← Chapters

အခန်း (၅၀၈)

Vol. 37 Ch. 508

အခန်း (၅၀၈)

Vol. 37 Ch. 508

လူတစ်ယောက်က လေးနက်သောအဆင့်အထိ ကျင့်ကြံပြီးလျှင် စိတ်အတွေးများ အဆုံးမရှိဖြစ်လာမည်။ ခန္ဓာကိုယ်သည် မဟာတာအိုနှင့်ပေါင်းစပ်ပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည်။

ထိုသို့ဖြင့် အင်မော်တယ်ဝိညာဉ်တတိယအဆင့်သို့ ရောက်သောအခါတွင် ကောင်းကင်တာအိုနှင့် ပေါင်းစည်းမသွားဘဲ ကိုယ်ပိုင်ကမ္ဘာကို ဖြစ်ပေါ်စေလိမ့်မည်။

ဥပမာအနေဖြင့် ဟွမ်မိသားစုတွင်ရှိသော မင်ရည်အိုင်သည် ဟွမ်တင်းရှုဖန်တီးထားသော ကမ္ဘာတစ်ခုဖြစ်သည်။

သို့သော် ထိုကျင့်ကြံခြင်းနည်းစနစ်သည် ပြီးပြည့်စုံခြင်းမရှိသေးပေ။

အဝါရောင်ခုံရုံးနည်းစနစ်၏အကူအညီဖြင့် နတ်အာရုံသည် ဆက်တိုက်သိပ်သည်းပြီး တိုးတက်နိုင်သော်လည်း ကောင်းကင်နှင့်မြေကြီး၏တာအိုနယ်မြေအထိ တက်လှမ်းနိုင်ရန် ခက်ခဲလိမ့်မည်။

ဟွမ်တင်းရှုက နှစ်တစ်ရာအချိန်ယူခဲ့သော်လည်း နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးလာသည်ဟုပင် ခံစားရသည်။

ဟွမ်တင်းရှုက အသိစိတ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် မင်ရည်အိုင်ကို ဖန်တီးခဲ့သည်။

ဟွမ်တင်းရှုက အဝါရောင်ခုံရုံးနည်းစနစ်ကို ရှင်းပြသောအခါတွင် ဟန်မူယဲ့က ကွဲပြားစွာ တွက်ချက်ကြည့်ခဲ့သည်။

သူ့တွက်ချက်မှုအရ အဝါရောင်ခုံရုံးနည်းစနစ်ကို ကျင့်ကြံရန်မဖြစ်နိုင်ပေ။

နှစ်ခုကို တစ်ခုအဖြစ် ပေါင်းစပ်ရန်လိုအပ်သည်။

ဟွမ်တင်းရှု၏ အဝါရောင်ခုံရုံးနည်းစနစ်သည် ကွန်ဖြူးရှပ်တာအိုကို အရင်ကျင့်ကြံပြီး နတ်ဘုရားတာအိုကို ပြောင်းလဲကျင့်ကြံသည်။

နတ်ဘုရားနယ်မြေကို ကွန်ဖြူးရှပ်တာအိုက ထောက်ပံ့ပေးထားသည်။

သို့သော် ထိုနည်းစနစ်အရ ကျင့်ကြံဆင့်မြင့်မားလာလျှင် ဝိညာဉ်စွမ်းအား ဆုံးရှုံးသွားလိမ့်မည်။

ဟန်မူယဲ့၏အမြင်အရ ကွန်ဖြူးရှပ်တာအိုကိုအသုံးပြုပြီး နတ်ဘုရားများကိုထိန်းချုပ်၍ ကျောရိုးအဖြစ်အသုံးပြုရမည်။ ထို့နောက် နတ်ဘုရားစွမ်းအားကို ကိုယ်ထင်ပြနိုင်လျှင် အဝါရောင်ခုံရုံးနည်းစနစ်၏စစ်မှန်မှုကို တွေ့နိုင်မည်။

ယခုအချိန်တွင် သူက ရေနတ်ဘုရားအချို့ကိုဆင့်ခေါ်၍ သူတို့၏ ကျင့်ကြံခြင်းကို ကြည့်ချင်သည်။

