← Chapters

အခန်း (၅၁၆)

Vol. 37 Ch. 516

အခန်း (၅၁၆)

Vol. 37 Ch. 516

ဟန်မူယဲ့က ရှုဝေကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

သူက ကျင့်ကြံခြင်းကို အသုံးမပြုရန်အတွက် အကြံမပေးခဲ့ပေ။

ရှုဝေကဲ့သို့ ကျင့်ကြံသူမျိုးသည် ဆုံးဖြတ်ပြီးသွားလျှင် စိတ်ပြောင်းမည်မဟုတ်ပေ။

သို့သော် ဟန်မူယဲ့က ရှုဝေကို အကြံပေးခဲ့သည်။

တော်ဝင်ကျောင်းတော်နှင့် သမင်ဖြူတောင်တန်းကျောင်းတော်သို့ မသွားဘဲ ယုံတင်းမြစ်တွင်နေထိုင်ပြီး ဆရာတစ်ယောက် ဖြစ်လာမည်။

ရှုဝေက တော်ဝင်ကျောင်းတော်သို့သွားပြီး မဟာကျောင်းတော်သားတစ်ယောက် ဖြစ်လာမည်ဆိုလျှင် ကျင့်ကြံခြင်းကိုအသုံးချ၍ သက်တမ်းငါးဆယ်ယူခဲ့လျှင်လည်း သိပ်အရေးမပါပေ။

သူက သမင်ဖြူတောင်တန်းကျောင်းတော်သို့သွားလျှင် မရေမတွက်နိုင်လောက်သောကျောင်းတော်သားများ လိုက်လာမည်ဖြစ်ပြီး သမင်ဖြူတောင်တန်းကျောင်းကို ဂုဏ်တက်စေလိမ့်မည်။

သို့သော် ရှုဝေ၏အယူအဆသည် သမင်ဖြူတောင်တန်းကျောင်းတော်နှင့် မတူပေ။

သမင်ဖြူတောင်တန်းကျောင်းတော်သည် လောကနှင့်ဆက်နွယ်ပြီး ဓားဖြင့် လေ့ကျင့်သည်။ ရှုဝေက လောကနှင့်သီးခြားနေပြီး ကဗျာအကြောင်းကို ပြောသည်။

သူက လူသားလောကတွင် ဒဏ္ဍာရီတစ်ခုဖြစ်လာလျှင် ပိုအဆင်ပြေသည်။

နှစ်ငါးဆယ်ကြာသွားပြီး သူက တစ်ခုခုကို နားလည်ခဲ့လျှင် တစ်ခါတည်း သူတော်စင်တစ်ပါး ဖြစ်လာလိမ့်မည်။

သူက နားမလည်နိုင်ခဲ့လျှင် မြစ်ထဲတွင် နစ်မြုပ်ပြီး လွတ်လပ်သွားလိမ့်မည်။

“ကောင်းတယ်။ ကောင်းတယ်။ လူတိုင်းက စာသင်ကြားဖို့အတွက် ကျောင်းတစ်ခုတည်ထောင်နိုင်ရင် ငါလည်း လုပ်နိုင်တာပေါ့”

ရှုဝေက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ အော်ပြောသည်။

“မနက်ဖြန်ကစပြီး ငါ ရှုဝေက ယုံတင်းမြစ်မှာ ရှိလိမ့်မယ်”

သူ့စကားမဆုံးခင် ဟန်မူယဲ့က ကျယ်လောင်စွာပြောလိုက်သည်။

“သခင်နွယ်စိမ်း၊ မနက်ဖြန်တွေက များလွန်းပါတယ်။ အခုပဲ လုပ်လိုက်ကြတာပေါ့”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အင်မော်တယ်သင်္ဘောအားဝိုင်းရံထားသော အပျော်လှေများကို ကြည့်သည်။

“ဒီမှာ ခင်ဗျားရဲ့ပါရမီကိုလေးစားတဲ့ ကျောင်းတော်သားတွေ အများကြီးရှိတယ်။ အခုပဲ တပည့်ရွေးလိုက်ပါ့လား။ ကျွန်တော်တို့က မျက်မြင်သက်သေ ဖြစ်ပေးပါ့မယ်”

