အခန်း (၅၁၁)
Vol. 37 Ch. 511
ကွန်ဖြူးရှပ်တာအိုတွင် နားလည်သဘောပေါက်မှုသည် အရေးအကြီးဆုံးဖြစ်သည်။
တာအိုကို နားလည်သွားလျှင် ကျင့်ကြံခြင်း မြင့်တက်လာလိမ့်မည်။
သို့သော် ကျင့်ကြံခြင်းလောကတွင် ဖြည်းဖြည်းချင်းတိုးတက်လာရန် လိုအပ်သည်။ အချိန်ပေး၍စုစည်းပြီး ကောင်းမွန်စွာပြင်ဆင်ထားလျှင် အောင်မြင်နိုင်လိမ့်မည်။
ဆံပင်ဖြူနေသော ကျောင်းသားတစ်ယောက်က ရုတ်တရက် ဉာဏ်အလင်းရပြီး အဆင့်များကျော်ဖြတ်၍ ဆရာသခင်တစ်ဦး ဖြစ်မလာနိုင်ပေ။
ကျင့်ကြံဆင့်မြင့်မားခြင်းမရှိဘဲ နားလည်နိုင်သောစိတ်အခြေအနေကို မရနိုင်ပေ။
ကျောက်သာရှန့်၏ကျင့်ကြံခြင်းသည် အတားအဆီးနှင့်ကြုံတွေ့နေရသောကြောင့် အဆင့်တက်သွားခြင်းမဟုတ်ပေ။ ဟန်မူယဲ့က အဝါရောင်ခုံရုံးနည်းစနစ်နှင့် နတ်ဘုရားတာအိုနည်းစနစ်ကို အသုံးပြု၍ သမာဓိစွမ်းအားနှင့် လူသားဆန္ဒစွမ်းအားများကို လျှို့ဝှက်စွာ လွှဲပြောင်းပေးလိုက်သည့်အတွက် ဖြစ်သည်။
ထိုအရာသည် ဟန်မူယဲ့တွက်ချက်ထားသော အဝါရောင်ခုံရုံးနည်းစနစ်ဖြစ်သည်။ ထိုနည်းစနစ်က အသုံးဝင်ရန် မသေချာပေ။
သို့သော် ရလဒ်အရ အကျိုးသက်ရောက်မှု ရှိပုံပေါ်သည်။
သူက ကိုယ်ပိုင်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်။
နတ်ဘုရားတစ်ပါးကို ဖန်တီးချင်သည်။
သူက နတ်များအား ဘွဲ့ထူးချီးမြှင့်ခဲ့သောအချိန်တွင် အကြွင်းအကျန်ဝိညာဉ်များ၏ကျင့်ကြံခြင်းအုတ်မြစ်က နိမ့်ပါးကြောင်း သတိထားမိခဲ့သည်။ နတ်ဘုရားတာအိုစွမ်းအားသည် ကောင်းကင်တာအိုစွမ်းအားများကို အများအပြား လက်မခံနိုင်ပေ။
နတ်များသည် လူသားများကိုထိန်းချုပ်၍ အဆင့်နိမ့်ကျင့်ကြံသူများကို ဖိနှိပ်နိုင်သည်။
သို့သော် မဟာကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် စွမ်းအားကင်းမဲ့ပြီး နတ်အဖြစ်မှ အဆုံးသတ်သွားနိုင်သည်။
နတ်ဘုရားတာအို၏ အစစ်အမှန်ကျင့်ကြံခြင်းသည် ဟွမ်တင်းရှုဖန်တီးထားသော အဝါရောင်ခုံရုံးနည်းစနစ်ကဲ့သို့ ဖြစ်သင့်သည်။ အတွင်းနှင့်အပြင်၊ ဝိညာဉ်နှင့်ပြင်ပလောကကိုလည်း ကျင့်ကြံရမည်။
ဟန်မူယဲ့က ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကိုထိန်းချုပ်၍ နတ်တစ်ပါးကို ဖန်တီးခဲ့သည်။
ကျောက်သာရှန့်က ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးထက် နတ်ဘုရားတာအိုကျင့်ကြံသူတစ်ဦး ဖြစ်လာသည်ဟုပြောလျှင် ပိုမှန်သည်။
