← Chapters

အခန်း (၅၁၈)

Vol. 37 Ch. 518

အခန်း (၅၁၈)

Vol. 37 Ch. 518

အိပ်မက်များဖြစ်ပေါ်လာပြီး ပျောက်ဆုံးသွားသည်။

ကျောက်စိမ်းရှားစောင်းပန်းသည် လောကတွင်ရှိသောအလှများ စုစည်းလာသကဲ့သို့ ပွင့်လန်းနေသည်။

သို့သော် ပန်းသည် ခဏသာခံသည်။ လူတိုင်း၏ နောင်တရနေသောအကြည့်များအောက်တွင် ပွင့်ချပ်များ ဖြည်းဖြည်းချင်းညှိုးနွမ်းသွားသည်။

အသက်ရှူကြိမ်တစ်ရာဖြစ်သည်။

ဖမ်းဆုပ်ရန်ခက်ခဲသောအလှတရားကြောင့် မြစ်တစ်စင်းလုံး တိတ်ဆိတ်သွားသည်။

မင်းသမီးယွင်ကျင်းက မြစ်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ခူးဆွတ်ရမယ့်ပန်းတွေရှိရင် တစ်ခါတည်း ခူးထားရမယ်။ ညှိုးနွမ်းသွားသည်အထိ စောင့်မနေနဲ့ ....”

ယွင်သွမ့်က အသာအယာမျက်မှောင်ကြုတ်သည်။ သူမက စဉ်းစားလိုက်ပြီး ကြည်လင်သောအသံဖြင့် ပြောသည်။

“မျိုးဆက်တိုင်းမှာ နှစ်ရာချီထူးချွန်လာမယ့် ပါရမီရှင်တွေရှိတယ်”

ထိုစာကြောင်းနှစ်ကြောင်း အဆုံးသတ်သွားသောအခါတွင် စကားပြောသောလူ မရှိခဲ့ပေ။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး စုတ်တံကို ကောက်ယူသည်။ သူက စာကြောင်းနှစ်ကြောင်းကို ချရေးသည်။

ထိုကဗျာကို ညှိုးနွမ်းသွားသော ကျောက်စိမ်းရှားစောင်းပန်းနှင့်အတူ အလင်းလွှာပေါ်တွင် ကြာမြင့်စွာပြသထားသည်။

‘စာပေါ်မှာ ချရေးရတာ လွယ်တယ်။ လုပ်ရမယ့်အရာကို သိနေရမယ်”

မရေမတွက်နိုင်လောက်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက ထိုစာကြောင်းများကို ရွတ်ကြည့်လိုက်ပြီး နှလုံးသားများ လှုပ်ရှားလာသည်။

ကောင်းကင်ထက်တွင် လျှပ်စီးများလှုပ်ရှားနေပြီး မရေမတွက်နိုင်လောက်သော အလင်းစီးကြောင်းများ ကျဆင်းလာသည်။

လူသားဆန္ဒစွမ်းအား၏ ခရမ်းရောင်ချီနှင့် သမာဓိစွမ်းအားတို့က မြစ်ကို အလင်းပေးနေပြီး ဆည်းဆာရောင်ကို လွှမ်းမိုးလိုက်သည်။

မျိုးဆက်တစ်လျှောက် လက်ဆင့်ကမ်းသွားနိုင်မည့် ကဗျာတစ်ပုဒ် ....

ဧကရာဇ်ကဗျာ ....

သင်ယူခြင်းကိုအားပေးပြီး လမ်းမှန်သို့ခေါ်ဆောင်သွားသော ကဗျာတစ်ပုဒ် ....

