အခန်း (၅၁၇)
Vol. 37 Ch. 517
“ညီအစ်ကိုဟိုက တကယ်ပါရမီရှိတာပဲ”
“ကျွန်တော်က ဖူကျီခွင်းပါ။ ညီအစ်ကိုဟို့နဲ့ ဗဟုသုတရှာဖွေဖို့ ဆန္ဒရှိပါတယ်”
“ကျွန်တော်က ထူမန်ဒေသရဲ့ ကျင်းခယ်စီပါ။ ညီအစ်ကိုဟို့က သင်ပြပေးပါအုံး”
....
အပျော်လှေပေါ်တွင် အလင်းလွှာကို စောင့်ကြည့်နေကြသည်။
ထိုအလင်းလွှာသည် နဂါးဂိတ်တံခါးဖြစ်သည်။
ပါရမီရှိသောကျောင်းသားများက ယနေ့တွင် ကောင်းကင်အထိ တက်လှမ်းသွားလိမ့်မည်။
ဟန်မူယဲ့က လျင်မြန်စွာအကဲဖြတ်ပေးသွားသည်။ မူဝမ်က စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် လဲပေးနေသည်။
ချက်ချင်းဆိုသလိုပင် ဒုတိယကျောင်းသားတစ်ယောက်၏နာမည် ထွက်ပေါ်လာသည်။
“ဟယ်ကျင်းဒေသရဲ့ ချွီကျိုးရှောက်”
“၁၂လုံးစပ်ကဗျာ”
လူတချို့က ကဗျာကို ကြည့်လိုက်သည်။ လူတချို့က ချွီကျိုးရှောက်ကို ရှာကြည့်နေသည်။ တချို့က ဟန်မူယဲ့၏မှတ်ချက်ကို စောင့်နေသည်။
ဟန်မူယဲ့က ကဗျာကိုကြည့်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် သူက တစ်ဖက်သို့လှည့်လိုက်ပြီး ပြောသည်။
“ဆရာသခင်လျှိုကျုံးယွမ်က ကဗျာနဲ့ပတ်သတ်ပြီး အတော်ဆုံးပဲ။ ကြည့်ပေးနိုင်မလား”
သူ့စကားကို ကြားလိုက်ရသောအခါ ရှည်လျားသောမုတ်ဆိတ်နှင့် ပိန်းပါးသော အသက်ငါးဆယ်အရွယ်လူအိုကြီးက ရှေ့ထွက်လာပြီး ကဗျာစာရွက်ကို ကောက်ယူသည်။
“စာပေလောကရဲ့ ဆရာသခင်လျှိုကျိုးယွမ်ပဲ”
“ဘုရားရေ၊ ငါ့ကဗျာနဲ့ပတ်သတ်ပြီး ဆရာသခင်လျှိုရဲ့အကဲဖြတ်မှုကို ရနိုင်ရင် ငါက ယုံတင်းမြစ်ထဲကို ခုန်ချနိုင်တယ်”
....
အားကျသောအသံများကြားတွင် အဖြူရောင်ဝတ်စုံနှင့် စိတ်လှုပ်ရှားနေသောလူငယ်တစ်ယောက်က အပျော်လှေတစ်စီးပေါ်တွင် မတ်တပ်ရပ်လိုက်သည်။
သူက အလင်းလွှာကို ဦးညွှတ်လိုက်ပြီး တိတ်ဆိတ်စွာစောင့်နေသည်။
သူက ချွီကျိုးရှောက်ဖြစ်သည်။
ကဗျာကိုလေ့လာသော ကျောင်းတော်သားတစ်ယောက်အနေဖြင့် ဆရာသခင်လျှို၏အကဲဖြတ်မှုကို နားထောင်နိုင်လျှင် သုံးဘဝခန့် စိတ်ချမ်းသာလိမ့်မည်။
“အင်း၊ အဆင်ပြေပါတယ်”
လျှိုကျိုးယွမ်က ညင်သာစွာပြောသည်။
ထိုစကားကြောင့် ချွီကျိုးရှောက်က ငိုကြွေးလိုက်သည်။
နှစ်ပေါင်းသုံးဆယ်ကြာအောင် ကြိုးစားလေ့လာခဲ့ပြီး ဆရာသခင်တစ်ယောက်၏ အဆင်ပြေသည်ဟူသောမှတ်ချက်ကို ရခဲ့သည်။
လျှိုကျိုးယွမ်က ဆက်မပြောဘဲ ကဗျာစာရွက်ကိုခေါက်၍ အင်္ကျီလက်ထဲတွင် သိမ်းထားလိုက်သည်။
‘သူက တပည့်လက်ခံတော့မှာလား’
အပျော်လှေနှင့် မြစ်ကမ်းပါးတွင် ပင့်သက်ရှိုက်သံများကို ကြားနိုင်သည်။
‘အခွင့်အရေး’
