အခန်း (၅၀၀)
Vol. 36 Ch. 500
‘ကျေးဇူးရှင်လား’
ပိယွင်နှင့်ပိချုံးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။
နန်းမြို့တော်တွင် ကျေးဇူးရှင်နှင့်တွေ့ပြီး အခွင့်အရေးရသွားသောလူများ ရှိနေသည်။
ယနေ့တွင် သူတို့မိသားစုက အခွင့်အရေးရလာခြင်း ဖြစ်လိမ့်မည်။
ခဏအကြာတွင် မွှေးပျံ့သော အစားအသောက်ရနံ့များကို ရလိုက်သည်။ သူတို့မိသားစုက စားပွဲပေါ်တွင် ထိုင်လိုက်သည်။ ကလေးနှစ်ယောက်က ရှားပါးသော ခမ်းနားသည့်အစားအသောက်များကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ပိဝူဟယ်နှင့် ကျင်းယွင်မိန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးသည်။
ညအချိန်တွင် ပိဝူဟယ်နှင့် ကျင်းယွင်မိန်က ကလေးနှစ်ယောက်ကို အလင်းဓားဆေးလုံးများ ကျွေးလိုက်သည်။ ထို့နောက် သူတို့၏ ချီစွမ်းအားဖြင့် ဆေးစွမ်းအားကိုချေဖျက်ရန် ကူညီပေးနေသည်။
တိမ်တိုက်ဆေးလုံးများသည် သန့်စင်ရန် အလွန်လွယ်ကူသည်။ ဆေးလုံးက ကလေးနှစ်ယောက်၏ခန္ဓာကိုယ်ထဲသို့ဝင်သွားပြီး ဝိညာဉ်သွေးကြောများမှတစ်ဆင့် ဒန်ထျန်ထဲသို့ ရောက်သွားသည်။
ပိယွင်နှင့်ပိချုံးက ငယ်ရွယ်ပြီး ဒန်ထျန်ကို မဖွင့်ရသေးပေ။ သို့သော် ဆေးစွမ်းအားက သူတို့၏ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေပြီး နောက်ဆုံးတွင် ဒန်ထျန်လေးတစ်ခုကို ဖွင့်ပေးလိုက်သည်။
ကလေးနှစ်ယောက်၏ ဝိညာဉ်သွေးကြောများကို ဆေးစွမ်းအားက လှုံ့ဆော်ပေးခဲ့သည်။ ဆေးစွမ်းအားက သူတို့၏ ခြင်ဆီနှင့် အရွတ်အကြောများကို ပြောင်းလဲသွားစေသောကြောင့် ခန္ဓာကိုယ်ထဲမှ ဓားချီများ စိမ့်ထွက်လာသည်။
ထိုပါရမီနှင့်ဆိုလျှင် သူတို့က ဓားစုစည်းခြင်းဂိုဏ်းတွင် အလွန်အရေးပါသောတပည့်များ ဖြစ်လာလိမ့်မည်။
ကလေးနှစ်ယောက် အိပ်ပျော်သွားသောအခါတွင် ပိဝူဟယ်က ကျင်းယွင်မိန်ကို ကြည့်သည်။
“ဂိုဏ်းတူအစ်မ၊ အဲဒီအကြီးအကဲက ပိယွင်နဲ့ပိချုံးတို့ကို ခေါ်ယူဖို့အတွက် လူလွှတ်လိုက်မယ်ဆိုတော့ ကျွန်တော်တို့ စောင့်နေကြမယ်”
“ဒီကောင်စုတ်လေးနှစ်ယောက်အတွက် စီစဉ်ပြီးသွားရင် ကျွန်တော်တို့က လကြည့်မြို့ရဲ့ အာခီမီကံကြမ္မာစံအိမ်ကို သွားကြမယ်”
ကျင်းယွင်မိန်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
“အာခီမီကံကြမ္မာစံအိမ်က တကယ်ပဲ ဆေးလုံးတွေနဲ့ ကံကြမ္မာကို ဖြစ်ပေါ်လာစေတာပဲ”
သူမ၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းသောချီစွမ်းအားများ ရှိနေသည်။ သူမ၏မျက်နှာက ဖြူဖျော့မနေတော့ပေ။
ယနေ့တွင် ဆေးလုံးသုံးလုံးသည် နန်းမြို့တော်၏အောက်ပိုင်းတွင်ရှိသော မိသားစုတစ်စု၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည်။
....
