← Chapters

အခန်း (၅၁၃)

Vol. 37 Ch. 513

အခန်း (၅၁၃)

Vol. 37 Ch. 513

သူက ဖြောင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသော လုယွီကျိုးပင်ဖြစ်သည်။

မူရုံထွေ့က နောက်သို့ဆုတ်လိုက်ပြီး အမျိုးသမီးနှင့်အတူတူ ပြန်ရပ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက အင်မော်တယ်သင်္ဘော၏တတိယထပ်ကို လှမ်းကြည့်သည်။

ထိုနေရာတွင် တံခါးပေါက်ဖွင့်ထားပြီး အမျိုးသမီးတစ်ယောက် ရပ်နေသည်။

ကျင်းချွမ်မြို့တွင် သူက ထိုအမျိုးသမီးနှင့်အတူ ထိုအခန်းထဲ၌ စာအုပ်များ ညလုံးပေါက်ဖတ်ခဲ့သည်။

သူတို့က အကြည့်ချင်းဆုံသွားသည်။ အမျိုးသမီးက နှုတ်ခမ်းများကို အသာအယာလှုပ်ရှားလိုက်သော်လည်း အသံမထွက်ပေ။ ဟန်မူယဲ့က သူမ ပြောချင်သောစကားကို နားလည်သည်။

“ဆရာသခင်ဟန်မူ၊ မတွေ့ရတာ အတော်ကြာသွားပြီ”

“ဂိုဏ်းတူအစ်ကို၊ မင်းသမီးယွင်ကျင်းက တကယ်လှတာပဲ ....”

ဟန်မူယဲ့၏ဘေးတွင် မူဝမ်၏အသံ ထွက်လာသည်။

‘ငါက ဘယ်လိုပြန်ပြောရမလဲ’

သူတွေးမိသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။ ထို့နောက် အင်မော်တယ်သင်္ဘောပေါ်သို့ တက်သွားသည်။

ပြတင်းပေါက်တွင် မင်းသမီးယွင်ကျင်းက မျက်လွှာချလိုက်သည်။

“အစ်မ၊ နင်က ဘာဖြစ်လို့ အရှေ့ပင်လယ်ကို လက်ထပ်ရမှာလဲ”

အင်မော်တယ်သင်္ဘော၏ တတိယထပ်တွင် ယွင်ကျင်း၏ဘေး၌ရပ်နေသော ယွင်သွမ့်က စိုးရိမ်စွာပြောသည်။

“ငါက ဧကရာဇ်ကဗျာကို ရေးပြီးပြီ။ အိမ်ရှေ့စံနေရာက ငါ့အတွက် သေချာသွားပြီ”

“အစ်မ၊ နင်က နန်းမြို့တော်မှာပဲ နေလို့မရဘူးလား”

ယွင်ကျင်းက မလှုပ်ရှားဘဲ ရပ်နေသောအခါတွင် ယွင်သွမ့်က တီးတိုးပြောသည်။

“အစ်မ သူ့မှာ တာအိုလက်တွဲဖော် ရှိနေလို့လား။ နင်က မင်းသမီးတစ်ပါးပဲလေ။ သွားပြီးလုယူ ....”

သူမ၏စကားမဆုံးခင် ယွင်ကျင်းက လှည့်ထွက်သွားသည်။

“နင်က ကဗျာကို ဘယ်ကနေရလာတာလဲ”

ယွင်သွမ့်က အေးခဲသွားသည်။

သူမက တီးတိုးရေရွတ်လိုက်သော်လည်း မဖြေနိုင်ခဲ့ပေ။

“နင်က ဒီနေ့မှာ ဘာဖြစ်လို့ အမျိုးသမီးအဝတ်အစားတွေ ဝတ်ထားတာလဲ”

ယွင်ကျင်းက ယွင်သွမ့်၏ သေးသွယ်သောခါးနှင့် ပြည့်တင်းသောရင်ဘတ်ကို ကြည့်သည်။

အမျိုးသမီးဝတ်စုံနှင့် ညီမဖြစ်သူက တက်ကြွပြီး သန့်စင်သည်။ သူမ၏ လှပသောမျက်နှာသည် အစ်မဖြစ်သူနှင့် ယှဉ်နိုင်သည်။

သို့သော် အဓိကအချက်သည် အမျိုးသမီးများက တခြားလူ၏အမြင်တွင် ကြည့်ကောင်းရန်အတွက် ကောင်းမွန်စွာဝတ်စားကြသည်။