‘သခင်နွယ်စိမ်းတင်မကဘဲ တခြားဆရာသခင်တွေကလည်း တပည့်လက်ခံမှာလား’
အင်မော်တယ်သင်္ဘောပေါ်တွင် လျှိုကျိုးယွမ်၏အပြုအမူကြောင့် တခြားလူများက စိတ်ဝင်စားသွားသည်။
‘သူက တကယ်ပဲ တပည့်လက်ခံတော့မှာလား’
လျှိုကျိုးယွမ်က ရှေ့တက်လိုက်ပြီး ဟန်မူယဲ့နှင့် သိပ်မဝေးသောနေရာတွင် ထိုင်သည်။ သူက ညင်သာစွာပြောသည်။
“ဆရာသခင်မူယဲ့၊ တခြားကဗျာတွေကိုကြည့်ပြီး လက်ခံနိုင်လောက်ရင် ငါ့ကို ပြပါ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး စာအုပ်များကြားတွင် ကဗျာစာရွက်များကို ရှာလိုက်သည်။
ဆရာသခင်လျှိုကျိုးယွမ်က ကဗျာကို အကဲဖြတ်ပေးချင်သည်။
သူက ဖုန်းယွီစားသောက်ဆိုင်၏ စာပေဆွေးနွေးပွဲတွင် ဆရာသခင်ဖုန်းကျောက်နှင့် ယှဉ်ပြိုင်စဉ်က နောက်ဆုံးအကြိမ်အဖြစ် ကဗျာကို အကဲဖြတ်ခဲ့သည်။ ထိုဖြစ်ရပ်သည် နှစ်၂၀ကြာသွားခဲ့သည်။
“အဲဒါက ငါ့ကဗျာပဲ”
အပျော်လှေပေါ်တွင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိသောလူများက အားကျနေသည်။
သို့သော် လူအများစုက တခြားလူများကို အားကျရန် ဂရုမစိုက်နိုင်တော့ပေ။
အင်မော်တယ်သင်္ဘောပေါ်တွင် မဟာကျောင်းတော်သားများက တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ လူငယ်နှင့်အမျိုးသမီးငယ်များက သူတို့၏ရှေ့တွင် စားပွဲခုံများချပေးပြီး သစ်သားလှေများကိုလှော်ခတ်၍ အပျော်လှေများဆီသို့ ရောက်လာကြသည်။
ယနေ့တွင် အင်မော်တယ်သင်္ဘောပေါ်၌ ဆရာသခင်နှင့် သူတော်စင်တစ်ဝက်အဆင့် မဟာကျောင်းတော်သားတစ်ရာက ကဗျာနှင့်စာစုများကို အကဲဖြတ်ပေးတော့မည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ထိုသို့ ခမ်းနားသောပွဲမျိုး မရှိခဲ့ပေ။
တော်ဝင်ကျောင်းတော်ပင်လျှင် ထိုပွဲမျိုးကို မဖန်တီးနိုင်ပေ။
သူတို့က ယနေ့တွင် အခွင့်အရေးရပြီး ဆရာသခင်များ၏အသိအမှတ်ပြုခြင်းကို ခံရလျှင် ကောင်းကင်ပေါ်သို့ တက်သွားနိုင်လိမ့်မည်။
သူတို့၏လက်ရာများက တန်ဖိုးမထားခံရလျှင်ပင် ဆရာသခင်များ အကဲဖြတ်ပေးသောကြောင့် အကျိုးကျေးဇူးရနိုင်လိမ့်မည်။
စာအုပ်များကိုပြင်ဆင်ထားသော ကျောင်းသားများက စာအုပ်ကို လျင်မြန်စွာထုတ်ပေးပြီး စိတ်လှုပ်ရှားစွာ စောင့်နေသည်။
စာအုပ်များပြင်မထားသောကျောင်းသားများက စားပွဲပေါ်တွင် လျင်မြန်စွာချရေးနေသည်။
ကြိုးစားတွေးခေါ်နေသော ကျောင်းသားများလည်း ရှိသည်။ ဘေးတွင်ရှိသော အမျိုးသမီးများက သူတို့ကို မနှောင့်ယှက်ရဲဘဲ စာရွက်၊ စုတ်တံနှင့် မင်တုံးများကို အသင့်ပြင်ထားသည်။
“ဒါ ဒါက တကယ့်ကို စာပေဆွေးနွေးပွဲပဲ ....”