အမိန့်စာဖြင့် တာအိုကိုရရှိသွားသော ကွန်ဖြူးရှပ်ပညာရှင်အချို့သည် ရွှေအလင်းများဖြင့် ဖုံးလွှမ်းနေသည်။ ထိုအရာသည် အမွှေးနံ့သာစွမ်းအားနှင့် သမာဓိစွမ်းအားတို့၏ ပေါင်းစပ်မှုကြောင့် ဖြစ်သည်။

ကျင့်ကြံသူနှင့် စစ်သူကြီးအချို့၏ အကြွင်းအကျန်ဝိညာဉ်များကလည်း တာအိုကို ရရှိထားသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအပြင် နတ်ဘုရားစွမ်းအားအလင်းတချို့လည်း ရှိနေသည်။

ကွန်ဖြူးရှပ်တာအို၊ နတ်ဘုရားတာအို ....

အဆုံးတွင် လိုက်ဖက်ညီမှုတချို့ ရှိနေသည်။

ထိုအရာသည် ဟန်မူယဲ့၏တွက်ချက်ခြင်းနှင့် ဆင်တူသည်။

ဝမ်မော့ရှန်က ကိုယ်ပိုင်မဟာတာအိုကိုအသုံးချ၍ ကောင်းကင်တာအိုကို အစားမထိုးခဲ့ပေ။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် ကွန်ဖြူးရှပ်တာအိုမဟုတ်ပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ကွန်ဖြူးရှပ်တာအို၏ကမ္ဘာ ဖြစ်သော်လည်း ကိုယ်ပိုင်စည်းမျဉ်းနှင့်မဟာတာအို ရှိနေသေးသည်။

ဟန်မူယဲ့က နားမလည်နိုင်ပေ။ ဝမ်မော့ရှန်၏ကျင့်ကြံခြင်းနှင့်ဆိုလျှင် အဘယ်ကြောင့် ကိုယ်ပိုင်မဟာတာအိုတွင် ချို့ယွင်းချက်ထားခဲ့သနည်း။

ထို့အပြင် ဟန်မူယဲ့က နတ်များကို ဘွဲ့ထူးချီးမြှင့်ပေးသောအခါတွင် သူက မတားဆီးဘဲ ထောက်ခံခဲ့သည်။

‘ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လက်လွှတ်ချင်တာလား’

နတ်ဘုရားတာအိုကျင့်ကြံခြင်းအတွက် နက်ရှိုင်းသောနားလည်မှုများရနိုင်ရန် အငြိုးအတေးမဲ့နယ်မြေသို့ ခရီးထွက်ရလိမ့်မည်။

သို့သော် အငြိုးအတေးမဲ့နယ်မြေတွင် နတ်ဘုရင်ဆယ်ပါးကျော်ကျန်နေသေးသည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏စစ်တပ်ကလည်း ခက်ခဲစွာတိုက်ခိုက်နေရသည်။

မှူးမတ်ဝူကလည်း နှစ်တစ်ထောင်အချိန်မယူဘဲ အငြိုးအတေးမဲ့နယ်မြေကို သိမ်းနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က အဝါရောင်ခုံရုံးနည်းစနစ်ကို လေ့လာပြီးသောအခါတွင် အာခီမီကံကြမ္မာစံအိမ်သို့ ပြန်လာခဲ့သည်။

နောက်ရက်များတွင် ပိုင်လီရှင်းလင်ဆီသို့သွားသော မူဝမ်မှလွဲ၍ ဟန်မူယဲ့က ဆိုင်မှ မထွက်ခဲ့ပေ။

လွန်ခဲ့သောနှစ်ရက်ခန့်တွင် နန်းမြို့တော်၌ ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲနှင့်ပတ်သတ်၍ ဆူညံနေခဲ့သည်။ လူများဆုံတွေ့သောအခါတွင် များသောအားဖြင့် ပြောကြသည်။

“ညီအစ်ကို၊ မင်းက စာပေဆွေးနွေးပွဲဖိတ်စာအကြောင်းကို ကြားပြီးပြီလား”

ဖိတ်စာရထားသောလူများက အ‌ပျော်လှေများပေါ်တွင်မရှိလျှင် တိတ်ဆိတ်စွာပုန်းအောင်း၍ စာပေဆွေးနွေးပွဲစတင်မည့်အချိန်ကို စောင့်နေကြသည်။