သူ့ခန္ဓာကိုယ်တွင်ရှိသော စွမ်းအားအများစုကို ဟန်မူယဲ့က ထည့်သွင်းပေးထားသည်။ သူက ဖြည်းဖြည်းချင်း ဆင်ခြင်သုံးသပ်၍ သန့်စင်ရန် လိုအပ်သည်။
ဟန်မူယဲ့က ထိုအကြောင်းကို သိသလို အပြင်ဘက်တွင်ရှိနေသော ကျောက်သာရှန့်ကလည်း နားလည်သည်။
ဟန်မူယဲ့က သူ့ကို မေးခဲ့သည်။
အခြေခံအဆင့်ကျောင်းသားတစ်ယောက် ဖြစ်ချင်သလား သို့မဟုတ် ဆရာသခင်တစ်ယောက် ဖြစ်ချင်သလား။
ကျောက်သာရှန့်က စွမ်းအားပေါင်းစပ်မှုကိုလက်ခံ၍ ဆရာသခင်တစ်ယောက်ဖြစ်လာရန် ရွေးချယ်ခဲ့သည်။
ရွှေအလင်း ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် မြင်းလှည်းများအားလုံး ရပ်တန့်သွားသည်။
ကျောင်းတော်သားများက မျက်လုံးပြူးနေပြီး ကျောက်သာရှန့်ကို ကြည့်သည်။
သူ့ဘေးတွင်ရှိသောကျောင်းသားများက လမ်းပျောက်နေသည်။
“ငါရဲ့ကွန်ဖြူးရှပ်တာအိုက တိုးတက်နေတာပဲ ....”
အသံတစ်သံ ထွက်လာသည်။
အမှန်တကယ်ပင် တိုးတက်နေသည်။
အကန့်အသတ်မရှိသော သမာဓိစွမ်းအားများ ကောင်းကင်အထိ ထိုးတက်သွားပြီး ခရမ်းရောင်အငွေ့အသက်များ ရစ်ဝဲနေသည်။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏စွမ်းအားများ ထိန်းချုပ်၍မရတော့ဘဲ တုန်ခါလာသည်။
ထိုအရာသည် ကောင်းကင်တာအို၏အားပေးမှုနှင့် လူသားဆန္ဒစွမ်းအား၏ ဆက်သွယ်မှုဖြစ်သည်။
မြင်းလှည်းထဲတွင် ဟန်မူယဲ့က မော့ကြည့်လိုက်ပြီး ပြုံးသည်။
“အမတ်ချုပ်ကြီးဝမ်၊ ဒီတစ်ခေါက်ရော ငါ့ကို ဘယ်လိုကျေးဇူးတင်မှာလဲ”
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး စကားမပြောပေ။
သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအား ပြောင်းလဲသွားသည်ကို ခံစားမိသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် မဟာတာအိုစွမ်းအား ရုတ်တရက်မြင့်တက်လာသည်။
သူ့အကူအညီကြောင့် ကွန်ဖြူးရှပ်တာအိုနှင့် နတ်ဘုရားတာအိုက အောင်မြင်စွာ ပေါင်းစပ်သွားသည်။
ကွန်ဖြူးရှပ်တာအိုသည် နတ်ဘုရားတာအိုနှင့် ပေါင်းစပ်သွားပြီး ဝမ်မော့ရှန်က ပိုမိုအားကောင်းလာသည်။
နတ်ဘုရားတာအိုကျင့်ကြံသူများ ထိန်းချုပ်ထားသော ကံကြမ္မာစွမ်းအားသည် ကွန်ဖြူးရှပ်တာအိုနှင့် ဆင်တူသော်လည်း ပိုမိုပုံရိပ်ယောင်ဆန်သည်။
