အခန်း (၄၉၅)
Vol. 36 Ch. 495
ဓားတာအို၏ ရွှေအမြုတေ ....
ချီပင်လယ်တွင်ရှိသော ဓားဆန္ဒများမှဖြစ်ပေါ်လာသည့် ဓားရှည်နှင့် စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်လိပ်ပြာဓားကဲ့သို့ ထိုဓားသည်လည်း ကောင်းကင်အဆင့်ကျင့်ကြံသူများကို တိုက်ခိုက်နိုင်သည်။ ထိုဓားကို ဟန်မူယဲ့က ကိုယ်ပိုင်ကျင့်ကြံခြင်းဖြင့် ဖန်တီးခဲ့သည်။
သူ့ကို ရွှေအလင်းများက လွှမ်းခြုံထားပြီး ဝိညာဉ်အင်းကွက်များ ဆက်တိုက်ပေါ်လာသည်။
ရွှေရောင်ဓားရှည်သည် ပုံပေါ်လာခဲ့သည်။ ဓားအလင်းများ လင်းလက်သွားပြီး သူ့ဒန်ထျန်ထဲမှ ပျံထွက်သွားမည့်ပုံ ပေါ်သည်။
သူက ဓားတာအို၏ရွှေအမြုတေကို စုစည်းခဲ့ပြီး ကမ္ဘာမြေ ရွှေအမြုတေအဆင့်သို့ ရောက်သွားသည်။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားပြီး အပြုံးတစ်ခုနှင့်အတူ ထရပ်သည်။
ဒန်ထျန်တွင်ရှိသော ရွှေအမြုတေဓား၊ ချီပင်လယ်ထဲတွင်ရှိသော ဓားဆန္ဒဓားနှင့် စိတ်နယ်ပယ်တွင်ရှိသော ဝိညာဉ်လိပ်ပြာဓားတို့ကို ပေါင်းစပ်နိုင်ခဲ့လျှင် သူက ကောင်းကင်ဘုံ ဝိညာဉ်သူငယ်အဆင့်သို့ ရောက်သွားလိမ့်မည်။
ဓားအမြုတေကို စုစည်းနိုင်ခဲ့သည်။ ဝိညာဉ်သူငယ်အဆင့်ကလည်း သိပ်မဝေးတော့ပေ။
ဟန်မူယဲ့က ပိန်ပါးသောကျင့်ကြံသူ၏ မကျေနပ်သောအကြည့်အောက်တွင် ပျံထွက်သွားခဲ့သည်။
“ဘုရားရေ၊ ဒါက နောက်ထပ် သားသတ်သမားလုတစ်ယောက်ပဲ ....”
ပိန်ပါးသောကျင့်ကြံသူက ရေရွတ်လိုက်သည်။
ဟန်မူယဲ့က အရုဏ်ဦးအလင်းရောင်အောက်တွင် ခြံဝိုင်းထဲသို့ ပြန်ရောက်လာသည်။
ထိုအချိန်တွင် မူဝမ်က မျက်နှာသစ်ပြီး ခြံဝိုင်းထဲတွင် လေ့ကျင့်နေသည်။ သူမက ခေါင်းမော့ကြည့်လိုက်ပြီး ဓားအလင်းနှင့် လျှပ်စီးအလင်းများလွှမ်းခြုံနေသော အင်မော်တယ်တစ်ယောက်နှင့်တူသည့် ဟန်မူယဲ့ကို မြင်လိုက်ရသည်။
“အစ်ကိုဟန်”
“ဒီနေ့ အစ်ကိုဟန်က နည်းနည်း ကွဲပြားနေသလိုပဲ .... အား ....”
