အခန်း (၅၀၇)
Vol. 37 Ch. 507
ပိုင်လီထုံယွင်က ဟန်မူယဲ့ကို ကြောင်အစွာကြည့်သည်။ သူမက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကို လက်ညှိုးထိုးသည်။
“နင်၊ ဒါကို နင်လုပ်တာမဟုတ်လား”
“ရိုင်းလိုက်တာ။ မူယဲ့က နင့်ရဲ့အကြီးအကဲပဲ။ ဦးလေးဖြစ်လာမဲ့လူကို တောင်းပန်လိုက်”
ဟွမ်တင်းရှုက ပိုင်လီထုံယွင်ကို ဖြတ်ပြောသည်။
‘ဦးလေးဖြစ်လာမဲ့လူလား’
ပိုင်လီထုံယွင်၏နှုတ်ခမ်းများက လှုပ်ရှားသွားသော်လည်း အဆုံးတွင် မည်သည့်အရာကိုမှ မပြောနိုင်ခဲ့ပေ။
ဟန်မူယဲ့က သူမကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
သူမက ဉာဏ်ကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်သည်။ သူ့လက်ချက်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
သို့သော် တချို့အရာများကို ဝန်ခံရန်မသင့်တော်ပေ။ ဝန်ခံလိုက်လျှင် ရှက်စရာကောင်းသွားလိမ့်မည်။
“ထုံယွင်၊ မင်းက ငယ်သေးတော့ နားလည်မှာမဟုတ်ဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဟင်းပွဲများခင်းကျင်းနေသော မူဝမ်နှင့်ပိုင်လီရှင်းလင်ကို ကြည့်သည်။
‘ငယ်သေးတယ်’
‘နားမလည်ဘူးတဲ့လား’
ပိုင်လီထုံယွင်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့၏အသံကို ထပ်ကြားလိုက်ရသည်။
“ဆုအဖြစ်ပေးမဲ့ လက်ရေးစာကိုပဲ ဥပမာယူလိုက်။ အဲဒါက စာပေဆွေးနွေးပွဲကို ပိုပြီး အရေးကြီးလာအောင် လုပ်ပေးနိုင်တယ်”
“စာပေဆွေးနွေးပွဲက အရေးကြီးရင် ကျောင်းတော်သားတွေက တန်ဖိုးထားလာလိမ့်မယ်”
ဟန်မူယဲ့၏အသံက ညင်သာနေသည်။
“တန်ဖိုးထားတာလား။ ပြီးတော့ ဖိတ်စာတွေကို ပိုရောင်းမှာလား”
ပိုင်လီထုံယွင်က အေးစက်စွာ နှာမှုတ်သည်။
“ရှင်က စီးပွားရေးလုပ်ဖို့ပဲ သိတာလား”
“မင်းရဲ့အမြင်မှာ ဒါက စီးပွားရေးပဲလား”
ဟန်မူယဲ့၏အသံက အနည်းငယ်ကျယ်လာသည်။
မူဝမ်နှင့်ပိုင်လီရှင်းလင်က လှည့်ကြည့်သည်။
ဟွမ်တင်းရှုက ဟန်မူယဲ့ကို ကြည့်သည်။ ပိုင်လီထုံယွင်ကလည်း ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့၏အသံက အနည်းငယ်အေးစက်နေသောပုံစံဖြင့် ထွက်ပေါ်လာသည်။
