← Chapters

အခန်း (၄၉၇)

Vol. 36 Ch. 497

အခန်း (၄၉၇)

Vol. 36 Ch. 497

ဓားကျင့်ကြံသူတွေက သိုင်းလောကနဲ့သက်ဆိုင်တယ်။ သူတို့က လွတ်လပ်ပြီး လောကကို လွှမ်းမိုးထားနိုင်တယ်။ သူတို့က သေဆုံးခြင်းနဲ့ရင်ဆိုင်ရမယ်ဆိုရင်တောင် နောင်တမရှိဘူး”

သူက ဓားကျင့်ကြံခြင်းတွင် ထူးချွန်ပြီး အလွန်ကောင်းမွန်သည့်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း တော်ဝင်မိသားစု၏ အစောင့်တစ်‌ယောက်ဖြစ်နေသောကြောင့် ဘဝတစ်လျှောက်လုံး တော်ဝင်မိသားစုနှင့် ချိတ်ဆက်နေပြီး မလွတ်မြောက်နိုင်ပေ။

သေဆုံးသည်အထိ တိုက်ခိုက်သွားကြသော လင်းချုံးရှောင်တို့နှင့် ယှဉ်လိုက်လျှင် ကုန်းစွန်းရှု၏ဓားချက်များသည် သူကိုယ်တိုင်အတွက် မဟုတ်ခဲ့ပေ။

ဓားကျင့်ကြံသူတစ်ယောက်၏ဓားသည် ကိုယ်တိုင်အတွက် မဟုတ်ပေ။

ထိုအချက်သည် သနားစရာကောင်းသည်။

“ငါက နန်းမြို့‌တော်မှာမွေးဖွားပြီး ဓားတာအိုမှာ ပါရမီပါလာခဲ့တယ်။ ငါ့ကျင့်ကြံခြင်းလမ်းကြောင်းက ချောမွေ့နေတယ်”

“ငါ့မိတ်ဆွေတွေက အားကောင်းတဲ့လူတွေမဟုတ်ရင် လက်ရွေးစင်တွေပဲ။ မင်းပြောတဲ့ဇာတ်လမ်းတွေကို ငါကြုံတွေ့ဖို့မျှော်လင့်ခဲ့ပေမဲ့ ဘယ်တော့မှ မကြုံခဲ့ရဘူး”

လောက၏ အင်မော်တယ်နှင့် သာမန်လူသားများကြားတွင် ကွာခြားမှုရှိသည်။

သာမန်လူများသည် တောက်ပနေသော ကျင့်ကြံခြင်းလောကကို ဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။

တချို့ကျင့်ကြံသူများသည် မွေးဖွားလာချိန်မှစ၍ ထူးခြားရန်အတွက် ကံပါလာခဲ့သည်။

သူ့ရှေ့တွင်ရှိသော ကုန်းစွန်းရှုကလည်း ထိုသို့ပင်ဖြစ်သည်။ သူ့ကျင့်ကြံခြင်းလမ်းစဉ်သည် ချောမွေ့နေခဲ့သည်။

နန်းမြို့တော်၏ အထက်ပိုင်းတွင် ကုန်းစွန်းရှုကဲ့သို့လူများ မရေမတွက်နိုင်အောင် ရှိသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကျင့်ကြံသူများ၏တော်ဝင်နယ်မြေသည် သာမန်နေရာများနှင့် တူမည်မဟုတ်ပေ။

သူတို့ထိန်းချုပ်ထားသော အရင်းအမြစ်များကို တခြားလူများ စိတ်ကူးမကြည့်နိုင်ပေ။

ကုန်းစွန်းရှု၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က နှလုံးခုန်မှားသွားသည်။ သူက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“အကြီးအကဲ၊ ကျွန်တော်က အဲဒီလူနှစ်ယောက်ရဲ့ ဘဝသစ်ကို သွားကြည့်မလို့ တွေးနေတာ။ အကြီးအကဲက စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်နဲ့ လိုက်လာလို့ရတယ်”

သူက နန်းမြို့တော်တွင် ဆိုင်ဖွင့်၍ လူသားလောကတွင် နှလုံးသားကို သန့်စင်နေသည်။ ကုန်းစွန်းရှုကလည်း တခြားလူများ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို လေ့လာ၍ ဉာဏ်အလင်းများ ရလာနိုင်သည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်သောအခါတွင် ကုန်းစွန်းရှုက မျက်လုံးများတောက်ပသွားသည်။

