အခန်း (၅၁၂)
Vol. 37 Ch. 512
ဖိတ်စာရထားသောလူများက အဝတ်အိတ်ထဲတွင်ရှိသောပစ္စည်းများကို ထုတ်ကြည့်နေသောအခါတွင် ဖိတ်စာမရှိသောကျောင်းတော်သားများက မနာလိုဖြစ်သွားသည်။
“ဟမ့်၊ အဲဒါက ဖိတ်စာဖိုး ဝိညာဉ်ကျောက်တုံးသုံးထောင်ထဲက ပြန်ပေးတာပဲ။ ဟမ့်”
လူတချို့က ချဉ်စူးစူးခံစားလိုက်ရပြီး မကျေနပ်စွာ အကြည့်လွှဲသည်။
မြစ်ကမ်းပါးတွင် စာလိပ်ရှည်ကို ဖြန့်လိုက်သည်။ ထွက်သွားသောလူများက နာမည်ချန်ရစ်ခဲ့သည်။
“မိုးရေသံကျောင်းတော်က ကျန်းကျီသုန်ပဲ။ သူက ကဗျာကောင်းတစ်ပုဒ်ရေးခဲ့တယ်။ အဲဒီကဗျာက ဘာပါလိမ့်”
“ဟယ်ကျင်းချန်၊ သူက စုယန်မြို့ရဲ့ ပိုင်မြန်စာအုပ်ဆိုင်ကပဲ”
နာမည်ချန်သွားသောလူများကို မှတ်မိနေသောကြောင့် ပတ်ဝန်းကျင်တွင် အသံအမျိုးမျိုးထွက်လာသည်။
လူတချို့က ခပ်ဟဟရယ်လိုက်ပြီး တချို့က တည်ငြိမ်နေသည်။
သူတို့က ဝိညာဉ်ကျောက်တုံးသုံးထောင် သုံးစွဲနိုင်သောကြောင့် တခြားလူများနှင့် မတူပေ။
ဖိတ်စာရှိသောလူများက လှေများကို စီးနင်သွားကြသည်။ အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က ရှေ့တက်လာပြီး တီးတိုးပြောသည်။
ကျောင်းတော်သားဝတ်စုံနှင့် အမျိုးသမီးများဖြစ်သည်။
သူတို့က တီးတိုးပြောလိုက်ပြီး အဝတ်လဲရန် ရှင်းပြသည်။ သူတို့က ခွင့်ပြုချက်ရလိုက်သောအခါတွင် သွယ်လျသောလက်များကိုမြှောက်၍ ကျောင်းတော်သား၏ဝတ်ရုံကို ချွတ်ပေးသည်။
သူတို့၏ ညင်သာသောပုံစံ၊ မွှေးရနံ့နှင့် ရှက်ရွံ့နေသောပုံစံသည် ခုခံရန် ခက်ခဲသည်။
မြစ်ကမ်းပါးတွင်စောင့်နေသော ကျောင်းတော်သားများက လှေပေါ်တွင်ရှိသောလူများနှင့် နေရာလဲနိုင်ရန် ဆုတောင်းမိသည်။
အနည်းငယ်မနာလိုနေသောလူများက သူတို့ကိုကြည့်လိုက်ပြီး မုန်းတီးစွာ အံကြိတ်ထားသည်။
မိန်းကလေးများက အပြင်ဝတ်ရုံကိုချွတ်ပြီး ခေါက်လိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်စုံကိုထုတ်ယူ၍ ကျောင်းတော်သား၏နာမည်ကို အင်္ကျီလည်ပင်းတွင် ရေးစေသည်။ သူမတို့က သေချာဝတ်ပေးလိုက်သည်။
မိန်းကလေးများ၏ နူးညံ့သောခန္ဓာကိုယ်က ကျောင်းတော်သားများနှင့် ထိတွေ့နေပြီး သူမတို့၏ သွယ်လျသောလက်များက ခါးစည်းကြိုးနားတွင် လှုပ်ရှားနေသည်။ အပျော်အိမ်သို့မရောက်ဘူးသော ကျောင်းတော်သားများက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။
