← Chapters

အခန်း (၄၉၁)

Vol. 36 Ch. 491

အခန်း (၄၉၁)

Vol. 36 Ch. 491

ဓားတာအိုသည် သတ်ဖြတ်ခြင်းတာအိုဖြစ်သည်။

ဓားတာအို၏ ကျင့်ကြံသူများသည် တာအို၏ထက်မြိမှုတွင် တိုးတက်လာရုံသာမက ကိုယ်ပိုင်တာအိုကိုလည်း ကာကွယ်နိုင်သည်။

ဟန်မူယဲ့သိထားသော ကမ္ဘာများတွင် ပျက်စီးခြင်းစကြဝဠာကဲ့သို့ သွေးမျိုးဆက်ကမ္ဘာများမှလွဲ၍ ကျန်ကမ္ဘာများတွင် ဓားတာအိုသည် အလွန်ကျော်ကြားသည်။

လောက၏ ဓားတာအိုကို ဓားခွန်အား၊ မှော်ဓားနှင့် ဓားဆန္ဒအဖြစ် ခွဲခြားထားသည်။

ဓားခွန်အားသည် တခြားလူများကို အားသုံး၍ ဖိနှိပ်ပြီး မှော်ဓားသည် အမျိုးမျိုးသောနည်းစနစ်များကို အသုံးချသည်။ ဓားဆန္ဒသည် ဓားကို တာအိုအဖြစ် ပြောင်းလဲသည်။

ဓား‌ဆေးလုံးများကို ဓားဆန္ဒတာအိုတွင် များသောအားဖြင့် အသုံးချသည်။

ဓားဆေးလုံးကို ဒန်ထျန်ထဲတွင် စုစည်းထားနိုင်ပြီး ဓားတစ်လက်အဖြစ်ပြောင်းလဲ၍ ခုခံတိုက်ခိုက်နိုင်သည်။

ဓားဆန္ဒကိုကျွမ်းကျင်သော ဓားကျင့်ကြံသူများက ဓားဆေးလုံးကိုအသုံးပြုရန် နှစ်သက်ကြသည်။

သို့သော် ဓားဆေးလုံးကို အသုံးပြုရန်အတွက် အလွန်အားကောင်းသောဝိညာဉ်စွမ်းအားနှင့် ဓားတာအိုထိန်ချုပ်နိုင်စွမ်းကို လိုအပ်သည်။ သာမန်ဓားကျင့်ကြံသူများအတွက် ဓားဆေးလုံး၏စွမ်းအားကို အသုံးပြုရန် ခက်ခဲသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဓားဆေးလုံးနှင့်ပတ်သတ်သော အမွေအနှစ်များစွာရှိသည်။ သို့သော် ဓားဆေးလုံးအသုံးပြုခြင်း၌ ကျွမ်းကျင်သောဂိုဏ်းများ မရှိပေ။

ယခုအချိန်တွင် ထိုဓားကျင့်ကြံသူက ဓားဆေးလုံးသုံးလုံကို ကိုင်ထားသည်။

သို့သော် သူက ဓားဆေးလုံးများကို ဓားအဖြစ် အသုံးပြုနိုင်ရန်အတွက် သန့်စင်ချင်သည်။ ထိုသို့ မဖြစ်နိုင်ပေ။

ဆံပင်ဖြူအကြီးအကဲက ငြင်းဆိုလိုက်သောကြောင့် ဓားဆေးလုံးကို ကိုင်ထားသော သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူက နောင်တရသွားပုံပေါ်သည်။

“ညီအစ်ကိုဟွမ်၊ မင်းရဲ့အမွေအနှစ်က အသုံးပြုဖို့ခက်ခဲလောက်တယ်။ ငါတို့က ကိုယ်ပိုင်ဂိုဏ်းမထောင်တော့ဘဲ တခြားဂိုဏ်းတစ်ဂိုဏ်းကိုပဲ ဝင်ရောက်လိုက်ကြမလား”

ဓားကျင့်ကြံသူ၏နောက်တွင် မီးခိုးရောင်သိုင်းဝတ်စုံကိုဝတ်ထားသော အသက်လေးဆယ်အရွယ်လူက တီးတိုးပြောသည်။