‘ငါ့ညီမက ဘယ်သူ့အတွက် ဒီလိုဝတ်ထားတာလဲ’

ယွင်သွမ့်က ရှက်သွားသည်။ သူမက ခြေဆောင့်လိုက်ပြီး ပြောသည်။

“အစ်မ၊ နင်က ဘာပြောချင်တာလဲ။ ဒါက နင့်သင်္ဘောရဲ့စည်းကမ်းပဲလေ။ အမျိုးသမီးတိုင်းက ဒီလိုအဝတ်တွေ ဝတ်ရတယ်”

“နင်၊ ငါ အခု အဝတ်သွားလဲမယ်”

သူမက ထိုသို့ပြောလိုက်သော်လည်း တကယ်ထွက်မသွားခဲ့ပေ။

မင်းသမီးယွင်ကျင်းက သူမကိုကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

“ငတုံးမလေး၊ ငါတို့မိသားစုက ဒီအခြေအနေအထိ ရောက်နေပြီ။ နောက်ပြန်လှည့်လို့ မရတော့ဘူး”

“အရှေ့ပင်လယ်နဲ့လက်ထပ်ပြီး မဟာမိတ်ဖွဲ့ဖို့က တော်ဝင်မိသားစုရဲ့ အကြံအစည်ကြီးပဲ။ ငါတို့က ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ထင်နေတာလား”

“နင်က နန်းတက်ရမယ်ဆိုရင်တောင် ပြောင်းလဲနိုင်မှာမဟုတ်ဘူး”

ယွင်ကျင်း၏အသံက အထီးကျန်မှုများနှင့် ပြည့်နေသည်။

သူမက နန်းမြို့တော်နှင့်ယှဉ်လိုက်လျှင် လွတ်လပ်သောကျင်းချွမ်မြို့တွင် ပိုနေချင်သည်။

ယခုအချိန်တွင် သူမတို့မိသားစုသည် လူသားလောက၏ အထွတ်အထိပ်သို့ ရောက်လာတော့မည်။

သို့သော် ထိုအရာကို အမှန်တကယ် လိုချင်သလား။

ယွင်ကျင်းက ခေါင်းငုံ့လိုက်ပြီး အင်မော်တယ်သင်္ဘောပေါ်သို့တက်လာသော ဟန်မူယဲ့ကို ကြည့်သည်။

ထိုနေ့ညတွင် သူမက စာအုပ်များထုတ်ပေးပြီး သူက ဖတ်ရှုနေခဲ့သည်။

နန်းမြို့တော်၏ သာမန်ကျောင်းသားများနှင့် ဆင်တူသည်။

“အရုဏ်တက်ချိန်မှာ နီရဲပြီးစိုစွတ်နေတဲ့ပန်းပွင့်ကို ကြည့်လိုက်ပါ”

ယွင်ကျင်းက တစ်ကိုယ်စာကြားနိုင်ရုံ တီးတိုးရေရွတ်သည်။

“နီရဲပြီးစိုစွတ်နေတဲ့ပန်းပွင့်က မိန်းကလေးတစ်ယောက်ရဲ့ရှက်ရွံ့မှုကို ဖော်ပြတာပဲ။ ဒါပေမဲ့ ငါမမေ့နိုင်တဲ့အချစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

အင်မော်တယ်သင်္ဘောပေါ်တွင် စည်းချက်ကျသောဇီတာသံနှင့် သီချင်းသံက ပိုမိုလွမ်းဆွတ်ဖွယ်ကောင်းလာသည်။

“ကျွန်မ ရှင့်အတွက် နောက်တစ်ကြိမ်ကပြရမလား။ အရင်အချိန်တွေကို ပြန်တွေးကြည့်လိုက်ပါအုံး။ ကြည့်လိုက်၊ ရှင့်ရဲ့အဝတ်တွေက တဖျပ်ဖျပ်လွင့်နေတယ်။ အရာအားလုံးက ထာဝရပျောက်ကွယ်သွားတော့မယ် ....”

....

ဟန်မူယဲ့က အင်မော်တယ်သင်္ဘောပေါ်သို့ရောက်လာပြီး အပြုံးတစ်ခုနှင့်အတူရပ်နေသော ချင်စုယန်ကို မြင်လိုက်ရသည်။

ချင်ဝူယွမ်က ဦးညွှတ်သည်။

ချင်စစ်ယွီ၊ ပိုင်လီထုံယွင်နှင့် တခြားလူငယ်များက သိပ်မဝေးသောနေရာတွင်ရှိနေပြီး စပ်စပ်စုစု ကြည့်သည်။

ဟွမ်တင်းရှုနှင့် ပိုင်လီရှင်းလင်က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

ယန်ကျန်းချင်၊ ကျန်းရှု ....