“ပြန်လည်မွေးဖွားလာတဲ့ ဓားကျင့်ကြံသူတွေလား”

“ပြန်လည်မွေးဖွားနိုင်တဲ့ဓားကျင့်ကြံသူတွေက အရမ်းသန်မာတယ်။ သူတို့အသက်ရှင်နေတုန်းက မဟာကျင့်ကြံသူကြီးတွေ ဖြစ်ခဲ့လိမ့်မယ်”

“မင်းက သူတို့အတွက် အလင်းဓားဆေးလုံးကို သန့်စင်ပေးဖို့ ရှုဟယ်စံအိမ်ကနေ ဆေးပင်တွေဝယ်သွားတာလား”

ကုန်းစွန်းရှုက ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့၏ ဓားတာအိုကျင့်ကြံခြင်းအရ အလင်းဓားဆေးလုံးကိုအသုံးပြုရန် မလိုအပ်ပေ။

ထို့ကြောင့် ပြန်လည်မွေးဖွားလာသော လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့အတွက်သာ ဖြစ်လိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အလင်းဓားဆေးလုံးနှစ်လုံးကို ထုတ်ပြသည်။

ဆေးလုံးပေါ်တွင် ‌ကျောက်စိမ်းဖြူရောင်အလင်းများ ရှိနေပြီး ချီစွမ်းအင်အချို့ကို ထုတ်လွှတ်ပေးနေသည်။

လေထုထဲတွင် ဓားဆန္ဒအငွေ့အသက်များဖြင့် ပြည့်သွားသည်။

“ကောင်းလိုက်တဲ့ဆေးလုံးတွေ”

ကုန်းစွန်းရှု၏မျက်နှာက တောက်ပသွားပြီး ညင်သာစွာပြောသည်။

ထိုဆေးလုံးနှစ်လုံး၏အရည်အသွေးသည် ထိပ်တန်းအဆင့်ကို ကျော်ဖြတ်နေသည်။

ထို့အပြင် ဓားဆန္ဒများက အလွန်သိပ်သည်းသောကြောင့် သူကပင် လိုချင်လာသည်။

“မင်းက ဒီဆေးလုံးတွေကို ရောင်းလို့ရတယ်။ ငါတို့ရှုဟယ်စံအိမ်က ဝိညာဉ်ကျောက်တုံးခြောက်သန်းပေးမယ်”

‘ရောင်းရမှာလား’

‘ဝိညာဉ်ကျောက်တုံးခြောက်သန်းက တကယ်များတာပဲ’

သူနှင့်မူဝမ်က ဆေးပင်တစ်စုံစာတွင် ဆေးလုံးနှစ်လုံးကို သန့်စင်နိုင်ခဲ့သည်။ ထို့ကြောင့် ဆေးပင်သုံးစုံစာအတွက် စုစုပေါင်း အလင်းဓားဆေးလုံး ခြောက်လုံးရခဲ့သည်။

သို့သော် ဟန်မူယဲ့က အလင်းဓားဆေးလုံးများကို ချက်ချင်းထုတ်ပေးမည်မဟုတ်ပေ။

“အကြီးအကဲ၊ ကျွန်တော်က ဒီဆေးလုံးနှစ်လုံးကို ပြန်လည်ဝင်စားလာတဲ့ အကြီးအကဲနှစ်ယောက်အတွက် ပြင်ထားခဲ့တာပါ”

“နောက်ကျရင် ကျွန်တော်က အလင်းဓားဆေးလုံးတွေကို ထပ်ပြီး သန့်စင်ပေးပါ့မယ်”

‘ဝိညာဉ်ကျောက်တုံးတွေရမှာဆိုတော့ သန့်စင်ရမှာပေါ့’

“ကောင်းပြီလေ။ ဒီလူအိုကြီးက အဲဒီလူနှစ်ယောက်အကြောင်းကို စိတ်ဝင်စားနေတယ်”

ကုန်းစွန်းရှုက ထိုသို့ပြောလိုက်ပြီး မတ်တပ်ရပ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဆိုင်ကိုစောင့်ကြည့်ထားရန်အတွက် ဇူအော်ယုထင်ကို မှာကြားလိုက်ပြီး ကုန်းစွန်းရှုနှင့်အတူ ထွက်သွားသည်။