ဟန်မူယဲ့နှင့်ကုန်းစွန်းရှုတို့က မြို့အောက်ပိုင်းမှထွက်လာပြီး ဆေးလုံးများအရောင်းအဝယ်လုပ်ရန် သဘောတူ၍ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြသည်။
လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့ ရှိနေသောကြောင့် ဟန်မူယဲ့နှင့် ကုန်းစွန်းရှုက အနာဂတ်တွင် ပိုမိုနီးကပ်လာလိမ့်မည်။
ကုန်းစွန်းရှုထွက်သွားသောအခါတွင် ဟန်မူယဲ့က လကြည့်မြို့သို့ တန်းပြန်မလာခဲ့ပေ။ သူက တခြားနေရာသို့ သွားလိုက်သည်။
လေ့ကျင့်ရေးမှူးလင်းက စစ်တပ်ထဲသို့ ရောက်သွားသည်။ သို့သော် မည်သည့်တပ်ဖွဲ့တွင် ရှိနေကြောင်း သူမသိပေ။
သူမသိသော်လည်း ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းတွင် လင်းရှန်၏တည်နေရာကို သိထားသောလူ ရှိနေသည်။
လင်းရှန်က ပြန်လည်မွေးဖွားလာသော လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့၏သတင်းကြောင့် အလွန်ပျော်သွားလိမ့်မည်။
ထို့ကြောင့် လင်းရှန်ကို အသိပေးသင့်သည်။
သို့သော် လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့၏မှတ်ဉာဏ်များ ပြန်လည်နိုးထမလာခင် လင်းရှန်က ပိဝူဟန်တို့မိသားစုနှင့် ဆက်ဆံရမည့်နည်းလမ်းကို စဉ်းစားထားရမည်။
ပိယွင်နှင့်ပိချုံးတို့ကို ပြန်လည်မွေးဖွားလာသော ကျင့်ကြံသူကြီးများဖြစ်ကြောင်း ချက်ချင်းအသိပေးလိုက်လျှင် မကောင်းပေ။
အရင်ဆုံး ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီး အနာဂတ်အတွက်အစီအစဉ်များကို စဉ်းစားကြည့်ရမည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက နန်းမြို့တော်တွင် ဆိုင်ခွဲအများအပြား ရှိသည်။ အကြီးဆုံးဆိုင်သည် မြို့အလယ်ပိုင်း၏ မင်ရွှမ်လမ်းတွင် ရှိသည်။
ဆိုင်ရှေ့တွင် အဖီ၁၂ခုကို ဆက်တိုက်ထိုးထားသည်။ တံခါးရှေ့တွင် မြင်းလှည်းများအတွက် ကျယ်ဝန်းသောနေရာလွတ်တစ်ခု ရှိသည်။ ဧည့်သည်များထိုင်ရန်အတွက် သစ်သားကုလားထိုင်များလည်း ချပေးထားသည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်း၏ ဆိုင်ခန်းပုံစံကို ဟန်မူယဲ့၏အကြံအပေါ်တွင် အခြေခံထားသည်။
ပတ်ဝန်းကျင်ရှိဆိုင်များသည် ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်း၏ ဈေးဆိုင်ကဲ့သို့ လူရှုပ်မနေပေ။
ဟန်မူယဲ့က ဆိုင်ရှေ့သို့ လျှောက်သွားသောအခါတွင် မိန်းကလေးတစ်ဦးက အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်လိုက်သည်။
“ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက လူကြီးမင်းကို ကြိုဆိုလိုက်ပါတယ်”
လူအများစုသည် ပစ္စည်းများကြည့်ရန်အတွက် ဆိုင်ထဲသို့ ဝင်လာကြသည်။
သူက မိန်းကလေး၏နောက်သို့ လိုက်သွားသောအခါတွင် ပစ္စည်းများကို နေရာအနှံ့တွင်ပြသထားကြောင်း မြင်လိုက်ရသည်။ လူများက ဝင်ထွက်သွားလာနေပြီး လိုချင်သောပစ္စည်းများကို ရွေးချယ်နေသည်။
အဖိုးတန်ဆေးလုံးနှင့် ဝိညာဉ်လက်နက်များကိုသာ တာဝန်ယူထားသောဆိုင်ဝန်ထမ်းများက ကိုင်တွယ်ပေးသည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းသည် ဟန်မူယဲ့သန့်စင်ထားသော ဆေးလုံးများအပေါ်တွင် အခြေခံ၍ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် စတင်ခဲ့သည်။ ယခုအချိန်တွင် ဈေးဆိုင်က ဟန်မူယဲ့အပေါ်တွင် မှီခိုနေရန် မလိုအပ်တော့ပေ။
ဆိုင်ထဲတွင် ဆေးလုံးနှင့် ဝိညာဉ်လက်နက်အမျိုးမျိုးရှိနေသည်။ အများစုသည် အလယ်ပိုင်းကုန်းမြေ၏ ထုတ်ကုန်များဖြစ်သည်။
အလယ်ပိုင်းကုန်းမြေ၏ ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းသည် ခုန်းချောင်တိအပေါ်တွင် အဓိကမှီခိုနေသည်။ ဈေးဆိုင်ကို ကြည့်လိုက်လျှင် ခုန်းချောင်တိက ပါရမီရှိကြောင်း မြင်နိုင်သည်။
ယခုအချိန်တွင် ခုန်းချောင်တိက နန်းမြို့တော်တွင် မရှိပေ။ သူက ထွက်မသွားခင် အာခီမီကံကြမ္မာစံအိမ်သို့လာပြီး နန်းမြို့တော်၏တာဝန်ခံဖြစ်သော ချန်ရူကို ရှာဖွေနိုင်ကြောင်း ပြောခဲ့သည်။
ချန်ရူက နန်းမြို့တော်၏ ဂုဏ်သရေရှိမိသားစုလေးတစ်ခုမှ ဖြစ်သည်။ သူ့မိသားစုက ကျဆင်းလာသောကြောင့် သူက ကျောင်းတော်သားဘဝကို စွန့်လွှတ်ပြီး ကုန်သည်လုပ်ခဲ့သည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက နန်းမြို့တော်သို့ ရောက်လာသောအခါတွင် ခုန်းချောင်တိက ချန်ရူ၏စွမ်းရည်ကို တန်ဖိုးထားပြီး ချန်ရူ၏မိသားစုကို ဆွဲဆောင်ခဲ့သည်။
ပိုက်ဆံပမာဏအများအပြားကြောင့် ချန်ရူက ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းနှင့် စိတ်လိုလက်ရ နေထိုင်ခဲ့သည်။
“ဆိုင်ရှင်ချန်ရှိလား”
ဟန်မူယဲ့က ဆိုင်ကို လှည့်ကြည့်လိုက်ပြီး ဘေးတွင်ရှိသော အမျိုးသမီးဝန်ထမ်းကို မေးသည်။
အမျိုးသမီးဝန်ထမ်းက အနည်းငယ်အံ့အားသင့်သွားသည်။ သူမက အသာအယာဦးညွှတ်လိုက်ပြီး ပြောသည်။
“လူကြီးမင်းရဲ့နာမည်က ဘယ်သူပါလဲရှင်။ ကျွန်မက ဆိုင်ရှင်ချန်ကို သတင်းပို့ပေးပါ့မယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးသည်။