ဟန်မူယဲ့နှင့်မူဝမ်က ရှေ့တက်လာသည်။ သပ်ရပ်နေသောပုံစံဖြင့် ရယ်လိုက်ပြီး လျှောက်လာသည်။ သူက ဟန်မူယဲ့တို့ကိုဦးဆောင်၍ တခြားကျောင်းတော်သားများနှင့် သွားတွေ့သည်။

ချိုးချူးချီနှင့်တခြားလူများက ထိုကျောင်းတော်သားများနှင့်တွေ့ဆုံရန် အရည်အချင်းမမီသေးပေ။

မူရုံထွေ့က မျက်လုံးလှန်လိုက်သည်။ သူက ချိုးချူးချီကို ဆွဲခေါ်ပြီး ကျောက်သာရှန့်နှင့် ဇူအော်ယုလုံတို့ကို တီးတိုးပြောသည်။ ထို့နောက် သူတို့က မဟာကျောင်းတော်သားများ၏ မျိုးဆက်သစ်လူငယ်များဆီသို့ လျင်မြန်စွာသွားလိုက်သည်။

သူတို့က မဟာကျောင်းတော်သားများနှင့် မတွေ့နိုင်လျှင် လူငယ်မျိုးဆက်သစ်များနှင့် ရင်းနှီးအောင်လုပ်နိုင်သည်။

ဟန်မူယဲ့က သင်္ဘောပေါ်တွင်ရှိသောလူအများစုကို မသိပေ။ သူ့ကိုလည်း တခြားလူများက သိပ်မသိကြပေ။

သို့သော် သူက ကျောင်းတော်သားအများစု၏နာမည်ကို ကြားဖူးသည်။

ထို့အတူပင် အမိန့်စာဖြင့် နတ်များအား တရားဝင်ဘွဲ့ထူးချီးမြှင့်ခဲ့သော ဟန်မူယဲ့ကို တခြားကျောင်းတော်သားများက စိတ်ဝင်စားနေကြသည်။

လုယွီကျိုး၏အကျင့်စရိုက်သည် အငြင်းပွားဖွယ်ဖြစ်သော်လည်း မိတ်ဆွေအများအပြားရှိသည်။

ချင်စုယန်နှင့် ဟွမ်တင်းရှုလည်း ဘေးတွင်ရှိနေသည်။ ယန်ကျန်းချင်နှင့်တခြားလူများက သူတို့ကိုကူညီပြီး မိတ်ဆက်ပေးခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကုန်းပတ်ပေါ်၌ တက်ကြွသောစကားသံများ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်တွင် လျှောက်သွားလိုက်ပြီး ချွေးစို့လာသည်ဟု ခံစားရသည်။

ဆင်တောင်တန်းမှ လုကျိုးယွမ်သည် နာမည်ကြီးကွန်ဖြူးရှပ်ကျမ်းတစ်စောင်ကို ပြုစုခဲ့သည်။ ထိုကျမ်းထဲတွင် သဘာဝတာအို၏ အသေးစိတ်ရှင်းပြချက်များ ပါဝင်ပြီး သင်ယူလေ့လာခြင်းနှင့် အကြောင်းပြချက်များလည်း ပါဝင်သည်။

ရေနှင့်မြေကျောင်းတော်မှ ကျိုးသွမ်းရှစ်သည် တာအိုကို နှစ်ပေါင်းသုံးဆယ်ကြာအောင် သုံးသပ်ခဲ့သည်။ သူက စည်းစနစ်ကျပြီး ဘက်လိုက်မှုမရှိသည့်အတွက် အလယ်ပိုင်းကုန်းမြေတွင် ကျော်ကြားသည်။

အရှေ့အရပ်စာကြည့်တိုက်၏ လုတချန်သည် လောကစည်းမျဉ်းများကိုနားလည်ပြီး အသုံးချရာတွင် ကျော်ကြားသည်။

....

