သူပြုံးနိုင်သေးတာလား
Vol. 29 Ch. 578
“ဟား” ယဲ့ချီသည် ကြင်နာကင်းမဲ့စွာရယ်မောလိုက်သည်။
ဖူခန်းသည် ပါးစပ်မှ သွေးများအန်မိတော့မလိုပင်။ သူသည် အမြဲတစေ တည်ငြိမ်သောဆရာဖြစ်ခဲ့သည်။ သူသည် သူ့ကိုနှစ်ဖွဲ့ဖွဲ့ပြီး တိုက်ခိုက်လျှင် တောင် မျက်မှောင်ကြုတ်တတ်သူမဟုတ်ပေ။ သူသည် အားကောင်းသော ပြိုင်ဘက်ကို တည်ငြိမ်စွာကိုင်တွယ်တတ်သော အားကောင်းသည့်ဝိညာဉ် သခင်ကြီးဖြစ်သည်။ သို့သော် ပေထင်းဟွမ်သည် သူ့ကို ဒေါသထွက်ပြီးထခုန် အောင်လုပ်ခဲ့သည် “ကျောင်းအုပ်နန်လင်းက မင်းရဲ့ဆရာဆိုပေမဲ့ ကျုပ်က မဟုတ်ဘူးလား.. မင်းက ဒီကျောင်းကိုဝင်လာမှတော့ ကျုပ်လည်း မင်းရဲ့ဆရာ ပဲ.. ကိုယ်တိုင်သင်တာ ဟုတ်ဟုတ်မဟုတ်ဟုတ်လေ”
ကျောင်းအုပ်နန်လင်းသည် သူ၏ဆရာဖြစ်၍ ဆရာနန်လင်းကို စိန်ခေါ် သည့်အရာမျိုး မခန့်လေးစားမလုပ်ဟု ဤကောင်လေးသည် တကယ်ပြော ထွက်သည်။ သူ့ကိုတော့ စိန်ခေါ်နိုင်သည်။ ဖူခန်းသည် သူ့ကြောင့် ဒေါသထွက် ၍သေတော့မည်။
ထိုသို့ဆိုသော်လည်း ကွာခြားချက်ရှိသေးသည်။ ပေထင်းဟွမ်သည် ထို ကွာခြားချက်ကိုသိထားပြီး ဖူခန်းသည် သူ့စိတ်ထဲတွင်သိနေသည်။ အားလုံး သိလျှင် အဆင်ပြေသည်။ သို့သော် ပေထင်းဟွမ်၏ ပြောင်တင်းသောစကားလုံး များသည် အမှန်တကယ်ပင် နာကျင်စေသည်။
ကောင်းကင်ခြံဝင်းတွင် နှစ်ပေါင်းများစွာနေလာပြီးမှ ကောင်းကင်အဆင့် ကျွမ်းကျင်သူ ၈ ယောက်သည် ဖူခန်းယခုလိုမျိုး တည်ငြိမ်မှုပျောက်ဆုံးသည်ကို ပထမဆုံးမြင်ဖူးခြင်းပင်။ ဤအခိုက်အတန့်တွင် သူတို့အားလုံး ငေးကြောင်နေ ကြသည်။ သူတို့သည် ပေထင်းဟွမ်အား မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။ သူမသည် မကောင်းဆိုးဝါးစစ်ပင်။ ပေထင်းဟွမ်သည် သူမ ၏ တိုက်ခိုက်ရေးခွန်အားနှင့် တိုက်ရိုက်အချိုးကျသည်မှာ သူမ၏ လျှာစောင်း ထက်မှုဟု သူတို့ကြားဖူးသည်။ သည်တစ်ခေါက်တွင် သူတို့သည် ပထမဆုံး အကြိမ်ကြုံဖူးခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ထိုလူများသည် ပေထင်းဟွမ်ကြောင့် ကြက်သေ သေရသည်။ သူတို့သည် ဝင်လာချိန်က သူတို့၏သံသယကြီးကိုပင် မေ့ခဲ့ချေပြီ။ သူတို့မျက်လုံးများအားလုံးသည် သူမဘေးတွင်ထိုင်နေသော ယဲ့ချီကို လျစ်လျူရှုကာ ပေထင်းဟွမ်ပေါ်သာရောက်နေသည်။