မြစ်ကမ်းပါးတွင် ဆံဖြူလူအိုကြီးတစ်ယောက်က တုန်ခါနေသောအသံဖြင့် ပြောလိုက်သည်။
သူ့စကားများကြောင့် ပတ်ဝန်းကျင်တွင်ရှိသောလူများ ခေါင်းညိတ်လိုက်သည်။
ယခင်က ဆရာသခင်များ စုဝေးသောအခါတွင် အချင်းချင်း ခွက်တိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ချီးကျူးလိမ့်မည်။ ထို့နောက် နာမည်ရရန်အတွက် ယခင်က ရေးသားထားသော ကဗျာများကို ရွတ်ဆိုလိမ့်မည်။
ယနေ့တွင် ဆရာသခင်များက နာမည်မကြီးချင်တော့ပေ။ သူတို့က မရေမတွက်နိုင်သောလူများကို သင်ကြားပေးရန်အတွက် စွမ်းရည်များ ထုတ်သုံးလိမ့်မည်။
ယနေ့ပြီးသွားလျှင် မရေမတွက်နိုင်လောက်သောလူများက နောင်တမရှိဘဲ ကွန်ဖြူးရှပ်တာအိုကို လေ့လာလိုက်စားနိုင်လိမ့်မည်။
“ဒါကိုမြင်ရတဲ့အချိန်မှာ တော်ဝင်ကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်တစ်ယောက်အနေနဲ့ ငါက ရှက်မိပါတယ် ....”
ယန်ကျန်းချင်က မဟာကျောင်းတော်သားများ၏စားပွဲခုံကို ကြည့်လိုက်ပြီး သက်ပြင်းချသည်။
စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် စစ်ဆေးနေသည်။ ဤစာပေဆွေးနွေးပွဲသည် သာမန်စကားပြောနေသော စာပေဆွေးနွေးပွဲထက် အဆပေါင်းများစွာ ပိုကောင်းသည်။
သူက ရှေ့တက်သွားပြီး ထိုင်ချလိုက်သည်။
အလင်းလွှာပေါ်တွင် မှတ်ချက်ရေးပေးနေသော မဟာကျောင်းတော်သားများကို မြင်နိုင်သည်။ တစ်ခါတလေတွင် အပျော်လှေပေါ်ရှိမြင်ကွင်းကို အလင်းလွှာပေါ်တွင် ပြသလိမ့်မည်။
စိတ်လှုပ်ရှားနေသော၊ စိုးရိမ်နေသော၊ မသက်မသာဖြစ်နေသော မျက်နှာထားများကို မြင်နိုင်သည်။
သူတို့ကို လှောင်ပြောင်သောလူမရှိဘဲ အားကျနေကြသည်။
တချို့က ဒေါသတကြီးရေးသားနေပြီး မသိလိုက်ဘဲ မင်ရည်များ စွန်းထင်းသွားသည်။
တချို့က ချွေးထွက်နေပြီး မသုတ်နိုင်ခဲ့ပေ။ ဘေးတွင်ရှိသော ရောင်စုံအဝတ်များနှင့်အမျိုးသမီးက ရှေ့တိုးလာပြီး နာကျင်နေသောနှလုံးသားဖြင့် ချွေးသုတ်ပေးလိုက်သည်။
သူတို့၏မျက်နှာထားက တည်ငြိမ်နေသော်လည်း လက်သီးဆုပ်ထားသောကြောင့် လက်ဆစ်များ ဖြူဖျော့နေသည်။
ထိုအချိန်တွင် အဆုံးမရှိသော သမာဓိစွမ်းအားများ ပေါ်ထွက်လာပြီး မြစ်ထဲတွင် ပြည့်နှက်သွားသည်။
သမာဓိစွမ်းအားသည် အလွန်သိပ်သည်းပြီး နန်းမြို့တော်တွင်ရှိသော သမာဓိစွမ်းအားနှင့် ယှဉ်နိုင်သည်။
ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောရှုဝေက ပြုံးသည်။ သူ့ကိုယ်ပေါ်တွင်ရှိသော ညှိုယူဖမ်းစားနိုင်သည့်စွမ်းအားများက သမာဓိစွမ်းအားနှင့် ပေါင်းစပ်သွားပြီး ပုံရိပ်ယောင်ကျောင်းတော်တစ်ခု ဖြစ်လာသည်။
နွယ်စိမ်းကျောင်းတော် ....