သူက စကားပြောလိုက်ပြီး လက်မြှောက်၍ စာအုပ်တစ်အုပ်ကို ထုတ်ယူသည်။

“ကျွန်တော်က လမ်းမှာ စာအုပ်တစ်အုပ် လက်ခံရခဲ့တယ်။ စာရေးတဲ့လူက ရေကန်ရှုခင်းဒေသရဲ့ ကျောင်းသောချီချန်ပဲ။ သူ့လက်ရေးစာက မဆိုးဘူး။ သခင်နွယ်စိမ်း ကြည့်လိုက်ပါ”

ဟန်မူယဲ့၏အသံက ကျယ်လောင်ပြီး ရှင်းလင်းသည်။

မြစ်ကမ်းပါးတွင် လူငယ်တစ်ယောက်က‌ သေရည်ခွက်ကို သောက်တော့မည့်အချိန်တွင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။ သူက ကြောင်အသွားပြီး ရပ်တန့်လိုက်သည်။

“ညီအစ်ကိုချီချန်၊ အဲဒါက မင်းရဲ့လက်ရေးစာပဲ”

သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိသောလူငယ်က ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး မြွေတစ်ကောင်အကိုက်ခံရသကဲ့သို့ ခုန်ထသည်။

ချီချန်က ခေါင်းညိတ်လိုက်သည်။ သူက မရေမတွက်နိုင်လောက်သော ကျောင်းသားများ၏ အားကျသောအကြည့်အောက်တွင် တည်ငြိမ်စွာပြောသည်။

“ညီအစ်ကိုမင်ရှန့်၊ စိတ်လျော့ပါ။ စိတ်လျော့ပါ။ သောက်ကြရအောင်”

သူက သေရည်ခွက်ကို ပါးစပ်ဆီသို့ ဦးတည်လိုက်သော်လည်း နှာခေါင်းဆီသို့ ရောက်သွားသည်။

အင်မော်တယ်သင်္ဘောပေါ်တွင် ရှုဝေက စာအုပ်ကို တည်ငြိမ်စွာယူသည်။

သူက စာအုပ်ကို ဂရုစိုက်၍ ဖြည်းဖြည်းချင်းဖတ်နေသည်။

စာရွက်လှန်သံကို ကြားနိုင်သည်။

မြစ်ထဲတွင် လေပြေလေညင်းများတိုက်ခတ်လာပြီး အင်မော်တယ်သင်္ဘော၏လိုက်ကာစများကို လှုပ်ခါသွားစေသည်။

ကုန်းပတ်ပေါ်တွင် စကားပြောသောလူ မရှိပေ။

အပျော်လှေပေါ်တွင် အားလုံးက တိတ်ဆိတ်စွာစောင့်နေကြသည်။

မြစ်ကမ်းပါးတွင် ချီချန်က သတိမထားမိဘဲ အဝတ်ပေါ်တွင် သေရည်များကျသွားသည်။

စာအုပ်က သိပ်မထူပေ။ ရှုဝေက သိပ်မကြာခင် ဖတ်ပြီးသွားခဲ့သည်။

သူက စာအုပ်ကို ပိတ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်၍ တည်ငြိမ်စွာပြောသည်။

“မှတ်စုတွေက မဆိုးဘူးပဲ ....”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

သူတို့က တခြားလူများနှင့် ဝေးကွာသောကြောင့် အပြင်လူများက သူတို့၏စကားသံကို မကြားနိုင်ပေ။

ရှုဝေက မြစ်ကမ်းပါးကို လှမ်းကြည့်သည်။ သူက ညင်သာစွာပြောသည်။

“ချီချန်၊ မနက်ဖြန်ကျရင် မင်းရဲ့ ကျောင်းတော်သားအတွေ့အကြုံစာတမ်းကို ငါ့ဆီယူလာခဲ့ပါ”

‘ကျောင်းတော်သားအတွေ့အကြုံစာတမ်းကို ယူလာခဲ့ရမှာလား’

‘သူက ချီချန်ကို တပည့်အဖြစ် လက်ခံတော့မှာလား’

