← Chapters

ယဲ့ချီ.. ကောင်းကင်အဆင့် ပထမ

Vol. 29 Ch. 579

ယဲ့ချီ.. ကောင်းကင်အဆင့် ပထမ

Vol. 29 Ch. 579

သူသည် ကောင်းကင်အဆင့်ပထမဖြစ်သည်။ လွန်ခဲ့သည့် ၇ နှစ်က ကောင်းကင်အဆင့်ပထမလက်ဟောင်းနှင့် တိုက်ပွဲပြီးသည့်နောက် ဤလူကို မည်သူကမှ စိန်မခေါ်ခဲ့ပေ။ ယခုချိန်ထိ ထိုတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့မြင်ဖူး သူမှန်သမျှသည် သခင်ကြီးအား လက်ယက်ခေါ်ပြီး သူ၏ပြိုင်ဘက်ကင်းသော ပုံရိပ်ကို မဖျက်ဆီးရဲကြပေ။

ကျောင်းအုပ်နန်လင်းပင်လျှင် ကိုယ်တိုင်ပြောခဲ့သည် “ငါလည်း သူ့ခွန်အားကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရဘူး”

ကျောင်းအုပ်နန်လင်းပြောသည် 'သူ' ဆိုသည်မှာ သူ့ဘေးတွင်ထိုင်နေ သည့် ကောင်းကင်အဆင့်ပထမ သခင်ကြီးယဲ့ချီဖြစ်သည်။

ယဲ့ချီသည် ပေထင်းဟွမ်ကို အထူးသည်းခံပုံပေါက်သည်။ နည်းပြဖူခန်းကို အထင်သေးနေချိန်တွင် ပေထင်းဟွမ်သည် ယဲ့ချီကို မလေးမစားပုံပေါက်သည်။ တခြားသာကျွမ်းကျင်သူများသည် ထိုအရာကို သည်းမခံနိုင်သော်လည်း ယဲ့ချီ သည် ပေထင်းဟွမ်၏ကလေးဆန်မှုကို တန်ဖိုးထားသည်။

သူသည် ပေထင်းဟွမ်အား ချစ်သည့်မျက်လုံးဖြင့်စိုက်ကြည့်ကာ ပြုံးပြီး ပြောလေသည် “ဟုတ်တယ်.. ငါက ကောင်းကင်အဆင့်ပထမရထားတဲ့သူပဲ သခင်ကြီးပေထင်းဟွမ် ငါက မင်းနဲ့မယှဉ်နိုင်ဘူးလား”

“ဘာလို့လဲ” ပေထင်းဟွမ်သည် သူမ၏မည်းနက်သော မျက်လုံးများထဲမှ ရှုပ်ထွေးသောအမူအရာဖြင့် ခေါင်းညိတ်လေသည် “ခင်ဗျားက ကျွန်တော့်ကို စိန်ခေါ်ချင်လို့လား”

ကျွမ်းကျင်သူနှစ်ယောက်ည် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက် တွေ့ကြရာ အစည်းအဝေးခန်းသည် တိတ်ဆိတ်သွား၏။ လေထုသည် အထူး သဖြင့် လေးလ့လာကာ ဖူခန်းပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ တိုက်ပွဲများနှင့်မတူညီစွာပင် အနိုင်ရသူကို ခန့်မှန်းရန်ခက်သည်။ ယဲ့ချီနှင့် ပေထင်းဟွမ်တို့သည် အစောက အတူရောက်ရှိလာပြီး ရင်းနှီးပုံပေါက် သော်လည်း ပေထင်းဟွမ်သည် ယဲ့ချီအားကျော်ကာ အဆင့်တက်ချင်ပြီး ယဲ့ချီသည် ပေထင်းဟွမ်ကို ချေမှုန်းကာ ဂုဏ်သတင်းတိုးအောင်လုပ်ချင်ဟန် ပေါက်သည်။

ထို့အပြင် ယဲ့ချီသည် နှစ်ပေါင်းများစွာ ငြိမ်သက်ခဲ့သည်။ ထိုစဉ်က သူ၏ တိုက်ခိုက်မှုများကိုမြင်ခဲ့သူများသည် သူ့နာမည်ကို တားမြစ်ခဲ့သည်။ သူ၏ တိုက်ခိုက်မှုကိုမမြင်ခဲ့သူများသည် ယဲ့ချီဆိုသည့်နာမည်ကို မရင်းနှီးကြပေ။ ယဲ့ချီသာ ကောင်းကင်အဆင့် ပထမဆိုသည့် သူ၏ဂုဏ်သတင်းကို ထပ်မံ မြှင့်တင်ချင်လျှင် တစ်စုံတစ်ယောက်သည် သူ့ဆန္ဒကိုဖြည့်ဆည်းရမည်ဖြစ်၏။ ပေထင်းဟွမ်သည် အကောင်းဆုံးပြိုင်ဘက်ဖြစ်သည်။

