← Chapters

အခန်း (၅၀၁)

Vol. 36 Ch. 501

အခန်း (၅၀၁)

Vol. 36 Ch. 501

“စိတ်မပူပါနဲ့။ သူတို့က ငါ့ကို မျက်နှာသာပေးမှာပါ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ထို့နောက် သူက တီးတိုးပြောသည်။

“တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောကိုသွားပြီး ကျောက်စိမ်းရှားစောင်းပန်းရဲ့ စာပေဆွေးနွေးပွဲမှာ ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက တစ်ဦးတည်းထောက်ပံ့မှုပေးမယ်လို့ မင်းသမီးယွင်ကျင်းကို ပြောလိုက်ပါ”

တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘော ....

မင်းသမီးယွင်ကျင်း ....

ချီဘုရင်၏ တရားဝင်သမီးတော် ....

ချန်ရူက မျက်လုံးထဲတွင်ရှိသော အံ့အားသင့်စိတ်များကို ဖိနှိပ်ထားလိုက်ပြီး နားမလည်နိုင်စွာ မေးသည်။

“ခေါင်းဆောင်၊ တစ်ဦးတည်းထောက်ပံ့မှုပေးတာက ဘာလဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ရှင်းပြသည်။

စာပေဆေးနွေးပွဲတွင်အသုံးပြုမည့် စုတ်တံ၊ မင်တုံးနှင့် စက္ကူမှစ၍ စားပွဲ၊ ကုလားထိုင်၊ ခန်းဆောင်အပြင်အဆင်၊ အစေခံများ၏ အဝတ်အစား စသည်တို့အားလုံးကို ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက ထောက်ပံ့ပေးမည်ဖြစ်သည်။

ထို့ကြောင့် စာပေဆွေးနွေးပွဲသည် တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောပေါ်တွင် ကျင်းပမည်ဖြစ်သော်လည်း မင်းသမီးယွင်ကျင်းက အကုန်အကျခံရန် မလိုတော့ပေ။ မရေမတွက်နိုင်လောက်သောပစ္စည်းများကိုလည်း အလကားရလိမ့်မည်။

ချန်ရူက မျက်တောင်ခတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

‘ဒါက ဆုံးရှုံးမှာပဲမဟုတ်လား’

‘ငါ့တို့ရဲ့ခေါင်းဆောင်က မင်းသမီးယွင်ကျင်းကို လိုက်ချင်လို့ ဝိညာဉ်ကျောက်တုံးတွေကို ဖြုန်းတီးနေတာလား’

‘ဒါပေမဲ့ ဒီအပြုအမူက မအောင်မြင်လောက်ဘူး။ မင်းသမီးယွင်ကျင်းက လက်ခံမှာမဟုတ်ဘူး’

ရတနာများနှင့် မင်းသမီးယွင်ကျင်း၏နှလုံးသားကို ဖမ်းစားနိုင်မည်ဆိုလျှင် တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောအား ဝိညာဉ်ကျောက်တုံးများနှင့် ဖြည့်ပေးချင်သောလူများသည် ယုံတင်းမြစ်မှ နန်းမြို့တော်အထိ တန်းစီနေလိမ့်မည်။

ချန်ရူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းငုံ့၍ တီးတိုးမေးသည်။

“ဆရာ၊ ချန်ရူက သိပ်ပြီး ဉာဏ်မကောင်းပါဘူး။ ဒီထောက်ပံ့မှုပေးရတဲ့ရည်ရွယ်ချက်က ဘာများလဲမသိဘူး”

ကျောင်းတော်သားတစ်ယောက်သည် ကျောင်းတော်သားတစ်ယောက်၏စိတ်ထားမျိုး ရှိလိမ့်မည်။

သူ ချန်ရူက ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးနေသောကြောင့် ‌သူဌေးအတွက် စဉ်းစားပေးရမည်။

သူတို့သူဌေးက အရူးအမူးစွဲလမ်းနေပြီး စိတ်လွတ်သွားသောကြောင့် အပြုအမူများ လွဲချော်နေခြင်း ဖြစ်နိုင်သည်။ သူက သူဌေးကို အကြံပေးသင့်သည်။

