သဘောထားကွဲလွဲရင်သေမှာလား
Vol. 29 Ch. 575
ကောင်းကင်အဆင့်ထိပ်တန်း ၁၀ ယောက်သည် ဖူခန်းနောက်လိုက်ကာ ရွှေ့ပြောင်းအစီအရင်အသေးကို အသုံးပြုကာ အဆောက်အဦး၏ ၉ ထပ်ကို သွားကြသည်။ ပေထင်းဟွမ်နောက်မှလိုက်လာကြသော အပြင်လူများသည် သူတို့နှစ်ယောက် ရွှေ့ပြောင်းအစီအရင်နောက်တွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ချက်ချင်းပင်စိတ်ပျက်သွားကြပြီး ရင်ဘတ်စည်တီးကြသည်။ သူတို့သည် ဖူခန်းကိုရှာကာ ရိုက်ပစ်ချင်နေကြသည်။
“သေလိုက်စမ်း ငါ့စံပြပုဂ္ဂိုလ်က ဘယ်လိုမျိုးလဲဆိုတာကိုတောင် မကြည့်ရသေးဘူး နည်းပြဖူခန်းက သူတို့ကိုခေါ်သွားလိုက်ပြီ”
“ငါရောပဲ.. ငါသာ သခင်ကြီးယဲ့ချီနဲ့ သခင်ကြီးပေထင်းဟွမ်ကို ကြည့်ရ မယ်ဆိုရင် ထမင်းစားဖို့တောင်မလိုတော့ဘူး”
“မခေါ်ရင် တတိယအထပ်ထက်ပိုပြီး ဘယ်သူမှ တက်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းကို ဘယ်သူကများလုပ်လိုက်တာလဲ.. ငါ သူနဲ့သေအောင်တိုက်ခိုက် ချင်နေပြီ.. ဘာလို့လဲ.. ငါလည် ငါ့စံပြပုဂ္ဂိုလ်နောက်လိုက်ချင်တာပေါ့လို့”
ကောင်းကင်ကျောင်း၏ကျွမ်းကျင်သူများအားလုံးသည် ဤတိုက်ကြီးရှိ ကျွမ်းကျင်သူများကို သတိကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် ကျင့်ကြံခြင်းကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူတို့သည် ရွှေ့ပြောင်းအစီအရင်ရှေ့ တွင်ရပ်ကာ ယဲ့ချီနှင့်ပေထင်းဟွမ်ကိုကြည့်မြင်ချင်၍ ဝမ်းနည်းသောမျက်လုံး များနှင့် ကြည့်နေကြသည်။
သတင်းပျံ့သွားသောအခါ အင်ပါယာကျောင်းတော်တစ်ခုလုံး ပွက်ပွက်ညံ သွားသည်။ ပေထင်းဟွမ်သည် အင်ပါယာကျောင်းတော်၏ အမျိုးသားငယ် အမျိုးသမီးငယ်တို့နှလုံးသားထဲမှ နတ်ဘုရားတစ်ပါးဖြစ်ခဲ့သည်။ ယခုအခါ ပေထင်းဟွမ်နှင့်ယှဉ်နိုင်သည့်လူပေါ်လာရာ အမျိုးသားငယ် အမျိုးသမီးငယ်တို့ သည် ကောင်းကင်ကျောင်း၏ယဲ့ချီကို ကြည့်ရန်မစောင့်နိုင်တော့ပေ။ ကောင်းကင်ကျောင်းသို့ဝင်ရန် အရည်အချင်းမပြည့်မှီသော မြေကြီးအဆင့် ဝိညာဉ်သခင်များသည် ဝင်ပေါက်တွင် တင်းကြပ်စွာတားမြစ်ခံရသည်။
ကျန်းယန်သည် ထိုအကြောင်းအားကြားသိသောအခါ ဆွံ့အမိသည်။ သူသည် ကျောင်းအုပ်နန်လင်းရှေ့တွင် ကျိန်ဆဲမိသည် “မကောင်းဆိုးဝါးကြီးပဲ”