‘သခင်နွယ်စိမ်းက တကယ်ပဲ တပည့်လက်ခံတော့မယ်’

မြစ်ကမ်းပါးတွင် ချီဖုန်းက သေရည်ခွက်ကို လွှတ်ပစ်လိုက်ပြီး အင်မော်တယ်သင်္ဘောကိုဦးတည်၍ ထပ်ကာတလဲလဲ ဦးညွှတ်သည်။

“ကျေးဇူးပါဆရာ။ ကျေးဇူးပါဆရာ”

သူဟန်ပျက်သွားသည့်အတွက် အပြစ်တင်သောလူမရှိပေ။

ယနေ့တွင် သူက စိတ်ရှုပ်ထွေးနေသောလူတစ်ယောက်၏တပည့်ဖြစ်သော်လည်း မနက်ဖြန်တွင် သူက မဟာကျောင်းတော်သားတစ်ဦး၏တပည့် ဖြစ်လာမည်။

ဘဝက အများအပြားပြောင်းလဲသွားသည်။ တည်ငြိမ်စွာနေနိုင်သောလူ ရှိမည်မဟုတ်ပေ။

“ချီချန်အတွက် မလွယ်ခဲ့ဘူး ...”

ချီချန်၏အတန်းဖော်က ပြောလိုက်သည်။

သူတို့က တစ်ယောက်ပြီးတစ်ယောက် စကားပြောလာပြီး ချီချန်၏အတွေ့အကြုံများကို စားမြုံ့ပြန်နေသည်။

ရေကန်ရှုခင်းဒေသ၏ချီချန်သည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အသက်ခုနစ်နှစ်၊ ရှစ်နှစ်ခန့်တွင် ကဗျာစပ်နိုင်သည်။

သို့သော် ရေကန်ရှုခင်းဒေသတွင် ကွန်ဖြူးရှပ်တာအိုက ဖွံ့ဖြိုးမှုမရှိပေ။ အသက် ၁၄နှစ်၊ ၁၅နှစ်ခန့်သို့ ရောက်လာသောအခါတွင် ချီချန်က အများအပြားမသင်ယူနိုင်ကြောင်း ခံစားမိသည်။

သူက အိမ်မှထွက်လာပြီး မိုင်သုံးသိန်းအကွာတွင်ရှိသော နန်းမြို့တော်သို့ ဦးတည်လာခဲ့သည်။

၁၃နှစ် ကြာခဲ့သည်။

လွန်ခဲ့သော၁၃နှစ်တွင် သူက ရေကန်ရှုခင်းဒေသသို့ မပြန်ခဲ့ပေ။

သူက တော်ဝင်ကျောင်းတော်တွင် သင်ခန်းစာများကို နားထောင်ပြီး တခြားကျောင်းတော်ကြီးများတွင် စာလေ့လာခဲ့သည်။ ကျောင်းအသေးများတွင် ဆရာအဖြစ် ဝင်လုပ်ခဲ့သည်။

ချီချန်၏ သင်ယူခြင်းလမ်းစဉ်သည် တခြားလူများထက်ကြမ်းတမ်းပြီး ခိုင်မာသည်။

သူ့စိတ်ဓာတ်သည် လေးစားဖွယ်ကောင်းသည်။

ထိုလူမျိုးသည် နေရာတိုင်းတွင် ရှိနိုင်သည်။

သူ၏ပါရမီသည် တခြားလူများထက် မသာလွန်သော်လည်း သူက ကြိုးစား‌လေ့လာခဲ့သည်။

အခွင့်အရေးရလာလျှင် ထိုလူမျိုးသည် ကောင်းကင်အထိ ထိုးတက်သွားလိမ့်မည်။

ချီချန်က ယနေ့တွင် အခွင့်အရေးရခဲ့သည်။

အင်မော်တယ်သင်္ဘော၊ အပျော်လှေနှင့် မြစ်ကမ်းပါးတွင် အားကျသောတီးတိုးစကားသံများ ရှိနေသည်။