မည်းနက်နေသော စပျစ်နွယ်များနှင့် ရေညှိတက်နေသောနံရံပေါ်တွင် အရိုင်းဆန်သောစာလုံးများဖြင့် ပြည့်နေသည်။
“နွယ်စိမ်း၊ ဟူယန်ဒေသက ကျောက်ဖူကျစ်ရဲ့လက်ရေးစာက သိပ်မဆိုးဘူး။ ကြည့်လိုက်ပါအုံး”
မဟာကျောင်းတော်သား ဟွမ်ဇုံကျစ်က ကျယ်လောင်စွာပြောသည်။
ထိုအချိန်တွင် အလင်းလွှာပေါ်၌ ထိတ်လန့်ပြီး အံ့အားသင့်နေသော အပျော်လှေပေါ်ရှိလူငယ်တစ်ယောက်ကို ပြသလိုက်သည်။
ကံကောင်းသူတစ်ယောက်ဖြစ်သည်။
အလင်းလွှာကိုထိန်းချုပ်နေသော ကျင့်ကြံသူက လမ်းညွှန်ချက်များရထားပုံပေါ်သည်။ သူက မဟာကျောင်းတော်သားများထက် ကျောင်းသားများကို အာရုံစိုက်ထားသည်။
အကဲဖြတ်ပေးသောကျောင်းသား၏မျက်နှာကို အလင်းလွှာတွင် ဖော်ပြပေးလိမ့်မည်။
အချိန်များ ကုန်ဆုံးသွားသည်။ အစပိုင်းတွင် သူတို့က ကုန်ဆုံးသွားသောအချိန်များကို သတိမထားမိပေ။ လူများက နှေးကွေးစွာအချိန်ကုန်ပြီး သူတို့၏စာအုပ်နှင့်ကဗျာများကို မြန်မြန်ရှာတွေ့ပါစေဟု တိတ်ဆိတ်စွာ ဆုတောင်းနေကြသည်။
“သူက အမြဲတမ်း ဒီလိုမျိုးပဲ။ ထူးခြားတယ်”
အင်မော်တယ်သင်္ဘော၏ တတိယထပ်တွင် ယွင်ကျင်းက တီးတိုးပြောလိုက်သည်။
“ဟီးဟီး၊ သူက ပြီးပြည့်စုံတဲ့စာပေဆွေးနွေးပွဲကို ဖရိုဖရဲဖြစ်သွားအောင် လုပ်လိုက်တယ်။ ပွင့်လာတော့မယ့် ကျောက်စိမ်းရှားစောင်းပန်းကို ဘယ်သူကမှ ဂရုမစိုက်တော့ဘူး။ သူက အင်မော်တယ်သင်္ဘောပေါ်မှာရှိတဲ့ အလှဆုံးမိန်းကလေးကိုတောင် တစ်ချက်မကြည့်ဘူး။ အဲဒါတောင် သူ့ကို ထူးခြားတယ်လို့ ချီးကျူးနေတုန်းလား”
ယွင်ကျင်း၏နောက်တွင် ပိုင်ဝူဟန်၏အသံ ထွက်လာသည်။
ယွင်သွမ့်က နှုတ်ခမ်းဆူလိုက်ပြီး ခေါင်းညိတ်သည်။
ပိုင်ဝူဟန်က အပြုံးတစ်ခုနှင့်အတူ ရှေ့တက်လာပြီး ယွင်ကျင်းကို အခန်းထဲမှ ဆွဲထုတ်သွားသည်။
“အလှလေးက ပုန်းနေလို့ ဘယ်ဖြစ်မလဲ။ သူတို့က ကန်းနေတာလား”
ပိုင်ဝူဟန်၏စကားကြောင့် ယွင်ကျင်းက ကြောင်အသွားပြီး ယွင်သွမ့်က တခစ်ခစ်ရယ်သည်။
အလင်းလွှာက သင်္ဘောကုန်းပတ်ကို ပြန်ပြလိုက်သောအခါတွင် နတ်မိမယ်နှင့်လူသော မိန်းမလှသုံးယောက်ကြောင့် မရေမတွက်နိုင်လောက်သောလူများ နှလုံးခုန်မှားသွားသည်။
“အရမ်းလှတာပဲ ....”