ပါးနပ်စွာ အကြံပေးရမည်။

သူက ထိုသို့မေးလိုက်သောကြောင့် ဟန်မူယဲ့ကို အရှက်မရစေဘဲ အကျိုးအမြတ်များကို ချိန်ညှိ၍ သတိပေးနိုင်မည်။

သူ၏ ရိုးသားမှုနှင့် နှိမ့်ချမှုကြောင့် အထင်သေးခံရမည်ကို မစိုးရိမ်ပေ။ သူဌေးက တုံးအနေသောလူမဟုတ်လျှင် သူ၏ ကြိုးစားအားထုတ်မှုကို နားလည်နိုင်လိမ့်မည်။

“မင်းက နားမလည်ဘူးလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ထိုအရာသည် အသိပညာကန့်သတ်ချက်ဖြစ်သည်။

ကျင့်ကြံသူများက အသိပညာအတားအဆီးနှင့် မကြာခဏ ကြုံတွေ့ရသည်။

သစ်ပင်ကို ထင်းအဖြစ် မမြင်နိုင်သကဲ့သို့ဖြစ်သည်။ လူတစ်ယောက် ဗဟုသုတနှင့် နားလည်နိုင်စွမ်းကို မပေါင်းစပ်နိုင်လျှင် ကိုယ်ပိုင်အတွေးများ မှန်ကန်နေသည်ဟု ထင်ကြလိမ့်မည်။

နားမလည်နိုင်သောအရာနှင့် ကြုံတွေ့နေလျှင် မသိစိတ်၏ ကြောက်ရွံ့မှုကြောင့် ရှောင်တိမ်းပြီး ပုန်းကွယ်တတ်ကြသည်။

“စာပေဆွေးနွေးပွဲနေ့မှာ အစေခံတွေက ဟန်မိသားစုရဲ့အမှတ်အသားပါတဲ့ တူညီဝတ်စုံကို ဝတ်ဆင်ရလိမ့်မယ်”

“ဧည့်သည်တွေအားလုံးကိုလည်း ဟန်မိသားစုအမှတ်အသားပါတဲ့ တန်ဖိုးကြီးလက်ဆောင်တွေ ပေးမယ်”

“အင်မော်တယ်သင်္ဘောပေါ်မှာ ဟန်မိသားစုဈေးဆိုင်က သီးသန့်ထောက်ပံ့ပေးထားတဲ့အကြောင်း နဖူးစည်းစာတန်းတွေ ကပ်မယ်”

“ဧည့်သည်တွေကို ကြိုဆိုတဲ့အချိန်မှာ ဟန်မိသားစုဈေးဆိုင်က ထောက်ပံ့ပေးထားတဲ့အကြောင်း ဖော်ပြရမယ်”

“အဲဒါဆိုရင် နန်းမြို့တော်မှာရှိတဲ့လူတိုင်းက ငါတို့ဟန်မိသားစုဈေးဆိုင်ကို သိသွားမယ်”

“ဒါက လူသားဆန္ဒစွမ်းအားကို စုစည်းနေသလိုမျိုးပဲ။ အဖွဲ့အစည်းတစ်ခုအတွက် နာမည်ကြီးလာဖို့က ဘယ်လောက်အရေးပါသလဲဆိုတာကို မင်းသိတယ်မဟုတ်လား”

ဟန်မူယဲ့က ဖြည်းဖြည်းချင်းရှင်းပြသည်။ အစပိုင်းတွင် ချန်ရူက ငြင်းဆန်ချင်သော်လည်း သူ့မျက်နှာထားက ဖြည်းဖြည်းချင်း ထူးဆန်းလာသည်။

အဆုံးတွင် သူ့မျက်လုံးများက တောက်ပနေသည်။

“နန်းမြို့တော်မှာ နာမည်ကြီးစီးပွားရေး ၁၃ခုရှိတယ်။ သူတို့အားလုံးက အလယ်ပိုင်းကုန်းမြေမှာ နာမည်ကြီးတယ်။ သူတို့ရဲ့ဂုဏ်သတင်းက သူတို့ရဲ့ အမှီအခိုပဲ”