သခင်နွယ်စိမ်း၏ ပထမဆုံးတပည့်ဖြစ်လာနိုင်သောအခွင့်အရေးသည် ရှားပါးသည်။

မြစ်ကမ်းပါးတွင် ပိုင်ထောင်က ဟန်မူယဲ့အကဲဖြတ်ပေးခဲ့သောစာအုပ်ကို ထုတ်ကြည့်သည်။ သူက နီရဲ‌နေသောစာလုံးများကိုကြည့်လိုက်ပြီး သက်ပြင်းချ၍ ပြန်သိမ်းသည်။

“ညီအစ်ကိုပိုင်၊ တကယ်လို့ ဆရာမူယဲ့က မင်းရဲ့စာအုပ်ကို ဆရာနွယ်စိမ်းဆီပေးလိုက်ရင် မင်းက ပထမဆုံးတပည့် ဖြစ်နေလောက်တယ်”

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်က ခါးသီးစွာပြောသည်။

“မင်းက ဆရာမူယဲ့ရဲ့နောက်လိုက်နဲ့ သိတယ်လို့ မပြောခဲ့ဘူးလား”

တခြားလူငယ်တစ်ယောက်က အပြုံးတစ်ခုနှင့်အတူ မေးသည်။

ပိုင်ထောင်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ငါ့အကန့်အသတ်ကို ငါသိတယ်”

“ငါ့ရဲ့အသုံးမကျတဲ့စာက ဆရာနွယ်စိမ်းရဲ့မျက်လုံးတွေကို ညစ်ပတ်စေလိမ့်မယ်”

ပတ်ဝန်းကျင်ရှိလူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အကြည့်လွှဲသည်။

‘ကိုယ့်ကိုယ်ကိုယ်တော့ သိသားပဲ’

“သခင်နွယ်စိမ်း၊ ကျွန်တော့်ရဲ့သားကိုရော ဘယ်လိုထင်လဲ”

ထိုအချိန်တွင် အင်မော်တယ်သင်္ဘော၏ကုန်းပတ်ပေါ်၌ မဟာကျောင်းတော်သားတစ်ယောက်က မနေနိုင်တော့ဘဲ ကျယ်လောင်စွာပြောသည်။

“နွယ်စိမ်း၊ ငါ့ရဲ့အကြီးဆုံးတူလေးဆိုရင်ရော”

“မြန်မြန်လေး၊ သခင်နွယ်စိမ်းကို မင်းရဲ့လက်ရေးစာ ပြလိုက်”

....

ကုန်းပတ်ပေါ်တွင် ဆူပွက်သွားသည်။

မဟာကျောင်းတော်သားများဖြင်နေလျှင်ပင် အခွင့်အရေးအတွက် တိုက်ခိုက်ရမည်။

ရှုဝေသည် ရှားပါးသော ကွန်ဖြူးရှပ်တာအို၏ ပါရမီရှင်တစ်ဦးဖြစ်သည်။ သူ့သင်ကြားမှုကို ရနိုင်လျှင် ထူးချွန်လာလိမ့်မည်။

ရှုဝေက လက်ထဲတွင် စာအုပ်အပုံလိုက်ကိုင်ထားပြီး အားနည်းသောမျက်နှာထားဖြင့် ရပ်နေသည်။

ဟန်မူယဲ့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ကျယ်လောင်စွာပြောသည်။

“အားလုံးပဲ သခင်နွယ်စိမ်းက မရေမတွက်နိုင်လောက်တဲ့ကျောင်းသားတွေထဲကနေ တပည့်ရွေးချယ်ဖို့ ခက်ခဲလိမ့်မယ်။ ကျွန်တော်တို့ ကူညီပေးလိုက်ရအောင်”

သူက အပျော်လှေများကို ညွှန်ပြသည်။

“ကျွန်တော်က အရှေ့တောင်ဘက်မှာရှိတဲ့ အပျော်လှေသုံးစင်းပေါ်ကစာတွေကို ဖတ်ပြီးပြီ။ ကျွန်တော်သဘောကျတဲ့စာတွေကို သခင်နွယ်စိမ်းဆီ ပေးလိုက်မယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ရှားစောင်းပန်းက ညကျမှပွင့်မှာလေ။ အခု လုပ်စရာမရှိဘူးမဟုတ်လား”