“အဲဒါက သင်္ဘောပေါ်က နတ်မိမယ်နှစ်ပါးလား”
“ငန်းတွေလိုကျက်သရေရှိပြီး ပြိုင်ဘက်ကင်းအောင်လှတာပဲ”
ပိုင်ဝူဟန်နင့်ယွင်ကျင်းတို့က အင်မော်တယ်သင်္ဘောပေါ်တွင် ပေါ်လာပြီး မဟာကျောင်းတော်သားများရေးသားထားသော စာစုများကို တီးတိုးရွတ်ဖတ်နေသည်။ သူတို့၏အသံက အလွန်ချိုသာပြီး သူတို့က အပြုံးများနှင့်အတူ စာရွက်နှင့်စုတ်တံများကို ကမ်းပေးနေသည်။
မဟာကျောင်းတော်သားတစ်ယောက်ဖြစ်လာလျှင် ထိုသို့နေထိုင်ရန် အခွင့်အရေးရလာလိမ့်မည်။
အလင်းလွှာပေါ်ရှိ လှပသောမျက်နှာများကို ကြည့်လိုက်ပြီး မမရေမတွက်နိုင်လောက်သောလူများက ရည်မှန်းချက်ချလိုက်သည်။
မဟာကျောင်းတော်သားတစ်ယောက်ဖြစ်လာပြီး အင်မော်တယ်သင်္ဘောကို စီးနင်းနိုင်ရမည်။
“အမ်၊ ယုံဒေသရဲ့ကျောင်းသား လျှိုယုံရဲ့ကဗျာက မဆိုးဘူးပဲ”
တိတ်ဆိတ်နေသော ယန်ကျန်းချင်က ရုတ်တရက်ပြောလိုက်သည်။
အလင်းလွှာက သူ့လက်ထဲတွင်ရှိသောကဗျာကို ချက်ချင်းပြလိုက်သည်။
“အေးစက်တဲ့ပုစဉ်းရင်ကွဲတွေက ရှည်လျားတဲ့ညနေခင်းတေသံကို ကြေကွဲစွာသီဆိုနေကြတယ်။ အစိမ်းရောင်မိုးမခပင်တွေနဲ့အတူ ဘယ်သူ့ကို တိုင်တန်းနေတာလဲ”
“ပျံသန်းနေတဲ့ငှက်က တိမ်တိုက်တွေနဲ့ တွေ့ဆုံခွဲခွာခဲ့ပေမဲ့ ပျော်ရွှင်နေတုန်းပဲ။ မိုင်တစ်ထောင်မြူခိုးလှိုင်းတွေကြားမှာ ငါ့ကို သေရည်အချို့ ပေးစမ်းပါ”
....
အင်မော်တယ်သင်္ဘောပေါ်တွင် ကွန်ဖြူးရှပ်ပညာရှင်အများအပြားက လှည့်ကြည့်ပြီး ညင်သာစွာမှတ်ချက်ပေးသည်။
အလင်းလွှာက အပျော်လှေတစ်စင်းကို ပြသလိုက်သည်။ လည်ပင်းတွင် မီးခိုးရောင်အဖာရာများနှင့် အစိမ်းရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်က လေးနက်စွာထိုင်နေသည်။
သူ့ဘေးတွင် သေသပ်စွာခေါက်တားသော ကွန်ဖြူးရှပ်တာအိုဝတ်စုံနှင့် အဝတ်အိတ်တစ်လုံး ရှိနေသည်။
“ဆင်းရဲတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်က အဝတ်အစားမှာ မင်ရည်စွန်းသွားမှာကို မခံစားနိုင်ဘူး။ အစိမ်းရောင်အဝတ်ဟောင်းကို ဆက်ဝတ်ထားတာက ပိုကောင်းတယ်”
“သခင်လေးမူရုံထွေ့က ကျွန်တော့်ကို ဖိတ်စာပေးခဲ့တယ်။ ကျွန်တော်က စာရေးကိရိယာတွေအားလုံးကို မသုံးရဲဘူး”
ပုံရိပ်ထဲတွင် လျှိုယုံက တီးတိုးပြောလိုက်သည်။ သူ့စကားများကို လူတိုင်းက ကြားနေရကြောင်း သတိမထားမိခဲ့ပေ။
သူနှင့် သိပ်မဝေးသောနေရာတွင် ရောင်စုံအဝတ်များနှင့်အမျိုးသမီးတစ်ယောက်က သူ့ကို ချစ်မြတ်နိုးစွာကြည့်နေသည်။