၉ ထပ်မြောက်တွင် အစည်းအဝေးခန်းမငယ်ရှိသည်။ ဖူခန်းသည် ပေထင်းဟွမ်တို့ကို ထိုင်ရန်ခေါ်လာပြီးနောက် ယဲ့ချီနှင့် ပေထင်းဟွမ်တို့ကို မိတ်ဆက်ပေးသည်။ စိတ်လှုပ်ရှားပြီး တုန်ယင်သည့်အသံကြားဖြင့် သူသည် တခြားသော ကောင်းကင်အဆင့် ကျွမ်းကျင်သူ ၈ ယောက်နှင့် မိတ်ဆက်ပေး လေသည်။ “ဒါက ကောင်းကင်အဆင့်ကျွမ်းကျင်သူ ဒုတိယအဖြစ် အဆင့်တက် လာတဲ့ ကျောင်းသားသစ် သခင်ကြီးပေထင်းဟွမ်ပဲ.. သူက စီရင်ချက်လှံတံ ကိုင်ဆောင်တဲ့သခင်ကြီးထန်းယန်ကို တစ်ချက်တည်းနဲ့သတ်ခဲ့တာ.. သူက ကျောင်းအုပ်နန်လင်းရဲ့တပည့်ဆိုလည်းဟုတ်တယ်”
ပေထင်းဟွမ်နှင့် ထန်းယန်တို့ကြားမှ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့သည့်လူ များလည်း ဤနေရာတွင်ရှိနေသည်။ ထိုအချိန်တွင် ဖူခန်း၏မိတ်ဆက်ပေးမှုကို ကြားပြီး တိုက်ပွဲကိုမမြင်ဖူးသူများသည် ပင့်သက်ရှိုက်ကြသည်။ တိုက်ပွဲမြေပြင် ကိုရောက်ခဲ့သည့် ကျွမ်းကျင်သူများသည် ပေထင်းဟွမ်၏ရက်စက်မှုနှင့် အောင်မြင်သောနည်းလမ်းများကို ပြန်တွေးပြီး ထိတ်လန့်ကြသည်။ သူတို့၏ ကျောပြင်တွင် ချွေးအေးများပြန်လာသည်။
“ကောင်းကင်အဆင့် ဒုတိယမြောက်အသန်မာဆုံ.. ဒီအဆင့်က မင်းတို့ထက် မြင့်တယ်.. ဒီကျွမ်းကျင်သူအသစ်နဲ့ပတ်သက်ပြီး အဆင်မပြေတဲ့ သူရှိလား” ဖူခန်းသည် မျက်လုံးအိုကြီးများကို ကြုတ်ကာ ပေထင်းဟွမ်နှင့် ယဲ့ချီအပြင် တခြားသူများကို ဝေ့ဝဲ ကြည့်လိုက်သည်။
ပေထင်းဟွမ်သည် ခေါင်းကိုတဖြည်းဖြည်းမော့ကာ အဘိုးကြီးကို စိုက်ကြည့်လိုက်သည်။ သဘောထားကွဲလွဲရင် သေမှာမို့လို့လား။ ဟင်း လက်မခံ ကြဘူးလား။ လက်မခံရင် လာပြီးစိန်ခေါ်လိုက်လေ။ ကျုပ်ကကြောက်နေရမှာ လား။
မည်သူမှ ပြန်မဖြေကြပေ။ အစည်းအဝေးခန်းသည် တိတ်ဆိတ်သွားကာ သူတို့နာမည်အခေါ်ခံရမည်ကိုကြောက်နေကြသည်။ လျိုရွှီအပါအဝင် ကျွမ်းကျင်သူ ၈ ယောက်တို့သည် ခေါင်းငုံ့ကာ ထိုအဘိုးကြီးကို စိတ်ထဲမှ အပြစ်တင်နေကြသည်။ နည်းပြဖူခန်း သူငယ်ပြန်နေတာလား။ သခင်ကြီး ပေထင်းဟွမ်က သခင်ကြီးထန်းယန်ကို တစ်ချက်တည်းနဲ့သတ်ခဲ့တာကို သိမှ တော့ မှတ်ဉာဏ်ဖန်သားပြင်ကနေ နည်းလမ်းကို မြင်ပြီးသားပဲမလား။ အဲဒါကို ကျွန်တော်တို့က ခံနိုင်ရည်ရှိမယ်ထင်လို့လား။
ဟာသပဲ.. နတ်သားရဲသုံးကောင်၊ အဲထဲကတစ်ကောင်က ကြယ် ၉ ပွင့် နတ်သားရဲ၊ မွန်မြတ်တဲ့အပင်သားရဲနဲ့ ကာကွယ်ရေးနတ်လက်နက်ပိုင်ဆိုင်တဲ့ လူကိုလေ..
သူသည် ဓား ၈ လက်ကြယ်ဝိညာဉ်သခင်ကြီးလည်းဖြစ်နေသည်။ ဝက်အူချောင်နေသည့်လူသာ သူမနှင့်တိုက်ခိုက်လိမ့်မည်။
အဆင့်သတ်မှတ်ချက်ထဲမှာ သူမ တစ်ယောက်ပဲရှိနေတာလား။