‘အပျော်လှေပေါ်ကကျောင်းသားတွေရဲ့ စာအုပ်ကို ဖတ်ပေးရမှာလား’

ကုန်းပတ်ပေါ်တွင်ရှိသော မဟာကျောင်းတော်သားများက တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။

မြစ်ကမ်းပါးတွင် လူတိုင်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။

အပျော်လှေပေါ်တွင်ရှိသော ကျောင်းတော်သားများက လက်သီးဆုပ်ထားပြီး အသက်ပြင်းပြင်းမရှူရဲပေ။

‘ငါ့အခွင့်အရေး ရောက်လာပြီလား’

မဟာကျောင်းတော်သားများက သူတို့၏စာများကို အကဲဖြတ်ပြီး ကောင်းမွန်သောစာများကို သခင်နွယ်စိမ်းဆီသို့ ပေးမည်။

‘ဒါက ဝိညာဉ်ကျောက်တုံးသုံးထောင်နဲ့ဝယ်နိုင်တဲ့ အခွင့်အရေးမျိုးလား’

ဟန်မူယဲ့က တုံ့ပြန်မှုကိုမစောင့်ဘဲ ကုန်းပတ်ပေါ်တွင်ထိုင်ချလိုက်သည်။ သူက လက်ဆန့်ထုတ်ပြီး သိပ်မဝေးသောနေရာတွင်ရပ်နေသည့် ချန်ရူကို လှမ်းခေါ်သည်။ ထို့နောက် တီးတိုးပြောလိုက်သည်။

ချန်ရူက လျင်မြန်စွာနောက်ဆုတ်သွားပြီး အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားအမျိုးသမီးများကိုခေါ်၍ အပျော်လှေများဆီသို့ သွားလိုက်သည်။

သစ်သားလှေကလေးများက ပျံသန်းနေသကဲ့သို့ လှုပ်ရှားသွားသည်။ တချို့လှေများက အပျော်လှေများပေါ်တွင်ရှိသော ဒါဇင်ချီနေသည့်စာအုပ်နှင့်စာလိပ်များကို စုဆောင်းလာခဲ့သည်။ တချို့က တခြားအပျော်လှေနှင့် မြစ်ကမ်းပါးသို့သွား၍ သတင်းပို့လိုက်သည်။

လူငယ်နှင့်အမျိုးသမီးများက စာအုပ်များနှင့်အတူ ပြန်လာသောအခါတွင် ဟန်မူယဲ့က စုတ်တံနှင့်မင်ခွက်တင်ထားသော စားပွဲခုံတစ်ခုံကို ချထားသည်။

မူဝမ်က စာအုပ်ကိုယူပြီး ဟန်မူယဲ့၏ရှေ့တွင် ဖွင့်လိုက်သည်။

ထိုအချိန်တွင် အပျော်လှေများပေါ်၍ အလင်းလွှာများ ပေါ်ထွက်လာသည်။

အလင်းလွှာသည် ပေသုံးဆယ်၊ ငါးဆယ်ခန့် မြင့်မားပြီး စားပွဲရှေ့တွင်ထိုင်‌နေသော ဟန်မူယဲ့၏ပုံစံကို ပြသထားသည်။

အပျော်လှေတင်မကဘဲ မြစ်ကမ်းပါးတွင်လည်း အလင်းလွှာတစ်ခု ပေါ်လာသည်။

အလင်းလွှာထဲတွင် ဟန်မူယဲ့နှင့် စာအုပ်ထဲရှိစာလုံးများကို ရှင်းလင်စွာမြင်နိုင်သည်။

“ချီယန်စီရင်စုရဲ့ ဟို့ယွင်ထုံ၊ ကွမ်လင်းကျောင်းတော်ရဲ့ ဆရာ”

“ဒီစာလုံးတွေက မဆိုးဘူးပဲ”

“အစားအသောက်မှတ်စုလား”

“လောကမှာရှိတဲ့အရာအားလုံးကို စားသောက်နိုင်တယ်လို့ လူတွေက ပြောကြတယ်။ ဒါက ဆိုးတာပဲ။ အရာအားလုံးမှာ ဝိညာဉ်ရှိတယ်။ ငါတို့က ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ပါးပါး စားနိုင်မှာလဲ ....”