အင်မော်တယ်သင်္ဘော၊ အပျော်လှေနှင့် မြစ်ကမ်းပါးတွင် လူတိုင်းက ကဗျာကို ကူးရေးလိုက်ကြသည်။

သပ်မဝေးသောနေရာတွင်ရပ်နေသည့် ချန်ရူက ပြုံးသည်။

‘စာပေရတနာတွေ ဘယ်လောက်တောင်ရှိနေပြီလဲ’

ကဗျာရေးလိုက်သောဟန်မူယဲ့က စာရွက်ကိုသိမ်းလိုက်ပြီး စာအုပ်တစ်အုပ်ကို ဖွင့်သည်။

“မိတ်ဆက်စာက မဆိုးဘူး။ စာပေလမ်းစဉ်မှာ ပါရမီရှိတယ်”

“ကဗျာကိုရေးမယ်ဆိုရင် တောင်တန်းတွေကိုကြည့်ပြီး မင်းရဲ့ခံစားချက်ကို ထုတ်ဖော်ဖို့ အကြံပေးချင်တယ်”

အားထုတ်ပြီး ကြိုးစားလေ့ကျင့်မှ အဆင့်တက်နိုင်မည်။

မျိုးဆက်တစ်လျှောက် လက်ဆင့်ကမ်းနိုင်သောကဗျာသည် အရေးမပါပေ။ ကောင်းကင်တွင်ပြည့်နေသော သမာဓိစွမ်းအားများသည်လည်း အရေးမပါပေ။ မရေမတွက်နိုင်လောက်သောလူများ၏ မျှော်လင့်ချက်စွမ်းအားသည်လည်း အရေးမပါပေ။ အကဲဖြတ်သင်ကြားပေးမှသာ မဟာကျောင်းတော်သားတစ်ယောက်အဖြစ် ယူဆနိုင်မည်။

ယခုအချိန်တွင် မရေမတွက်နိုင်လောက်သောလူများက ကွန်ဖြူးရှပ်ပညာရှင်ဟူသောစကားကို နားလည်သွားကြသည်။

လူသားများက ကွန်ဖြူးရှပ်ပညာရှင်ကို လိုအပ်သည်။

နန်းမြို့တော်ကို လှုပ်ခါသွားစေ‌သောအရာသည် ကဗျာတစ်ပုဒ်မဟုတ်ပေ။ နှစ်ပေါင်းသုံးထောင်ကြာအောင် လက်ဆင့်ကမ်းလာခဲ့သော ကွန်ဖြူးရှပ်လမ်းစဉ်ဖြစ်သည်။ မဟာတာအိုသည် ထောင်ချီနေသောလမ်းစဉ်များကို ဉာဏ်အလင်းပြပေးပြီး ကွန်ဖြူးရှပ်တာအိုကို နှစ်ပေါင်းထောင်ချီအထိ တိုးတက်စေလိမ့်မည်။

ကုန်းပတ်ပေါ်တွင် ခေါင်းငုံ၍မှတ်ချက်ပေးနေ‌သော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ရှုဝေက ညင်သာစွာသက်ပြင်းချသည်။

“သောက်ဖောက်သောက်ဖက်ရေ ငါက မင်းလောက် မတော်ဘူး ....”

တောင်တန်းနှင့်မြစ်များကိုဖိနှိပ်ပြီး နှိမ့်ချမှုနှင့် ချီကျူးမှုများကြားတွင် တည်ငြိမ်စွာနေနိုင်သောလူ မည်သူရှိသနည်း။

ကိုယ်တိုင်မမြင်တွေ့ခဲ့လျှင် တခြားလူ၏စာစု၌ မှတ်ချက်အနေဖြင့် ‘ထိပ်ဆုံးမှာရပ်ပြီး တောင်တန်းလေးကိုကြည့်လိုက်ပါ’ဟု တစ်စုံတစ်ယောက်က ရေးသားပေးခဲ့ကြောင်း မည်သို့ ယုံနိုင်မည်နည်း။

‘ငါ့အတွက် ဂုဏ်သတင်းက ဘာမှမဟုတ်ဘူး။ ငါက လောကကို မြင်ဖူးပြီးပြီ’

ထိုအရာသည် မဟာကျောင်းတော်သားတစ်ယောက် ဖြစ်သည်။

ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲသည် ညလယ်တွင် အဆုံးသတ်သွားခဲ့သည်။

အပျော်လှေပေါ်တွင်ရှိသော စာစုနှင့်ကဗျာများကို ဖတ်ပြီးသွားသောအခါတွင် လူငယ်များက သစ်သားလှေကိုလှော်ခတ်၍ ကမ်းခြေသို့သွားပြီး ကဗျာနှင့်စာအုပ်များကို ယူခဲ့သည်။