ရုတ်တရက်ဆိုသလိုပင် နန်းမြို့တော်၌ စက္ကူများ ဈေးကြီးလာသည်။ လူတိုင်းက စာပေဆွေးနွေးပွဲအတွက် စောင့်နေကြသည်။

ထိုနှစ်ရက်အတွင်း၌ ဟန်မိသားစုဈေးဆိုင်၏နာမည်သည် နန်းမြို့တော်တစ်လျှောက် ပျံ့နှံ့သွားသည်။

ဟန်မိသားစုဈေးဆိုင်က ငွေစော်နံသည်ဟု လူတစ်ယောက်က ပြောခဲ့သည်။ သူတို့က မဟာကျောင်းတော်သားများ၏ စာပေဆွေးနွေးပွဲကို အသုံးပြု၍ စီးပွားရေးလုပ်ရဲသည်။ ထိုအပြုအမူကြောင့် အသတ်ခံရသင့်သည်။

နန်းမြို့တော်၏ အဓိကမိသားစုမှ တပည့်များသည် ဟန်မိသားစုဈေးဆိုင်ကို သေချာပေါက် သင်ခန်းစာပေးမည်ဟု ပြောကြသည်။

စာပေဆွေးနွေးပွဲတွင် ပါဝင်နိုင်‌သောအခွင့်အရေးသည် မိသားစုကြီးများမှ တပည့်များအတွက်သာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် မရေမတွက်နိုင်လောက်သော လူဆင်းရဲများလည်း တက်ရောက်နိုင်သည်။

တစ်ဖက်တွင် လူအများအပြားက ဟန်မိသားစုဈေးဆိုင်ကို ထောက်ပံ့နေကြသည်။

မိတ္တူပွားလိုက်သော ဖိတ်စာများကြောင့်သာမဟုတ်လျှင် သူတို့က တစ်သက်လုံး စာပေဆွေးနွေးပွဲနှင့် ကြုံရမည်မဟုတ်ပေ။

ယခုအချိန်တွင် ဖိတ်စာတစ်စောင်အတွက် အရာအားလုံးကိုလက်လွှတ်ရန် ထိုက်တန်သည်။

ပိုက်ဆံမရှိသော ကျောင်းတော်သားများက ယုံတင်းမြစ်ဘေးတွင် ညလုံးပေါက် ထိုင်စောင့်နေကြသည်။

ဟန်မိသားစုဈေးဆိုင်သည် စောင့်ဆိုင်းနေသောကျောင်းတော်သားများအတွက် စာပေဆွေးနွေးပွဲမစခင် ဖိတ်စာတစ်ရာ မဲဖောက်ပေးမည်ဟု ကြေညာထားသည်။

ဟန်မိသားစုဈေးဆိုင်၏ပြောစကားအရ သူတို့က ဝိညာဉ်ကျောက်တုံးများကို ရယူရန်မဟုတ်ဘဲ လောကတွင်ရှိသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများအတွက် ခမ်းနားသောပွဲတစ်ခုကို ကျင်းပပေးရန်ဖြစ်သည်။

ထိုစကားများကြောင့် ချီးကျူးမှုအများအပြားကို ရခဲ့သည်။

လွန်ခဲ့သောနှစ်ရက်ခန့်တွင် ဟန်မိသားစုဈေးဆိုင်သည် ကောလဟာလများကို ချေဖျက်နေခဲ့သည်။ ဖိတ်စာများအားလုံးကို ဝိညာဉ်ကျောက်တုံးသုံးထောင်ဖြင့် ရောင်းချသည်။ ထိုမှသာ ရှုံးဆုံးမှုမများဘဲ ဝိညာဉ်ကျောက်တုံးများကိုစုစည်းပြီး စာပေဆွေးနွေးပွဲအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