သို့သော် မိန်းကလေးများက ကျွမ်းကျင်စွာလှုပ်ရှားသွားပြီး ညင်သာစွာထိုင်ချသည်။ သူတို့က ခါးပတ်ကို သေချာညှိပေးပြီး အဝတ်နှင့်ဘောင်းဘီထောင့်များကို သပ်ရပ်အောင် လုပ်ပေးနေသည်။
အပျော်လှေပေါ်သို့ရောက်လာသည်အထိ လူအများအပြားက အိပ်မက် မက်နေသည်ဟု ခံစားရသည်။
လူငယ်တစ်ယောက်က ပြန်ထွက်သွားသောလှေကို ဖိနှိပ်မထားနိုင်သော တောက်ပနေသည့်မျက်လုံးများဖြင့် ကြည့်သည်။
“သူမရဲ့နာမည်က မုန့်လောတဲ့”
လူငယ်က ညင်သာစွာရေရွတ်လိုက်ပြီး ခါးပတ်တွင်ရှိသောအမွှေးအိတ်ကို တင်းကျပ်စွာကိုင်သည်။
သူ့ကို အဝတ်ဝတ်ပေးခဲ့သောအမျိုးသမီးက ကိုယ်တိုင်လုပ်ထားသောအမွှေးအိတ်ကို ခါးပတ်တွင် လျှို့ဝှက်စွာချိတ်ဆွဲပေးခဲ့သည်။ အမွှေးအိတ်က စာပေဆွေးနွေးပွဲတွင် သူနာမည်ကြီးလာစေရန်အတွက် ကူညီပေးလိမ့်မည်ဟုပင် တီးတိုးပြောခဲ့သည်။
လောကတွင် ထိုသို့ လှပပြီးအပြစ်ကင်းသော ဆုံတွေ့မှုမျိုး ရှိနိုင်သလား။
“မုန့်လော၊ တကယ်လို့ ငါ ဝူထျန်းကျန်းက ဒီနေ့ နာမည်ကြီးလာခဲ့ရင် မင်းကို စိတ်မပျက်စေရဘူး”
အမျိုးသမီးတစ်ယောက်၏အမွှေးအိတ်က မည်သည့်အရာ ဖြစ်နိုင်မည်နည်း။
မြစ်ကမ်းပါးတွင်ထိုင်နေရသော ကျောင်းတော်သားများနှင့်မတူဘဲ ဖိတ်စာရထားသော ကျောင်းတော်သားများက ကွဲပြားစွာ ဆက်ဆံခံရသည်။
အဝတ်လဲပေးခြင်းသည် ဘာမှမဟုတ်သေးပေ။
သူတို့က အပျော်လှေများပေါ်သို့ ရောက်လာသောအခါတွင် ရောင်စုံအဝတ်များနှင့် အမျိုးသမီးများက သူတို့ကို သင့်တော်သောနေရာများသို့ ခေါ်သွားကြသည်။
အပျော်လှေများသည် ကျက်သရေရှိနေသည်။ လူအများအပြားက ရှေ့တွင် စာရွက်နှင့်စုတ်တံများကိုချထားပြီး ထိုင်နေကြသည်။ ဘေးတွင်ရှိသောစားပွဲပေါ်တွင် သစ်သီး၊ ရေနှင့် သေရည်များလည်း ရှိနေသည်။
တခြားလူများ ရောက်လာလျှင် သူတို့က မတ်တပ်ရပ်၍ သို့မဟုတ် ခေါင်းညိတ်ပြ၍ နှုတ်ဆက်လိမ့်မည်။
ကျောင်းတော်သားအချို့က ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာ စာရေးနေသည်။
ဤနေရာသည် ယဉ်ကျေးမှုနှင့်ကျက်သရေတို့ ပေါင်းစပ်ထားသောနေရာဖြစ်သည်။
အပျော်လှေပေါ်မှကြည့်လိုက်လျှင် သိပ်မဝေးသောနေရာ၌ ရေပေါ်မြို့တစ်မြို့ဟုထင်ရသော ပေထောင်ချီရှည်လျားသည့် အင်မော်တယ်သင်္ဘောရှိသည်။