ဟန်မူယဲ့က မူဝမ်ကို ညင်သာစွာဖက်လိုက်သည်။ သူ့ကိုယ်ပေါ်တွင်ရှိသော လျှပ်စီးစွမ်းအားအချို့ကြောင့် မူဝမ်က ပျော့ခွေသွားသည်။
“အစ်ကိုဟန်က အဲ့ဒီပုံတွေထဲကလိုမျိုး ကျွန်မကို စားချင်နေပြီလား”
မူဝမ်က ခေါင်းမော့ကြည့်သည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
မူဝမ်က သူ့ပွေ့ဖက်မှုထဲမှ လွတ်မြောက်သွားပြီး တခစ်ခစ်ရယ်သည်။
“အစ်ကိုဟန်၊ ကျွန်မက အာခီမီသင်ယူဖို့ ဆရာသခင်ပိုင်လီရဲ့အိမ်ကို သွားတော့မယ်။ ညစာကို ကိုယ့်ဘာသာစားလိုက်တော့နော်”
‘ညစားလား’
သူက ညစာတင်မကဘဲ တချို့အရာများကိုလည်း ဖြေရှင်းရလိမ့်မည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။
ယခုအချိန်တွင် ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းက သိပ်မကောင်းသေးသော်လည်း ဆေးလုံးသန့်စင်ရန် လုံလောက်မှုရှိသည်။
တွက်ချက်မှုအချို့ လုပ်ပြီးသွားသောအခါ ဓားဆေးလုံး၏နေရာတွင် အစားထိုးမည့် ဆေးလုံးကို သန့်စင်နိုင်တော့မည်။
ဟန်မူယဲ့က ရေရွတ်လိုက်သည်။ မီးပြင်းဖိုထဲတွင် မီးလုံးတစ်လုံး ပေါက်ကွဲထွက်လာပြီး ဆေးလုံးကို ဝိုင်းရံလိုက်သည်။
ဆေးလုံးက ပျော်ရွှင်စွာအော်ဟစ်လိုက်ပုံပေါ်ပြီး ဆက်တိုက်လည်ပတ်၍ မီးစွမ်းအင်များကို စုပ်ယူနေသည်။
ဟန်မူယဲ့က စောင့်မနေပေ။ သူက လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်ပြသည်။
ဓားဆန္ဒတစ်ခုသည် မီးပြင်းဖိုထဲသို့ တိုးဝင်သွားသည်။
သူက ဓားချီကိုအသုံးပြု၍ ဆေးလုံးများသန့်စင်ရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။
ဓားဆန္ဒသည် ဓားချီ ၁၂၈,၀၀၀ အဖြစ် ပြောင်းလဲပြီး ဆေးလုံးထဲသို့ တိုးဝင်သွားသည်။ ဆေးလုံးက လည်ပတ်နေပြီး ဆေးလုံးပေါ်တွင်ရှိသော ဝိညာဉ်အင်းကွက်များသည် မရေမတွက်နိုင်လောက်သော ကြယ်များအဖြစ် ပြောင်းလဲသွားသည်။
ဆေးလုံးပေါ်တွင် တောင်တန်း၊ မြစ်၊ တိမ်တိုက်နှင့် မရေမတွက်နိုင်လောက်သောပုံရိပ်များ ပေါ်လာသည်။
ဆေးလုံးပေါ်တွင် ဓားအလင်းများသွယ်ယှက်နေပြီး ပျောက်ကွယ်သွားသည်။
ဓားတာအို၏အဓိပ္ပာယ်သည် ဖျက်ဆီးပြီး တည်ဆောက်ခြင်းဖြစ်သည်။
ထို့ကြောင့် ဆေးလုံးကိုအသုံးပြု၍ ကြယ်များကို ဖြစ်ပေါ်လာစေမည်။
ကြယ်များသည် ဓားဆေးလုံးဖြစ်လာနိုင်သောကြောင့် ဓားဆေးလုံးသည်လည်း ကြယ်ဖြစ်လာနိုင်သည်။
ကောင်းကင်ထက်တွင် တိမ်တိုက်များစုစည်းလာသည်။
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး တာအိုအနှစ်သာရမီးပြင်းဖိုနှင့်အတူ မိုင်တစ်ရာအကွာတွင်ရှိသော မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်ဆီသို့ သွားလိုက်သည်။
“မင်းပဲလား”
ပိန်ပါးသောလူငယ်က ကြောင်အသွားသည်။ သူက စည်းကမ်းများကို မပြောနိုင်ခင် ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာတစ်လုံးကို ပစ်ပေးသည်။
အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သုံးရာ ....