လွန်ခဲ့သောနှစ်ရက်တွင် မင်ရည်၊ စုတ်တံ၊ စက္ကူ၊ အဝတ်၊ သစ်သီး စသည်ဖြင့် ယုံတင်းမြစ်သို့ ကုန်ပစ္စည်းအမျိုးမျိုးရောက်လာသည်။ စာပေဆွေးနွေးပွဲအတွက် ဟန်မိသားစုဈေးဆိုင်က အများအပြားရင်းနှီးထားကြောင်း တခြားလူများ မြင်နိုင်သည်။

ဖိတ်စာတစ်စောင်အတွက် ဝိညာဉ်ကျောက်တုံးသုံးသိန်းအထိ ဈေးမြင့်သွားခြင်းကို ကိုယ်ကျင့်တရားမရှိသော စီးပွားရေးသမားများကသာ ပြုလုပ်လိမ့်မည်။

ထိုဈေးကွက်ဖျက်ဆီးမှုကို ဟန်မိသားစုဈေးဆိုင်အား မနာလိုသော စွန်းမိသားစုဈေးဆိုင် သို့မဟုတ် လုယွမ်ဈေးဆိုင်တို့ကသာ ပြုလုပ်လိမ့်မည်။

ထိုဈေးဆိုင်နှစ်ဆိုင်က နှစ်ရက်ပိတ်ထားခဲ့သည်။

ဖိတ်စာများကို ဈေးမြှင့်၍ရောင်းချလျှင် ကင်းစောင့်တပ်ဖွဲ့နှင့် တိုင်ကြားနိုင်ကြောင်း ဟန်မိသားစုဈေးဆိုင်က ပြောခဲ့သည်။

မြို့ထဲတွင်ဖြစ်ပေါ်နေသော အရှုပ်အထွေးများသည် ဟန်မူယဲ့ကြောင့် ဖြစ်လာသော်လည်း သူနှင့် မသက်ဆိုင်ပေ။

ချန်ရူက အလွန်ထူးခြားသည်။ သူက ဖိတ်စာတစ်စောင်ဖြင့် အရာအားလုံးကို စီမံနိုင်ခဲ့သည်။

မနေ့ညတွင် ချန်ရူက ဖိတ်စာအစစ်ကို ပြန်ပေးပြီး တချို့ကိစ္စများနှင့်ပတ်သတ်၍ သတင်းပို့ခဲ့သည်။

ဥပမာအနေဖြင့် ဟန်မိသားစုဈေးဆိုင်၏ ကုန်ပစ္စည်းအများစုအတွက် ဝိညာဉ်ကျောက်တုံးများ ပေးရန်မလိုပေ။

တွက်ချက်မှုများအရ ဟန်မိသားစုဈေးဆိုင်သည် ထျဲရီစံအိမ်နှင့် အရောင်းအဝယ်မှတစ်ဆင့် ဝိညာဉ်ကျောက်တုံးတစ်သန်း ရနိုင်သည်။

တခြားမိသားစုများလည်း ရှိနေသေးသည်။ အများစုက စာပေဆွေးနွေးပွဲတွင် ထောက်ပံ့ရန်အတွက် အကုန်အကျခံခဲ့ကြသည်။

စာပေဆွေးနွေးပွဲ၏ အကြီးမားဆုံးအမြတ်အစွန်းသည် အစစ်အမှန်လက်ရေးစာများ ဖြစ်သည်။ ထိုလက်ရေးစာကို ငှားရမ်းချင်သောစာအုပ်ဆိုင်များ ရာချီ၍ရှိနေသည်။

ဝယ်ယူရန်မဟုတ်ဘဲ ငှားယူရန်ဖြစ်သည်။

ထိုမှတစ်ဆင့် ဝိညာဉ်ကျောက်တုံးအများအပြား ရနိုင်မည်။

ထိုအရာသည် နန်းမြို့တော်တွင်ရှိသော ကွန်ဖြူးရှပ်ပညာရှင်နှင့် စာကြည့်တိုက်များ၏ ကစားပွဲစည်းမျဉ်းဖြစ်သည်။

လက်ရာမြောက်စာပေရတနာများ သိပ်မရှိပေ။ အားလုံးကို ဖုံးကွယ်ထားလျှင် ကြည့်ရှုနိုင်မည့်လူ မရှိတော့ပေ။

