← Chapters

အခန်း (၄၉၂)

Vol. 36 Ch. 492

အခန်း (၄၉၂)

Vol. 36 Ch. 492

အပိုင်း(၄၉၂)

ဆေးလုံးသန့်စင်သောအချိန်တွင် အသုံးပြုမည့်ဆေးပင်များသည် တိကျမှုရှိရမည်။ ဟန်မူယဲ့ပြောလိုက်သောဆေးပင်များသည် လိုအပ်သော်လည်း ထိုဆေးပင်များကိုကြည့်၍ ဆေးညွှန်းတွက်ချက်ကြည့်ရန် မဖြစ်နိုင်ပေ။

“ကျွန်တော်က ကြိုးစားကြည့်ရုံတင်ပါ။ အလုပ်ဖြစ်ပါ့မလား မသိနိုင်ဘူးလေ”

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသည်။

လူအိုကြီးက စဉ်းစားကြည့်လိုက်ပြီး ကုန်းစွန်းမူဟယ်ကို ဆေးပင်များသွားယူရန် အချက်ပြသည်။ ထို့နောက် သူက ဟန်မူယဲ့နှင့်မူဝမ်ကို တိတ်ဆိတ်သောအခန်းထဲသို့ ခေါ်သွားသည်။

တာအိုတန်ခိုးရှင်ချန်ယွင်က တုံ့ဆိုင်းနေပြီး အခန်းတံခါးတွင် နေရစ်ခဲ့သည်။

“ငါက ရှုဟယ်စံအိမ်ကို တာဝန်ယူထားတဲ့ ကုန်းစွန်းမန်လုံပါ။ မင်းတို့နှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲမသိဘူး”

သူတို့က အခန်းထဲသို့ ရောက်လာသောအခါတွင် လူအိုကြီးက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့နှင့်မူဝမ်ကို နှုတ်ဆက်သည်။

ဟန်မူယဲ့နှင့်မူဝမ်က သာမန်လူငယ်များနှင့် တူနေသော်လည်း ဟန်မူယဲ့က စမ်းသပ်ကြည့်ရန်အတွက် ဝိညာဉ်ကျောက်တုံးဆယ်သန်းကို အသုံးပြုခဲ့သောကြောင့် အားကောင်းသောနောက်ခံများ ရှိနိုင်သည်။

မူဝမ်၏ အာခီမီကျင့်ကြံခြင်းက လုံလောက်မှုမရှိပုံပေါ်သော်လည်း သူမက အလင်းဓားဆေးလုံးကို သန့်စင်နိုင်မည်ဟု ဟန်မူယဲ့က ယုံကြည်ချက်ရှိနေသည်။

ထိုအချက်များကို ကြည့်လိုက်လျှင် သူ့ရှေ့တွင်ရှိသော ဟန်မူယဲ့တို့စုံတွဲသည် သာမန်လူများ မဖြစ်နိုင်ပေ။

“ဆရာသခင်ကုန်းစွန်းလား”

ကုန်းစွန်းမန်လုံ၏မိတ်ဆက်စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က အံ့အားသင့်စွာ ပြောာသည်။

သူမက နာမည်ကြီးအာခီမီပညာရှင်များကို မြင်လိုက်ရသောအခါတွင် ထိန်းချုပ်မှုလွတ်သွားသော မျိုးဆက်သစ်အာခီမီပညာရှင်တစ်ယောက်နှင့် တူနေသည်။

ကုန်းစွန်းမန်လုံက နှိမ့်ချစွာပြောတော့မည့်အချိန်တွင် ဟန်မူယဲ့အား တီးတိုးပြောနေသောမူဝမ်၏အသံကို ဆက်ကြားလိုက်ရသည်။

“ဆရာသခင်ကုန်းစွန်းက နှစ်တစ်ရာအတွင်းမှာ ခေါင်းဆောင်ဆရာသခင်တစ်ဦး ဖြစ်လာနိုင်တယ်လို့ ဆရာသခင်ပိုင်လီက ပြောတယ်”

‘ဆရာသခင်ပိုင်လီတဲ့လား’