“သူက ငါဘယ်သူလဲဆိုတာကို သိပါလိမ့်မယ်”
အမျိုးသမီးက ကျောက်စိမ်းပြားကိုယူလိုက်ပြီး အပေါ်ထပ်သို့ လျင်မြန်စွာတက်သွားသည်။
ခဏအကြာတွင် အသက်လေးဆယ်အရွယ်ခန့်ရှိသော အစိမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက်က လျင်မြန်စွာဆင်းလာသည်။
သူက နန်းမြို့တော်တွင် ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်း၏ တာဝန်ခံဖြစ်သော ချန်ရူဖြစ်သည်။
“ချန်ရူက ဆရာ့ကို နှုတ်ဆက်ပါတယ်”
ချန်ရူက ရှေ့တက်လာပြီး တီးတိုးပြောသည်။
သူက ခုန်းချောင်တိနှင့်အတူ ဟန်မူယဲ့ဆီသို့ သွားလည်ဖူးသည်။
ထိုအချိန်တွင် သူက အံ့အားသင့်သွားခဲ့သည်။
အာခီမီကံကြမ္မာစံအိမ်တွင် လက်ရေးလှစာများ၊ ပန်းချီကားများနှင့် ပြည့်နေသည်။ ထိုပစ္စည်းများကို ဝိညာဉ်ကျောက်တုံးများအဖြစ် ပြောင်းနိုင်လျှင် နန်းမြို့တော်တွင် ဈေးဆိုင်အချို့ ထပ်ဖွင့်နိုင်လိမ့်မည်။
သူတို့၏သူဌေးက အနှိမ့်ချဆုံးနည်းလမ်းဖြင့် သီးသန့်နေထိုင်ပြီး ပိုမိုနှိမ့်ချသောနည်းလမ်းဖြင့် ကြွယ်ဝမှုများကို ထုတ်ပြထားသည်။
ထို့အပြင် အာခီမီကံကြမ္မာစံအိမ်၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ကို သူတို့သူဌေးက ဖန်တီးခဲ့ခြင်းဖြစ်သည်။
ထိုနည်းစနစ်ကို ဖန်တီးနိုင်ခဲ့သောကြောင့် သူတို့သူဌေး၏ အာခီမီကျင့်ကြံခြင်းသည် အလွန်နက်ရှိုင်းနေလိမ့်မည်။
ဆိုင်ရှန်ချန်က လူငယ်ကို အလွန်လေးစားနေလိမ့်မည်ဟု အမျိုးသမီးဝန်ထမ်းက မျှော်လင့်မထားခဲ့ပေ။
ဆိုင်ရှင်ချန်၏အဆင့်အတန်းအရ မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များ ရောက်လာလျှင်ပင် ကိုယ်တိုင်ထွက်တွေ့ရန် မလိုအပ်ပေ။
‘ဒီသခင်လေးက ဘယ်သူများလဲ’
သူမ တွေးမိသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ချန်ရူကို ခေါင်းမော့ရန် အချက်ပြသည်။ ထို့နောက် သူတို့နှစ်ယောက်က ဒုတိယထပ်သို့ တက်သွားကြသည်။
ချန်ရူက လတ်တလောအကျိုးအမြတ်များကို တင်ပြလိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ပေးသည်။
ထိုသေတ္တာထဲတွင် သူစုဆောင်းထားသော ဝိညာဉ်ဆေးပင်အချို့ ရှိနေသည်။
ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများသည် သူ့အတွက် အသုံးမဝင်ဘဲ ဝိညာဉ်ဆေးပင်များကို စုဆောင်းထားရန် ပြောခဲ့သည်။
သူကိုယ်တိုင် ဆေးလုံးသန့်စင်ခြင်းနှင့် မူဝမ်၏ လေ့ကျင့်မှုအတွက် ဝိညာဉ်ဆေးပင်များ လိုအပ်သည်။