သူတို့နှစ်ယောက်က မြင်းလှည်းမစီးဘဲ လက်နှစ်ဖက်ကို နောက်ပစ်၍ လျင်မြန်စွာသွားနေသည်။

ဓားကျင့်ကြံသူနှစ်ယောက်သည် အတူတူခရီးသွား၍ ဓားတာအိုနှင့်ပတ်သတ်ပြီး ဆွေးနွေးနေသည်။ အလွန်ပျော်စရာကောင်းသည်။

သူတို့နှစ်ယောက်က အလွန်မြန်သည်။ သူတို့၏ပုံရိပ်များက ဖျတ်ခနဲလှုပ်ရှားသွားပြီး တခြားလူများက သူတို့ကို သေချာမမြင်လိုက်ရပေ။

“မင်းရဲ့ ရုပ်ခန္ဓာကျင့်ကြံခြင်းက မင်းရဲ့ကျင့်ကြံဆင့်ထက် ကျော်လွန်နေပြီမဟုတ်လား”

ကုန်းစွန်းရှုက ချီစွမ်းအင်ကို ထုတ်သုံးမထားသော်လည်း သူနှင့်အတူ လိုက်ပြေးနိုင်သော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အံ့အားသင့်စွာပြောသည်။

“မင်းက လူသားလောကမှာ နှလုံးသားကိုသန့်စင်ချင်တဲ့အတွက် မထူးဆန်းတော့ပါဘူး။ မင်းရဲ့ရုပ်ခန္ဓာစွမ်းအားကို ဟန်ချက်ညီအောင်ထိန်းဖို့မဟုတ်လား”

“မင်းရဲ့ရုပ်ခန္ဓာစွမ်းအားက အရမ်းသန်မာပြီး ထိန်းချုပ်ဖို့ခက်ခဲနေတာလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သော ကုန်းစွန်းရှု၏ရှေ့တွင် ဖုံးကွယ်ထားနိုင်‌သောအရာများ သိပ်မရှိပေ။

သူမလှုပ်ရှားလျှင် အဆင်ပြေသည်။ သို့သော် လှုပ်ရှားလိုက်သောအခါတွင် ခန္ဓာကိုယ်၏ပြောင်းလဲမှုများကို မြင်နိုင်သည်။

“ကျစ်ကျစ်၊ ဒီလိုမျိုး သန်မာတဲ့ခန္ဓာကိုယ်ကိုရဖို့အတွက် ဘယ်လိုအခွင့်အရေးမျိုးကို မင်းရခဲ့သလဲမသိဘူး”

“မင်းက တောင်ပိုင်းကုန်းမြေကနေရောက်လာပြီး မိစ္ဆာသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာလား”

ကုန်းစွန်းရှု၏မျက်လုံးထဲတွင် စပ်စုလိုစိတ်များရှိနေသည်။

သို့‌သော် သူက အသေးစိတ်မမေးခဲ့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိသည်။

နှစ်နာရီအကြာတွင် ဟန်မူယဲ့နှင့်ကုန်းစွန်းရှုက မြို့‌‌အောက်ပိုင်းသို့ ရောက်လာသည်။

မြို့အောက်ပိုင်းသည် မြို့အလယ်ပိုင်းနှင့် မတူပေ။

နန်းမြို့တော်သည် အလယ်ပိုင်းကုန်းမြေတွင် အချမ်းသာဆုံးဖြစ်သော်လည်း စုတ်ပြတ်နေသောနေရာများ ရှိနေသေးသည်။

မြို့အောက်ပိုင်းတွင် အဆောက်အအုံဟောင်းများ ရှိနေသည်။ လမ်းများသည် ရှည်လျားပြီး နိမ့်ဆင်းနေသည်။

လောကတွင် လူများသည် ခက်ခဲသောအချိန်များနှင့် ကြုံတွေ့နေရသည်။ လူအများစုအတွက် နန်းမြို့တော်တွင်နေထိုင်ရန် မလွယ်ကူပေ။

နန်းမြို့တော်၏အပြင်ဘက်သည် နေထိုင်ရန် ပိုမိုခက်ခဲသည်။

ဤအရာသည် အစစ်အမှန်လောကပင်ဖြစ်သည်။

တောက်ပပြီး တိုးတက်နေသော ကျင့်ကြံခြင်းလောကသည် သာမန်လူများနှင့် မသက်ဆိုင်ပေ။

သို့သော် ကျင့်ကြံခြင်းလောက၏ ကပ်ဘေးများသည် သာမန်လူသားများကို အရင်ဆုံး ရိုက်ခတ်လိမ့်မည်။