“မင်းတို့က ရွှေဇွန်းကိုက်ပြီး မွေးလာတာလေ။ ငယ်ငယ်လေးကတည်းက မဟာကျောင်းတော်သားကြီးတွေကိုလည်း မြင်ဖူးတယ်။ အဲဒီတော့ မရေမတွက်နိုင်လောက်တဲ့ သာမန်ကျောင်းတော်သားတွေက မဟာကျောင်းတော်သားတစ်ယောက်ကို မတွေ့နိုင်ဘူးဆိုတာ နားလည်မှာမဟုတ်ဘူး”
“ငါ့ဆိုင်မှာ ဇူအော်ယုလုံလို့ခေါ်တဲ့ ဝန်ထမ်းတစ်ယောက်ရှိတယ်။ သူက မင်းထက် အသက်ကြီးတယ်”
“သူက ကွန်ဖြူးရှပ်တာအိုမှာ ပါရမီနည်းနည်းရှိပြီး သမာဓိစွမ်းအားကို ကျင့်ကြံနိုင်ခဲ့တယ်”
“ဒါပေမဲ့ သူက လွန်ခဲ့တဲ့ငါးနှစ်လုံးမှာ တော်ဝင်ကျောင်းတော်ရဲ့သင်ခန်းစာတွေကို အပြင်ဘက်ကပဲ နားထောင်နိုင်ခဲ့တယ်။ သူက မဟာကျောင်းတော်သားတစ်ယောက်ရဲ့သင်ခန်းစာကို တစ်ခါမှ နားမထောင်ဖူးဘူး”
“သူ့မှာ အခွင့်အရေးမရှိဘူး”
“မင်းတို့လိုပါရမီရှင်တွေအတွက် မဟာကျောင်းတော်သားတစ်ယောက်ရဲ့သင်ခန်းစာကို အလွယ်တကူနားထောင်နိုင်တယ်။ မင်းက တခြားလူတွေရဲ့အခက်အခဲကို ဘယ်လိုလုပ်သိမှာလဲ”
ဟန်မူယဲ့က ကျယ်လောင်စွာပြောလိုက်သည်။
ပိုင်လီထုံယွင်က ကြောင်အသွားပြီး မတုံ့ပြန်နိုင်ပေ။
ဟန်မူယဲ့၏စကားများက မှန်ကန်ကြောင်း သူမ နားလည်သည်။
တော်ဝင်ကျောင်း၏စာသင်ခန်းများတွင် အပြင်ဘက်၌နားထောင်နေသော မရေမတွက်နိုင်လောက်သည့်ကျောင်းတော်သားများ ရှိသည်။
သူမက ထိုကျောင်းသားများကို မလှောင်ပြောင်ဘူးသော်လည်း အတန်းဖော်များအဖြစ် မယူဆခဲ့ပေ။
ယခု သူမ တွေးကြည့်မိသောအခါတွင် နားလည်သွားသည်။
‘ဒါပေမဲ့ အဲဒီအကြောင်းပြချက်နဲ့ ငါ့ကို ဆူလို့မရဘူးလေ’
‘ပြီးတော့ ဒါက ငါ့အိမ်’
“ဂိုဏ်းတူအစ်ကို၊ ထုံယွင်က ငယ်သေးပြီး လောကရဲ့အခက်အခဲတွေကို နားမလည်ဘူး။ နောက်ကျရင် သူမက နားလည်လာပါလိမ့်မယ်”
မူဝမ်က လျှောက်လာပြီး ဟန်မူယဲ့၏လက်ကို ညင်သာစွာကိုင်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ကောင်မလေး၊ ဒီဖိတ်စာကို ကောင်းကောင်းသိမ်းထား။ ဖိတ်စာရဲ့တန်ဖိုးကို ပြောနေစရာမလိုဘူး။ ဆရာဦးလေးနဲ့ တခြားလူတွေက မင်းကို အင်မော်တယ်သင်္ဘောဆီ ခေါ်မသွားဘူးဆိုရင်တောင် မင်းမှာ စောင့်ကြည့်ဖို့ အခွင့်အရေးရှိသေးတယ်”
ထိုသို့ဖြင့် သူမက မူဝမ်နှင့်အတူ ထမင်းစားပွဲသို့ သွားလိုက်သည်။