လူသားလောက၏ ဝမ်းနည်းပြီး ကျရှုံးနေသောအမျိုးသမီးတစ်ယောက်သည် ကြွယ်ဝမှုနှင့်ဂုဏ်သိက္ခာများကို မလိုချင်တော့ပေ။ သူတို့က ဆင်းရဲပြီး ဆုံးဖြတ်ချက်ပြတ်သားသော ကွန်ဖြူးရှပ်ပညာရှင်များကို ချစ်မြတ်နိုးသည်။
ယုံတင်းမြစ်တွင် ကဗျာချန်ထားနိုင်သောလူက ယောင်္ကျားအစစ်ဖြစ်သည်။
“ဒီကလေးက ပါရမီရှိတယ်။ ပျိုးထောင်ပေးနိုင်တယ်”
အင်မော်တယ်သင်္ဘောပေါ်တွင် အသံတစ်သံထွက်လာသည်။
သခင်နွယ်စိမ်းဖြစ်သည်။
အလင်းလွှာပေါ်တွင် တည်ငြိမ်နေသောလျှိုယုံက ဆတ်ခနဲတုန်ခါသွားပြီး စားပွဲပေါ်တွင်ရှိသောမင်ရည်ခွက်ကို မှောက်ပစ်မိသည်။ ဘေးတွင်ရှိသော အဖြူရောင်ဝတ်စုံက မင်ရည်များစွန်းထင်သွားသည်။
သူက စိတ်လှုပ်ရှားပြီး ကြေကွဲနေသည်။ အလင်းလွှာပေါ်တွင် သူ့ပုံစံက မသက်မသာဖြစ်နေသည်။
အားကျဖွယ်ကောင်းသည်။
အင်မော်တယ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် မဟာကျောင်းတော်သားများက အတိတ်ကိုသတိရနေသောပုံစံဖြင့် အလင်းလွှာကို ကြည့်သည်။
“အရင်တုန်းက ငါလည်း အဲဒီလိုပဲ ....”
အတွေ့အကြံမရှိပေ။
သို့သော် လှပသည်။
အလင်းလွှာပေါ်တွင် မြင်ကွင်းများပြောင်းလဲသွားပြန်သည်။ နေဝင်ဆည်းဆာအောက်တွင် အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးငယ်က နဖူးတွင် ချွေများစို့လျက် လျင်မြန်စွာပြေးလွှားနေသည်။
သူမက အသက်ရှူသံပြင်းနေပြီး မျက်နှာပေါ်တွင် စိုးရိမ်မှုနှင့် ရှက်ရွံ့မှုများ ရှိနေသည်။
“ဝူ၊ သခင်လေးဝူ၊ မြန်မြန်လေး ကဗျာရေးပါ။ ကျွန်မက အင်မော်တယ်သင်္ဘောဆီ ပို့ပေးပါ့မယ်”
မိန်းကလေးက စားပွဲရှေ့တွင်ထိုင်နေသော ဝူထျန်းကျန်းဆီသို့ ပြေးသွားပြီး ကြွပ်ဆပ်သောအသံဖြင့် ပြောသည်။
အလင်းလွှာထဲတွင် ဝူထျန်းကျန်းက ဖြည်းဖြည်းချင်းမော့ကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် သူက မိန်းကလေး၏နဖူးတွင်ရှိသော ချွေးများကို အင်္ကျီလက်စဖြင့် သုတ်ပေးလိုက်သည်။
“သခင်လေးဝူ၊ ကျောက်စိမ်းရှားစောင်းပန်းက ပွင့်တော့မယ်။ မြန်မြန် ကဗျာရေးပါ”
မိန်းကလေးက နှုတ်ခမ်းကိုက်ထားသည်။ သူမ၏ စိုးရိမ်နေသောမျက်နှာထားက အလင်းလွှာပေါ်တွင် ချစ်စရာကောင်းနေသည်။
ဝူထျန်းကျန်းက အပြုံးတစ်ခုနှင့်အတူ ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“မင်းက ကိုယ့်ရဲ့ကဗျာပါပဲ ....”
ထိုစကားကြောင့် မိန်းကလေး၏မျက်နှာပေါ်တွင် ပန်းပွင့်လာသကဲ့သို့ ရှက်ရွံ့မှုနှင့်ပျော်ရွှင်မှုများ ဖြတ်ပြေးသွားသည်။
သူတို့၏မြင်ကွင်း ပျောက်ကွယ်သွားသောအခါတွင် ကျောက်စိမ်းရှားစောင်းပန်းက ဖြည်းဖြည်းချင်း ပွင့်လာသည်။