ဥပမာအနေဖြင့် ဟန်မူယဲ့က လမ်းထဲတွင် အဖြူရောင်အဝတ်များချိတ်ဆွဲထားသော တံခါးများကို မြင်ခဲ့ရသည်။

အံ့ဖွယ်ကောင်းကင်စစ်တပ်က ပြင်ပကမ္ဘာများကို သိမ်းပိုက်‌သောအချိန်တွင် စစ်သူကြီးများကို မြို့အထက်ပိုင်းနှင့် အလယ်ပိုင်းမှ ရွေးချယ်ကြသည်။ သို့သော် သာမန်စစ်သားများက မြို့‌အောက်ပိုင်းမှ ဖြစ်သည်။

ဤတစ်ကြိမ်တွင် စစ်သည်တစ်သန်းကို စုစည်းခဲ့သည်။ ယခင်တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ဆုံးရှုံးမှုကြီးမားပြီး သိန်းချီသောစစ်သည်များ ကျဆုံးသွားခဲ့သည်။

အငြိုးအတေးမဲ့နယ်မြေသည် ခွဲရခက်သော အခွံမာသီးတစ်လုံးဖြစ်သည်။

“ဟူး၊ ဒါက တော်သေးတယ်လို့ ပြောရမယ်”

ကုန်းစွန်းရှုက သက်ပြင်းချလိုက်ပြီး တီးတိုးပြောသည်။

“လွန်ခဲ့တဲ့နှစ်ရာကျော်က ပြင်ပဘုံတိုက်ပွဲမှာ စစ်သည်တစ်သန်း ရှင်းထုတ်ခံလိုက်ရတယ်။ အဲ့ဒီအချိန်တုန်းက နန်းမြို့တော်မှာ အဖြူရောင်ပိတ်စတွေနဲ့ပဲ ပြည့်နေခဲ့တယ်”

“အပြင်လူတွေက နန်းမြို့တော်ရဲ့ ကြီးကျယ်ခမ်းနားမှုကိုပဲ မြင်ကြတယ်။ ဒါပေမဲ့ အဲဒီကြီးကျယ်ခမ်းနားမှုကို ရဖို့အတွက် နန်းမြို့တော်ရဲ့ မရေမတွက်နိုင်လောက်တဲ့လူတွေကို စတေးခဲ့ရတယ်ဆိုတာ သူတို့ မသိကြဘူး”

ထိုသို့ မစတေးခဲ့လျှင် နန်းမြို့တော်နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တိုးတက်နိုင်မည်မဟုတ်ပေ။

နန်းမြို့တော်၏ မိသားစုတိုင်းတွင် စစ်ပွဲမှပြန်မလာနိုင်သည့် မိသားစုဝင်များ သုံးယောက်မှ ငါးယောက်ခန့်အထိ ရှိနေသည်။

ဟန်မူယဲ့က ကုန်းစွန်းရှုနှင့်အတူ လျှောက်လာပြီး ဓားမှတ်ဉာဏ်ထဲတွင်ရှိသောနေရာကို မြင်လိုက်ရသည်။

သူတို့က ပိဝူဟယ်နေသောနေရာသို့ ရောက်လာသည်။

သူတို့က လမ်းကြား၏ရှေ့သို့ ရောက်လာသောအခါတွင် ‌ဆော့ကစားနေသည့် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကလေးများကို မြင်လိုက်ရသည်။

ဆော့ကစားနေခြင်းထက် ဆူညံ့သော တိုက်ပွဲတစ်ခုနှင့် ဆင်တူသည်။

အသက်ရှစ်နှစ်အရွယ်ရှိသော ကလေး ခြောက်ယောက်၊ ခုနစ်ယောက်ခန့်သည် ဝါးတုတ်၊ သစ်သားတုတ်များကို ကိုင်ထားပြီး ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ခန့်ရှိသော ကလေးနှစ်ယောက်ကို ရိုက်နှက်နေသည်။