ပိုင်လီထုံယွင်က မျက်ရည်ဝဲနေပြီး တိတ်ဆိတ်နေသောဟွမ်တင်းရှုကို မော့ကြည့်သည်။ သူမ၏နှုတ်ခမ်းထောင့်များက တွန့်သွားပြီး ငိုမိတော့မည်။
သူမငယ်ရွယ်စဉ်ကတည်းက သူမကို ထိုသို့အပြစ်တင်ရဲသောလူ မရှိပေ။
ထို့အပြင် သူမ၏အမှားလည်း မဟုတ်ပေ။
ထိုလူက ဖိတ်စာကိုသုံးပြီး ပိုက်ဆံရှာနေသည်။
ဟွမ်တင်းရှုက သူမကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မင်းရဲ့ဦးလေးပြောသွားတာ မှန်တယ်”
ထိုစကားလုံးများကြောင့် ပိုင်လီထုံယွင်က ကြောင်အသွားသည်။
သူမကို အမြဲအလိုလိုက်ခဲ့သော အဘိုးဖြစ်သူက အပြင်လူအတွက် ပြောပေးနေသည်။
“ကောင်မလေး၊ သမင်ဖြူတောင်တန်းကျောင်းတော်က တည်ထောင်ခဲ့တာ သိပ်မကြာသေးဘူး။ သူတို့က ဆရာသခင်အဆင့် သုံးယောက်၊ ငါးယောက်လောက်နဲ့ လောကကို လွှမ်းမိုးထားနိုင်တယ်။ သူတို့ကို တော်ဝင်ကျောင်းတော်နဲ့ ယှဉ်နိုင်တယ်လို့တောင် ပြောကြတယ်။ ဘာဖြစ်လို့လဲ သိလား”
ဟွမ်တင်းရှုက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ပြောသည်။
‘ဘာဖြစ်လို့လဲ’
‘ဆရာသခင်ဟန်မူက ကဗျာကို ဓားတစ်လက်အနေနဲ့သုံးပြီး ကွန်ဖြူးရှပ်ကျင့်ကြံသူတွေအားလုံးအတွက် လမ်းသစ်ဖွင့်ပေးခဲ့လို့လား’
တော်ဝင်ကျောင်းတော်က ဓားသယ်ထားသောကျောင်းတော်သားများကို မနှစ်သက်ပေ။
ပိုင်လီထုံယွင်၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟွမ်တင်းရှုက ခေါင်းခါသည်။
“တုံးလိုက်တဲ့ကောင်မလေး၊ လောကမှာ ထောင်ချီတဲ့ကျောင်းတော်သားတွေရှိတယ်။ လူဘယ်နှယောက်က အောင်မြင်နိုင်လို့လဲ”
“သာမန်လူဖြစ်ချင်တဲ့လူ တစ်ယောက်မှမရှိဘူး။ ဒါပေမဲ့ လူဘယ်နှယောက်ကများ ထူးခြားပြီး မွေးဖွားလာလို့လဲ”
“မင်းတို့က ကံကောင်းနေတဲ့အချိန်ကို သတိမထားမိဘူးပဲ ....”
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး စားပွဲဆီသို့ ဖြည်းဖြည်းချင်းသွားလိုက်သည်။
မူဝမ်က ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ရပ်တန့်သွားသည်။
စားပွဲတွင် ပြုံးနေသောပိုင်လီရှင်းလင်က ကျောက်စိမ်းဖြူသေရည်အိုးကို ထုတ်ယူသည်။
သူမက မော့ကြည့်လိုက်ပြီး အကြည့်ချင်းဆုံသွားသည်။
ဟွမ်တင်းရှုက အားတင်း၍ ပြုံးလိုက်သည်။
....