သူတို့အားလုံးက စာပေလမ်းစဉ်တွင် ပုဂ္ဂိုလ်ကြီးများဖြစ်ပြီး နက်နဲသောကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့က ထိုလူများနှင့်ယှဉ်ကြည့်လိုက်သောအခါတွင် ရှက်ရွံ့မှုကို ခံစားရသည်။

ထိုလူများ၏ကျင့်ကြံဆင့်သည် သူ့ထက်နိမ့်ကျသော်လည်း သူတို့က ဘဝတစ်လျှောက်လုံးကျင့်ကြံပြီး ကိုယ်ပိုင်တာအိုကိုရရှိခဲ့သည်။ သူတို့က ဇွဲရှိသော ကျင့်ကြံသူများဖြစ်ကြသည်။

ထိုလူများသည် လေးစားထိုက်သည်။

ဟန်မူယဲ့၏စွမ်းဆောင်မှုသည်လည်း မဆိုးပေ။

အနည်းဆုံး သူ့ပါးစပ်မှထွက်လာသောစကားများသည် လူများကို သက်ပြင်းချသွားစေသည်။

“ပန်းပွင့်တွေကိုကြည့်လိုက်ရင် ပန်းပွင့်တွေက ငါနဲ့အတူ တိတ်ဆိတ်သွားလိမ့်မယ်”

“လောကမှာရှိတဲ့အရာအားလုံးကို ရှာ‌ဖွေနိုင်တယ်”

“အဲဒါက ငါပဲ”

ဆရာသခင်အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံထားသော ကွန်ဖြူးရှပ်တာအိုကျွမ်းကျင်သူများက စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့က ဟန်မူယဲ့၏စကားများကြောင့် ဖမ်းစားခံလိုက်ရပြီး ချက်ချင်းထိတ်လန့်သွားသည်။

ဟန်မူယဲ့က အဝါရောင်ခုံရုံးနည်းစနစ်ကို တွက်ချက်ကြည့်ခဲ့သောကြောင့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းနှင့်ပတ်သတ်၍ ပိုသိလာသည်။

သူက နတ်ဘုရားတာအိုမှတစ်ဆင့် ကွန်ဖြူးရှပ်တာအိုကို ပိုမိုနားလည်လာခဲ့သည်။

သူက အပြင်ပိုင်းတွင် ကိုယ်ကျင့်တရားကို ကျင့်ကြံပြီး အတွင်းပိုင်းတွင် စိတ်အခြေအနေကို ကျင့်ကြံသည်။

နှလုံးသားကြီးမားလျှင် လောကလည်း ကြီးမားလာမည်။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် မှီခိုစရာလူမရှိမည်ကို အကြောက်ဆုံးဖြစ်သည်။

အင်မော်တယ်သင်္ဘေ၏ကုန်းပတ်နှင့် ဦးထိပ်တွင် နေရာအနှံ့မှ မဟာကျောင်းတော်သားများ စုစည်းနေသည်။ ကွန်ဖြူးရှပ်တာအိုအတွက် အမှန်တကယ်ခမ်းနားသော ပွဲတစ်ပွဲဖြစ်သည်။

လုယွီကျိုးက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မျက်လုံးထဲတွင် နောင်အချို့ ဖြတ်ပြေးသွားသည်။

“အရင်တစ်ခေါက် စာပေဆွေးနွေးပွဲမှာ နွယ်စိမ်းက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေအားလုံးကို ဖိနှိပ်နိုင်ခဲ့တယ်”

သူ့စကားများကို ကြားလိုက်ရသောအခါတွင် ယန်ကျန်းချင်နှင့်တခြားလူများက ခေါင်းခါသည်။

စိတ်ရှုပ်ထွေးနေသောရှုဝေက ရောက်မလာသေးပေ။

သူက ယခုဘဝတွင် အသိပြန်ဝင်လာရန် အခွင့်အရေးမရှိနိုင်တော့ပေ။

“ငါ့ဘဝတစ်ဝက်လုံး ပျက်စီးဆုံးရှုံးနေခဲ့တယ်။ အရာအားလုံးက ပြီးသွားခဲ့ပြီ။ ပြီးသွားခဲ့ပြီ ....”