ဖူခန်းသည် ပေထင်းဟွမ်၏ တမင်တကာဆွသောစကားများကြောင့် မူးနောက်သွားသည်ထင်သည်။ သူသည် အသက်ပြင်းပြင်းရှူပြီး နောက်ဆုံးမှ စိတ်ငြိမ်သွားလေသည်။ သူသည် ယဲ့ချီ၏နှုတ်ခမ်းပေါ်မှ အပြုံးကိုမြင်သောအခါ မအံ့ဩဘဲမနေနိုင်ပေ။ သူ၏အမူအရာတွင် ယဲ့ချီသည် အလွန်ပင် အေးစက် သောလူဖြစ်သည်။ သူသည် ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမှ ဂရုမစိုက် သည့်အလား စိတ်ထဲတွင် ဘာကိုမှ အတည်မယူပေ။ တကယ်တော့ ဤလူသည် သူ့အသက်ကိုပင် ဂရုမစိုက်ဟု ဖူခန်းသံသယဝင်မိသည်။
သူသည် ယဲ့ချီကဲ့သို့ အေးစက်ပြီး ရက်စက်တတ်သည့်လူမျိုးကို မမြင်ဖူး ပေ။ ထို့ကြောင့် ယနေ့ယဲ့ချီကို ပထမဆုံးမြင်လိုက်ချိန်က သူ၏ထင်မြင်ချက်ကို ပင် သံသယဝင်မိသည်။ ဤအခိုက်အတန့်တွင် ယနေ့မြင်ရသောယဲ့ချီသည် အရင်ယဲ့ချီနှင့် ကွာခြားသည်ကို သိလိုက်ရသည်။
သူ ပြုံးတတ်သေးတာလား။
ဟုတ်သည် သူပြုံးနေသည်။ သူ၏ ခရမ်းရင့်ရောင်မျက်လုံးများထဲတွင် ကွဲပြားသော အမူအရာများရှိနေသည်။ သူ့မျက်လုံးထဲမှ အမူအရာများသည် ရှုပ်ထွေးပေါများသည်။ သို့သော် ၎င်းသည် အသက်ရှိသောလူများရှိသင့်သည့် အရာဖြစ်သည်။
“ဟုတ်ပြီ မိတ်ဆက်ပေးရဦးမယ်.. ဒါက သခင်ကြီးယဲ့ချီ.. သူ့သရုပ်မှန်ကို မင်းတို့ခန့်မှန်းမိကြမယ်လို့ထင်တယ်..” လက်စားချေသည့်အလား ဖူခန်းသည် စကားပြောရပ်ပြီး ပေထင်းဟွမ်၏ အံ့ဩနေသောမျက်လုံးများကို ကြည့်လိုက် ၏။ သူသည် ကျေနပ်နေသည့်အလား အခန်းထဲမှ မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ် နေသည့် အားလုံး၏မျက်နှာများကို ကြည့်နေသည် “သူ့ကိုတော့ ထပ်ပြီး မိတ်ဆက်မပေးတော့ဘူး”
သူစကားဆုံးသည်နှင့် ပေထင်းဟွမ်သည် နှာရှုတ်ကာ ဖူခန်းအား မထီမဲ့ မြင် မျက်လုံးလှိမ့်ပြလေသည်။ ဒီအဘိုးကြီးက တကယ်အသက်ကြီးနေပြီဟာ ကို မတည်ငြိမ်သေးဘူး။ ဘယ်သူ့ကို လာခြောက်နေတာလဲ။
တစ်ဖက်တွင် လျိုရွှီသည် ပေထင်းဟွမ်အား မရင်းနှီးသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ပေထင်းဟွမ်သည် တဒင်္ဂမျှ မှင်တက်သွားသည်။ သူမ ပြောလိုက်တဲ့ စကားကမှားနေလို့လား။ သူမ ယဲ့ချီကို အရင်ကမသိဘူး၊ ဒီနေ့မှ သိတာ ဟုတ်ပြီလား။ သူမ သူ့ကိုတွေ့ပြီးမှ သူ့သရုပ်မှန်ကို ခန့်မှန်းနိုင်တာလေ ဟုတ်ပြီလား။ ဖူခန်းက သူမကို သဲလွန်စမပေးရင် သူမ ခန့်မှန်းနိုင်မှာတောင် မဟုတ်ဘူး၊ ဟုတ်ပြီလား။
သို့သော် လျိုရွှီသည် သူမကို မယုံပေ။ သူမကို ပိုစူးစိုက်စွာ စိုက်ကြည့်လေ သည်။ သူ့မျက်လုံးထဲမှအဓိပ္ပာယ်သည် ရှင်းလင်းနေသည်။ ဒီကောင်လေး.. မင်းက သစ္စာမရှိဘူးပဲ။ ဒီလိုအရေးကြီးကိစ္စကိုတောင် သူ့ကိုအရင်ပြောမထား ဘူး။
အင်ပါယာကျောင်းတော်မှလူများသည် ဤလူ၏သရုပ်မှန်ကို သိချင်ကြ သည်။