ဟန်မူယဲ့နှင့်မူဝမ်တို့ လကြည့်မြို့သို့ ပြန်လာသောအခါတွင် ညနေပိုင်းသို့ ရောက်နေသည်။
ဆရာသခင်ဟွမ်တင်းရှုက အလွန်တက်ကြွနေသည်။ စားသောက်ပြီးသောအခါတွင် သူက ဟန်မူယဲ့ကိုဆွဲခေါ်၍ ကဗျာများရွတ်ဆိုပြီး ရေးဖွဲ့စေခဲ့သည်။ သူက မင်ရည်ကန်ဘေးတွင် ပန်းချီများလည်း ဆွဲခဲ့သည်။
ဟန်မူယဲ့နှင့်မူဝမ်တို့က ပြတ်သားစွာနှုတ်ဆက်ခဲ့သောကြောင့် ပြန်လာနိုင်ခဲ့သည်။ မဟုတ်လျှင် ဟွမ်တင်းရှုက ဟန်မူယဲ့နှင့်မူဝမ်ကို ဆွဲထားပြီး ညလုံးပေါက် စကားပြောနေလိမ့်မည်။
ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်သို့ ပြန်ရောက်လာသောအခါတွင် ချန်ရူပို့လိုက်သော ကျောက်စိမ်းပေလွှာကို မြင်ရသည်။
အမှန်အတိုင်းပြောရလျှင် ထျဲရီစံအိမ်၏ ပိုင်ရှင်သည် ပါရမီရှင်တစ်ဦးဖြစ်သည်။ သူမက အစီအစဉ်အမျိုးမျိုးကို စဉ်းစားနိုင်သည်။
‘မဟာကျောင်းတော်သားအငွေ့အသက်တွေရှိနေတဲ့ အဝတ်အစားလား’
ထိုအဝတ်အစားအတွက် ဝယ်ယူချင်သူ အများအပြားရှိလိမ့်မည်။
‘အဲဒါဆိုရင် မိန်းကလေးတွေရဲ့အဝတ်အစားကိုရော ဘယ်သူက ဝယ်မှာလဲ’
ဟန်မူယဲ့၏အမြင်တွင် ဤစီးပွားရေးကို ဆောင်ရွက်နိုင်သည်။ သို့သော် ရှင်းလင်းစွာလုပ်ဆောင်ရမည်။
ကျောင်းတော်သားများကို စိတ်ဆိုးသွားအောင် မလုပ်သင့်ပေ။
သူတို့က ထောက်ပံ့ပေးထားသောအဝတ်အစားများကို မကြိုက်လျှင် သို့မဟုတ် အဝတ်များကို ပြန်မလဲချင်လျှင် တွန်းအားမပေးနိုင်ပေ။
မင်းသမီးယွင်ကျင်းနှင့် ပိုင်ဝူဟန်၏အဝတ်များကို မကြံစည်လျှင် ပိုကောင်းလိမ့်မည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာတစ်ခုကို ဇူအော်လင်းဆီသို့ပေးလိုက်ပြီး အိမ်ပြန်လျှင် ချန်ရူဆီပို့ပေးရန် ပြောလိုက်သည်။
ဆိုင်တံခါးကိုပိတ်လိုက်ပြီး ခြံဝိုင်းထဲသို့ ရောက်သွားသောအခါတွင် မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“အစ်ကိုဟန်၊ ဒီနေ့ ထုံယွင်ကို ဘာဖြစ်လို့ အဲဒီလိုဆက်ဆံလိုက်တာလဲ”
“သူတို့က နန်းမြို့တော်မှာ မွေးဖွားကြီးပြင်းလာတယ်။ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုဘူး။ အစ်ကိုဟန်ရဲ့ကြိုးအားအားထုတ်မှုတွေကို နားလည်ဖို့ခက်နေမှာပဲ”
‘ကြိုးစားအားထုတ်မှုလား’
‘ငါက ဝိညာဉ်ကျောက်တုံးတွေပိုရအောင် ကြိုးစားနေရုံတင်ပါ’
ဟန်မူယဲ့က ရယ်ချင်သွားသည်။
အကြောင်းပြချက်က မည်သို့ပင်ကြီးကျယ်ခမ်းနားပါစေ ဝိညာဉ်ကျောက်တုံးများရနေသောအချက်ကို မဖုံးကွယ်နိုင်ပေ။
လောကတွင် မရေမတွက်နိုင်လောက်သောကုန်သည်များသည် ရည်ရွယ်ချက်အောင်မြင်ရန်အတွက် ဖြောင့်မတ်သောအကြောင်းပြချက်အမျိုးမျိုး ပေးကြသည်။ သို့သော် အဆုံးတွင် သူတို့က ဝိညာဉ်ကျောက်တုံးများကို ရသွားကြသည်။
ဝိညာဉ်ကျောက်တုံးသုံးစွဲရန် တောင်းဆိုနေသောလူတိုင်းသည် စီးပွားရေးလုပ်နေခြင်းဖြစ်သည်။
သို့သော် စီးပွားရေးအမျိုးမျိုးရှိသည်။
