← Chapters

အပိုင်း (၅၇၇) – သူမရဲ့ဝှက်ဖဲကဘာလဲ

Vol. 29 Ch. 577

အပိုင်း (၅၇၇) – သူမရဲ့ဝှက်ဖဲကဘာလဲ

Vol. 29 Ch. 577

“သခင်ကြီးပေထင်းဟွမ် မင်းကအစွမ်းအစရှိတာကို ကျုပ်သိပါတယ်.. မင်းက အဆင့်မြင့်ဝိညာဉ်ဓားဂိုဏ်းကိုတောင်စိန်ခေါ်နိုင်တယ်.. မင်းသာ ဝိညာဉ်သခင်ကြီးနဲ့တိုက်ခိုက်ချင်ရင် ကျောင်းအုပ်နန်လင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်မယ်ထင်တယ်” ဖူန်းသည် သူ့ကိုကြည့်သော ပေထင်းဟွမ်၏ အကြည့်ကို မြင်သောအခါ ချွေးအေးများပြန်လာသည်။

မျက်လုံးအစုံ ၈ စုံသည် ဖူခန်းနှင့်ပေထင်းဟွမ်တို့အကြားတွင် သွားချည် ပြန်ချည်ဖြစ်နေသည်။ ဖူခန်း၏ ဆုံးဖြတ်ချက်ကို မည်သူမှသံသယမဝင်ကြပေ။ ထို့အပြင် ဖူခန်းသည် တိုက်ခိုက်ရေးအတွေ့အကြုံပြည့်ဝကာ အင်ပါယာ ကျောင်းတော်၏ ကောင်းကင်ကျောင်းတွင် နှစ်ပေါင်းများစွာ တာဝန်ရှိသူအဖြစ် ဆောင်ရွက်ခဲ့သည့် ဝိညာဉ်သခင်ကြီးဖြစ်သည်။

သို့သော် နည်းပြဖူခန်း၏စကားများကို မည်သူမှမယုံကြပေ။ အဲဒါဘယ်လို လုပ်ဖြစ်နိုင်မှာလဲ။ ပေထင်းဟွမ်သည် ဓား ၈ လက်ကြယ်ဝိညာဉ်သခင်ဖြစ်၏။ သူမသည် လူသားနှင့်နတ်ဘုရားနှစ်မျိုးလုံးကို ဒေါသထွက်လောက်အောင် ဆန်းပြားနေသည်ဆိုသည့်တိုင်အောင် ဘုံကိုကျော်ပြီး အဆင့်မြင့်ဓားဝိညာဉ် ဂုဏ်းကိုစိန်ခေါ်ရန် သူမအတွက်မဖြစ်နိုင်ပေ။

ဟုတ်သည်။ နည်းပြဖူခန်းသည် သခင်ကြီးပေထင်းဟွမ် ဒဏ်ရာရသွား လျှင် ကျောင်းအုပ်နန်လင်း၏ အပြစ်ပေးခြင်းခံရမည်ကို ကြောက်နေခြင်းဖြစ်ရ မည်။ ထို့ကြောင့်ပင် ဤကဲ့သို့ မပွင့်လင်းသောစကားများကို ဆိုခြင်းပင်။ ဤကောင်လေးသည် အလွန်ကံကောင်းသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကျောင်းအုပ်နန်လင်း၏ တပည့်ဖြစ်လာရသည်။ သူသည် အားကောင်းသော ကာကွယ်ရေးအဆောင်ရထားခြင်းပင်။ အနာဂတ် ဤတိုက်ကြီးတွင် မည်သူက များ ဤကောင်လေးကို ရန်စရဲတော့မည်နည်း။

“သခင်ကြီးပေထင်းဟွမ် မင်းမှာ ကြယ် ၉ ပွင့်နတ်သားရဲ၊ အဆင့်နိမ့် ကြယ် ၂ ပွင့်နတ်သားရဲ၊ အပင်မွန်မြတ်တဲ့သားရဲနဲ့ ကောင်းကင်အံတုနိုင်တဲ့ နတ်လက်နက်တို့ရှိပေမဲ့ အဲဒါတွေက မင်းရဲ့ဝှက်ဖဲအကုန်မဟုတ်ဘူးဆိုတာ ကျုပ်သိတယ်.. ကျုပ်လည်း အသက် ၁၀၀ ကျော်နေလာခဲ့ပြီဆိုပေမဲ့ မင်းတို့ ညှဉ်းပန်းပြီး ကစားဖို့ကို တော်တော်လည်းအသက်ကြီးလှပါပြီ” ဖူခန်းသည် မျက်လုံးအစုံ ၈ စုံတို့ အံ့ဩသွားသည်ကို မြင်ဟန်မတူဘဲ ဆက်ပြီးပြောလေ၏။