ပိန်ပါးသောလူငယ်က မျက်မှောင်ကြုတ်သည်။
ဆေးလုံးကပ်ဘေးအတွက် ဝိညာဉ်ကျောက်တုံးအများအပြား မလိုအပ်ပေ။
သို့သော် မိုးကြိုးကပ်ဘေးက ဆင်းသက်လာပြီဖြစ်သောကြောင့် သူက မည်သည့်အရာကိုမှ မပြောတော့ပေ။
“ဘုန်း”
ရွှေရောင်မိုးကြိုးသည် တာအိုအနှစ်သာရမီးပြင်းဖိုနှင့် ထိတွေ့သွားသည်။ မီးပြင်းဖိုက လှုပ်ခါနေပြီး လွင့်ထွက်လုနီးပါး ဖြစ်သွားသည်။
ထိုမိုကြိုးကပ်ဘေးသည် မနေ့ညတွင်ဖြစ်ခဲ့သော ဟန်မူယဲ့၏ မိုးကြိုးကပ်ဘေးထက် ပိုမိုအားကောင်းသည်။
“သူက ဘယ်သူလဲ။ သူက ဒီလိုအာခီမီကျွမ်းကျင်မှုမျိုးကို ပိုင်ဆိုင်ထားတယ်လား”
မီးပြင်းဖိုနှင့် မိုးကြိုးကပ်ဘေးဖြတ်ကျော်နေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပိန်ပါးသော လူငယ်ကျင့်ကြံသူက နားမလည်နိုင်ဖြစ်နေသည်။
သူက မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်ကို နှစ်ပေါင်းများစွာကြာသည်အထိ စောင့်ကြပ်ခဲ့သော်လည်း ထိုသို့အားကောင်းသော အာခီမီကျင့်ကြံသူမျိုးကို မမြင်ဘူးပေ။
ထို့အပြင် မနေ့ညက ဟန်မူယဲ့ အဆင့်တက်သွားခဲ့ကြောင်း သူက ရှင်းလင်းစွာမှတ်မိနေသည်။
“ဟုတ်သားပဲ။ အာခီမီညီလာခံက စတင်တော့မှာပဲ။ ဒီတစ်ခေါက် နန်းမြို့တော်ရဲ့ အာခီမီညီလာခံက သက်ဝင်လှုပ်ရှားနေလောက်တယ်”
ပိန်ပါးသောကျင့်ကြံသူက တီးတိုးရေရွတ်လိုက်ပြီး လှည့်ထွက်သွားသည်။
သူက စည်းကမ်းများကို လိုက်နာမှုရှိသေးသည်။ တခြားလူများ၏မိုးကြိုးကပ်ဘေးကို တိုက်ရိုက်စောင့်မကြည့်နိုင်ပေ။
တစ်ဖက်လူတွင် အပြင်လူများကို မသိစေချင်သော လျှို့ဝှက်နည်းစနစ်များ ရှိနေနိုင်သည်။
ထိုအရာသည် ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းဖြစ်သည်။
သူလှည့်ထွက်သွားသောအချိန်တွင် အဆတစ်ရာခန့် ပိုမိုပြင်းထန်သော လျှပ်စီးကြောင်းတစ်ခု ကျဆင်းလာခဲ့ကြောင်း မသိလိုက်ပေ။
ဟန်မူယဲ့၏နောက်တွင် ခွေဦးချိုပေါ်လာပြီး လျှပ်စီးကြောင်းကို ခုခံလိုက်သည်။ ထို့နောက် လျှပ်စီးကြောင်းကို မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ် ဖြိုခွဲလိုက်ပြီး တာအိုအနှစ်သာရမီးပြင်းဖိုထဲသို့ ထည့်ပေးသည်။
တာအိုအနှစ်သာရမီးပြင်းဖိုထဲတွင် ရွှေရောင်ဆေးလုံးသည် လျှပ်စီးကြောင်းများ၏ရစ်ပတ်ခြင်းကို ခံထားရသည်။ ဆေးလုံးပေါ်တွင် လျှပ်စီးအင်းကွက်များ ပေါ်လာခဲ့သည်။
မိုးကြိုး ၁၂စင်း ဆင်းသက်လာပြီးသောအခါ မီးပြင်းဖိုထဲတွင်ရှိသော ဆေးလုံးက တိတ်ဆိတ်သွားပြီး လက်မအရွယ်အစားရှိသော မီးခိုးရောင်ဆေးလုံးအဖြစ် ပြောင်းသွားသည်။
ရတနာများသည် လျှို့ဝှက်စွာနေထိုင်သည်။
ဟန်မူယဲ့၏ စိတ်အာရုံထဲတွင် ရွှေရောင်မိုးကြိုးအင်းကွက် ၁၂ခုနှင့် ဝိညာဉ်အင်းကွက်ကိုးခုကို မြင်နေရသည်။
နဝင်းကိုးပါးဆေးလုံး၊ မိုးကြိုး ၁၂စင်း သန့်စင်ခြင်း ....