တချို့က နှိမ့်ချ၍ စီးပွားရေးလုပ်သည်။ တချို့က ခမ်းနားစွာ စီးပွားရေးလုပ်သည်။
ဟန်မိသားစုဈေးဆိုင်သည် စာပေဆွေးနွေးပွဲကို ထောက်ပံ့ပေးလိုက်သည့်အတွက် ဝိညာဉ်ကျောက်တုံးများ ရရှိနိုင်သည်။ သို့သော် အခွင့်အရေးရသွားသော ကျောင်းတော်သားများက ကျေးဇူးတင်နေလိမ့်မည်။
ဟန်မိသားစုဈေးဆိုင်က ဝိညာဉ်ကျောက်တုံးများတင်မကဘဲ လူများ၏အကောင်းမြင်စိတ်ကိုလည်း ရရှိနိုင်မည်။
ပိုင်လီထုံယွင်က နောက်ကွယ်မှအကြောင်းပြချက်ကို မြင်နိုင်သော်လည်း ပြန်လည်မတုံပြန်နိုင်သောကြောင့် မကျေမနပ် ဖြစ်သွားရသည်။
“ညီမမူ၊ ငါက ဓားကျင့်ကြံသူတစ်ယောက်ပဲ။ ဘာကိုပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်ပဲ လုပ်တယ်”
ဟန်မူယဲ့က မူဝမ်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
အမှန်ပင်ဖြစ်သည်။
ဟန်မူယဲ့က စိုးရိမ်စိတ်များ သိပ်မရှိပေ။
ကောင်းကျိုးဆိုးကျိုးများရှိနေသော်လည်း သူက ထိုအရာကို ဂရုမစိုက်ဘဲ သူနှင့်အသင့်တော်ဆုံးလမ်းကို ရွေးလိမ့်မည်။
ဓားကျင့်ကြံသူများက အရာအားလုံးကို လွတ်လပ်စွာပြုလုပ်သည်။
မူဝမ်က ဟန်မူယဲ့ကို ကြည့်သည်။ သူမက သူ့ရင်ဘတ်ထဲသို့ တိုးဝင်လိုက်သည်။
“အစ်ကိုဟန်က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လက်ထဲကဓားကိုပဲ ဂရုစိုက်တယ်ဆိုတာ ကျွန်မသိပါတယ်”
“ကျွန်မက အစ်ကိုဟန်ရဲ့ခြေနဲ့လက်ကို ချုပ်နှောင်ထားတဲ့ နွယ်ပင်ဖြစ်လာမှာ စိုးရိမ်မိတယ်”
မူဝမ်က ဟန်မူယဲ့ကို မော့ကြည့်သည်။
“အစ်ကိုဟန်၊ အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်ကြမလား။ အစ်ကိုဟန်က ဓားအင်မော်တယ်ဟန်ပဲ ဆက်ဖြစ်နေလိမ့်မယ်။ အခု အစ်ကိုဟန်က ဓားကိုတောင် မသယ်နိုင်ဘူး ....”
ဟန်မူယဲ့က ခေါင်းငုံ့ပြီး မူဝမ်၏ အနီရောင်နှုတ်ခမ်းများကို အသာအယာထိသည်။
“လူသားလောကကလည်း ကျင့်ကြံခြင်းပဲ။ ဓားကျင့်ကြံသူတစ်ယောက်က နှလုံးသားထဲမှာရှိတဲ့ဓားကို လေ့ကျင့်ဖို့ အရေးအကြီးဆုံးပဲ”
ထိုအချိန်တွင် သူက ခပ်ဟဟရယ်လိုက်ပြီး မူဝမ်၏နားရွက်နားတွင် တီးတိုးပြောသည်။
“ငါက ဓားသယ်မထားဘူးလို့ ဘယ်သူကပြောတာလဲ။ အမြဲတမ်း သယ်ထားတာပဲမဟုတ်ဘူးလား”
မူဝမ်၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
သူမ၏လက်ကို ဟန်မူယဲ့၏လက်က ဦးဆောင်သွားသည်။
ဟန်မူယဲ့က မူဝမ်၏နားရွက်ကို ကိုက်လိုက်ပြီး ကြမ်းတမ်းစွာတီးတိုးပြောသည်။
“အဘွားပိုင်လီကို ဘာပြောလိုက်လို့ အားဖြည့်သေရည်အိုးတစ်ဝက် အတင်းတိုက်လိုက်တာလဲ”
မူဝမ်၏လက်က တုန်ခါသွားပြီး တစ်ကိုယ်လုံးပျော့ခွေနေသည်။ သူမက ဟန်မူယဲ့ကို မော့မကြည့်ရဲဘဲ ရင်ဘတ်ထဲတွင် ခေါင်းမြှုပ်ထား၍ တီးတိုးပြောသည်။
“ကျွန်မက အစ်ကိုဟန်ရဲ့အကြောင်းကို ပြောနေတဲ့အချိန်မှာ ဆရာသခင်ပိုင်လီက နားလည်မှုလွဲသွားပြီး အစ်ကိုဟန်က မလုပ်နိုင်ဘူးလို့ ....”