ကုန်းစွန်းမန်လုံက ကြောင်အသွားသည်။

လောကတွင် ဆရာသခင်ပိုင်လီဟု အခေါ်ခံရသောလူသည် အာခီမီဌာနကို တာဝန်ယူထားသော သူတော်စင်တစ်ဝက်အဆင့် ပိုင်လီရှင်းလင်သာ ဖြစ်သည်။

သူမက ဆရာသခင်ပိုင်လီနှင့် အတော်လေးရင်းနှီးသောကြောင့် သူ့ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ ပြောဆိုနိုင်ခြင်းဖြစ်လိမ့်မည်။

‘ဒီမိန်းကလေးက ဆရာသခင်ပိုင်လီနဲ့ ပတ်သတ်နေတာလား’

သူက တွေးမိသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကုန်းစွန်းမန်လုံကို ကြည့်သည်။

“ကျွန်‌တော်က အကြီးအကဲနဲ့ပတ်သတ်ပြီး အများကြီးကြားဖူးပါတယ်။ ကျွန်တော်က မူယဲ့ပါ။ သူမကတော့ မူဝမ်ပါ။ ကျွန်တော်တို့က လကြည့်မြို့မှာ ဆေးဆိုင်ဖွင့်ထားပါတယ်”

“မူယဲ့၊ မူဝမ်”

ကုန်းစွန်းမန်လုံက ရေရွတ်လိုက်ပြီး ခေါင်းညိတ်သည်။

သူက အာခီမီတွင် အာရုံစိုက်ထားသော အာခီမီဆရာသခင်တစ်ဦးဖြစ်သည်။ သူက တခြားအရာများနှင့်ပတ်သတ်၍ သိပ်မသိ‌ပေ။

ကွမ်မြစ်ဝ၏ဖြစ်ရပ်ကို သူသိထားသော်လည်း အာရုံမစိုက်မိပေ။

ဆရာသခင်မူယဲ့သည် သူရှေ့တွင်ရှိသောလူငယ်လေး မဖြစ်နိုင်ပေ။

သို့သော် ပိုင်လီရှင်းလင်နှင့် ပတ်သတ်နေနိုင်သည်။ ကုန်းစွန်းမန်လုံက မူဝမ်ကိုစစ်ဆေးရန်အတွက် အာခီမီနှင့်ပတ်သတ်၍ အနည်းငယ်မေးခဲ့သည်။

မူဝမ်က အရာအားလုံးကို ဖြေဆိုနိုင်သည်။

သူမ မဖြေနိုင်လျှင်ပင် ဟန်မူယဲ့က သူမကို လမ်းညွှန်ပေးလိမ့်မည်။

ထို့ကြောင့် ကုန်းစွန်းမန်လုံက လူငယ်စုံတွဲကို အထင်ကြီးသွားသည်။

သူတို့နှစ်ယောက်က ငယ်ရွယ်သော်လည်း ကျင့်ကြံခြင်းအခြေခံအုတ်မြစ်သည် အလွန်သိပ်သည်းသည်။

ကုန်းစွန်းမူဟယ်က အခန်းထဲသို့ လျှောက်လာပြီး သစ်သားသေတ္တာတစ်လုံးကို ပေးလိုက်သည်။

ဟန်မူယဲ့က သေတ္တာကိုယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး သေတ္တာကိုသိမ်း၍ မူဝမ်နှင့်အတူ ထရပ်သည်။

“အကြီးအကဲကုန်းစွန်း၊ ကျွန်တော်တို့ အရင်သွားနှင့်ပါမယ်”

ဟန်မူယဲ့က နှုတ်ဆက်လိုက်သည်။ မူဝမ်ကလည်း နှုတ်ဆက်သည်။

ကုန်းစွန်းမန်လုံကလည်း လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ မေးသည်။

“လကြည့်မြို့မှာ မင်းတို့နှစ်ယောက်ဖွင့်ထားတဲ့ ဆေးဆိုင်ရဲ့နာမည်က ဘာတဲ့လဲ”

နန်းမြို့တော်၏ ဆေးဆိုင်ကြီးများသည် ဈေးထဲတွင် တည်ရှိနေကြသည်။ တခြားဆေးဆိုင်များသည် သေးငယ်သော စီးပွားရေးလုပ်ငန်းများသာ ဖြစ်သည်။