တခြားဓားကျင့်ကြံသူများကလည်း တီးတိုးပြောလိုက်ပြီး သူ့ကို နားချနေသည်။

ကျင့်ကြံခြင်းကောင်းမွန်သော ဓားကျင့်ကြံသူများက စုဝေးလာပြီး တီးတိုးဆွေးနွေးနေကြသည်။

ဓား‌ဆေးလုံးများကိုင်ထားသော သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့ဆရာသည် ဓားဆေးလုံးဖြင့် သတ်ဖြတ်နိုင်သောကြောင့် ကျော်ကြားသည်။

နောက်ပိုင်းတွင် ဆရာဖြစ်သူက ဆုံးပါးသွားသည်။ ဟွမ်ရီရှန့်က ဆရာဖြစ်သူ၏နောက်ဆုံးဆန္ဒကြောင့် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ချင်သည်။

ဟွမ်ရီရှန့်၏ကျင့်ကြံဆင့်သည် မဆိုးပေ။ သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ ရောက်နေပြီး ကြောက်မက်ဖွယ်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

သူက နှစ်တစ်လျှောက်တွင် အဆင်ပြေသောဓားကျင့်ကြံသူအချို့ကို စုစည်းခဲ့ပြီး ကိုယ်ပိုင်ဂိုဏ်းထောင်ရန် ပြင်ဆင်လိုက်သည်။

သူ့အမွေအနှစ်ထဲတွင် အားကောင်းသော ဓားဆေးလုံးနည်းစနစ်များ အနည်းငယ်သာရှိသည်။ ထိုနည်းစနစ်များကို လက်ဆင့်ကမ်းပေးရန် ခက်ခဲသည်။

နောက်ပိုင်းတွင် ဟွမ်ရီရှန့်က ဓားဆေးလုံးကိုသန့်စင်ရန် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူက အကူအညီတောင်းရန်အတွက် တခြားနေရာများသို့ သွားခဲ့သည်။

သို့သော် ထိုကျင့်ကြံခြင်းနည်းစနစ်တွင် ဓားဆေးလုံးအတွက် အညွှန်းမပါခဲ့ပေ။ ထို့ကြောင့် ထိုနည်းစနစ်ကို ကျင့်ကြံနိုင်သောလူ မရှိခဲ့ပေ။

ဟွမ်ရီရှန့်က နန်းမြို့တော်တွင်ရှိသော ဆေးဆိုင်များအားလုံးဆီသို့ သွားခဲ့သည်။ သို့သော် ဆေးလုံးသန့်စင်ပေးနိုင်သောလူများ မရှိခဲ့ပေ။

ပတ်ဝန်းကျင်ရှိဆွေးနွေးသံများကြောင့် ဟွမ်ရီရှန့်၏မျက်နှာထားက မည်းမှောင်သွားသည်။

သူက ခေါင်းညိတ်လိုက်ပြီး သေတ္တာကိုပိတ်၍ သိမ်းဆည်းရန် ပြင်လိုက်သည်။

“မင်းရဲ့ဓားဆေးလုံးတွေကို ကြည့်လို့ရမလား”

ထိုအချိန်တွင် ဟန်မူယဲ့က ပြောလိုက်သည်။

ဟွမ်ရီရှန့်က အံ့အားသင့်သွားပြီး လှည့်ကြည့်သည်။

ဆေးစံအိမ်၏ ဒုတိယထပ်တွင်ရှိနေသော တခြားလူများကလည်း လှည့်ကြည့်သည်။

ဟန်မူယဲ့ကို အဖော်ပြုပေးနေသော ဝန်ထမ်းက မျက်မှောင်ကြုတ်လိုက်သော်လည်း စကားမပြောခဲ့ပေ။

ဟန်မူယဲ့က အလွန်လေးလံသော သစ်သားသေတ္တာကို ယူလိုက်သည်။

သူက သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်သောအခါတွင် လုံးဝိုင်း၍ ဝိညာဉ်အင်းကွက်များဖြင့်တောက်ပနေသော ဓားဆေးလုံးသုံးလုံးကို မြင်ရသည်။