ကမ်းခြေတွင်ရှိသောကျောင်းသားများက ထိုသို့ အခွင့်အရေးရလိမ့်မည်ဟု ထင်မထားသောကြောင့် ပျော်ရွှင်စွာငိုကြွေးမိသည်။

အလင်းလွှာပေါ်တွင် ဆံပင်ဖြူလူအိုကြီးက စာရွက်များကိုင်ထားပြီး ငိုကြွေးနေသည်။ သူက စာရွက်များယူသွားသောလူငယ်ကို ထပ်ကာလဲလဲဦးညွှတ်ပြီး ကျေးဇူးတင်နေသည်။ ထိုမြင်ကွင်းက တခြားလူများ၏နှလုံးသားကို နာကျင်စေသည်။

သို့သော် ထိုအရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင်ရှိသော မရေမတွက်နိုင်လောက်သည့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏ ပုံစံပင်ဖြစ်သည်။

လထွက်လာပြီး ကြယ်များရှင်းလင်းသွားသောအချိန်တွင် အင်မော်တယ်သင်္ဘောပေါ်ရှိ မဟာကျောင်းတော်သားများက လူစုခွဲသွားကြသည်။

စီစဉ်ထားသောစုဝေးပွဲကို ပယ်ဖျက်လိုက်ပြီး ထူထဲသောစာအုပ်နှင့်မှတ်ချက်များကို စားပွဲပေါ်တွင် ချန်ထားခဲ့သည်။

ထိုစာပေများနှင့် စာကြည့်တိုက်ဆယ်ခုခန့် တည်ဆောက်နိုင်သည်။

ဟန်မူယဲ့က ချန်ရူကိုလှည့်ကြည့်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးပြသည်။

မူဝမ်က သူ့ဘေးတွင် မရှိတော့ပေ။

ပိုင်ဝူဟန်နှင့်ယွင်ကျင်းတို့က အင်မော်တယ်သင်္ဘောပေါ်တွင် အပျော်ရှာရန်အတွက် သူမကို ခေါ်သွားခဲ့သည်။

ပိုင်ဝူဟန်၏ပြောစကားအရ သူမတို့လို အလှလေးများသည် ကျောက်စိမ်းရှားစောင်းပန်းကဲ့သို့ လွယ်ကူစွာညှိုးနွမ်းသွားနိုင်သည်။ ထို့ကြောင့် နံစော်နေသောလူအိုကြီးများအတွက် အဘယ်ကြောင့် မင်တုံးသွေးပြီး စာရွက်ဖြန့်ပေးရမည်နည်း။

အပြန်လမ်းတွင် မြင်းလှည်းပေါ်၌ ဟန်မူယဲ့က ပိုင်ဝူဟန်တို့နှင့်ပြောခဲ့သောအကြောင်းကို မေးနေသည်။ ကံမကောင်းစွာဖြင့် သူမက သူ့ကို လျစ်လျူရှုထားသည်။

“အစ်ကိုဟန်၊ မိန်းကလေးတွေရဲ့စကားဝိုင်းကို ဘာဖြစ်လို့ အသေးစိတ်လိုက်မေးနေတာလဲ”

ဟန်မူယဲ့က ပြောစရာစကား ကင်းမဲ့သွားသည်။

ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲ၏အကြောင်းသည် နန်းမြို့တော်တွင် ညတွင်းချင်းပျံ့နှံ့သွားသည်။

မရေမတွက်နိုင်လောက်သော သာမန်လူများနှင့် ကျောင်းတော်သားများသည် မြစ်ပေါ်တွင်ရှိသော ပုံရိပ်ယောင်ဆန်သည့် နွယ်စိမ်းကျောင်းတော်ကို ကြည့်နေကြသည်။

မနေ့က ကျောင်းတော်သားသုံးရာခန့်ကို ရှုဝေက တပည့်အဖြစ် ရွေးချယ်ခဲ့သည်။

ဆရာသခင်များ၏အာရုံစိုက်မှုကိုရခဲ့သော ကျောင်းသားများလည်း ရှိနေသည်။ သူတို့က သင်ပြမှုများရပြီး ဆက်လက်တိုးတက်လာကြသည်။