မူဝမ်က ပိုင်လီရှင်းလင်နှင့် ဆက်ဆံရေးရှိနေသောကြောင့် ကုန်းစွန်းမန်လုံက မေးလိုက်ခြင်းဖြစ်သည်။ သူက အနာဂတ်တွင် ပိုင်လီရှင်းလင်နှင့် ဆုံတွေ့ခဲ့လျှင် ယနေ့ဖြစ်ရပ်ကိုအကြောင်းပြ၍ စကားပြောနိုင်လိမ့်မည်။

ဟန်မူယဲ့နှင့် မူဝမ်တို့၏ဆေးဆိုင်ကိုတော့ သူက သိပ်ဂရုမစိုက်ပေ။

ရှုဟယ်စံအိမ်ကဲ့သို့ ကြီးမားသောဆေးဆိုင်တစ်ခု ဖြစ်မည်မဟုတ်ပေ။

ဟန်မူယဲ့က လှည့်ကြည့်လိုက်ပြီး ပြောသည်။

“အာခီမီကံကြမ္မာစံအိမ်ပါ”

ထို့နောက် သူက ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။

“ကျေးဇူးပြုပြီး အကြီးအကဲကုန်းစွန်းရှုကို နှုတ်ဆက်လိုက်ပါတယ်လို့ ပြောပေးပါ”

အာခီမီကံကြမ္မာစံအိမ် ....

ကုန်းစွန်းမန်လုံနှင့် ကုန်းစွန်းမူဟယ်က ကြောင်အသွားသည်။ ဟန်မူယဲ့နှင့်မူဝမ်တို့ ‌အောက်ထပ်သို့ဆင်းပြီး ထွက်သွားသည်အထိ သူတို့က စိတ်လွတ်နေခဲ့သည်။

အချိန်အ‌တော်ကြာသောအခါတွင် ကုန်းစွန်းမန်လုံက ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောသည်။

“အာခီမီကံကြမ္မာဆေးလုံးပြောင်းလဲခြင်းနည်းစနစ်က အာခီမီကံကြမ္မာစံအိမ်ကနေ ထွက်ပေါ်လာတာမဟုတ်လား”

ကုန်းစွန်းမူဟယ်က ‌ကြောင်အစွာ ‌ခေါင်းညိတ်သည်။

နန်းမြို့‌တော်တွင် အာခီမီကံကြမ္မာစံအိမ်၏ အာခီမီကံကြမ္မာ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်သည် အကျော်ကြားဆုံးဖြစ်သည်။

မိုးကြိုးကပ်ဘေးကို ခုခံရန်မလိုဘဲ တိမ်တိုက်ဆေးလုံးများကို သန့်စင်နိုင်သည်။

အာခီမီဌာနသည် ထိုနည်းစနစ်ကို ဆဌမအဆင့်နှင့် အထက်အဆင့်ဆေးလုံးများတွင် အသုံးချကြည့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

သာမန်အာခီမီပညာရှင်များက ထိုအမိန့်စာနှင့်ပတ်သတ်၍ နားမလည်သော်လည်း ကုန်းစွန်းမန်လုံက နားလည်ထားသည်။

မိုးကြိုးကပ်‌ဘေးနှင့် ရင်ဆိုင်ရန်မလိုသောဆေးလုံးများကို ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ တခြားကမ္ဘာများသို့ မည်သည့်သက်ရောက်မှုမှမရှိဘဲ ယူဆောင်သွားနိုင်သည်။

ရှုဟယ်စံအိမ်၏ပိုင်ရှင်ဖြစ်သော ယုံဟယ်ဒေသ၏ သခင်ယွင်မင်က တိမ်တိုက်ဆေးလုံးနည်းစနစ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဆေးလုံးတာအိုလမ်းစဉ်ကို ပြောင်းလဲပေးလိမ့်မည်ဟု ပြောခဲ့သည်။

ကုန်းစွန်းမင်လုံက အတားအဆီးများကိုကျော်ဖြတ်၍ တိမ်တိုက်ဆေးလုံးနည်းစနစ်ကို ဖန်တီးပြီး ထူးခြားသောလမ်းစဉ်အား လျှောက်လှမ်းခဲ့သည့် ကျွမ်းကျင်သူကြီး၏အကြောင်းကို တွေးမိခဲ့သည်။