ထိုဓားဆေးလုံးများသည် သူ့ဒန်ထျန်ထဲတွင်ရှိသော ဓားဆေးလုံးများကို မလှုပ်ရှားစေခဲ့ပေ။ ဓားဘုရင်ယွမ်ထျန်း၏ ဓားဆေးလုံး ၄၈လုံးထဲတွင် မပါဝင်ပေ။

သို့သော် ဟန်မူယဲ့က ဓားဆေးလုံး၏ ရင်းနှီးသောအင်းကွက်များကို မြင်လိုက်ရသည်။

ထိုဓားဆေးလုံးများသည် ဓားဆေးလုံး ၄၈လုံးတွင် မပါဝင်သော်လည်း ဓားဆေးလုံး ၄၈လုံးနှင့် တူညီသောဂိုဏ်းမှ ဆင်းသက်လာသည်။

ဟန်မူယဲ့က ဓားဆေးလုံးကို ညင်သာစွာဆုပ်ကိုင်ကြည့်သည်။

တစ်ဖက်တွင် ဟွမ်ရီရှန့်က မျက်မှောင်ကြုတ်လိုက်သော်လည်း စကားမပြောပေ။

ဟန်မူယဲ့၏လက်ဝါးထဲမှ ဓားချီများထွက်လာပြီး ဓားဆေးလုံးသုံးလုံးထဲသို့ စိမ့်ဝင်သွားသည်။

“ဝီ”

ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

ကောင်းကင်တွင်ရှိနေသောကြယ်များသည် ဓားအဖြစ်ပြောင်းလဲသွားပြီး ဓားဆေးလုံးများ ဖြစ်လာသည်။

‌ကောင်းကင်နှင့်မြေကြီးသည် ကျားကွက်ဖြစ်ပြီး ကြယ်များသည် ဓားဆေးလုံးဖြစ်သည်။ ထိုနည်းစနစ်နှင့် သူက အလွန်ရင်းနှီးနေသည်။

‘ဒါက ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး လက်ဆင့်ကမ်းပေးခဲ့တဲ့ ကောင်းကင်စက်ဝန်းဝင်္ကပါ မဟုတ်ဘူးလား’

ဟန်မူယဲ့က တွေးမိသည်။

သူက ကောင်းကင်စက်ဝန်းဓားဆေးလုံး၏ သန့်စင်ခြင်းနည်းစနစ်ကို နားလည်သွားသည်။

ကောင်းကင်စက်ဝန်းဓားဆေးလုံး ....

ဓားဆေးလုံး ၃၆၁လုံးသည် နယ်မြေတစ်ခုကိုချိပ်ပိတ်နိုင်သော အစီအရင်ကြီးတစ်ခု ဖြစ်သွားသည်။

သို့သော် ဓားဆေးလုံး ၃၆၁လုံးသည် ကြယ် ၃၆၁လုံး ဖြစ်သည်။ ထိုကြယ်များသည် ကောင်းကင်တာအို၏ ပြီးပြည့်စုံသောကြယ်များဖြစ်ပြီး ရရှိရန် မလွယ်ကူပေ။

လုယွီကျိုးက သေဆုံးလုနီးပါးဖြစ်နေသောကြယ်ပေါ်တွင် နှစ်ပေါင်းတစ်ရာအချိန်ကုန်ခံ၍ ကြယ်ကို တာအိုနယ်မြေအဖြစ် ပြောင်းနိုင်ခဲ့သည်။

ဆရာသခင်တစ်ယောက်ဖြစ်နေလျှင်ပင် ကြယ် ၃၆၁လုံးကို သန့်စင်နိုင်မည်မဟုတ်ပေ။

အခွင့်အရေးကြီးတစ်ခု လိုအပ်သည်။

သေတ္တာထဲတွင်ရှိသော ဓားဆေးလုံးသုံးလုံးသည် ကြယ်ကို သန့်စင်ထားခြင်းမဟုတ်ပေ။ ပေတစ်သောင်းကျယ်ဝန်းသော ဥက္ကာခဲများကို သန့်စင်ထားခြင်းဖြစ်သည်။