ထိုဆေးလုံးသည် ထိပ်တန်းအဆင့်အရည်အသွေးကို ကျော်ဖြတ်၍ အင်မော်တယ်အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်။
ဟန်မူယဲ့က ဆေးလုံးကို ကိုင်လိုက်သည်။
သူ့လက်ဝါးထဲတွင် ပေါက်ကွဲနိုင်သောစွမ်းအားများ လှုပ်ရှားနေပြီး အေးစက်သောဓားဆန္ဒသည် လေဟာနယ်ကို ထိုးခွဲသွားမည့်ပုံပေါ်သည်။
ဟန်မူယဲ့က ဆေးလုံးကို ထိမကြည့်ဘဲ ဆေးလုံးထဲတွင်ရှိသော ဓားဆန္ဒကို အာရုံမခံနိုင်ပေ။
ဟန်မူယဲ့က ဆေးလုံးကို ဆုပ်ကိုင်လိုက်ပြီး ပြုံးသည်။
ဤဆေးလုံးသည် ဓားဘုရင်ယွမ်ထျန်းချန်ခဲ့သော ဓားဆေးလုံးများနှင့် မယှဉ်နိုင်သော်လည်း ဓမ္မရတနာအရိပ်အယောင်တချို့ ရှိနေသည်။
ထို့အပြင် ဤဆေးလုံးကို မြိုချပြီး သန့်စင်နိုင်သည်။
ဆေးလုံးတစ်လုံးသည် ဓားချီတစ်သိန်းကို ပျိုးထောင်ပေးနိုင်သည်။
သို့သော် ဓားချီသည် ပြင်းထန်သောကြောင့် လုံလောက်သောခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိလျှင် သေဆုံးသွားရလိမ့်မည်။
ဤဆေးလုံးသည် ပဥ္စမအဆင့်ကို ကျော်ဖြတ်၍ သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးနှင့် အဆင့်တူတွင် ရှိနေသည်။ တတိယအဆင့်ဖြစ်သော ဝိညာဉ်ဖိနှိပ်ခြင်းဆေးလုံးနှင့်ယှဉ်လိုက်လျှင် ဆေးစွမ်းအားအချို့သာ လိုအပ်နေသည်။
ထို့ကြောင့် ဟန်မူယဲ့က ဉာဏ်အလင်းပွင့်သွားသည်။
ဝိညာဉ်ဖိနှိပ်ခြင်းဆေးလုံးကို တိုက်ပွဲများအတွက် သန့်စင်ခဲ့သည်။ ဓားဆေးလုံးသည်လည်း တိုက်ပွဲအတွက် ဖြစ်သည်။
ဆေးလုံးများက အဆင့်တစ်ခုသို့ ရောက်လာသောအခါတွင် လူတစ်ယောက်၏တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးလိမ့်မည်။
ဟန်မူယဲ့က ဆေးလုံးကိုသိမ်းလိုက်ပြီး နောက်လှည့်ကြည့်သည်။
“မင်းရဲ့ဆေးလုံးကပ်ဘေးက အရမ်းသန်မာတယ်။ ဝိညာဉ်ကျောက်တုံးသုံးသန်း ကုန်ကျမယ် ....”