မူလသို့ပြန်သွားပြီး လောက၏အနှစ်သာရကို ထွင်းဖောက်မြင်ထားသော ကျွမ်းကျင်သူမျိုးကသာ ထိုနည်းစနစ်ကို ဖန်တီးနိုင်လိမ့်မည်။

သို့သော် သူ့ရှေ့တွင်ရှိခဲ့သည့် လူငယ်စုံတွဲသည် အာခီမီကံကြမ္မာစံအိမ်၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ကို တီထွင်ခဲ့သူများ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဟန်မူယဲ့က ထွက်မသွားခင် သူ့အစ်ကိုဖြစ်သူ ကုန်းစွန်းရှုကို နှုတ်ဆက်သွားသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။

ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ကို တီထွင်ခဲ့သောလူက ထိုသို့နှုတ်ဆက်ရန် အဆင့်မီသည်။

“ငါက ဒီနေ့ညမှာ အစ်ကိုကြီးကို သွားတွေ့မယ်။ အာခီမီကံကြမ္မာစံအိမ်တဲ့လား။ ဟီးဟီး”

ကုန်းစွန်းမန်လုံက အဝတ်များကို ဆွဲဆန့်လိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။

ကုန်းစွန်းမူဟယ်က ခေါင်းခါလိုက်ပြီး ‌နောက်မှလိုက်လာသည်။

သူက ယနေ့တွင် အာခီမီကံကြမ္မာစံအိမ်၏ပိုင်ရှင်များနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

....

ရှုဟယ်စံအိမ်မှ ထွက်လာ‌သောအခါတွင် ဟန်မူယဲ့နှင့်မူဝမ်က တာအိုတန်ခိုးရှင်ချန်ယွင်ကို ‌ကျေးဇူးတင်လိုက်ပြီး အာခီမီအကြောင်းဆွေးနွေးရန်အတွက် အာခီမီကံကြမ္မာစံအိမ်သို့ ဖိတ်ခေါ်ခဲ့သည်။

ထို့ကြောင့် တာအိုတန်ခိုးရှင်ချန်ယွင်က စိတ်လှုပ်ရှားသွားပြီး လက်နှစ်ဖက်ကို လျင်မြန်စွာဆုပ်ကိုင်၍ သဘောတူလိုက်သည်။

ထိုအရာသည် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်သည်။

သူက ယနေ့ညတွင် ပေါင်မင်ချန်ဆီသို့သွားလည်ပြီး အာခီမီကံကြမ္မာစံအိမ်သို့ သွားရောက်လည်ပတ်ရန် သင့်တော်သောနည်းလမ်းကို ဆွေးနွေးမည်ဟု စီစဉ်ထားခဲ့သည်။

သူက ပေါင်မင်ချန်နှင့် မိတ်ဆွေများဖြစ်လာသောအခါတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက လူသားများ၏နှလုံးသားကို ကောင်းမွန်စွာနားလည်ထားသည်ဟု သိလာရသည်။

ဟန်မူယဲ့နှင့်မူဝမ်က ဆိုင်ထဲမှထွက်လာပြီး မြင်းလှည်းက ရွေ့လျားသွားသည်။

ရုတ်တရက်ဆိုသလိုပင် မြင်းလှည်းက ရပ်တန့်သွားသည်။

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက မူဝမ်၏လက်ဖမိုးကို ပွတ်သပ်ပေးလိုက်ပြီး အပြင်ဘက်သို့ ထွက်လာသည်။

အနက်ရောင်ဝတ်စုံနှင့် ဟွမ်ရီရှန့်က လှည်းရှေ့တွင် ရပ်နေသည်။

“သခင်လေးက ဓားဆေးလုံးကိုအစားထိုးဖို့အတွက် ဆေးလုံးကို သန့်စင်ပေးနိုင်မလားမသိဘူး”

ဟွမ်ရီရှန့်က ဟန်မူယဲ့ကိုကြည့်ပြီး လက်းသီးဆုပ်၍ နှုတ်ဆက်သည်။

မြင်းလှည်းမောင်းနေသောဇူအော်လင်းက ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး တီးတိုးပြောသည်။