ထိုကလေးနှစ်ယောက်သည် ကျန်က‌လေးများထက် အရပ်ပုသည်။ သို့သော် သူတို့က တစ်ယောက်ကိုတစ်ယောက် ကျောပေးထားပြီး တင်းမာသောမျက်နှာထားများဖြင့် ရှိနေသည်။ သူတို့က လက်ထဲတွင်ရှိသော သစ်သားတုတ်များဖြင့် သူတို့၏မျက်နှာကို ရိုက်နှက်လာသော သစ်သားတုတ်နှင့် ဝါးတုတ်များကို ခုခံနေသည်။ မကြာခဏဆိုသလိုပင် သူတို့က ပြန်လည်ရိုက်နှက်နိုင်သေးသည်။

“သူတို့ကို ရိုက်၊ ပိမိသားစုက ကလေးနှစ်ယောက်ကို ရိုက်လိုက်”

“တခြားကနေရောက်လာတဲ့ ကလေးတွေက နန်းမြို့တော်မှာ မောက်မာရဲတယ်လား”

“မင်းတို့က ပြန်တိုက်ရဲသေးတာလား။ မနေ့က လုံလောက်အောင် တိုက်ပြီးပြီမဟုတ်ဘူးလား”

အသက်ကြီးသောကလေးများက အရေအတွက်ကို အားကိုးနေသည်။ ကလေးငယ်နှစ်ယောက်က ပြန်လည်တိုက်ခိုက်လာသောအခါတွင် သူတို့က ပိုမိုဒေါသထွက်လာသည်။ တချို့ကလေးများက အလွန်နာကျင်သောကြောင့် ငိုကြွေးနေသော်လည်း နောက်မဆုတ်ခဲ့ပေ။

ဝိုင်းရံခံထားရသော ကလေးနှစ်ယောက်သည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အရိုက်ခံရသော်လည်း အံတင်းတင်းကြိတ်ထားပြီး စကားတစ်ခွန်းမှမပြောပေ။

“ကုံးတန်၊ မင်းအမေက ညစာစားဖို့ ခေါ်နေတယ်”

“အဲဒီကလေးက ဘယ်ရောက်သွားတာလဲ”

သိပ်မဝေးသောနေရာမှ အသံတစ်သံထွက်လာသည်။

ချက်ချင်းဆိုသလိုပင် ဝိုင်းရံနေသောကလေးများက လူစုခွဲသွားသည်။

“မင်းတို့ကို မနက်ဖြန်ကျရင် ခေါ်လိုက်မယ်”

ခေါင်းဆောင်ကလေးက ပြုံးလိုက်ပြီး ဖူးယောင်နေသောနဖူးကို အုပ်ကိုင်၍ ထွက်သွားသည်။

“အစ်ကို အဆင်ပြေရဲ့လား”

“ငါက ဘာဖြစ်နိုင်မှာမလို့လဲ။ ငါက အဖေသင်ပေးထားတဲ့ ထိုးခုတ်ခြင်းနဲ့ပေါင်းစပ်ခြင်းဓားကွက်ကို သုံးပြီး ကုံးတန်ကို သွားကျွတ်သွားအောင် ရိုက်နိုင်တော့မလို့။ မင်းမြင်လိုက်လား”

ဝိုင်းရံထားသောကလေးများ ပျောက်ကွယ်သွားသောအချိန်တွင် ကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကူညီပေးလိုက်သည်။ သူတို့၏နှုတ်ခမ်းထောင့်များက နာကျင်မှုကြောင့် တွန့်နေသော်လည်း အရှုံးမပေးခဲ့ပေ။

“မင်းတို့က ပိဝူဟယ်ရဲ့ ကလေးတွေလား”

ဟန်မူယဲ့က ရှေ့တက်လာပြီး ညင်သာစွာမေးသည်။

သူက ထိုကလေးနှစ်ယောက်ကို ဓားမှတ်ဉာဏ်ထဲတွင် မြင်ခဲ့သည်။

တစ်ယောက်က ပြန်လည်မွေးဖွားလာသော တာအိုတန်ခိုးရှင်ချုံးယွင်ဖြစ်ပြီး တစ်ယောက်က ပြန်လည်မွေးဖွားလာသော လင်းချုံးရှောင်ဖြစ်သည်။

သို့သော် သူတို့က ယခင်ဘဝ၏မှတ်ဉာဏ်များကို မနိုးထနိုင်သေးပေ။

မှတ်ဉာဏ်များ ပြန်လည်နိုးထလာမည့်အချိန်ကို မသိနိုင်ပေ။

ဟန်မူယဲ့၏စကားကြောင့် ကလေးနှစ်ယောက်က စိုးရိမ်သွားပုံပေါ်သည်။ သူတို့က ပြန်မဖြေဘဲ လှည့်ထွက်သွားသည်။