ဟန်မူယဲ့၏နဖူးတွင် သွေးကြောများထောင်ထလာသည်။ သူက ညီမမူကို အခန်းထဲသို့သယ်သွားပြီး သူ့စွမ်းဆောင်ရည်ကို ပြလိုက်ချင်သည်။
သို့သော် နတ်ဘုရားသားရဲ၏ခွန်အားက အလွန်အားကောင်းသည်။ သူရူးသွပ်သွားသောအခါတွင် ခွန်အားကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
“ညီမမူ၊ ဘာဖြစ်လို့ အဲဒီလိုလုပ်ရတာလဲ ....”
ဟန်မူယဲ့က တီးတိုးပြောသည်။
မူဝမ်က တစ်ကိုယ်လုံးတောင့်တင်သွားပြီး ဟန်မူယဲ့၏စကား အဆုံးမသတ်ခင် သူ့ကို တွန်းလွှတ်၍ နီရဲနေသောမျက်နှာဖြင့် အခန်းထဲသို့ ပြေးဝင်သွားသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အသက်ပြင်းပြင်းရှူသည်။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး စိတ်ငြိမ်အောင်ထားသည်။ သူက ခြံဝိုင်းထဲမှ ထွက်လာပြီး အင်မော်တယ်လရေကန်သို့ ဦးတည်လိုက်သည်။
ခဏအကြာတွင် မူဝမ်၏အခန်းတံခါး ပွင့်သွားပြီး ခေါင်းထိုး၍ အပြင်ကိုကြည့်သည်။ ခြံဝိုင်းလေးက ဗလာဖြစ်နေသောအခါတွင် သူမက သက်ပြင်းချလိုက်ပြီး တံခါးကို ပြန်ပိတ်သည်။
ထိုအချိန်တွင် ဟန်မူယဲ့က အင်မော်တယ်လရေကန်ထဲသို့ ရောက်နေသည်။ သူက ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ပါ့ရှား၏ခန္ဓာကိုယ်ထဲသို့ဝင်ပြီး ကိုယ်ပွားမဖန်တီးခဲ့ပေ။
သူက စုဝေကမ္ဘာသို့ မသွားဘဲ အင်မော်တယ်လရေကန်၏ ရေနတ်ဘုရာများဆီသို့ လာခဲ့သည်။
သူ့လက်ထဲတွင် ရွှေရောင်အင်းကွက်တစ်ခု အရောင်လက်သွားသည်။ ခဏအကြာတွင် တော်ဝင်ဝတ်စုံများဖြင့် နတ်အချို့ရောက်လာပြီး ဦးညွှတ်လိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူ့မျက်လုံးထဲတွင် ရွှေအလင်းများ ရှိနေသည်။
သူက ဟွမ်တင်းရှုနှင့် စကားပြောနေသောအချိန်တွင် ဟွမ်တင်းရှုက မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ အဝါရောင်ခုံရုံး၏အကြောင်းကို ပြောခဲ့သည်။
ဟွမ်တင်းရှု၏စကားအရ သူက ကွန်ဖြူးရှပ်တာအိုနှင့် အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကိုလေ့လာ၍ အဝါရောင်ခုံရုံးကို ဖန်တီးခဲ့သည်။
အဝါရောင်ခုံရုံးသည် ခန္ဓာကိုယ်က စစ်စခန်းသဖွယ်ဖြစ်ပြီး နှလုံးသားက ခုံရုံးကဲ့သို့ ဖြစ်သည်။