“သခင်လေး၊ ဒါက နန်းမြို့တော်ပါ။ ဒီလိုမျိုး လမ်းပိတ်ထားတဲ့အတွက် ကာကွယ်ရေးဌာနနဲ့ ကင်းလှည့်တပ်ဖွဲ့ကို သတင်းပို့လိုက်ဖို့ပဲ လိုပါတယ်။ သူက ‌ကောင်းကောင်းနေနိုင်မှာ မဟုတ်ပါဘူး”

ဇူအော်လင်းက နန်းမြို့တော်တွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့သောကြောင့် စည်းကမ်းများကို ကောင်းမွန်စွာသိနေသည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဟွမ်ရီရှန့်ကို ကြည့်သည်။

“မင်းက ဝိညာဉ်ကျောက်တုံးသန်းငါးဆယ် ထုတ်ပေးနိုင်လား”

ဟွမ်ရီရှန့်က ဆယ်သန်းကိုပင် ထုတ်မပေးနိုင်ပေ။

ဟွမ်ရီရှန့်၏ကြွယ်ဝမှုသည် ဓားဆေးလုံးများသာဖြစ်ကြောင်း ဟန်မူယဲ့က သိထားသည်။

“သခင်လေး၊ ဝိညာဉ်ကျောက်တုံးသန်းငါးဆယ်ကို ရှာကြည့်လိုက်ပါ့မယ်”

ဟွမ်ရီရှန့်က ရှင်းလင်းစွာပြောသည်။

“လုံလောက်အောင် မရှာနိုင်ရင် ဓားဆေးလုံးတွေနဲ့ အလဲအလှယ်လုပ်ပါ့မယ်”

‘ဓားဆေးလုံးတွေကို အပေါင်ပစ္စည်းအနေနဲ့ ထားမှာလား’

‘မင်းက ဓားဆေးလုံးကိုသန့်စင်ဖို့အတွက် ဆေးလုံးတွေ လိုအပ်နေတာ‌ေလေ။ တကယ်ပဲ ဓားဆေးလုံးတွေကို လက်လျော့လိုက်မှာလား’

ဟန်မူယဲ့က စိတ်ထဲတွင် ‌လှောင်ပြောင်လိုက်သည်။ သို့သော် သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ။ ငါက အရင်ကြိုးစားကြည့်လိုက်အုံးမယ်။ နောက်ရက်တွေကျရင် အာခီမီကံကြမ္မာစံအိမ်မှာ ငါ့ကိုလာရှာပါ”

နန်းမြို့တော်တွင် ဟွမ်ရီရှန့်က ပြဿနာရှာရဲမည်မဟုတ်ပေ။ ဟန်မူယဲ့က ထိုသို့ပြောလိုက်ပြီး မြင်းလှည်းပေါ်သို့ ပြန်တက်သွားသည်။

မြင်းလှည်းက ဆက်လက်ရွေ့လျားသွားသည်။

“အစ်ကိုဟန်က သူ့ကိုကူညီပြီး ဆေးလုံးတွေ သန်စင်ပေးတော့မှာလား”

မူဝမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

တွန်အားပေးခံရသော အလုပ်ကိစ္စမျိုးကို အာခီမီပညာရှင်များက အမုန်းဆုံးဖြစ်သည်။

အာခီမီကျင့်ကြံသူများက လွတ်လပ်ခြင်းကိုတန်ဖိုးထားပြီး တွန်အားပေးခံရခြင်းကို မနှစ်သက်ပေ။

“စိတ်မပူပါနဲ့။ ကိုယ်က အဲဒီဆေးလုံးကို စိတ်ဝင်စားနေရုံတင်ပါ”

ဟန်မူယဲ့က နက်ရှိုင်းသောမျက်လုံးများဖြင့် ခပ်ဟဟရယ်သည်။

သူတို့က အာခီမီကံကြမ္မာစံအိမ်သို့ ပြန်ရောက်လာသောအခါတွင် နေဝင်သွားပြီဖြစ်သည်။

ဇူအော်ယုလုံနှင့် ဇူအော်ယုထင်တို့က တိုက်ဆိုင်စွာရှိနေသောကြောင့် သူတို့အားလုံးက စွေ့စွေ့၏ဆိုင်သို့သွားပြီး ရှောက်တထျန်း၏အသားကင်ကို စားသုံးလိုက်သည်။