“သူဌေး၊ ချန်ရူက သီးသန့်ထောက်ပံ့ပေးရတဲ့ရည်ရွယ်ချက်ကို နားလည်သွားပါပြီ”

“သူဌေးက တကယ့်ကို စီးပွားရေးပါရမီရှင်တစ်ယောက်ပဲ”

ချန်ရူက မနေနိုင်‌တော့ဘဲ မြှောက်ပင့်လိုက်သည်။ ထို့နောက် သူက တီးတိုးပြောလိုက်သည်။

“သူဌေး၊ ကျွန်‌တော်တို့က ပွဲတစ်ခုလုံးကို ထောက်ပံ့ပေးမှာဆိုတော့ မင်တုံးတွေရဲ့အရည်အသွေးက နိမ့်ကျနေလို့မဖြစ်ဘူး။ မာမိသားစုရဲ့မင်တုံး၊ ဟူမိသားစုရဲ့ စက္ကူ၊ စွန်းမိသားစုရဲ့ စုတ်တံနဲ့ တော်ဝင်မိသားစုရဲ့ ယွင်ကျိုးမင်ရည်ကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်”

“ပြီးတော့ အရည်အသွေးကောင်းတဲ့ သစ်သီးနဲ့ဝိုင်တွေကို အသုံးပြုရပါမယ်။ သစ်သီးနဲ့ဝိုင်တွေကို ဟန်မိသားစုဈေးဆိုင်က သေချာရွေးချယ်ထားတာလို့ အစေခံတွေက ပြောပေးရမယ်”

ချန်ရူက ဉာဏ်အလင်းရသွားသကဲ့သို့ လျင်မြန်စွာစကားပြောနေသည်။ သူ့မျက်လုံးများက တောက်ပနေပြီး စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေပုံရသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ‌ခေါင်းညိတ်သည်။

တစ်ခါတလေတွင် လူတစ်ယောက်၏ပါရမီကို ဖော်ထုတ်ပေးရန်လိုအပ်သည်။

ချန်ရူက စီးပွားရေးအမြင်ရှိသော လူတစ်ယောက်ဖြစ်သည်။

သူက အနည်းငယ်လမ်းညွှန်ပေးလိုက်ရုံဖြင့် နောက်ဆက်တွဲဖြစ်ရပ်များကို ရှင်းလင်းစွာနားလည်နိုင်သည်။

“သူဌေး၊ သာမန်ပစ္စည်းတွေက စာပေဆွေးနွေးပွဲမှာရှိနေတဲ့ မဟာကျောင်းတော်သားတွေကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူး”

ချန်ရူက ဟန်မူယဲ့ကို ကြည့်သည်။

စာပေဆွေးနွေးပွဲတွင်ပါဝင်ရန် အဆင့်မီသောလူများက နန်းမြို့‌တော်၏ မဟာကျောင်းတော်သားများဖြစ်ကြသည်။ သူတို့က မင်တုံး၊ စာရွက်၊ စုတ်တံနှင့် တခြားပစ္စည်းများကြောင့် လှုပ်ရှားသွားမည်မဟုတ်‌ပေ။

“ဟုတ်တယ်။ သာမန်ပစ္စည်းတွေက သူတို့အတွက် မဟုတ်ဘူး”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဖိတ်စာတစ်ဆောင်ကို ထုတ်ယူသည်။

“နှစ်ခုလုပ်ရမယ်”

“အရင်ဆုံး နန်းမြို့တော်ရဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်ကိုရှာပြီး ဒီဖိတ်စာအတိုင်း ကူးရေးခိုင်းလိုက်”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ချန်ရူက နောက်တွန့်သွားသည်။

‘သူဌေးက မြို့ထဲမှာရှိတဲ့ မ‌ဟာကျောင်းတော်သားတိုင်းကို အခွင့်အရေးယူဖို့ ကြိုးစားနေတာလား’