ပိန်ပါးသောကျင့်ကြံသူ၏အသံကို ကြားလိုက်ရသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် တစ်ချက်လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။
“သူက ဆေးဘယ်လိုစစ်ရမယ်ဆိုတာကို မသိဘူးလား”
ပိန်ပါးသောကျင့်ကြံသူက ကျောက်စိမ်းသေတ္တာကို ကိုင်ထားပြီး ရေရွတ်လိုက်သည်။
ဟန်မူယဲ့က ခံစားချက်ကောင်းနေသောကြောင့် ဝိညာဉ်ကျောက်တုံးသုံးသန်းနှင့်ပတ်သတ်၍ ဂရုမစိုက်တော့ပေ။
ထို့အပြင် သူက မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်တွင် ဆေးလုံးများအားလုံး သန့်စင်ရန်အတွက် အစီအစဉ်မရှိပေ။
စုဝေကမ္ဘာတွင် ဤဆေးလုံးအတွက်လိုအပ်သော ဝိညာဉ်ဆေးပင်များ အားလုံးရှိသည်။
သူတောင်းဆိုလိုက်လျှင် ဝိညာဉ်ဆေးပင်များကို အလိုလျောက် ရလာလိမ့်မည်။
ဝိညာဉ်ကျောက်တုံးများ သုံးစွဲနေရန် မလိုအပ်ပေ။
ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်၏ကောင်းကင်ထက်တွင် ပြန်ပေါ်လာပြီး ခြံဝိုင်းထဲသို့ ဆင်းသက်တော့မည့်အချိန်တွင် ရပ်တန့်လိုက်ပြီး ဆိုင်ရှေ့တွင် ဆင်းလိုက်သည်။
တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်တွင် ရှောက်တထျန်းက အနက်ရောင်မုတ်ဆိတ်မွေးများနှင့် အဖြူရောင်ဝတ်စုံကိုဝတ်ထားသော ပိန်ပါးသည့်လူအိုကြီးတစ်ယောက်နှင့် အတူတူထိုင်နေသည်။
လူအိုကြီးက ပြုံးနေသည်။ သူ့ရှေ့တွင် မုန့်အမျိုးမျိုးရှိနေပြီး လက်ထဲတွင် ဝါးတူတစ်စုံကို ကိုင်ထားသည်။
သူက ပျင်းရိနေပုံပေါ်သော်လည်း တစ်ကိုယ်လုံးတွင် ဓားဆန္ဒများဖြင့် ပြည့်နေသည်။
သူက ဓားတာအို၏ မဟာကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက ဖြည်းဖြည်းချင်း ရှေ့တက်သွားပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
“အကြီးအကဲကုန်းစွန်းရှုကို နှုတ်ဆက်ပါတယ်”
နန်းမြို့တော်၏ ဓားတန်ခိုးရှင်ဖြစ်သော ပြိုင်ဘက်ကင်းကုန်းစွန်းရှု ဖြစ်သည်။
ဟန်မူယဲ့က ကုန်းစွန်းရှုကို မမြင်ဘူးသော်လည်း ချက်ချင်းသိလိုက်သည်။
ကုန်းစွန်းရှုက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ငါက အကြီးအကဲလို့ အခေါ်ခံသင့်ရဲ့လား မသိဘူး”
“အာခီမီ၊ ကွန်ဖြူးရှပ်နဲ့ ဓားတာအိုမှာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် အဆင့်တူမှာရှိနေတယ်လို့ ပြောနိုင်တယ်မဟုတ်လား”
သူ့မျက်လုံးထဲတွင် နက်ရှိုင်းသောအလင်းများရှိနေပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
“ငါက မင်းဆီကနေ ဓားဆန္ဒကို ခံစားနေရတယ်”
“ဒါက ဓားကျင့်ကြံသူတစ်ယောက်ရဲ့ အလိုလိုသိစိတ်ပဲ”
ဟန်မူယဲ့က ဓားတာအိုကျင့်ကြံခြင်းကို ဖုံးကွယ်ထားသည်။ ကုန်းစွန်းရှုက သူ၏ ဓားတာအိုကျင့်ကြံခြင်းကို အာရုံခံနိုင်သော ပထမဆုံးကျွမ်းကျင်သူ ဖြစ်သည်။
ကုန်းစွန်းရှုက ဓားကျင့်ကြံသူတစ်ယောက်၏ အလိုလိုသိစိတ်ဟု ပြောလိုက်သောအချိန်တွင် ဟန်မူယဲ့၏ ဓားတာအိုအမြုတေက တုန်ခါသွားပြီး အပြင်သို့ ထွက်လာလုနီးပါး ဖြစ်နေခဲ့သည်။
ချီပင်လယ်တွင်ရှိသော ဓားရှည်ကလည်း တုန်ခါနေသည်။
စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်လိပ်ပြာဓားကသာ မတုံ့ပြန်ဘဲ ရှိနေသည်။
အံ့အားသင့်ဖွယ်ကောင်းသည်။
“ဟီးဟီး၊ မင်းကလည်း ငါ့ကိုစိတ်ဝင်စားနေတာလား”
ကုန်းစွန်းရှုက ရယ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် စပ်စုလိုစိတ်နှင့် တိုက်ခိုက်လိုစိတ်များ ရှိနေသည်။
ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ မခုခံနိုင်သောဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။ သို့သော် သူက နောက်မဆုတ်ဘဲ ဓားအလင်းကို ပတ်ဝန်းကျင်တွင် ဝိုင်းရံခိုင်းလိုက်သည်။
တာအိုနယ်မြေ ....