မူဝမ်က စွေ့စွေ့ကို အနားယူရန် အကြံပေးနေသည်။ စွေ့စွေ့က နားမထောင်ဘဲ ဘေးတွင် အကူအညီပေးနေသည်။

ညဘက်တွင် ဆိုင်ပိတ်လိုက်ပြီး ခြံဝိုင်းထဲသို့ ပြန်ရောက်လာသောအခါတွင် မူဝမ်က ရှောက်တထျန်းနှင့်စွေ့စွေ့ကို ကူညီပေးရန်အတွက် ဟန်မူယဲ့ကို မေးသည်။

ဟန်မူယဲ့က စဉ်းစားလိုက်ပြီး စောင့်ကြည့်ရန်ပြောသည်။

လက်ရှိအချိန်တွင် အကောင်းဆုံးနည်းလမ်းသည် ကလေးနှင့်မိခင်၏လုံခြုံရေးအတွက် ဆေးလုံးအသုံးပြုခြင်းဖြစ်သည်။

ဆေးလုံးက အလုပ်မဖြစ်လျှင် ဟန်မူယဲ့က သွေးမျိုးဆက်စွမ်းအားကို ချုပ်နှောင်ထားနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူတို့က ရှောက်တထျန်းနှင့်စွေ့စွေ့ကို ကာကွယ်ပေးရမည်။

“ညီမမူက မနက်ဖြန်ကျရင် ဆရာသခင်ပိုင်လီဆီမှာ သွားပြီး သင်ယူတော့မှာမဟုတ်လား”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။

“ဒီနေ့ညမှာ အလင်းဓားဆေးလုံးကို သန့်စင်ကြည့်ရ‌အောင်လေ”

မူဝမ်က ရှက်သွားပြီး ညင်သာစွာခေါင်းညိတ်သည်။

အခန်းထဲတွင် မီးတောက်များ ပေါ်ထွက်လာသည်။

“ညီမမူ၊ မပူဘူးလား။ အပေါ်ဝတ်စုံကို ချွတ်လိုက်ပါ့လား”

“အလင်းဓားဆေးလုံးကို သန့်စင်တဲ့နေရာမှာ အရေးအကြီးဆုံးက အဆီအနှစ်သုံးခုဓားမြက်ပင်ထဲမှာရှိတဲ့ ဓားဆန္ဒကို တွန်းထုတ်ဖို့ပဲ။ ညီမမူ၊ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ဓားဆန္ဒကို ခံစားကြည့်လိုက်။ နည်းနည်းလောက် သည်းခံထားပါ”

“ညီမမူ၊ သတိကပ်ထားပါ။ အာရုံစိုက်မှဖြစ်မယ်။ စောနက ကိုယ်မလှုပ်ရှားလိုက်ရင် ဒီမီးပြင်းဖိုက မအောင်မြင်ဘဲဖြစ်သွားလိမ့်မယ်”

....

ဟန်မူယဲ့က ပင်ပန်းနေသောမူဝမ်ကို အခန်းထဲသို့လိုက်ပို့ပြီး ပြန်ထွက်လာသောအခါ ကောင်းကင်ထက်တွင် လသာနေပြီဖြစ်သည်။

ဟန်မူယဲ့က အလင်းတန်းတစ်ခုအဖြစ်ပြောင်းပြီး အင်မော်တယ်လရေကန်သို့ ဝင်ရောက်သွားသည်။

အင်‌မော်တယ်လရေကန်တွင် ရေနတ်နန်းပုံရိပ်တစ်ခု ရှိနေသည်။

ထိုအရာသည် ပူဇော်ခြင်းစွမ်းအားများ၏ ပုံရိပ်ဖြစ်ပေါ်ခြင်းဖြစ်သည်။

ဟန်မူယဲ့က ရေထဲသို့ ဝင်သွားသောအခါတွင် ရွှေရောင်ချပ်ဝတ်ပုံရိပ်များက စစ်ဆေးရန် ရောက်လာကြသည်။ သို့သော် သူတို့က ဦးညွှတ်ပြီး ပြန်ထွက်သွားသည်။

သူတို့က ရေအောက်တွင် ကင်းလှည့်နေသောစစ်သည်များဖြစ်သည်။ သူတို့တွင် ကောင်းကင်အမိန့်စာရှိသည်။

All Chapters