ထိုစွမ်းအားနှစ်ခုကို ပေါင်းစပ်နိုင်သောကြောင့် အဆပေါင်းများစွာ တိုးတက်သွားလိမ့်မည်။
“ကျေးဇူးပါဆရာ”
ဆရာသခင်ကျောက်သာရှန့်က ဘေးတွင်ရပ်နေပြီး စာအုပ်ကိုင်၍ ဖြည်းဖြည်းချင်းရှေ့ဆက်သွားသောမြင်းလှည်းကို ဦးညွှတ်သည်။
ကျောက်သာရှန့်တင်မကဘဲ ဟန်မူယဲ့၏မှတ်ချက်များကို လက်ခံထားသောကျောင်းတော်သားများကလည်း ဦးညွှတ်လိုက်သည်။
မဟာကျင့်ကြံသူတစ်ဦးကို ရိုသေလေးစားခြင်းဖြစ်သည်။
အခွင့်အရေးများပေးအပ်ခဲ့သော မဟာကျင့်ကြံသူကို လေးစားခြင်းဖြစ်သည်။
အခွင့်အရေးများပေးနိုင်သော ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးကသာ အမှန်တကယ် စိတ်သဘောထားကြီးမြတ်သည်။
ပိုင်ထောင်က စာအုပ်ကိုင်ထားပြီး ရူးသွပ်စွာပြုံးသည်။
သူ့ဘေးတွင် ကျောင်းတော်သားတချို့က လည်ပင်းဆန့်ထုတ်ပြီး သူ့စာအုပ်ကို ကြည့်သည်။
အနက်ရောင်စာလုံးများကြားတွင် သေသပ်စွာရေးထားသော အနီရောင်စာလုံးများ ရှိနေသည်။
“ဒီစာကြောင်းကို စဉ်းစားကြည့်ဖိုလိုမယ်။ အဲဒါက ဒီလိုမျိုးဖြစ်မယ်ထင်တယ် ....”
“ဒီစာကြောင်းက မဟာကွန်ဖြူးရှပ်ဂိုဏ်းစည်းမျဉ်းစာအုပ်မှာ ရှိတယ်။ မင်းက မှားပြီးမှတ်ထားမိတာဖြစ်မယ်။ သွားကြည့်သင့်တယ်”
“ဒီအကြံက မဆိုးဘူး။ မင်းက သေချာလေ့လာထားပုံရတယ်။ ဒါပေမဲ့ သုံးသပ်ကြည့်ရမယ်”
....
အနီရောင်စာလုံးများဖြင့် ပြည့်နေသည်။
အဆုံးတွင် အပိုင်းတစ်ပိုင်းလုံးကို အနီရောင်စာလုံးများဖြင့် ပြင်ပေးထားသည်။
ပိုင်ထောင်၏စာလုံးများက မသုံးမဝင်ကြောင်း ပြောနိုင်သည်။
“ညီအစ်ကိုပိုင်၊ မင်းရဲ့လက်ရေးမူက သိပ်မကောင်းဘူးပဲ ....”
ပိုင်ထောင်နှင့်သိသော လူငယ်တစ်ယောက်က တီးတိုးပြောသည်။
ထိုအရာသည် ချဲ့ကားပြောနေခြင်းမဟုတ်ပေ။
ပတ်ဝန်းကျင်ရှိလူများ၏မျက်နှာထားက ထူးဆန်းသွားသည်။
‘ဒီလိုစာမျိုးကို မဟာကျောင်းတော်သားတစ်ယောက်ဆီ ပို့ရဲတယ်ပေါ့’
ပိုင်ထောင်က လက်ရေးစာကို သေချာခေါက်လိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်သည်။
“မင်းနားမလည်ပါဘူး”
သူ့မျက်နှာထားက တည်ငြိမ်နေသည်။
“စာသင်ကြားတဲ့နေရာမှာ လူတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ငါ ပိုင်ထောင်က ဒီအဆင့်မှာပဲရှိတယ်။ ငါက တွန်းအားပေးမှာမဟုတ်ဘူး”
“ဒီနေ့မှာ မဟာကျောင်းတော်သားတစ်ယောက်က ငါ့စာကို အကဲဖြတ်ပေးခဲ့တယ်။ အဲဒါကြောင့် ငါက ဆိုးဝါးပေမဲ့ အရမ်းကြီးဆိုးဝါးနေတာမျိုး မဟုတ်ဘူး”