ထို့ကြောင့် ထိုပစ္စည်းများကို ထုတ်ယူပြီး တစ်ယောက်နှင့်တစ်ယောက် ငှားရမ်းခြင်းဖြင့် ဝိညာဉ်ကျောက်တုံးများကို အချိန်ကြာမြင့်စွာ ရနိုင်မည်။

စာပေဆွေးနွေးပွဲတွင် စာပေရတနာ အများအပြားပေါ်ထွက်လာမည်ဖြစ်သောကြောင့် စာကြည့်တိုက်များက ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

ချန်ရူအတွက် စာပေဆွေးနွေးပွဲ၏ အကြီးမားဆုံးအမြတ်အစွန်းသည် အချိန်ကြာသည်အထိ ဈေးကွက်တွင်လည်ပတ်နေမည်ဖြစ်‌သော စာပေရတနာများဖြစ်သည်။

အဓိကအချက်သည် ထိုစာပေရတနာများကိုအသုံးချ၍ ကွန်ဖြူးရှပ်ကျောင်းတော်သားများဆီသို့ ဈေးကွက်ထိုးဖောက်နိုင်မည်။

ထိုအရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကွန်ဖြူးရှပ်တာအိုလောကတွင် အမြင့်မားဆုံးဈေးကွက်ဖြစ်သည်။

ချန်ရူအပြင် ပိဝူဟယ်တို့မိသားစုကလည်း ဟန်မူယဲ့ကို ကျေးဇူးတင်ရန် အာခီမီကံကြမ္မာစံအိမ်သို့ ရောက်လာကြသည်။

အနာဂတ်တွင် ပိယွင်နှင့်ပိချုံးတို့က ဓားပညာကို လေ့လာရန်အတွက် ကုန်းစွန်းမိသားစုတွင် နေထိုင်လိမ့်မည်။

ပိဝူဟယ်တို့ဇနီး‌မောင်နှံက လကြည့်မြို့နှင့်သိပ်မဝေးသော မြို့လယ်ပိုင်းတွင် နေထိုင်ခဲ့သည်။

ထိုနေရာသည် ကုန်းစွန်းမိသားစု၏ လက်ဆောင်ဖြစ်သည်။

ခြံဝိုင်းသည် မသေးငယ်ပေ။ သူတို့က ချီယန်ဓားဂိုဏ်းဟူသောဆိုင်းဘုတ်ကို ချိတ်ဆွဲပြီး လက်ရွေးစင်တပည့်များကို စုစည်းလိုက်လျှင် မြို့အလယ်ပိုင်း၏ ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာလိမ့်မည်။

ယခင်က ပိဝူဟယ်အပြင် တခြားတပည့်များက ထိုအကြောင်းကို မတွေးရဲပေ။

မြို့အလယ်ပိုင်းသည် သဘာဝစွမ်းအင်ကြွယ်ဝပြီး နန်းမြို့တော်မှထုတ်ပေးသော အလုပ်တာဝန်အမျိုးမျိုးလည်း ရှိသည်။

သူတို့က ခြေချနိုင်လျှင် ချီယန်ဓားဂိုဏ်းတိုးတက်လာရန်အတွက် မခက်ပေ။

ထို့အပြင် ချီယန်ဓားဂိုဏ်းကို ကုန်းစွန်းမိသားစုက ထောက်ပံ့ပေးထားသည်။

ဟန်မူယဲ့နှင့်မူဝမ်တို့က ပိဝူဟယ်တို့နှင့် တွေ့‌သောအခါတွင် ကြိုးစားကျင့်ကြံရန် အားပေးခဲ့သည်။

အထူးသဖြင့် ကျင်းယွင်မိန်၏ကျင့်ကြံခြင်းသည် နှစ်ပေါင်းများစွာကြာအောင် ရပ်တန့်နေခဲ့သည်။ သူမက ပြန်လည်ကျင့်ကြံရန် အားထုတ်ရမည်။

ဟန်မူယဲ့က ချီကျင့်ကြံခြင်းအတွက် ဆေးလုံးများပို့ပေးခဲ့သောကြောင့် ပိဝူဟယ်တို့က အလွန်ကျေးဇူးတင်နေသည်။