မြစ်ပေါ်တွင် ကဗျာနှင့်သီချင်းများကိုရွတ်ဆို၍ လှေတစ်စင်းရွက်လွှင့်လာသည်။

အစိမ်းရောင်သစ်သားလှေကလေးသည် အင်မော်တယ်သင်္ဘောဆီသို့ ဦးတည်လာခဲ့သည်။

ကဗျာစာသားသည် ပဲ့တင်ထပ်သွားပြီး လောကတစ်ခုလုံး ဝမ်းနည်းအထီးကျန်နေပုံပေါ်သည်။

ပျက်စီးခြင်းအငွေ့အသက်များ မြစ်ထဲတွင် ပြည့်သွားသည်။

“ငါ့ရဲ့ဘဝတစ်ဝက်က အခက်အခဲကြားမှာ ကျရောက်နေခဲ့တယ်။ ဟူး၊ ဘယ်သူကများ အခက်ခဲတွေကို မကြုံရလို့လဲ ....”

အင်မော်တယ်သင်္ဘောပေါ်တွင် လူတစ်ယောက်က တီးတိုးပြောလိုက်ပြီး သက်ပြင်းချသည်။

‘သူက ဆရာသခင် ဒါမှမဟုတ် သူတော်စင်တစ်ဝက်အဆင့်ဖြစ်နေရင်ရော ဘာဖြစ်လဲ။ မဟာတာအိုက အဆုံးမရှိဘူး။ ဘဝက လစ်ဟာခြင်းပဲ’

အင်မော်တယ်သင်္ဘော၏ တတိယထပ်တွင် ယွင်သွမ့်၏ကျောက်စိမ်းသရဖူက ရွှေအလင်းများ တောက်ပလာသည်။ သူမ၏မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေသည်။

ယွင်ကျင်းက မျက်ရည်များနှင့်အတူ ကြမ်းပြင်ပေါ်တွင် ပုံကျနေသည်။

ယွင်သွမ့်က ရှေ့တက်သွားပြီး အစ်မဖြစ်သူကို ညင်သာစွာဖက်လိုက်သည်။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက ဝမ်းနည်းမှုကို နက်ရှိုင်းစွာခံစားရသည်။ ယွင်ကျင်းက အမျိုးသမီးတစ်ယောက်အနေဖြင့် တစ်ဖက်သတ်အချစ်ကြောင့် ကြေကွဲနေရသည်။

ဘဝတစ်ဝက်က အခက်အခဲများနှင့်ကြုံနေရသည်ဆိုသော ကဗျာစာသားသည် မရေမတွက်နိုင်လောက်သောလူများနှင့် ပဲ့တင်ထပ်သွားသည်။

အင်မော်တယ်သင်္ဘောပေါ်တွင်ရှိသော မဟာကျောင်းတော်သားများနှင့် အပျော်လှေပေါ်တွင်ရှိသော လူများက ရင်ထဲထိသွားသည်။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက တိတ်ဆိတ်စွာ‌ခေါင်းငုံမထားလျှင် ဝမ်းနည်းစွာ သက်ပြင်းချနေကြသည်။ ရောင်စုံအဝတ်များနှင့်အမျိုးသမီးများက ညင်သာစွာငိုရှိုက်နေသည်။

အမျိုးသမီးများသည် သနားစရာကောင်းသောလူများ ဖြစ်သည်။

ကျရှုံးမှုများအားခံစားခဲ့ရသော ကျောင်းတော်သားများက မျက်လုံးမှိတ်ထားသည်။ သူတို့၏တစ်ကိုယ်လုံး တုန်ခါနေသည်။

မြစ်ကမ်းပါးတွင် ကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် ထရပ်သည်။ ဆံပင်ဖြူနေသောလူများက မျက်ရည်ဝဲနေသည်။ သူတို၏လက်များက တုန်ခါနေပြီး သေရည်ခွက်ကို တည်ငြိမ်စွာ မကိုင်နိုင်တော့ပေ။

အင်မော်တယ်သင်္ဘောပေါ်တွင် ယန်ကျန်းချင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“နွယ်စိမ်းက စိတ်ရှုပ်ထွေးနေပြန်ပြီလား”

နွယ်စိမ်း ....

သခင်နွယ်စိမ်း ရှုဝေ ....