“ဒီနေ့မှာ ငါက ဒီစာကို ပြန်ယူသွားပြီး ဘောင်သွင်းထားမယ်။ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းမယ်”
“ငါတို့ပိုင်မိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ မဟာကျောင်းတော်သားတွေရှိလာရင် ကြိုးစားလေ့လာခဲ့တဲ့ ဒီဘိုးဘေးကို သူတို့ မှတ်မိနေလိမ့်မယ်”
ထိုသို့ဖြင့် သူက အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး တောက်ပနေသောမျက်နှာထားဖြင့် ရှေ့ဆက်သွားသည်။
ပတ်ဝန်းကျင်တွင်ရှိသောလူများက ပါးစပ်အဟောင်းသားဖြစ်နေသည်။
‘ဘုရားရေ၊ သူက နောက်နှစ်ရာချီအထိ တွေးထားတာလား’
လူနှင့်လှည်းများက ရှေ့ဆက်သွားနေပြီး မြို့၏အနောက်ဘက်ဂိတ်တံခါးမှ ထွက်လာသည်။ ခဏတာ ဆက်သွားပြီးသောအခါတွင် သူတို့က အကန့်အသတ်မရှိသော မြစ်ကမ်းပါးသို့ ရောက်လာသည်။
သူတို့၏ရှေ့တွင် ရေခိုးရေငွေ့များ ရှိနေသည်။ မြူခိုးများက ရေမျက်နှာပြင်ကို ဖုံးအုပ်ထားပြီး အစိမ်းရောင်မိုးမခပင်များက အရိပ်ပေးနေသည်။
ယခုအချိန်တွင် ရေမျက်နှာပြင်သည် တစ်လက်လက်တောက်ပနေသည်။ အပျော်လှေများသည် အစိမ်းရောင်၊ အနီရောင်၊ ရွှေရောင်၊ ခရမ်းရောင်တို့ဖြင့် တောက်ပနေသည်။
ထိုမြင်ကွင်းသည် နောက်တွင်ကျန်ခဲ့သော ခမ်းနားသည့်နန်းမြို့တော်နှင့် မတူပေ။
မြို့သည် ကောင်းကင်နှင့်မြေကြီးဖြစ်ပြီး မြစ်သည် လူသားလောက ဖြစ်သည်။
“ဒါက ယုံတင်းမြစ်ပဲ”
ဇူအော်လင်းက မြင်းလှည်းကိုရပ်လိုက်ပြီး ညင်သာစွာပြောသည်။
သူက နန်းမြို့တော်တွင် ကြီးပြင်းလာခဲ့သောကြောင့် ယုံတင်းမြစ်ကို ငယ်စဉ်ကတည်းက မြင်ဖူးသည်။
သို့သော် သူက ဤနေရာသို့ ဆယ်နှစ်ကြာသည်အထိ မရောက်ခဲ့ပေ။
ကလေးနှစ်ယောက်ကလည်း ဤနေရာသို့ မလာနိုင်ခဲ့ပေ။
ဇူအော်မောင်နှမသည် ငယ်စဉ်က ရောက်ဖူးခဲ့သော်လည်း မမှတ်မိတော့ပေ။
မြစ်ကမ်းဘေးသို့ရောက်လာသော ကျောင်းတော်သားများက မြင်ကွင်းကြောင့် မှင်တက်သွားသည်။
လောက၏အလှသည် ထိုသို့ပင်ဖြစ်သည်။
မြစ်ထဲမှ သီချင်းဆိုသံသဲ့သဲ့ ကြားရသည်။
သေချာနားထောင်ကြည့်လျှင် ဆွဲဆောင်နိုင်သော ဝါးတော၏လှုပ်ခတ်သံကို ကြားနိုင်သည်။
“ကျွန်မက နှစ်တစ်ထောင်ကျင့်ကြံခဲ့တဲ့ မြေခွေးတစ်ကောင်ပါပဲ”
“နှစ်တစ်ထောင်ကျင့်ကြံပြီး နှစ်တစ်ထောင်အထီးကျန်ခဲ့ရတယ်”
....