အင်မော်တယ်သင်္ဘောပေါ်တွင်လည်း တူညီသောနဖူးစည်းစာတန်းရှိသည်။ ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက စာပေဆွေးနွေးပွဲကို သီးသန့်ထောက်ပံ့ပေးထားသည်။
သာယာသော ဇီတာသံ၊ ငြိမ့်ညောင်းသော သီချင်းသံနှင့် အင်မော်တယ်သင်္ဘောတို့က နတ်ဘုံနှင့် တူသည်။
အဝေးတစ်နေရာတွင်ကျန်ခဲ့သော မြစ်ကမ်းပါးသည် လူသားလောကနှင့် တူသည်။
ဆူပွက်နေသောကျောင်းသားများက တခြားကမ္ဘာတစ်ခုတွင် ရှိနေသည်။ သူတို့က အပျော်လှေနှင့် အင်မော်တယ်သင်္ဘောတို့၏ပုံစံကို နားလည်နိုင်မည်မဟုတ်ပေ။
သာလွန်သောခံစားချက်တစ်ခုအတွက် ဝိညာဉ်ကျောက်တုံးသုံးထောင် ပေးလိုက်ရသည်။
ရောင်စုံအဝတ်များနှင့်အမျိုးသမီးတစ်ယောက်က ရှေ့တက်လာပြီး စုတ်တံနှင့်မင်ရည်ကို ပြင်ဆင်ပေးသည်။ ထို့နောက် သူမက သစ်သီးကို အခွံခွာ၍ ညင်သာစွာကမ်းပေးသည်။
ဤနေရာသည် နတ်ဘုံတစ်ခုဖြစ်သည်။
သူက သေရည်မသောက်ခင် တစ်ဝက်မူးသွားသည်။
....
မြစ်ကမ်းပါးတွင် အဖြူရောင်စာလိပ်ကို ဖြန့်လိုက်သည်။
ကျောင်းတော်သားဝတ်စုံနှင့် နူးညံ့သောမိန်းကလေးများက စုတ်တံများကိုင်လျက် ရှေ့တက်လာပြီး မဟာကျောင်းတော်သားများကို ရေးသားရန် ဖိတ်ခေါ်လိုက်သည်။
မဟာကျောင်းတော်သားများနှင့်အတူပါလာသော မျိုးဆက်သစ်လူငယ်များက တခြားစာလိပ်များပေါ်တွင် နာမည်ချန်ခဲ့သည်။
“ကြည့်လိုက်၊ အဲဒါက ရှုကောင်းလျန်ပဲ”
လူတစ်ယောက်က အော်ပြောလိုက်သည်။ လူအိုကြီးတစ်ယောက်က နာမည်စာလုံးသုံးလုံးကို ချန်ရစ်ခဲ့သည်။ သူက လူငယ်အချို့ကိုဦးဆောင်၍ ပေသုံးဆယ်ရှည်လျားသောလှေပေါ်သို့ တက်သွားသည်။ သူတို့က အပျော်လှေများကိုကျော်ဖြတ်ပြီး အင်မော်တယ်သင်္ဘောဆီသို့ တိုက်ရိုက်သွားလိုက်သည်။
အင်မော်တယ်သင်္ဘောပေါ်သို့ သွားမည့်လူများသည် ပေသုံးဆယ်ရှည်လျားသောလှေကို စီးနင်းရသည်။ အမျိုးသမီးများက သူတို့ကို ကြိုဆိုလိုက်သည်။
ထုံးစံအတိုင်း အမျိုးသမီးများက မဟာကျောင်းတော်သားကြီးကို အဝတ်လဲရန် ကူညီပေးလိုက်သည်။
မဟာကျောင်းတော်သားနှင့်တပည့်များသည် တခြားကျောင်းတော်သားများနှင့် မတူပေ။ သူတို့၏စိတ်ခွန်အားနှင့်အမြင်အာရုံက ထူးခြားပြီး အဝတ်လဲရန် တည်ငြိမ်စွာလက်ခံလိုက်သည်။ ထို့နောက် အင်မော်တယ်သင်္ဘောပေါ်သို့ သွားလိုက်သည်။
ဆရာသခင် ချန်ရီ ....
