၏ မြေပြင်တယ် ထောင့်ဆယ် ထောင့်ပါသည့် ကြယ်အဖွဲ့အစည်းရှိနေသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏စည်းမျဉ်းမှဆွဲထားသကဲ့သို့ အလွန်ပင်အနုစိတ်လှသည်။ ၎င်းသည် ဤတိုက်ကြီး၏ ကျင့်ကြံရေးတွင် အမြင့်ဆုံးဖြစ်သည့် နတ်ဘုရားဧကရာဇ် အဆင့်ဖြစ်သည်။
ဝိညာဉ်ရောင်ဝါသည် ထောင့်ဆယ်ထောင့်ကြယ်အဖွဲ့အစည်းမျဉ်းမှ စိမ့်ထွက်နေပြီး ခန်းမတစ်ခုလုံးတွင် တဝဲလည်လည်ရှိနေသဖြင့် ခန်းမထဲသို့ လျှောက်သွားသူတိုင်း လန်းဆန်းမှုကိုခံစားရလေသည်။ ဤကဲ့သို့အခြေအနေ မျိုးသည် ကမ္ဘာပေါ်တွင်ရှားပါးလှသည် “ဒီကောင်းကင်ခြံဝင်းက မူလကျောက် တုံးပေါ်မှာဆောက်ထားတာ.. မူလကျောက်တုံးက ကမ္ဘာကြီးက ပေါက်ဖွားလာ တဲ့သတ္တုတစ်မျိုးပဲ.. နှစ်ပေါင်းသောင်းချီသက်တမ်းရှိပြီး ဝိညာဉ်ချီပမာဏ အများကြီးပါတယ်.. တချို့မူလကျောက်တုံးတွေက ကွဲသွားပြီးရင် ဝိညာဉ်ချီ အရည်ဖြစ်သွားကြတယ်.. တိုက်ကြီးပေါ်မှာ အဲဒါတွေကိုအရင်းအမြစ်အရည်လို့ ခေါ်တယ်.. အဲဒါက ဝိညာဉ်သခင်တိုင်းအိပ်မက်မက်ကြတဲ့ ကျင့်ကြံရေးပစ္စည်းပဲ”
ယဲ့ချီ၏အသံသည် ပေထင်းဟွမ်၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာ၏။ သူသည် သူမ၏ဝိညာဉ်ဆီသို့ အသံကူးပြောင်းပို့လာသည်။ ပေထင်းဟွမ် အံ့ဩ မိ၏။ မူလကျောက်တုံးဟုတ်လား။ ဤကမ္ဘာပေါ်တွင် ဤမျှကောင်းသော ပစ္စည်းမျိုးရှိသည်ဟု သူမ မကြားဖူးပေ။
“မူလကျောက်တုံးတွေက အရမ်းရှားတယ်.. မူလအရည်တစ်စက်က ပတ္တမြားဘီလီယံချီပြီးတန်တယ်.. ဒီလထဲ နန်းတော်မှာ လေလံပွဲကြီးတစ်ခုရှိ တယ်.. မူလအရည် ၁၀ စက်ကို တစ်ခါတည်းလေလံပစ်မှာ.. အဲဒါကိုယန်းမြို့က တိုက်ကြီးကိုပေးထားတာဆိုတော့ စဖွင့်တဲ့ဈေးကနိမ့်မှာ မင်းစိတ်ဝင်စားလား”
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်မိသည်။ ဝိညာဉ်အရည်တစ်စက် သည် ပတ္တမြားဘီလီယံနှင့်ချီ၍ တန်ကြေးရှိသည်။ မူလအရည် ၁၀ စက်ဆိုလျှင် ရော။ ပေထင်းဟွမ်သည် ဝိညာဉ်အရည်ရရန် ပတ္တမြား ၁၀ ဘီလီယံကို မည်သည့်နေရာမှ ရှာရမည်ကို မတွေးရဲတော့ပေ။ သို့သော် သူမသည် ဤမျှ ကောင်းသောအရာကို ရမှဖြစ်မည်။
“သေချာတာပေါ့” ပေထင်းဟွမ်လည်း ယဲ့ချီအား အသံကူးပြောင်းပြော လိုက်သည်။ ယဲ့ချီမှ ကျောင်းပြိုင်ပွဲ၏ ကျွမ်းကျင်သူများအကြောင်း စာရင်းထုတ် ပြပြီးနောက် ပေထင်းဟွမ်သည် အရင်ကလောက် ယုံကြည်ချက်မရှိတော့ပေ။ ဤတိုက်ကြီးပေါ်တွင် လူများ ဘီလီယံဆဘ်ချီရှိကာ ပုန်းကွယ်နေသောနဂါးနှင့် ဝပ်နေသောကျားများအပြင် မရေမတွက်နိုင်သောပါရမီရှင်များရှိကြသည်။ သူမ သည် ထိုအရာကိုမျှော်လင့်ပြီးသားဖြစ်သော်လည်း ပြိုင်ဘက်သည် အလွန် အားကောင်းနေသည်။
သို့သော် ပန်းတိုင်တစ်ခုရှိလျှင် စွမ်းအားပြည့်နေမည်ဖြစ်သည်။ သူမ လက်ရှိလုပ်ရမည်မှာ တတ်နိုင်သလောက်မြန်မြန် ခွန်အားတိုးရန်ဖြစ်သည်။ သူမသည် ပြိုင်ပွဲတွင် ပါဝင်လိုသည်သာမကဘဲ ပထမရချင်သည်။
သူမသည် ဤကမ္ဘာတွင် သူမကိုယ်သူမ စစ်မှန်သောဇာမဏီဟုတွေး သည်။ သူမသည် တခြားသူများကိုမော့ကြည့်သည့် အလေ့အထမျိုးမရှိခဲ့ဖူးပေ။
ပေထင်းဟွမ် အရယူရန် စိတ်ပိုင်းဖြတ်ထားသည်ကိုမြင်သောအခါ သူမ စိတ်ကူးယဉ်နေသည်ဟု ယဲ့ချီမတွေးပေ။ ထိုအစား သူသည် ကျေနပ်နေပုံရ သည်။ ထိုအရာကပင် ပေထင်းဟွမ်ကို ရှုပ်ထွေးစေသည်။ ဒီလူက သူမကို ဘာလို့ အကြောင်းအရင်းမရှိဘဲ ဒီလောက်ကောင်းပေးနေတာလဲ။