ဒုန်း ဒုန်း

လူနှစ်ယောက်သည် ထိုင်နေရင်းမှ ဟန်ချက်ပျက်ကာ မြေပေါ်သို့ လဲကျ လေသည်။ အသံကျယ်လောင်စွာထွက်သွားသော်လည်း ကျန် ၆ ယောက်ကို နိုးအောင်မလုပ်နိုင်ပေ။ သူတို့ပါးစပ်များဟောင်းလောင်းဖြစ်ကာ ပြန်ပိတ်ရင်ပင် မေ့နေခဲ့သည်။ ထိုလူနှစ်ယောက်သည် သူတို့၏သရုပ်မှန်ကိုပင် မေ့လျော့ကာ မြေပေါ်မှထလိုက်သည်။ သူတို့သည် ဂုဏ်သရေရှိသော ကောင်းကင်အဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ငြိမ်သက်သောထိုင်ခုံမှ ပြုတ်ကျခဲ့သည်။ ထိုအရာကို အရှက်ရသည်ဟု မည်သူကမှမတွေးပေ။

အပြစ်တင်ရမည့်လူရှိလျှင် ထိုမကောင်းဆိုးဝါးလေး ပေထင်းဟွမ်ကိုသာ အပြစ်တင်ရမည်။ သူက ဘယ်သူများလဲ။ သူမ ပြသခဲ့သည့်ခွန်အားသည် သာမန်လူအား တိုက်ကြီးကို လွှမ်းမိုးနိုင်သည်။ သို့သော် ထိုအရာများသည် သူမ၏ ဝှက်ဖဲအကုန်မဟုတ်ဟု နည်းပြဖူခန်း ပြောနေသည်။

ဒါဆို သူ့ရဲ့ဝှက်ဖဲကဘာလဲ။

ခပ်ပြင်းပြင်းအသက်ရှူသံသည် တိတ်ဆိတ်သောအစည်းအဝေးခန်းထဲ တွင် ဟိန်းထွက်နေသည်။ ထိုအသံသည် အတန်ကြာသည်အထိ အသက်အောင့် ထားပြီးမှ ထုတ်လွှတ်လိုက်သော ခက်တန်သည့်အသက်ရှူံဖြစ်သည်။ ဤအချိန် တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၈ ယောက်သည်အလွန်နောင်တရမိ၏။ သူတို့သည် နောက်ကျမှလာခဲ့သင့်သည်။ ဤအရာသည် ထိုးနှက်ချက်ကြီးလှ သည်။ လူကိုအခက်တွေ့အောင်လုပ်နိုင်သည့် ဤကဲ့သို့အရာမျိုးရှိသေးသည် လား။ ယခုလိုရှုံးနိမ့်မှုသည် နှစ်ယောက်တွဲတိုက်ပွဲကွင်းတွင် ရှုံးနိမ့်ခြင်းနှင့် မတူ ပေ။ ၎င်းသည် ကျွမ်းကျင်သူများ၏ ယုံကြည်ချက်ကို ထိုးနှက်လိုက်ခြင်းပင်။

အားလုံးသည် ပေထင်းဟွမ်အား မကျေချမ်းသောမျက်လုံးများဖြင့် ကြည့် ကြသည်။ ပေထင်းဟွမ်သည် သူမအပြစ်ကင်းသည်ဟု ခံစားရသည်။ သူမ ဘာမှ ပြောရန်မလိုပေ။ ဖူခန်းသည် အမှန်တကယ်ပင် ကောက်ကျစ်သည့်မြေခွေးဖြစ် သည်။ ဤအဘိုးကြီးသည် နှစ် ၁၀၀ ကျော်အောင်နေခဲ့သော ဝိညာဉ်သခင်ကြီး ဖြစ်လိမ့်မည်၊ သူမကို တိုက်ခိုက်နိုင်သည့်ခွန်အားမရှိဟု ပေထင်းဟွမ် မယုံပေ။ ဤလူသည် သူမကို ရှောင်ရန်ကြိုးစားနေခြင်းပင်။

ဟင်း.. သူမက အနိုင်ကျင့်ဖို့လွယ်မယ်လို့ထင်နေတာလား။

“ကျောင်းအုပ်နန်လင်းက ကျွန်တော့်ဆရာပါ.. ကျွန်တော်အရမ်းလေးစား ရတဲ့ဆရာပါ.. ကျွန်တော်ကငယ်သေးပေမဲ့ ဆရာ့ကိုလေးစားရမယ့်နိယာမတွေ ကိုတော့နားလည်ပါတယ်.. ဘယ်လိုလုပ် ကိုယ့်ဆရာကို စိန်ခေါ်နိုင်မှာလဲ.. မဖြစ်နိုင်ပါဘူး.. ကျွန်တော့်ဆရာ့ဆီကို ဂုဏ်သရေယူမသွားနိုင်ဘူးဆိုရင်တောင် တိုက်ကြီးပေါ်မှာ သူ့ဂုဏ်သတင်းကို မဖျက်ဆီးနိုင်ပါဘူး” ပေထင်းဟွမ်သည် ဖူခန်းအား အပြုံးသဲ့သဲ့ဖြင့် ကြည့်လိုက်သည်...

All Chapters