ဆရာသခင် ကျန်းရှု ....
ဆရာသခင် ဟွမ်ယန်ဝမ် ....
....
ဗလာဖြစ်နေသော အင်မော်တယ်သင်္ဘော၏ကုန်းပတ်သည် ဖြည်းဖြည်းချင်း ကျောက်စိမ်းဖြူပင်လယ်တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
အင်္ကျီလက်ဝကျယ်သော ဝတ်ရုံများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
ချက်ချင်းဆိုသလိုပင် အဖြူရောင်စာလိပ်ထဲတွင် မဟာကျောင်းတော်သားများ၏နာမည်နှင့် ပြည့်သွားသည်။
လူငယ်အချို့က ရှေ့တက်လာပြီး စာလိပ်ကို သိမ်း၍ အသစ်တစ်ခု ထုတ်ယူသည်။
“ဒီစာလိပ်ကို ဟန်မိသားစုဈေးဆိုင်က ရောင်းမယ်ဆိုရင် ငါက ဝိညာဉ်ကျောက်တုံးတစ်သန်းပေးတယ်”
မြစ်ကမ်းပါးတွင် မုတ်ဆိတ်ဖြူလူအိုကြီးက တီးတိုးပြောသည်။
သူ့စကားများကြောင့် ပတ်ဝန်းကျင်တွင်ရှိသောကျောင်းတော်သားများက မျက်လုံးများ တောက်ပလာသည်။
သို့သော် သူက တွေးကြည့်လိုက်ပြီး ခေါင်းခါသည်။
ဒါဇင်ချီနေသော မဟာကျောင်းတော်သားများ၏နာမည်ကြောင့် ထိုပိုးထည်စာလိပ်ကို ဈေးဆိုင်၏ရတနာတစ်ခုအဖြစ် သိမ်းထားလိမ့်မည်။
ဟန်မူယဲ့က မူဝမ်ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ရှေ့တက်သွားသည်။ သူက စုတ်တံကို ကောက်ယူသည်။
သူ့နောက်တွင် ချိုးချူးချီနှင့် ကျောက်သာရှန့်က ဟန်မူယဲ့ကို သိချင်စိတ်များနှင့်အတူ ကြည့်နေသည်။
သူတို့က ဟန်မူယဲ့၏လမ်းညွှန်မှုကြောင့် အဆင့်တက်လာသော်လည်း ဟန်မူယဲ့ကို မသိသေးပေ။
စုတ်တံ၏အောက်တွင် မူယဲ့ဆိုသောနာမည် ပေါ်လာသည်။
“ဆရာသခင်မူယဲ့”
ချိုးချူးချီက မျက်လုံးပြူးသွားသည်။
ကျောက်သာရှန့်က ခန့်မှန်းထားပုံပေါ်သည်။
သူက လမ်းတစ်လျှောက်တွင် ဆရာသခင်အဖြစ် တိုက်ရိုက်အဆင့်တက်သွားအောင် လုပ်ပေးနိုင်သည့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူကို စဉ်းစားနေခဲ့သည်။
ထူးခြားဆန်းကြယ်သော ဆရာသခင်မူယဲ့ဖြစ်နိုင်သည်ဟု သူက တွေးမိသည်။
‘ဒီလိုလူမျိုးက ငါ့ကို ကိုယ်တိုင်သင်ပြပေးခဲ့တာပဲ’
‘ကံကောင်းလိုက်တာ’
“ဒါက ဆရာသခင်မူယဲ့လား။ သူက အရမ်းငယ်တာပဲ”
သိပ်မဝေးသောနေရာတွင် လူတစ်ယောက်က ပြောလိုက်သည်။
“မဟာကျင့်ကြံသူက စောစောအဆင့်တက်လာရင် ပုံစံက ငယ်ရွယ်နေလိမ့်မယ်။ ပြီးတော့ ဆရာသခင်အဆင့်ကိုရောက်လာရင် ငယ်ရွယ်မှုကို ပြန်ရနိုင်တယ်။ ဆရာသခင်ကျောက်သာရှန့်ရဲ့ လက်ရှိပုံစံကို မမြင်ဘူးလား”
လူတစ်ယောက်က ခေါင်းခါလိုက်ပြီး မှတ်ချက်ချသည်။
ဟန်မူယဲ့က နာမည်ချန်ခဲ့ပြီး မူဝမ်နှင့်အတူ သစ်သားလှေပေါ်သို့ တက်သွားသည်။
ဇူအော်မောင်နှမကလည်း သစ်သားလှေပေါ်သို့ စိတ်လှုပ်ရှားစွာ တက်လိုက်သည်။
သူတို့၏နောက်ခံနှင့်ဆိုလျှင် တစ်သက်လုံး ဤအခွင့်အရေးမျိုးကို မရနိုင်ပေ။
ကျောက်သာရှန့်နှင့် ချိုးချူးချီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြိုင်တူပြောသည်။
“ဆရာတူအစ်ကို ကျေးဇူးပြုပြီး ....”