သူတို့က အရွယ်အစားသေးငယ်သောကြောင့် အနည်းငယ်လှုပ်ရှားပြီးသောအခါတွင် ခွေးတိုးပေါက်နှင့် ကျိုးပဲ့နေသော ခြံစည်းရိုးကြားတွင် ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက ကုန်းစွန်းရှုနှင့်အတူ ရှေ့ဆက်သွားခဲ့သည်။

သူတို့က လမ်းထောင့်သုံးခုကို ကွေ့ပတ်ပြီးသောအခါတွင် ရုတ်တရက်ပေါ်လာ‌သောကလေးနှစ်ယောက်နှင့် ပြန်တွေ့လိုက်ရသည်။

ထိုကလေးနှစ်ယောက်က ဦးတည်ချက်ပြောင်းပြီး ပြေးရမည်ကို သိနေသည်။

ဟန်မူယဲ့နှင့်ကုန်းစွန်းရှုက သူတို့ဆီသို့ တိုက်ရိုက်လျှောက်လာသည်။ ကလေးတစ်ယောက်က တီးတိုးပြောသည်။

“ပိချုံး၊ တစ်ယောက်ယောက်လာနေတယ်လို့ အမေ့ကို သွားပြောလိုက်။ ငါက သူတို့ကို တားထားမယ်”

သူက စကားပြောလိုက်ပြီး လက်ထဲတွင်ရှိသောတုတ်ချောင်းဖြင့် ဟန်မူယဲ့တို့ကို ချိန်ထားသည်။ သူက သတိထားနေသောမျက်နှာထားဖြင့် ဓားရှည်ကိုကိုင်ပြီး ရှေ့သို့ လွှဲခုတ်မည့်ပုံပေါ်သည်။

ပိချုံးဟုအမည်ရသောကလေးက ခဏတာတုံ့ဆိုင်းနေပြီး ဘေးတွင်ရှိသောအိမ်များဆီသို့ ထွက်ပြေးသွားသည်။

ဟန်မူယဲ့နှင့်ကုန်းစွန်းရှုက ရှေ့ဆက်မသွားဘဲ နေရာတွင် ရပ်နေသည်။

ခဏအကြာတွင် ခေါင်းဆောင်းပဝါကိုဆောင်းထားသော မီးခိုးရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ဦးက ပြေးထွက်လာသည်။

သူမ၏မျက်နှာထားက ဖြူဖျော့နေပြီး ဓားတိုတစ်ချောင်းကိုကိုင်၍ စိုးရိမ်စိတ်များနှင့် ‌ပြေးလာသည်။ သူမက ဟန်မူယဲ့တို့ရှေ့တွင်ရှိသော ကလေးကို ဆွဲခေါ်လိုက်သည်။

သူမက ဟန်မူယဲ့နှင့် ကုန်းစွန်းရှုကိုကြည့်လိုက်ပြီး ဓားကိုင်၍ ဦးညွှတ်သည်။

“ရှင်တို့နဲ့တွေ့ခဲ့ရတဲ့ ကျွန်မရဲ့က‌လေးနှစ်ယောက်ကို ခွင့်လွှတ်ပါ”

သူမက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“ပိဝူဟယ်က ကျွန်မရဲ့ခင်ပွန်းပါ။ ရှင်တို့က ဘာဖြစ်လို့ သူ့ကိုရှာနေတာလဲ”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် တောင်တန်းမြစ်ဓား ပေါ်လာသည်။

အမျိုးသမီး၏မျက်နှာထားက ပြောင်းလဲသွားပြီး အော်ပြောသည်။

“ကျွန်မခင်ပွန်းရဲ့ဓားက ဘာဖြစ်လို့ ရှင့်လက်ထဲမှာ ရှိနေတာလဲ”

သူမက စကားပြောပြီးသွားသောအခါတွင် ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒအချို့ ပေါ်ထွက်လာသည်။

သို့သော် ဓားဆန္ဒပေါ်ထွက်လာသည့်အချိန်တွင် သူမ၏မျက်နှာက နီရဲသွားသည်။ သူမ၏ခန္ဓာကိုယ်ထဲတွင် ချီနှင့်သွေးများက ဖရိုဖရဲဖြစ်လာသည်။ သို့သော်လည်း သူမက ခိုင်မာစွာ ဖိနှိပ်ထားလိုက်သည်။

All Chapters