ထိုဓားဆေးလုံးသည် ကြယ်အစစ်နှင့် မယှဉ်နိုင်သော်လည်း မှော်ရတနာတစ်ခု ဖြစ်လာနိုင်သည်။ ရှားပါးသော ရတနာတစ်မျိုးပင်ဖြစ်သည်။

ဓားဆေးလုံးသန့်စင်ခြင်းနည်းစနစ်သည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးဆင့်မှ ရောက်လာခဲ့သည်။

ဓားဘုရင်ယွမ်ထျန်း၏ ဓားဆေးလုံး ၄၈လုံးနှင့် သန့်စင်ခြင်းနည်းလမ်းများသည်လည်း အတူတူပင် ဖြစ်သည်။

သူက ဓားဆေးလုံးများကိုစွန့်ပစ်ပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ တစ်ဦးတည်းထွက်ခွာသွားသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် ကောင်းကင်စက်ဝန်းဓားဆေးလုံးများကို သန့်စင်နိုင်သော နည်းလမ်းရှိသည်။

ဓားဘုရင်ယွမ်ထျန်းက ဥက္ကာခဲဓားဆေးလုံး ၃၆၁လုံးကို ပိုင်ဆိုင်ထားနိုင်သည်။

ဟန်မူယဲ့က ဓားဆေးလုံးများကို သန့်စင်နိုင်သည့်နည်းလမ်းအပြင် ဓားဆေးလုံးသုံးလုံး၏ နောက်ခံကိုလည်း မြင်ခဲ့ရသည်။

ဓားဆေးလုံးသုံးလုံးကို အာကာသထဲတွင်ရှိသော ရှေးခေတ်ဂူနန်းတစ်ခုမှ ရလာခဲ့သည်။ ဓားဆေးလုံးအဖြစ် သန့်စင်နိုင်သော နည်းလမ်းတစ်ခုလည်း ရှိသည်။

ဟွမ်ရီရှန့်က ဆေးလုံးသန့်စင်ရန်အတွက် အကူအညီလိုက်ရှာနေသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။ သူက အမွေအနှစ်အတွက် ပြုလုပ်နေခြင်းမဟုတ်ဘဲ ဓားဆေးလုံးကို လျင်မြန်စွာသန့်စင်နိုင်ရန် ဖြတ်လမ်းရှာနေခြင်းဖြစ်သည်။

ဟွမ်ရီရှန့်က ဓားဆေးလုံးသုံးလုံးကို ဖြည်းဖြည်းချင်း သန့်စင်နေလျှင် အနည်းဆုံး နှစ်ပေါင်းသုံးရာကြာမြင့်လိမ့်မည်။

အကူအညီပေးမည့်ဆေးလုံးများရှိလျှင် နှစ်ပေါင်းသုံးဆယ်သာ ကြာမြင့်မည်။

ဆေးလုံးသန့်စင်ခြင်းနည်းလမ်းတွင် အဓိကပါဝင်ပစ္စည်းအချို့ကို မြင်ခဲ့ရသည်။ ဟန်မူယဲ့က တခြားဝိညာဉ်ဆေးပင်များနှင့်ပေါင်းစပ်၍ ဆေးညွှန်းကို တွက်ချက်ကြည့်နိုင်သည်။

ထို့အပြင် ဟွမ်ရီရှန့်ပြောခဲ့သည့်အတိုင်း ထိုဆေးလုံးသည် ဓားတာအိုကျင့်ကြံခြင်းအတွက် အသုံးဝင်သည်။

အဘယ်ကြောင့်ဆိုသော် ထိုဆေးလုံးက ဓားဆေးလုံးနေရာတွင် အစားထိုး၍ ဓားဆေးလုံးကိုထိန်းချုပ်နိုင်ရန် ဖြည်းဖြည်းချင်း ကူညီပေးလိမ့်မည်။

ဟန်မူယဲ့က လက်ကို ရွေ့လိုက်ပြီး ဓားဆေးလုံးပေါ်တွင်ရှိသော ဝိညာဉ်အင်းကွက်များကို ကြည့်သည်။ သူက ပြုံးလိုက်သည်။

ဟွမ်ရီရှန့်က ဉာဏ်ကောင်းသည်။ သူက အာခီမီကိုနားမလည်သောကြောင့် ဆေးလုံးသန့်စင်ခြင်းနည်းလမ်းကို ဓားဆေးလုံးအတွက် ကူးယူလိုက်သည်။