‘ကျောင်းတော်သားတွေအားလုံးကို ရန်စမိမှာ မစိုးရိမ်ဘူးလား’

“ဒါက အဆင်ပြေပါတယ်။ ဒီဖိတ်စာကို လက်ထောက်‌ကျောင်းအုပ်လုယွီကျိုးကိုယ်တိုင် ရေးထားတယ်။ ကျောင်းတော်သားတွေက သူ့ကို မျက်နှာသာပေးမှာပါ”

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားဘဲ ညင်သာစွာပြောသည်။

ချန်ရူ၏မျက်ခမ်းစပ်များက တွန့်သွားပြီး သူစကားမပြောနိုင်ခင် ဟန်မူယဲ့၏အသံကို ထပ်ကြားလိုက်ရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် စာပေဆွေးနွေးပွဲပြီးသွားရင် အနာဂတ်မှာဖြစ်လာမဲ့ကိစ္စတွေကို ဂရုစိုက်စရာမလိုဘူးလေ”

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဖိတ်စာကို အစောင်ရေတစ်သိန်း ကူးရေးပြီး မြို့ထဲမှာရှိတဲ့ ကျောင်းသားတွေကို ရောင်းလိုက်”

“အစောင်ရေတစ်သိန်းက သိပ်မများဘူး။ အဲဒီတော့ ဖိတ်စာတစ်စောင်ကို ဝိညာဉ်ကျောက်တုံးသုံးထောင်နဲ့ ရောင်းလိုက်မယ်”

‘ဖိတ်စာကို ရောင်းစားတော့မှာလား’

ချန်ရူက မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

‘သူဌေး၊ ဒီလိုကိစ္စမျိုးကို တကယ်ပဲ လုပ်လို့ရလား’

“သူ‌ဌေး၊ ကွန်ဖြူးရှပ်တာအိုနဲ့ အဆက်အသွယ်ပြတ်သွားရင် ....”

သူက သတိပေးရမည်။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက မောက်မာပြီး ဖြောင့်မတ်သည်။ သူတို့ အကျိုးအမြတ်ရှာချင်သောလူများကို မုန်းတီးသည်။ ချန်ရူက စီးပွားရေးလုပ်နေသော်လည်း ဖိတ်စာများကို မရောင်းချင်ပေ။

“အရူး”

ဟန်မူယဲ့က ချန်ရူကို တစ်ချက်ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ငါက နန်းမြို့တော်ရဲ့ ဆင်းရဲတဲ့ကျောင်းသားတွေအတွက် လမ်းဖောက်ပေးနေတာ။ သူတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနေတာပဲ”

“စာပေဆွေးနွေးပွဲမှာ ရှေးခေတ်ကနေ လက်ဆင့်ကမ်းလာတဲ့ နာမည်ကြီးကဗျာတချို့ ရှိနေလိမ့်မယ်။ ကျောင်းသားတွေက အဝေးကနေ လေ့လာနိုင်မယ်။ သူတို့က ဉာဏ်အလင်းရသွားရင် ဝိညာဉ်ကျောက်တုံး သုံးထောင် ငါးထောင်လောက်က တန်တယ်လို့ ပြောလို့ရတယ်”

“မင်းက ဒီကိစ္စကို သေချာရှင်းပြရင် မြို့ထဲမှာရှိတဲ့ကျောင်းသားတွေက မင်းကို ကျေးဇူးတင်လိမ့်မယ်”

‘ကျေးဇူးတင်တာလား’

‘ဒီလိုမျိုး လုပ်လို့ရတာလား’

ချန်ရူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တောင့်တင်းစွာခေါင်းညိတ်သည်။

“သူဌေး၊ အင်မော်တယ်သင်္ဘောက ကျောင်းသားတစ်သိန်းကို လက်ခံနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဝိညာဉ်ကျောက်တုံးသုံးထောင်ကို မတတ်နိုင်တဲ့ ကျောင်းသားတွေလည်းရှိသေးတယ်။ သူတို့က ပြဿနာရှာလာရင် ....”