ဟန်မူယဲ့က ဝိညာဉ်ဆေးပင်များကို သိမ်းလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပေးသည်။
“လင်းရှန်က အခု ဘယ်မှာလဲ။ ဒီကျောက်စိမ်းပေလွှာကို သူ့ဆီပေးလိုက်ပါ”
လင်းရှန်က ခုန်းချောင်တိနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရန်အတွက် အလယ်ပိုင်းကုန်းမြေသို့ ရောက်လာခဲ့သည်။ သူက ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်း၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ရာထူးကြီးသောလူများအားလုံး သူ့ကို သိထားသည်။
ချန်ရူက လေ့ကျင့်ရေးမှူးလင်းနှင့် အတူတူအလုပ်လုပ်ခဲ့ပြီး လေ့ကျင့်ရေးမှူးလင်းက သူဌေး၏လူယုံတစ်ယောက်ဖြစ်ကြောင်း သိထားသည်။
ချန်ရူက ကျောက်စိမ်းပေလွှာကိုလက်ခံလိုက်ပြီး ပြောသည်။
“အစ်ကိုလင်းရှန်က မြို့တောင်ပိုင်းက ဟူဝေစစ်စခန်းမှာ ရှိနေပါတယ်။ သူက စစ်သည်တစ်ထောင်ရဲ့ ခေါင်းဆောင်နေရာကို ရထားပြီး စစ်သည်တွေကို နေ့တိုင်း လေ့ကျင့်ပေးနေပါတယ်”
မီးတောက်နီစစ်တပ်၏ စစ်သူကြီးအများစုသည် နောက်ခံကောင်းများရှိကြသည်။ လင်းရှန်က ကိုယ်တိုင်စာရင်းသွင်းပြီး စစ်သည်တစ်ထောင်၏ ခေါင်းဆောင်နေရာကို ရထားသည့်အတွက် အလွန်တော်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ ချန်ရူက ကျောက်စိမ်းပေလွှာကို လင်းရှန်ဆီသို့ပေးရန်အတွက် လူလွှတ်လိမ့်မည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာထဲတွင် ပြန်လည်မွေးဖွားလာသော လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့၏အကြောင်းကို ရှင်းပြထားသည်။
ချန်ရူက ကျောက်စိမ်းပေလွှာကို သိမ်းလိုက်သောအခါတွင် ဟန်မူယဲ့က ဆိုင်တွင်လိုအပ်သောအရာကို ပြောလိုက်သည်။
“ဆိုင်ထဲမှာ ကွန်ဖြူးရှပ်ရတနာတွေ သိပ်မရှိဘူး။ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်ဖို့ ခက်လိမ့်မယ်”
“အလယ်ပိုင်းကုန်းမြေမှာ ကွန်ဖြူးရှပ်တာအိုက လွှမ်းမိုးထားတယ်။ ငါတို့က ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေကို မဆွဲဆောင်နိုင်ရင် စီးပွားရေးကျဆင်းသွားလိမ့်မယ်”
ဟန်မူယဲ့က ဆိုင်ထဲတွင် ဝိညာဉ်သတ္တုနှင့် ဝိညာဉ်လက်နက်များကို တွေ့ခဲ့သည်။ အဖိုးတန်သော ဆေးလုံးများလည်း ရှိသည်။
သို့သော် ထိုပစ္စည်းများ၏တန်ဖိုးသည် ကိန်းသေဖြစ်ပြီး အကျိုးအမြတ်များကို မျှော်မှန်းထားသလောက် မရနိုင်ပေ။