သို့သော် ဆေးညွှန်းက လိုအပ်နေသောကြောင့် အာခီမီပညာရှင်များက မသန့်စင်ရဲပေ။

ဟန်မူယဲ့က ဓားဆေးလုံး၏မှတ်ဉာဏ်များကို ကြည့်လိုက်သောအချိန်တွင် ဟွမ်ရီရှန့်၏အတွေးအပြင် အခွင့်အရေးတစ်ခုကိုလည်း မြင်ခဲ့ရသည်။

ရှေးခေတ်ဂူနန်းတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသည်။ ဟွမ်ရီရှန့်၏ဆရာက လုံလောက်အောင်မသန်မာသောကြောင့် ဂူနန်းကို အပြည့်အဝ မရှင်းလင်းနိုင်ခဲ့ပေ။

ဟွမ်ရီရှန်က ဂူနန်းကို ရှာဖွေချင်သောကြောင့် ဓားဆေးလုံးများကိုသန့်စင်ရန် အာရုံစိုက်ထားသည်။

ဟန်မူယဲ့က ဓားဆေးလုံးသုံးလုံးရှိနေသော ရှေးခေတ်ဂူနန်းကို စိတ်ဝင်စားနေသည်။

ထိုဂူနန်းနှင့်ယှဉ်လိုက်လျှင် ဓား‌ဆေးလုံးသုံးလုံးသည် အရေးမပါပေ။

“ဓားဆေးလုံးကို ဆေးလုံးနဲ့ အစားထိုးချင်တာလား”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး သေတ္တာကိုပိတ်၍ ဟွမ်ရီရှန့်ဆီသို့ ပြန်ပေးသည်။

“မင်းရဲ့နည်းစနစ်က အပြည့်စုံဘူး။ မင်းက ဖြည်းဖြည်းချင်း တွက်ချက်ကြည့်မယ်ဆိုရင်တောင် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်၊ သန်းငါးဆယ်လောက်မရှိဘဲ လုပ်နိုင်မှာမဟုတ်ဘူး”

သူ့စကားများကြောင့် ဆံပင်ဖြူလူအိုကြီးက ခေါင်းညိတ်သည်။

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဒီရောင်းရင်းလေးပြောတာ မှန်တယ်။ ဝိညာဉ်ကျောက်တုံးသန်းငါးဆယ်ရှိရင်တောင် ဆေးလုံးကို သန့်စင်နိုင်ပါမယ်လို့ အာမခံရဲတဲ့လူ မရှိဘူး”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ရီရှန့်က နောင်တများနှင့် ခေါင်းညိတ်သည်။

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တခြားလူများကိုဦးဆောင်၍ အောက်ထပ်သို့ ဆင်းသွားသည်။

စိတ်ဝင်စားစရာမရှိတော့ကြောင်း မြင်လိုက်ရသောအခါတွင် ပတ်ဝန်းကျင်ရှိလူများက လူစုခွဲသွားသည်။

ဆံပင်ဖြူလူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ဟန်မူယဲ့ကို ခေါင်းညိတ်ပြသည်။

ထိုအချိန်တွင် ကုန်းစွန်းမူဟယ်က အလင်းဓားဆေးလုံးကိုသန့်စင်ရန်အတွက် လိုအပ်သောဆေးပင်များကို ယူလာခဲ့သည်။

“ဦးလေး”

ကုန်းစွန်းမူဟယ်က ဆံပင်ဖြူလူအိုကြီးကို ဦးညွှတ်လိုက်ပြီး ဟန်မူယဲ့ကို သစ်သားသေတ္တာတစ်လုံး ပေးသည်။

“ဒါက သခင်လေးလိုအပ်တဲ့ ဆေးပင်တွေပါပဲ။ အလင်းဓားဆေးလုံးကို သန့်စင်ဖို့ ဆေးပင်သုံးစုံစာအတွက် ဝိညာဉ်ကျောက်တုံး သုံးဆယ့်ရှစ်သိန်းကျသင့်ပါတယ်”