လောကတွင် လူများက ရှားပါးခြင်းကို မစိုးရိမ်ဘဲ တန်းတူညီမှုမရခြင်းကို စိုးရိမ်သည်။

ဆင်းရဲသောကျောင်းသားတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု မြင့်မားပြီး ထိခိုက်လွယ်သည်။

ပုပ်သိုးနေသော ကွန်ဖြူးရှပ်တာအိုပညာရှင်များ၏နာမည်သည် အလကားမဟုတ်ပေ။

“ဒါက လွယ်ပါတယ်”

“အင်မော်တယ်သင်္ဘောကို အပျော်လှေငါးရာနဲ့ ဝိုင်းရံခိုင်းလိုက်။ ကျင့်ကြံသူတချို့ရှာပြီး အသံနဲ့ပုံရိပ်တွေကို ကူးပြောင်းပေးဖို့ ဝင်္ကပါတည်‌ဆောက်လိုက်”

“ဆင်းရဲတဲ့ကျောင်းတော်သားတွေအတွက် မဲနှိုက်ခွင့်ပေးလိုက်ပါ။ လူသုံးယောက်၊ ငါးယောက်လောကတော့ ဖိတ်စာကို ရနိုင်မှာပဲမဟုတ်လား”

“စာပေဆွေးနွေးပွဲနေ့မှာ ကံကောင်းတဲ့လူဆင်းရဲကျောင်းတော်သားတချို့ကို ရွေးပြီး ပါဝင်ခွင့်ပြုလိုက်မယ်”

“ဒါက ကံအပေါ်မှာ မူတည်နေတာလေ။ ဆန့်ကျင်မဲ့လူ မရှိလောက်တော့ဘူးမဟုတ်လား”

....

ဟန်မူယဲ့၏စကားများသည် ချန်ရူ၏ပြဿနာကို ထိရောက်စွာ ဖြေရှင်းပေးနိုင်သည်။

ဟန်မူယဲ့ပြောလိုက်သောအခါတွင် စာပေဆွေးနွေးပွဲနှင့်ပတ်သတ်၍ ပြဿနာများ ပြေလည်သွားကြောင်း ချန်ရူက ခံစားလိုက်ရသည်။

“ဒါနဲ့ သူဌေး၊ မင်းသမီးက ထောက်ပံ့မှုမလိုအပ်ရင် ဘယ်လိုလုပ်မလဲ”

ချန်ရူက စိုးရိမ်စွာ ပြောသည်။

မည်သို့ပင်ဖြစ်စေ သူတို့က အင်မော်တယ်သင်္ဘော၏ စာပေဆွေးနွေးပွဲကို အသုံးချ၍ နာမည်ကြီးလာအောင် လုပ်နေသည်။ အင်မော်တယ်သင်္ဘော၏ပိုင်ရှင်ဖြစ်သော မင်းသမီးယွင်ကျင်းက ခွင့်မပြုလျှင် အားလုံး အလကားဖြစ်သွားလိမ့်မည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်၍ ဂရုမစိုက်သောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။

“ကျောက်စိမ်းရှားစောင်းပန်းတွေကို ငါ့ခြံဝိုင်းကနေ ယူသွားတာ။ ဒီပွဲကိုလည်း ငါတို့ဟန်မိသားစုဈေးဆိုင်က သီးသန့်ထောက်ပံ့ပေးအုံးမယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ”

‘အမ် ....’

ချန်ရူက ခေါင်းငုံ့ထားလိုက်သည်။

တချို့ကိစ္စများကို အများအပြားသိနေလျှင် မကောင်းပေ။

သို့သော် သူတို့က အစီအစဉ်ချလိုက်ပြီဖြစ်သောကြောင့် လျင်မြန်စွာဆောင်ရွက်ရမည်။

စာပေဆွေးနွေးပွဲကို သုံးရက်ကြာလျှင် ကျင်းပလိမ့်မည်။

ဟန်မူယဲ့ညွှန်ကြားထားသောကိစ္စများကို နှစ်ရက်အတွင်းအပြီးသတ်ရန် မလွယ်ကူပေ။

ထိုသို့တွေးကြည့်လိုက်ပြီး ချန်ရူက သွေးများဆူပွက်လာသည်။

သူက နန်းမြို့တော်တစ်ခုလုံးတင်မကဘဲ အလယ်ပိုင်းကုန်းမြေတစ်ခုလုံးအား ဆူပွက်သွားစေနိုင်သော ပွဲတစ်ပွဲကို နှစ်ရက်အတွင်း စီမံရတော့မည်။