ဟန်မူယဲ့က သူတို့မိသားစုအပေါ်တွင် အဘယ်ကြောင့် အလွန်ကြင်နာနေကြောင်း မေးခဲ့သည်။ ဟန်မူယဲ့နှင့်မူဝမ်က ရိုးရှင်းစွာပြုံးလိုက်ပြီး အာခီမီကံကြမ္မာစံအိမ်သည် ကံကြမ္မာအတွက်သာဖြစ်သည်ဟု ပြောခဲ့သည်။

အမှန်ပင်ဖြစ်သည်။

ပိဝူဟယ်တို့က ပတ်ဝန်းကျင်တွင် တိတ်ဆိတ်စွာမေးမြန်းခဲ့ပြီး အာခီမီကံကြမ္မာစံအိမ်ဘေးတွင်ရှိသော တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်အကြောင်းကို သိသွားခဲ့သည်။ ထိုဇနီးမောင်နှံသည် အာခီမီကံကြမ္မာစံအိမ်၏ထောက်ပံ့မှုကြောင့် ဆိုင်ဖွင့်ခဲ့သည်။

ကံကြမ္မာက အဖြေဖြစ်ပုံရသည်။

ပိဝူဟယ်က လင်းရှန်၏အကြောင်းကို မေးခဲ့သည်။ လင်းရှန်က သူနှင့် ဂိုဏ်းတူသည်ဟု ပြောခဲ့သည်။

လင်းရှန်က ရောက်မလာခဲ့ပေ။

လင်းရှန်က ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲတွင် စစ်တပ်ကိုဦးဆောင်ရန် အပြစ်ပေးခံရသည်။

လေ့ကျင့်ရေးမှုးလင်းက ဉာဏ်များကြောင်း ဟန်မူယဲ့ သိထားသည်။ သူက နန်းမြို့တော်တွင် အချိန်ကြာမြင့်စွာ မလေ့ကျင့်ချင်သောကြောင့် တမင်စည်းကမ်းဖောက်ပြီး တိုက်ခိုက်ခဲ့သည်။

ထိုသို့မဟုတ်လျှင် သူက ဓားစုစည်းခြင်းဂိုဏ်းကို ဖျက်ဆီးပစ်လိမ့်မည်။

“ကျွီ ....”

တံခါးပွင့်လာပြီး အမျိုးသားတစ်ယောက်သဖွယ်ဝတ်စားထားသော မူဝမ်က ထွက်လာသည်။

“အစ်ကိုဟန်၊ အဆင်ပြေလား”

မူဝမ်က ဟန်မူယဲ့ကို ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့က သူမ၏ရင်ဘတ်ကို ကြည့်နေသည်။ မူဝမ်က ရှက်သွားပြီး လက်မြှောက်၍ ရင်ဘတ်ကိုကာရန် ယပ်တောင်ဖြန့်သည်။

“ပြေတာပေါ့”

ဟန်မူယဲ့က ပြုံးနေသည်။

အမျိုးသားဝတ်စုံကြောင့် မူဝမ်၏သွယ်လျသောလည်ပင်းသည် ပိုမိုထင်ပေါ်နေသည်။

သူမကို ကြည့်လိုက်သောအခါ မတူညီသောခံစားချက်ကို ရသည်။

“သွားကြစို့ညီလေးမူ၊ စာပေဆွေးနွေးပွဲကို အတူတူသွားရအောင်”

ဟန်မူယဲ့က ယပ်တောင်ဖြန့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခြံဝိုင်းထဲမှ ထွက်သွားသည်။

မူဝမ်က ပြုံးလိုက်ပြီး သူ့နောက်မှ လိုက်လာသည်။ သူမ၏အင်္ကျီလက်က လှုပ်ရှားနေပြီး ဖြူဖွေးသောလက်ကို ဖော်ပြလိုက်သည်။

ဆိုင်ထဲသို့ရောက်လာသောအခါတွင် စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေသော ဇူအော်ယုလုံနှင့် ဇူအော်ယုထင်ကို မြင်လိုက်ရသည်။

ဆိုင်ရှင်၊ သူဌေးတို့နှင့်အတူ စာပေဆွေးနွေးပွဲကို တက်ရောက်ရမည်ဖြစ်သောကြောင့် သူတို့က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

All Chapters