သူက စိတ်ရှုပ်ထွေးပြီး နှစ်တစ်ရာ‌ကျော် ပျောက်ဆုံးသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော ထိုစိတ်ရှုပ်ထွေးမှုမျိုးသည် မသိစိတ်အလျောက် ပေါ်ထွက်လာပြီး တခြားလူများကိုပါ သက်ရောက်စေနိုင်သည်။

ယခုအချိန်တွင် သူရွတ်လိုက်သောကဗျာကြောင့် မရေမတွက်နိုင်သော ကျောင်းတော်သားများသည် တစ်ယောက်ကိုတစ်ယောက် ကရုဏာသက်ပြီး ဝမ်းနည်းလာကြသည်။

အင်မော်တယ်သင်္ဘောပေါ်တွင် ကိုယ်ပိုင်တာအိုနယ်မြေကို ဖွဲ့စည်းထားနိုင်သော ယန်ကျန်းချင်နှင့် တခြားသူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူများကသာ သက်ရောက်မှုမခံရပေ။

တာအိုနယ်မြေ၏စွမ်းအားသည် စိတ်ရှုပ်ထွေးမှု၏အထက်တွင် ရှိသည်။ လူတစ်ယောက်၏နှလုံးသားတွင် တာအိုအမှတ်အသားအဖြစ် ကိုယ်ပိုင်ကမ္ဘာရှိပြီး လမ်းပျောက်သွားမည် မဟုတ်ပေ။

မြစ်ထဲတွင် လှေကလေးက ပေါ့ပါးစွာမျောလွင့်လာသည်။ ရှုဝေ၏အသံကို ထပ်ကြားရသည်။

“ဘဝတစ်ဝက်က အခက်အခဲကြားမှာရှိနေပြီး ငါက လှေဦးထိပ်မှာရပ်နေတဲ့ လူအိုကြီးတစ်ယောက် ဖြစ်လာတယ်”

လေအေးများတိုက်ခတ်လာပြီး သူတို့က ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားသည်။

“ငါက စာသင်ကြားတဲ့နေရာမှာ ပါရမီရှိပေမဲ့ ချီးကျူးမခံရဘူး။ အဲဒါကြောင့် စာသင်ကြားမှုကို လက်‌လျော့ပြီး အသက်မွေးဝမ်းကြောင်းအတွက် ပန်းချီတွေ ရောင်းချနေရတယ်”

အရာအားလုံးကျရှုံးပြီး စိတ်ဓာတ်ကျနေသည်။

ရှုဝေ၏ကဗျာသည် မျှော်လင့်ချက်မရှိသော ကျောင်းတော်သားများ၏ဘဝကို ပုံဖော်နေသည်။

လူတစ်ယောက်က ကြွယ်ဝမှုနှင့်အာဏာကို ဂရုမစိုက်ကြောင်း၊ ကိုယ်ပိုင်အကျင့်စရိုက်ရှိကြောင်း ဖော်ပြနိုင်သည်။ သို့သော် ကြုံတွေ့ခဲ့ရသော အတက်အကျများကို ကိုယ်တိုင်သာ သိနိုင်သည်။

မျှော်လင့်ချက်ကင်းမဲ့သောကဗျာသည် မြေခွေးဖြူသီချင်းနှင့် ပဲ့တင်ထပ်သွားပုံရသည်။ လူများက အသက်ရှင်နေရန် အကြောင်းမရှိဟု ရုတ်တရက် ခံစားလာရသည်။

လောကတွင်ရှိသောအရာအားလုံးသည် အချည်းနှီးသာဖြစ်သည်။

မရေမတွက်နိုင်လောက်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက မတ်တပ်ရပ်လိုက်ပြီး မြစ်ရေကို ကြည့်သည်။ သူတို့က မြစ်ထဲသို့ ခုန်ချလိုက်လျှင် စိတ်သက်သာရာရသွားနိုင်သည်။

ထိုအရာသည် မဟာကျောင်းတော်သားတစ်ဦး၏ နည်းလမ်းဖြစ်သည်။

စာကြောင်းတစ်ကြောင်းသည် လူများကို စိတ်လွတ်သွားစေပြီး ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကိုပင် မသိနိုင်တော့ပေ။

ထိုနည်းလမ်းကြောင့် ဇီတာတီးနေသောပိုင်ဝူဟန်က အနည်းငယ်တုန်ခါသွားသည်။

ထိုကျင့်ကြံသူ၏စိတ်ခွန်အားသည် အမြီးကိုးချောင်းမြေခွေးနှင့် ယှဉ်နိုင်သည်။

သူမကိုအံ့အားသင့်စေခဲ့သော ပထမဆုံးလူသည် ဟန်မူယဲ့ဖြစ်သည်။

အင်မော်တယ်သင်္ဘော၏အပြင်ဘက်တွင် အားလုံး အသိစိတ်ပျောက်နေသည်။

အင်မော်တယ်သင်္ဘောပေါ်တွင် လူအများအပြားက အသိစိတ်ကို ထိန်းသိမ်းထားနိုင်သည်။

All Chapters