သူတို့က တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ပြီး လှေပေါ်သို့ တက်သွားသည်။
လှေပေါ်သို့ရောက်လာသောအခါတွင် ချိုးချူးချီက နောက်သို့လှည့်ကြည့်သည်။
“မူရုံထွေ့၊ မင်းက ဘာကိုစောင့်နေတာလဲ။ လှေပေါ်တက်လေ”
မြစ်ကမ်းပါးတွင်ရပ်နေသော မူရုံထွေ့က အံ့အားသင့်သွားသည်။ ထို့နောက် ပျော်ရွှင်နေသောမျက်နှာထားဖြင့် လျင်မြန်စွာလျှောက်လာသည်။
သူက လှေနားသို့ ရောက်လာသောအခါတွင် ရပ်တန့်လိုက်ပြီး နောက်သို့လှည့်သည်။ သူက ဖိတ်စာကို အင်္ကျီလည်ပင်းနားတွင် မီးခိုးရောင်အဖာရာများရှိနေသည့် ကြမ်းတမ်းသောအဝတ်များနှင့် လူငယ်တစ်ယောက်ဆီသို့ ပေးလိုက်သည်။
“ငါ့နာမည်က မူရုံထွေ့ပါ။ ငါက ဒီဖိတ်စာကို မလိုတော့ဘူး။ ဒါက မင်းအတွက်ပဲ”
ထိုသို့ဖြင့် သူက လှေပေါ်သို့ တက်သွားသည်။
လှေက မြစ်ကမ်းပါးမှထွက်လာပြီး အင်မော်တယ်သင်္ဘောဆီသို့ ဦးတည်လိုက်သည်။
မူရုံထွေ့က အဖြူရောင်ကျောင်းတော်သားဝတ်စုံကိုလဲပြီး အပြင်သို့ ထွက်လာသောအခါတွင် ကမ်းခြေမှ အော်သံကို ကြားလိုက်ရသည်။
“ညီအစ်ကိုမူရုံ၊ ငါက ယုံစီရင်စုရဲ့ ကျောင်းသားလျှိုယုံပါ။ မင်းရဲ့ကြင်နာမှုကို ဘယ်တော့မှမမေ့ပါဘူး”
လျှိုယုံက မျက်ရည်များစီးကျနေသည်။
သူ့ကို ရယ်မောသောလူ မရှိပေ။
မြစ်ကမ်းပါးတွင် အစိမ်းရောင်ကျောင်းတော်သားဝတ်စုံနှင့် အမျိုးသမီး၏အကူအညီဖြင့် လှေပေါ်သို့တက်သွားပြီး အဖြူရောင်ကျောင်းတော်သားဝတ်စုံအား လဲလိုက်သော လျှိုယုံကို အားကျစွာ ကြည့်နေကြသည်။
လောကတွင် ထိုသို့ ကံကောင်းသောလူမျိုး ရှိနေသည်။
“ငါက တောင်ပိုင်းကျောင်းတော်ရဲ့ လင်းစုထုံပါ။ ငါ့မှာ ဖိတ်စာကတ်အပိုရှိတယ်။ ဘယ်သူလာချင်လဲ”
သိပ်မဝေးသောနေရာတွင် လူတစ်ယောက်က ဖိတ်စာကတ်ကိုမြှောက်ပြပြီး အော်ပြောသည်။
မြစ်ကမ်းပါးတွင် ဆူပွက်သွားသည်။
မကြာခဏဆိုသလိုပင် လူအချို့ကက အပျော်လှေပေါ်သို့ တခြားလူများကို ခေါ်သွားကြသည်။
ထို့ကြောင့် ဒါဇင်ချီနေသောဖိတ်စာကတ်များကို ကိုင်ထားပြီး မြစ်ကမ်းပါးတွင်ပုန်းနေသော သက်လတ်ပိုင်းအရွယ်လူများက မျက်နှာဖြူဖျော့သွားသည်။