ဟန်မူယဲ့က သစ်သားသေတ္တာကို ယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။

လူအိုကြီး၏မျက်လုံးများက တောက်ပသွားပြီး မေးလိုက်သည်။

“မိတ်ဆွေလေး၊ မင်းက အလင်းဓားဆေးလုံးကို သန့်စင်ချင်တာလား”

ဟန်မူယဲ့က ခေါင်းခါသည်။

လူအိုကြီးက စိတ်ပျက်သွားသောအချိန်တွင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။

“ကျွန်တော့်ရဲ့ဂိုဏ်းတူညီမက သန့်စင်လိမ့်မယ်”

မူဝမ်က ဆေးလုံးသန့်စင်ပြီး ဟန်မူယဲ့က နောက်မှနေ၍ ကူညီပေးသည်။

အာခီမီတူနှစ်ကိုယ်ကျင့်ကြံခြင်းဖြစ်သည်။

လူအိုကြီးက မူဝမ်ကို လှည့်ကြည့်သည်။

“မိတ်ဆွေလေး၊ မင်းရဲ့အာခီမီကျင့်ကြံခြင်းက မဆိုးဘူးပဲ။ ဒါပေမဲ့ မင်းက အလင်းဓားဆေးလုံးကို သန့်စင်ဖို့အတွက် လိုအပ်နေမှာကို စိုးရိမ်မိတယ်”

လူအိုကြီးက ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ရှုဟယ်စံအိမ်မှာ ဆေးလုံးသန့်စင်ဖို့အတွက် အလုပ်အပ်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတစ်သန်းပဲ ကုန်ကျမယ်”

ဆေးပင်သုံးစုံစာကို သန့်စင်ရန်အတွက် ဝိညာဉ်ကျောက်တုံးတစ်သန်းနှင့် ဆေးပင်၏တန်ဖိုး ဝိညာဉ်ကျောက်တုံး သုံးသန်းကျော်ကို ပေါင်းလိုက်လျှင် ဝိညာဉ်ကျောက်တုံး လေးသန်းရှစ်သိန်းဖြစ်သွားလိမ့်မည်။

အလင်းဓားဆေးလုံးတစ်လုံးကို ဝယ်ယူခြင်းထက် ဝိညာဉ်ကျောက်တုံးနှစ်သိန်း သက်သာသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။ သူက လက်မြှောက်ပြီး ကုန်းစွမ်းမူဟယ်ကို ကျောက်စိမ်းသေတ္တာတစ်လုံး ပေးသည်။

ကုန်းစွန်းမူဟယ်က ကျောက်စိမ်းသေတ္တာကိုယူလိုက်ပြီး ကြောင်အသွားသည်။

သေတ္တာထဲတွင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်ထောင်ရှိနေသည်။ ထိုဝိညာဉ်ကျောက်တုံးများသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သန်းဆယ်ချီ၍ တန်ဖိုးရှိသည်။

“ငါက ဓားမူလမြက်ပင် ဆယ်ပင်၊ ဟွာယုကျစ်ဆေးပင် သုံးပင်၊ ကြယ်ရွှေ သုံးအောင်စ၊ ကြိုးကြာသစ်မြစ် ကိုးအောင်စ ....”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

လူအိုကြီးက မျက်လုံးများတောက်ပသွားပြီး တီးတိုးပြောသည်။

“မိတ်ဆွေလေး၊ မင်းက ဓားဆေးလုံးကို အစားထိုးနိုင်တဲ့ ဆေးလုံးကို သန့်စင်မလို့လား”

လူအိုကြီးက ဆေးညွှန်းကို မြင်လိုက်ရပြီး ဝိညာဉ်ဆေးပင်အချို့ကို မှတ်မိနေသည်။ သို့သော် ဟန်မူယဲ့ပြောလိုက်သော ဝိညာဉ်ဆေးပင်အများစုသည် ဆေးညွှန်းထဲတွင် မပါပေ။

ဟန်မူယဲ့က ဆေးညွှန်းကို ဖုံးကွယ်ထားချင်သောကြောင့် ဖြစ်နိုင်သလို အမှန်တကယ် လိုအပ်နေခြင်းလည်း ဖြစ်နိုင်သည်။

All Chapters