“ဒီမှတ်စုတွေက မဆိုးဘူးပဲ။ လက်ရေးက သပ်ရပ်ပြီး အစီအစဉ်တကျရှိတယ်။ ငါတို့ ဘယ်လိုပြောင်းလဲသင့်လဲ”

....

အပျော်လှေ၊ အင်မော်တယ်သင်္ဘောနှင့် မြစ်ကမ်းပါးတွင် လူတိုင်းက ဟန်မူယဲ့၏စုတ်တံကို ကြည့်နေကြသည်။

“အရာအားလုံးက ပေါ့ပါးပြီး ဝိညာဉ်အားလုံးက အရေးကြီးတယ်။ ပေါ့ပေါ့ပါးပါးစားသောက်တာက အံ့သြစရာကောင်းတယ်”

“ဒါက တင်စားထားတာ များလွန်းနေတယ်။ စကြဝဠာက တောက်ပပြီး သီချင်းကတော့ သီချင်းတစ်ပုဒ်ပဲ”

....

အင်မော်တယ်သင်္ဘော၏ တတိယထပ်တွင် မင်းသမီးယွင်ကျင်းက ပြတင်းပေါက်ကိုမှီထားပြီး ဟန်မူယဲ့ကို လေးနက်စွာကြည့်နေသည်။

ယွင်သွမ့်က အစ်မဖြစ်သူနှင့် စာရေးနေသောလူကို ကြည့်လိုက်ပြီး မျက်နှာထားရှုပ်ထွေးသွားသည်။

‘အဲဒီလူက ငါ့အစ်မနဲ့ ဒီလိုမျိုး ညတစ်ညကို အတူတူဖြတ်သန်းခဲ့တာလား’

‘အလေးအနက်ထားတဲ့လူက ဆွဲဆောင်မှုအရှိဆုံးပဲ။ တစ်ညလုံး မှတ်စုတွေကိုဖတ်ပြီး မချစ်မိတဲ့မိန်းကလေး ဘယ်မှာရှိလို့လဲ’

‘သူက တကယ်လူဆိုးတစ်ယောက်ပဲ’

အင်မော်တယ်သင်္ဘောပေါ်တွင်ရှိသောလူတစ်ယောက်က တီးတိုးပြောသည်။

“စိတ်ကျေနပ်သည်အထိ သီဆိုကြရအောင်။ ဒီလိုစာသားမျိုးက ပြီးပြည့်စုံတဲ့အဆုံးသတ်လို့ ပြောနိုင်တယ်”

ထိုအသံနှင့်မြင်ကွင်းကို အလင်းလွှာများက ဖမ်းယူပြီး ထုတ်လွှတ်ပေးလိုက်သည်။

“ဆရာသခင်ရှုအောင်းကတောင် ဒီစာကြောင်းကို ချီးကျူးတယ်”

အပျော်လှေပေါ်တွင် လူတစ်ယောက်က တီးတိုးပြောသည်။ လူတစ်ယောက်က စာအုပ်ကိုလှန်၍ စုတ်တံကိုင်ပြီး ကူးရေးလိုက်သည်။

“ဒီပြောင်းလဲမှုနဲ့ဆိုရင် အဆင်ပြေသွားပြီ”

မြစ်ကမ်းပါးတွင် လူတစ်ယောက်က ကခုန်နေပြီး အော်ဟစ်လိုက်သည်။

“ချီယန်ဒေသရဲ့ ညီအစ်ကိုဟို့ယွင်ထုံက ဘယ်သူလဲ”

“ညီအစ်ကိုဟို့က အပျော်လှေပေါ်မှာလား”

အပျော်လှေသုံးစင်းပေါ်တွင်ရှိသောလူများ အော်ဟစ်လိုက်သည်။

ဘယ်ဘက်တွင်ရှိသော အပျော်လှေပေါ်တွင် လူတစ်ယောက်က ခပ်ဟဟရယ်လျင် မတ်တပ်ရပ်ပြီး လက်သီးဆုပ်၍ လူတိုင်းကို နှုတ်ဆက်လိုက်သည်။

All Chapters