သူတို့က အမြတ်အများအပြားရရန်အတွက် ဖိတ်စာများကို ဝယ်ထားခဲ့သည်။
ယနေ့အခြေအနေအရ ဖိတ်စာတစ်စောင်ကို ဝိညာဉ်ကျောက်တုံးတစ်သိန်းဖြင့် ပြဿနာမရှိဘဲ ရောင်းနိုင်သည်။
သို့သော် ဖိတ်စာအပိုရှိနေသောလူများက တခြားလူများကို အလကားခေါ်သွားရန် အော်ဟစ်နေကြသည်။ သူတို့က ဈေးပြောရဲလျှင် ယုံတင်းမြစ်ထဲသို့ပစ်ချပြီး ငါးစာကျွေးခံရလိမ့်မည်။
“မင်းရဲ့နာမည်က မူရုံထွေ့လား”
သစ်သားလှေပေါ်တွင် ဟန်မူယဲ့က မိန်းကလေးတစ်ယောက်အား မျက်စိတစ်ဖက်မှိတ်ပြနေသော ဖက်တီးလေးကို ကြည့်သည်။
မူရုံထွေ့က တစ်ကိုယ်လုံးတုန်ခါသွားပြီး တစ်ဖက်သို့လှည့်၍ ဦးညွှတ်သည်။
“မူရုံထွေ့က ဆရာသခင်ကို နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မူဝမ်နှင့်အတူ မြစ်ထဲသို့ ကြည့်နေသည်။
မူရုံထွေ့၏ဘေးတွင်ရှိသော ချိုးချူးချီက မူရုံထွေ့ကို စိုက်ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“အသုံးမကျတဲ့ကောင်၊ ဒီအခြေအနေမှာ ဘယ်လိုမျိုးပြုမူသင့်သလဲ မသိဘူးလား”
“အင်မော်တယ်သင်္ဘောပေါ်မှာရှိတဲ့လူတိုင်းက ကွန်ဖြူးရှပ်ပညာရှင်တွေပဲ။ သူတို့က ဖြောင့်မတ်ပြီး သိက္ခာရှိတယ်။ မင်းက အကြီးအကဲတွေရဲ့ ဆူပူမှုကိုခံရမှာ မစိုးရိမ်ဘူးလား’
မူရုံထွေ့က ဖျော့တော့သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။ ဘေးတွင်ရှိသောအမျိုးသမီးက ပြုံးလိုက်ပြီး နောက်ဆုတ်သွားသည်။
“ဟားဟား၊ ညီအစ်ကို ဘာဖြစ်လို့ နောက်ကျနေတာလဲ”
“ငါက အင်မော်တယ်သင်္ဘောပေါ်မှာ ရက်နည်းနည်းတောင်ကြာနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်မိသားစုဈေးဆိုင်က ကုန်ကျစရိတ်ကို ထောက်ပံ့ပေးထားတာလေ”
ခေါင်းမော့ကြည့်လိုက်သောအခါတွင် ဆံပင်ချထားသောလူအိုကြီးတစ်ယောက်ကို အင်မော်တယ်သင်္ဘော၏ ဒုတိယထပ်တွင်ရှိသော ပြတင်းပေါက်တွင် မြင်ရသည်။ သူ့အဝတ်များက ဖရိုဖရဲဖြစ်နေပြီး ဘေးတွင် အဝတ်မပါသော အမျိုးသမီးများ နှစ်ယောက်သုံးယောက်ခန့် ရှိနေသည်။