ဆိုင်ထဲတွင်ရှိသော ဧည့်သည်များသည် များသောအားဖြင့် ကျင့်ကြံသူနှင့် ကြွယ်ဝသော သာမန်လူသားများဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ သိပ်မရှိပေ။
စာပေရတနာများကိုလည်း သိပ်မတွေ့ခဲ့ပေ။
“ခေါင်းဆောင်၊ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူအများစုက ဖြောင့်မတ်ပြီး ပစ္စည်းတွေကို တက်မက်စိတ်မရှိဘူး။ ကျွန်တော်တို့မှာ စာပေရတနာတွေ ရှိနေရင်တောင် သူတို့က ဝယ်ဖို့စိတ်ကူးမရှိဘူး”
“ပြီးတော့ မြို့ထဲမှာ စာပေရတနာအရောင်းအဝယ်ကို စာအုပ်ဆိုင်နဲ့ စာပေစံအိမ်တွေက လက်ဝါးကြီးအုပ်ထားတယ်။ သူတို့နဲ့ယှဉ်ပြိုင်ဖို့ ခက်ခဲတယ်”
ကျောင်းတော်သားအများစုသည် ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူကြီးများဖြစ်သည်။
ထိုလူများက အလဲအလှယ်အနေဖြင့် ငွေကြေးကုန်ကျရန်မလိုဘဲ စာပေရတနာအမျိုးမျိုးကို စုဆောင်းနိုင်သည်။
အပြင်လူများအတွက် ထိုဈေးကွက်တွင်တိုးဝင်ရန် မလွယ်ပေ။
ထို့အပြင် တော်ဝင်ကျောင်းတော်၏ မဟာကျင့်ကြံသူကြီးများတွင် စာပေရတနာများ အပုံလိုက်ရှိနေလိမ့်မည်။
ဟန်မူယဲ့က ချန်ရူ၏အခက်အခဲများကို နားလည်သည်။
သူက စဉ်းစားလိုက်ပြီး စာလိပ်အချို့ကို ထုတ်ပေးသည်။
“ဒါတွေအားလုံးက မဟာကျောင်းတော်သားရဲ့ လက်ရေးရတနာတွေပဲ။ ဆိုင်ထဲက မြင်သာတဲ့နေရာမှာ ချိတ်ထားလိုက်ပါ”
‘မဟာကျောင်းတော်သားရဲ့ လက်ရေးစာတွေလား’
ချန်ရူက ပျော်ရွှင်သွားပြီး လျင်မြန်စွာယူလိုက်သည်။
ထိုရတနာမျိုးသည် သန်းချီ၍ တန်ဖိုးရှိသည်။
ဤပစ္စည်းများ၏တန်ဖိုးသည် သူစိတ်ကူးထားသည်ထက် ကျော်လွန်နေလိမ့်မည်။
“ဒါတွေက ရောင်းဖို့မဟုတ်ဘူး။ ဒီတိုင်း ချိတ်ဆွဲထားဖို့ပဲ။ တစ်ယောက်ယောက် မေးလာခဲ့ရင် ဆိုင်ရှင်ရဲ့မိတ်ဆွေတွေလို့ ပြောလိုက်ပါ”
ချန်ရူ၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါသည်။
‘ရောင်းဖို့မဟုတ်ဘူးလား’
ချန်ရူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ခေါင်းဆောင်၊ ပြဿနာရှိလာမှာလား”
ကျောင်းတော်သားကြီးများ၏နာမည်ကိုသုံးပြီး ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကို ဆွဲဆောင်လိုက်လျှင် ထိုကျောင်းတော်သားကြီးများက ဒေါသထွက်သွားလိမ့်မည်။
ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူများသည် ထူးဆန်းသောစိတ်ထားကို ပိုင်ဆိုင်ထားကြသည်။ ထိုကျင့်ကြံသူများက ဆိုင်ကို ပြာချပစ်လိုက်လျှင် မည်သည့်အရာမှ တတ်နိုင်မည်မဟုတ်ပေ။