ထို့အပြင် ပေထင်းဟွမ်၏နာမည်သည် အင်ပါယာကျောင်းတော်သာမက မြို့တော်တစ်ခုလုံး၌ပင် ပျံ့နှံ့နေပြီဖြစ်သည်။ ပြောရလျှင် ၎င်းသည် လူတို့၏ စိတ်အားထက်သန်မှုကို လောင်ကျွမ်းစေသည်။

မထင်မှတ်စွာပင် ယဲ့ချီသည် ခေါင်းကိုဖြည်းဖြည်းချင်း ခါယမ်းလေသည်။ သူ၏ခရမ်းရင့်ရောင်မျက်လုံးများသည် နွေဦးမိုးကဲ့သို့ နွေးထွေးလှသည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ကျောင်းပြိုင်ပွဲကစတော့မယ်.. မမေ့လိုက်ကြနဲ့ ငါတို့တွေအကုန်လုံးက အင်ပါယာကျောင်းတော်ကပဲ.. ငါတို့ကတွဲဖက်တွေပဲ.. ငါတို့တွေက တခြားကျောင်းက ကျွမ်းကျင်သူတွေကို အတူရင်ဆိုင်ရမှာ.. မင်းက ပထမရပြီး နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုဝင်ချင်တယ်လို့ ပြောခဲ့တာ မလား၊ အတူလုပ်ရအောင်”

အတူ...

ထိုစကားလုံးသည် ပေထင်းဟွမ်၏ နှလုံးသားကို ချက်ချင်း လှုပ်ခါသွားစေ သည်။ အကြောင်းအရင်းမရှိဘဲနှင့် သူမသည် ယဲ့ချီ၏စိတ်ရင်းကို ယုံသွားမိ၏။ သူမသည် ယဲ့ချီနှစ်ပေါင်းများစွာ ပျောက်သွားသည်ကို သံသယဝင်ခဲ့သည်။ ယခု ရုတ်တရက်ပေါ်လာသည်မှာ သူမနှင့် အပြင်းအထန်တိုက်ခိုက်ချင်၍ဟုထင်ခဲ့ သည်...

သူသည် မျက်နှာဖုံးဝတ်ဆင်ထားရာ သူ၏မျက်နှာကို သူမမမြင်နိုင်ဘဲ သူ၏ ခရမ်းရင့်ရောင်မျက်လုံးများ၊ လှပသောမေးရိုး၊ ကျောက်စိမ်းနှင့်တူသော နှာခေါင်းနှင့် တောင်ဝှေးသီးနှင့်တူသော နှုတ်ခမ်းများကိုသာ မြင်နေရသည်။ သို့သော် ဤလူသည် အလွန်တရင်းတနှီးရှိသည်ဟု ပေထင်းဟွမ်ခံစားရသည်။ သူသည် သူ့အကျင့်စရိုက်ကို ပြောင်းလိုက်လျှင်တောင် သူ့ကို အထူးတလည် ရင်းနှီးနေတုန်းပင်။

သူမ၏စိတ်ထဲမှသံသယများကိုချုပ်တည်းကာ ပေထင်းဟွမ်သည် ခေါင်းညိတ်ကာ လျိုရွှီတို့ကို ဖြည်းဖြည်းချင်းကြည့်လိုက်သည်။ သူမ၏ ခိုင်မာ သောအသံသည် အားကောင်းသောရိုက်နှက်ချက်ကဲ့သို့ ကြီးမားသော အစည်းအဝေးခန်းထဲတွင်ပေါ်ထွက်လာသည် “အတူလုပ်ကြတာပေါ့”

“ဟုတ်ပြီ အတူလုပ်ကြမယ်” အသံ ၈ သံသည် ပဲ့တင်ထွက်လာသည်။ အားလုံး၏မျက်နှာတွင် စစ်မှန်သောအပြုံများရှိနေကြသည်။ ဤအခိုက်အတန့် တွင် ကောင်းကင်အဆင့်ထိပ်တန်း ၁၀ ယောက်၏ ယှဉ်ပြိုင်လိုသည့်လေထု သည် မှေးမှိန်သွားသည်။ သူတို့နှစ်ယောက်နောက်သို့လိုက်လျှင် ကောင်းကင် အဆင့် ၈ ယောက်သည် တခြားကျောင်းကိုဖြတ်ကျော်ကာ နတ်မိစ္ဆာဝိညာဉ် ဂူသင်္ချိုင်းသို့ဝင်နိုင်မည်ဟု ယုံကြည်ထားကြသည်...

All Chapters