ပိုင်ဝူဟန်၏အသံ ဖြစ်သည်။
ကောင်းကင်မြေခွေးမျိုးနွယ်စု၏ ဝိညာဉ်နည်းစနစ်သည် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်နိုင်သောကြောင့် ကျောင်းတော်သားများက တည်ငြိမ်လာသည်။ သူတို့က မြစ်ကမ်းပါးတွင် နှစ်ယောက်တစ်တွဲ ထိုင်ချလိုက်သည်။
ကြည်လင်သောလှိုင်းလုံးနှင့် ကြည်လင်သောသီချင်းသံ ရှိနေသည်။
ကွန်ဖြူးရှပ်ပညာရှင်များက လှည်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။
သူတို့၏နောက်တွင် မရေမတွက်နိုင်လောက်သော ကျောင်းသားများက ဦးညွှတ်လိုက်သည်။
လမ်းတစ်လျှောက်တွင် မဟာကျောင်းတော်သားများက အနည်းဆုံး ဒါဇင်ချီနေသောလက်ရေးစာများကို အကဲဖြတ်ပေးခဲ့သည်။
သူတို့၏အကဲဖြတ်မှုကိုရလျှင် တစ်သက်လုံး ကြွားဝါနေနိုင်သည်။
ထိုအခွင့်အရေးမျိုးကို တန်ဖိုးမထားသောလူ မရှိပေ။
စုချီအာက ဆရာသခင်ချန်ရီ၏နောက်တွင် ရပ်နေသည်။
ဟန်မူယဲ့နှင့်မူဝမ်၏နောက်တွင် ဇူအော်မောင်နှမအပြင် ကျောက်သာရှန့်နှင့် ချိုးချူးချီတို့ ရပ်နေသည်။
ဆရာသခင်နှစ်ယောက်ဖြစ်သည်။
မြစ်ထဲတွင် လှေကလေးများ တစ်စင်းပြီးတစ်စင်း ချဉ်းကပ်လာသည်။
လှေပေါ်တွင် ချောမောသောလူငယ်နှင့် လှပသောအမျိုးသမီးများ ရှိနေကြသည်။ သူတို့က ကိုယ်တိုင်းချုပ်ထားသော ကျောင်းတော်သားဝတ်စုံများကို ဝတ်ထားသည်။
သူတို့ဝတ်စုံများ၏ အင်္ကျီလက်က အစစ်အမှန်ကျောင်းတော်သားဝတ်စုံများကဲ့သို့ မကြီးပေ။ ထို့ကြောင့် လှုပ်ရှားရလွယ်ကူသည်။
သူတို၏ဝတ်စုံများက တူညီပြီး သပ်ရပ်သည်။
လှေပေါ်တွင် နဖူးစည်းစာတန်းရှိနေသည်။
“ကျောက်စိမ်းရှားစောင်းပန်းစာပေဆွေးနွေးပွဲအတွက် ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက သီးသန့်ထောက်ပံ့ပေးထားပါတယ်”
သို့သော် ထိုစာကြောင်း၏အောက်တွင် စာလုံးအသေးများ ထပ်ရှိလာသည်။
“သောက်ရေအားလုံးကို ဟိုရေတွင်းက ထောက်ပံ့ပေးထားပါတယ်”
“ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲအတွက် အထူးသေရည်ကို ဖီးနစ်တေးသံသေရည်ဆိုင်က ထောက်ပံ့ပေးထားပါတယ်”
....
