← Chapters

ဝိညာဉ်သခင်ကြီးနဲ့ဘယ်တော့မှ မတိုက်ခိုက်ဘူး

Vol. 29 Ch. 576

ဝိညာဉ်သခင်ကြီးနဲ့ဘယ်တော့မှ မတိုက်ခိုက်ဘူး

Vol. 29 Ch. 576

ဖူခန်းသည် ဤရလဒ်ကို အနည်းငယ်စိတ်ပျက်နေပုံရသည်။ သူသည် ခပ်ပြင်းပြင်းသက်ပြင်းချကာ ရေရွတ်လိုက်၏ “ပြီးတော့ အခုခေတ်လူငယ်တွေ က အဆင့်တက်ဖို့ကို တွန်းအားနည်းသွားပြီ.. သူများကိုတောင် စိန်မခေါ်ရဲတော့ ဘူး”

ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၈ ယောက်တို့သည် သူတို့ခေါင်းပေါ်သို့ မြင်း အကောင်တစ်သောင်းတက်နင်းသွားသလို ခံစားလိုက်ရ၏။ သူတို့သည် ခေါင်းမော့ကာ ဖူခန်းအား မထီမဲ့မြင်ကြည့်လေသည်။ ဒီအဘိုးကြီးက ဘာအဓိပ္ပာယ်နဲ့ပြောတာလဲ။ သူက သူတို့ကို အထင်သေးတာလား။ သူသာ အစွမ်းအစရှိရင် သခင်ကြီးပေထင်းဟွမ်ကို ကိုယ်တိုင်စိန်ခေါ်ပါလား။ သခင်ကြီးပေထင်းဟွမ်က သူ့ကို စိန်ခေါ်ချင်တဲ့ဘယ်သူ့ကိုမဆို ရက်ရက်စက်စက်သတ်မယ်လို့ ပြောခဲ့တာသူမကြားဘူးလား။

သူတို့သည် လူငယ်များဖြစ်ကြသည်ကိုလည်း သူသိသည်။ မည်သူမှ အသက် ၅၀ ထက်မကျော်ပေ။ သူတို့ဘဝသည် အခုမှစတင်ခြင်းဖြစ်သည်။ မည်သူက အသက်ရှည်ရှည် မနေချင်ဘဲနေမည်နည်း။

ထန်းယန်ပင်လျှင် အသတ်ခံခဲ့ရသည်။ ထန်းယန်သည် ကြယ် ၇ ပွင့် နတ်သားရဲရှိသည့် ဝိညာဉ်သခင်တစ်ယောက်ဖြစ်သည်။ သူသည် တစ်ချက်မှ မလှုပ်ရသေးခင်မှာပင် အသတ်ခံခဲ့ရသည်။ သူ၏အလောင်းပင်မကျန်ခဲ့ပေ။ ပြောရသည်မှာတော့ လွယ်သည်။

အစည်းအဝေးခန်းထဲတွင် သူတို့အကြည့်များ လေထဲတွင် သွားဆုံကြ၏။ မည်သူမှ စကားမပြောရဲကြပေ။

ယဲ့ချီသည် အထူးသဖြင့် အကြည့်ဆော့သည်။ သို့သော် တစ်ခါတစ်ခါ ပေထင်းဟွမ်၏ခန္ဓာကိုယ်တွင် အကြည့်ရောက်နေသည်။ ပူလောင်ပြင်းပြသော မျက်လုံးများကိန်းအောင်းနေသည်။ ဂရုတစိုက်မကြည့်လျှင် ထိုအရာကို သတိ မထားမိနိုင်ပေ။

ပေထင်းဟွမ်သည် နှုတ်ခမ်းကိုတွန့်လိုက်ရာ သူမ၏မျက်လုံးထောင့် မြောက်တက်သွားလေသည်။ သူ၏ကြည်လင်သောအသံသည် စိန်ခေါ်နေသည် မှာ ရှင်းလင်းနေသည် “ဖူခန်း ကျွန်တော်ဘာလို့ ခင်ဗျားကိုစိန်မခေါ်ရမှာလဲ.. ကျွန်တော် ဝိညာဉ်သခင်ကြီးနဲ့ မတိုက်ခိုက်ဖူးဘူး”

တခြားကျင့်ကြံသူ ၈ ယောက်သည် ပေထင်းဟွမ်အား ပါးစပ်အဟောင်း သားနှင့်ကြည့်ကြသည်။ ဒီလူက ဘာတွေပြောနေတာလဲ။ ဝိညာဉ်သခင်ကြီးနဲ့ မတိုက်ခိုက်ဖူးဘူးဟုတ်လား။ သူက ကြယ်ဝိညာဉ်သခင်အဆင့်ပဲရှိသေးတာကို ဝိညာဉ်သခင်ကြီးနဲ့တိုက်ခိုက်ချင်နေတာလား။