မဟုတ်သေးပေ။ ဓားနယ်မြေဖြစ်သည်။
ကိုယ်ပိုင်နယ်မြေကို ဖွဲ့စည်းထားပြီး ကွန်ဖြူးရှပ်တာအို၏ သူတော်စင်တစ်ဝက်အဆင့်နှင့်ယှဉ်နိုင်သော ဓားကျင့်ကြံသူတစ်ဦးကို ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသည်။
ကုန်းစွန်းရှု၏ ချီစွမ်းအင်ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံ ဝိညာဉ်ကိုယ်ခွဲအဆင့် သို့မဟုတ် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေလိမ့်မည်။ သို့သော် ဓားတာအိုနယ်မြေသည် ကျင့်ကြံဆင့်ကိုကျော်လွန်၍ အင်မော်တယ်ဝိညာဉ်အဆင့်သို့ ရောက်နေသည်။
ခန္ဓာကိုယ်ကို အသုံးပြု၍ တာအိုနှင့်ပေါင်းစပ်ပြီး တာအိုနယ်မြေတစ်ခု ဖြစ်လာစေသည်။ လူသားလောကတွင် သူတော်စင်ဟု အမည်တပ်လိမ့်မည်။
ဓားသူတော်စင် ....
ဗလာ၊ အမှောင်ထုနှင့် ဓားအလင်းများ သွယ်ယှက်နေသည်။
ဟန်မူယဲ့၏ရှေ့တွင် ဗလာဖြစ်နေသော လောကတစ်ခု ပေါ်လာသည်။ တောင်တန်းများ၊ မြက်ပင်များနှင့် သစ်ပင်များသည် ဓားနှင့်တူသည်။ တိမ်တိုက်နှင့်လေပြင်းများသည် ပြင်းထန်စွာလှုပ်ရှားနေကြသည်။
သူက ဤနေရာတွင် ရပ်နေလျှင် အသက်သုံးခါရှုချိန်အတွင်း၌ တစ်ပိုင်းတစ်စစီ ဖြစ်သွားလိမ့်မည်။
ဟန်မူူယဲ့က ရှေ့တွင်လှုပ်ရှားနေသော ဓားအလင်းများကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲမှုမရှိဘဲ လက်ဖြန့်သည်။
“ဝီ”
ဓားဆေးလုံး၏နေရာတွင် အစားထိုးရန်အတွက် သန့်စင်ထားသောဆေးလုံးက ပျံထွက်သွားသည်။
ဆေးလုံးသည် လည်ပတ်နေပြီး ရှေ့တွင်ရှိသော တိမ်တိုက်နှင့်သစ်ပင်များအားလုံးကို စုပ်ယူလိုက်သည်။
ဆေးလုံးကို ဝိညာဉ်ဆေးပင်များနှင့် သန့်စင်ထားခြင်းဖြစ်သည်။ ယခုအချိန်တွင် တာအိုနယ်မြေ၏စွမ်းအားကို စုပ်ယူနေရသောကြောင့် ဆေးလုံးက ပျော်ရွှင်စွာ တုန်ခါသွားသည်။
မီးခိုးရောင်ဆေးလုံးပေါ်တွင် ဓားအင်းကွက်များ ပေါ်လာသည်။
ဆယ်မိုင်ပတ်ဝန်းကျင်တွင်ရှိသော ဓားချီများအားလုံး စုပ်ယူခံလိုက်ရသည်။
လျှပ်စီးကြောင်းများ ပေါ်ထွက်လာသည်။
ဟန်မူယဲ့က ပြုံးသည်။
ကုန်းစွန်းရှု၏ တာအိုနယ်မြေက အခြေခံအဆင့်တွင်သာ ရှိသေးသည်။ သာမန်ရန်သူများနှင့်ရင်ဆိုင်ရန် အသုံးပြုနိုင်သော်လည်း သူ့လို ဓားကျွမ်းကျင်သူတစ်ယောက်ကို မဖိနှိပ်နိုင်ပေ။
ထို့အပြင် မျှော်လင့်မထားဘဲ ဆေးလုံးက ဓားချီများကို စုပ်ယူနိုင်နေသည်။