မြစ်ကမ်းဘေးတွင် ခရမ်းရောင်ဝတ်စုံနှင့်လူအိုကြီးက လူငယ်တချို့ကို ဦးဆောင်ထားသည်။ သူက လှေများကို မြင်လိုက်ရသောအခါတွင် ပြုံးသည်။
“ဟားဟား၊ ညီအစ်ကိုချန်ရူပြောတာ မှန်တယ်။ ငါတို့ ဖီးနစ်တေးသံသေရည်ဆိုင်ရဲ့ ကြော်ငြာစာတန်းက မျက်စိဖမ်းစားနိုင်တယ်”
“ဝိညာဉ်ကျောက်တုံးတစ်သန်းက တန်တယ်”
‘ကြော်ငြာစာတန်းတစ်ခုအတွက် ဝိညာဉ်ကျောက်တုံးတစ်သန်းလား’
ဘေးတွင်ရှိသောလူငယ်က နားမလည်နိုင်ဖြစ်နေသော်လည်း မမေးရဲပေ။
လူအိုကြီးက ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး နောက်တွင်ရပ်နေသောအစေခံကို ကြည့်သည်။
“သွား၊ လှည်းထဲကသေရည်အိုးတွေအားလုံးကို မြစ်ဘေးမှာ ဝေပေးလိုက်။ ဒီနေ့ မြစ်ကမ်းပါးမှာရှိတဲ့ ကျောင်းသားတွေအားလုံးက ငါတို့ရဲ့ ဖီးနစ်တေးသံသေရည်ကို အလကားသောက်ရမယ်”
“သေစမ်း၊ ကျောက်မိသားစုသေရည်ဆိုင်က အင်မော်တယ်သင်္ဘောရဲ့ သေရည်တင်ပို့ခွင့်ကို လက်ဦးသွားတယ်။ ငါက မြစ်ကမ်းဘေးမှာ သူတို့ရဲ့ကျော်ကြားမှုကို ချိုးနှိမ်ရမယ်။ ဟုတ်တယ်”
အစေခံများက သေရည်အိုးများကို လျင်မြန်စွာသယ်လာပြီး လူအိုကြီး၏စကားများကို ဖြန့်ဝေပေးလိုက်သည်။
ဖီးနစ်တေးသံသေရည်ဆိုင်က သေရည်များ အလကားဝေပေးနေကြောင်း ကြားလိုက်ရသောအခါ နေရာတိုင်းတွင် အားပေးသံများ ထွက်လာသည်။ သူဌေးကို ချီးကျူးနေသော အသံများလည်း ရှိသည်။
လူအိုကြီးနှင့်လူငယ်က ချီကျူးသံများကို ကြားလိုက်ရသောအခါတွင် ပြုံးသည်။
ထိုအရာသည် ဂုဏ်သတင်းပင်ဖြစ်သည်။
“ချန်ရူက တကယ်နားလည်တာပဲ”
လူအိုကြီးက ခေါင်းခါလိုက်ပြီး အဖြူရောင်ဖိတ်စာကတ်ကို ထုတ်ယူသည်။
မိတ္တူဖြစ်သည်။
မြစ်ကမ်းစပ်တွင် လှေတစ်စင်းရပ်လာသည်။ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က ရှေ့တက်လာပြီး ဖိတ်စာကို စစ်ဆေးကြည့်သည်။
လေးစားမှုအနေဖြင့် လှေတစ်စင်းတွင် လူတစ်ယောက်သာ သယ်သွားမည်ဖြစ်သည်။
ဖိတ်စာကို အတည်ပြုပြီးသွားသောအခါ လှပသောအဝတ်အိတ်တစ်လုံးကို လက်ဆောင်ပေးသည်။
အဝတ်အိတ်၏အပြင်ဘက်တွင် အင်မော်တယ်သင်္ဘော၏ ပန်းချီကားရှိပြီး ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲဟု ရေးထားသည်။
တစ်ဖက်တွင် ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းမှ သီးသန့်ထောက်ပံ့သည်ဟု ရေးထားသည်။
ထိုစာလုံးများ၏အောက်တွင် လက်မှတ်ရှိသည်။ သူတော်စင်တစ်ဝက်အဆင့် လုယွီကျိုးဖြစ်သည်။
အဝတ်အိတ်ထဲတွင် စက္ကူ၊ စုတ်တံ၊ မင်ရည်၊ မင်တုံးတို့အပြင် ဆရာသခင်များ၏ လက်ရေးစာမိတ္တူများလည်း ရှိသည်။
တခြားပစ်စ္စည်းများလည်း ရှိသေးသည်။
ကျောက်စိမ်းပြားများ၊ လက်ရာမြောက်ချိပ်စည်းများ၊ ဆီစိမ်စက္ကူထီးများ စသည်ဖြင့် ဖြစ်သည်။
ထိုအဝတ်အိတ်လေးသည် ဝိညာဉ်ကျောက်တုံးတစ်ရာကျော် ကုန်ကျသည်။