ဒီလူက ငယ်သေးပေမဲ့ လေကတော့မသေးဘူးပဲ။

ယဲ့ချီသည် ခေါင်းအနည်းငယ်ငုံ့သွားသည်။ သူ့မျက်လုံးမှ အဓိပ္ပာယ်သည် မရှင်းလင်းဘဲ သူ့ခန္ဓာကိုယ်မှ ဖိအားခပ်ပါးပါးထွက်နေရာ အစည်းအဝေးခန်းမ တစ်ခုလုံးမှ လေထုကို ပို၍လေးလံပြီး ဖိစီးစေသည်။

ဖူခန်းသည် မှင်တက်မိသည်။ သူသည် ပေထင်းဟွမ်အား အတန်ကြာ သည်အထိ စိုက်ကြည့်ရာ သူမခေါင်းအသာမော့လာသည်ကို မြင်လိုက်ရသည်။ ဆောင်းရာသီဥတွင် တောက်ပနေသော ကြယ်နှင့်တူသည့် သူမ၏မျက်လုံးများ သည် ရန်စမှုများနှင့်ပြည့်နေကာ နောက်ပြောင်နေပုံမပေါက်ပေ။ ဖူခန်းသည် ထိုအသိတရားကြောင့် ထိတ်လန့်မိသည်။ သူသတိပြန်ဝင်လာချိန်တွင် သူ့ လက်ဖဝါးသည် ချွေးများဖြင့် ဖုံးလွှမ်းနေသည်။ ဒီလူက သူ့ပခုံးပေါ်ကို.. မဟုတ် သေးဘူး သူ့ခေါင်းပေါ်ကို တက်ဖို့ကြိုးစားနေတာလား။

ပေထင်းဟွမ်သည် ဝိညာဉ်သခင်ကြီးကို စိန်ခေါ်ရသည်အထိ ခွန်အား မရှိဟု ဖူခန်း မထင်ပေ။ ဖူခန်းသည် နှစ်ခုတွဲဝိညာဉ်ဂိုဏ်းမှဖြစ်ပြီး ကြယ် ၁ ပွင့် နတ်သားရဲတစ်ကောင်ရှိသည်။ သို့သော် ပေထင်းဟွမ် သုံးသွားသည့်နည်းလမ်း နှင့် သူမ ဖုံထားသည့်နည်းလမ်းများသည် ဖူခန်းကို အထင်ကြီးစေသည်။ သူသည် သူမကို မမေ့နိုင်ဟုပင် ပြောနိုင်သည်။ သူသည် ပေထင်းဟွမ်၏ ညှဉ်းပန်းချင်ကိုမခံလိုပေ။

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်တာ” ဖူခန်းသည် အလျင်အမြန်ပင် လက်ကိုဝေ့ယမ်းလေသည်။ ဟာသပဲ။ ကျောင်းအုပ်နန်လင်းသည် ကာကွယ် တတ်သူဖြစ်သည်။ သူသာ ပေထင်းဟွမ်ကိုအနိုင်ယူပြီး ဒဏ်ရာရအောင်လုပ်မိ လျှင် ကျောင်းအုပ်နန်လင်းသည် သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ဖူခန်းသည် ပေထင်းဟွမ်ကို သူ၏ခွန်အားနှင့် ထိခိုက် အောင်လုပ်နိုင်မည်ဟုမထင်ပေ “ကျုပ်ကအသက်ကြီးပါပြီ အရိုးတွေလည်း လျော့ရဲနေပြီ မင်းကျုပ်ကို ဆွဲဖြဲမှာကိုမခံနိုင်ဘူး”

ယဲ့ချီ၏မျက်လုံးတွင် အပြုံးသဲ့သဲ့ပေါ်လာကာ ပေထင်းဟွမ်အား ကျီစယ် သလိုကြည့်လေသည်။ သူ့အဓိပ္ပာယ်သည် ရှင်းလင်းနေသည်။ ဒီကောင်လေး အင်ပါယာကျောင်းတော်က ဆရာနဲ့ကျောင်းသားတွေကို ဘယ်လောက်တောင် ခြောက်ထားလဲကြည့်ဦး။

ကောင်းကင်အဆင့်တခြားကျွမ်းကျင်သူများသည် ထိုမြင်ကွင်းကို တအံ့တဩကြည့်နေကြသည်။ ပေထင်းဟွမ်ရဲ့ခွန်အားက ဒီအဆင့်ထိတောင် ရောက်နေပြီလား။ သူမက ဓား ၈ လက်ကြယ်ဝိညာဉ်သခင်ပဲမဟုတ်ဘူးလား။ သူ့မှာ ကြယ် ၉ ပွင့်နတ်သားရဲ၊ အဆင့်နိမ့်ကြယ် ၂ ပွင့်နတ်သားရဲနဲ့ နတ် လက်နက်ရှိရင်တောင် နည်းပြဖူခန်းက ဘယ်သူလဲ။ သူက နှစ်ခုတွဲဝိညာဉ်ဓား ဂိုဏ်းကပဲ...

All Chapters