ထိုသို့ ခမ်းနားသောဖြစ်ရပ်သည် သူ့ကို စိတ်လှုပ်ရှားလာစေသည်။

ဟန်မူယဲ့က သူ့အတွေးများကို နားလည်နေပြီး ထွက်သွားသည်။

သူက ဆိုင်ထဲမှထွက်မသွားနိုင်ခင် ဈေးဆိုင်တစ်ဆိုင်လုံး ဆူပွက်သွားသည်။ ဝန်ထမ်းများကို တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ လွှတ်လိုက်သည်။

ချန်ရူက အမှန်တကယ်ပင် စွမ်းရည်ရှိပုံရသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ အာခီမီကံကြမ္မာစံအိမ်သို့ ပြန်လာသည်။

ဟန်မူယဲ့က မူဝမ်ပြန်မလာခင် အခန်းထဲတွင် ဝင်္ကပါကို အသက်သွင်းလိုက်သည်။ သူက နတ်ဘုရားသားရဲပါ့ရှား၏စွမ်းအားကို အသက်သွင်းလိုက်ပြီး သူ့ဝိညာဉ်ကိုယ်ပွားက စုဝေကမ္ဘာတွင် ပြန်ပေါ်လာသည်။

ဓားစံအိမ်ပေါ်လာသောအခါ ကမ်းခြေတွင်စောင့်နေသော ဓားပျံလေးလက်ဂိုဏ်း၏ ‌ခေါင်းဆောင် လုကျန်းရှန်းက လျင်မြန်စွာရှေ့တက်လာသည်။

ဟန်မူယဲ့က လုကျန်းရှန်း၏လက်ထဲတွင်ရှိသောဓားကို ကိုင်ကြည့်ပြီး လမ်းညွှန်ပေးလိုက်သည်။

“ဓားရဲ့နာမည်က ဖုန်းယွမ်ပဲ။ ဖရိုဖရဲဝိညာဉ်ရွှေနဲ့ အသေးစိတ်ကျကျ ပြုလုပ်ထားတယ်”

“ဒါပေမဲ့ ဒီဓားက မင်းတို့ ဓားပျံ‌လေးလက်ဂိုဏ်းရဲ့ ဓားနည်းစနစ်နဲ့ သိပ်ပြီး မသင့်တော်ဘူး။ မင်းက ဒီဓားနဲ့လိုက်ဖက်ညီတဲ့ဓားနည်းစနစ်ကို ‌ပြောင်းပြီသုံးမှာလား။ ဒါမှမဟုတ် ဒီဓားကို ပြုပြင်မှာလား”

ဓားစံအိမ်၏အကြီးအကဲဟန်သည် ဓားများကို နားလည်နိုင်ရုံတင်မကဘဲ ဓားနည်းစနစ်နှင့် ဓား၏လိုက်ဖက်ညီမှုကိုပါ သိနေလိမ့်မည်ဟု လုကျန်းရှန်းက မျှော်လင့်မထားခဲ့ပေ။

သူက ဓားနှင့် ဓားနည်းစနစ်ကိုပင် ပြောင်းလဲနိုင်ပုံရသည်။

သူက ဓားနှင့် ဓားနည်းစနစ်ကို ပြုပြင်ရန်အတွက် ဂရုတစိုက် မေးလိုက်သည်။

သူက ဓားနှင့်ကိုက်ညီသော ဓားနည်းစနစ်များကို လေ့ကျင့်လိုလျှင် သင်ကြားပေးနိုင်သည်ဟု ဟန်မူယဲ့က ပြောခဲ့သည်။

All Chapters