ကျောင်းသားများအတွက် ထိုအရာသည် ဘဝပြောင်းပေးနိုင်သော အခွင့်အရေးမျိုးဖြစ်သည်။

ထို့အပြင် စာပေဆွေးနွေးပွဲအား စောင့်ကြည့်ခဲ့သောလူများသည် အကျိုးအမြတ်ရခဲ့သည်။

အပျော်အနေဖြင့် မြစ်ကမ်းပါးတွင်စောင့်ကြည့်ခဲ့သော ကျောင်းတော်သားများကပင် အကျိုးအမြတ်ရှိခဲ့သည်။

အနည်းဆုံး သူတို့၏လက်ရေးကဗျာများကို ဈေးကြီးပေး၍ ဝယ်ယူသွားကြသည်။

စာပေဆွေးနွေးပွဲ ပြီးဆုံးသွားသောအခါတွင် ဟန်မိသားစုဈေးဆိုင်က သဘောတူညီချက်အတိုင်း လက်ရေးစာများကို စုစည်းခဲ့သည်။

မဟာကျောင်းတော်သားများ၏ မှတ်ချက်ဖြင့်ပြည့်နေသော လက်ရေးစာများ မြင်းလှည်းဆယ်စီးနှင့်အပြည့် ရှိနေသည်။

မြင်းလှည်းထဲတွင်ရှိသော စာအုပ်များမှ သမာဓိစွမ်းအားများ ရောင်ပြန်ဟပ်နေသည်။

ကျောင်းတော်သားများက မင်ရည်စွန်းထင်းနေသောအဝတ်များကို လဲလှယ်ခဲ့သည်။ ထျဲရီစံအိမ်က အဝတ်များအားလုံးကို ယူသွားပြီး ဆယ်ဆဈေးတင်၍ ဆိုင်တွင်ချိတ်ထားခဲ့သည်။ နောက်တစ်နေ့မနက်တွင် အားလုံး ရောင်းထွက်သွားသည်။

မဟာကျောင်းတော်သားများဝတ်ဆင်ခဲ့သော အဝတ်များသည် အဖိုးမဖြတ်နိုင်ပေ။ ထိုအဝတ်များကို ထျဲရီစံအိမ်၏ဒုတိယထပ်တွင် ပြသထားသည်။

ရောင်းချရန်မဟုတ်ပေ။

ထျဲရီစံအိမ်ပိုင်ရှင်သည် အပြင်လူများမသိနိုင်သော ဈေးနှုန်းတစ်ခုပေးပြီး မင်းသမီးယွင်ကျင်း၏ အပေါ်ဝတ်စုံနှင့် ပိုင်ဝူဟန်၏ဆံထိုးကို ရလာခဲ့သည်။

ချမ်းသာသောကုန်သည်တစ်ယောက်က ထိုပစ္စည်းနှစ်ခုအတွက် ဝိညာဉ်ကျောက်တုံးတစ်သန်း ကမ်းလှမ်းခဲ့သော်လည်း ထျဲရီစံအိမ်က ငြင်းပယ်ခဲ့သည်။

ထို့အပြင် ဝူထျန်းကျန်း၏ မင်ရည်စွန်းထင်းနေသောအဝတ်နှင့် မုန့်လော၏ အစိမ်းရောင်အဝတ်ကို ဈေးနှုန်းအဆတစ်ထောင်ပေး၍ ထျဲရီစံအိမ်တွင် ချိတ်ဆွဲထားသည်။

ကျောင်းတော်သားဝူထျန်းကျန်းနှင့် ကျောက်စိမ်းရှားစောင်းပန်း၏ဝိညာဉ် မုန့်လောတို့က လောကတွင် အတူတကွ ခရီးထွက်သွားကြသည်။

ထိုပုံပြင်ကို ထျဲရီစံအိမ်သို့လာသော အမျိုးသမီးတိုင်းအား ပြောပြခဲ့သည်။

မင်ရည်စွန်းထင်းနေသော အဖြူရောင်အဝတ်နှင့် အစိမ်းရောင်အဝတ်တို့သည် မိန်းကလေးတစ်ယောက်၏ပျော်ရွှင်မှုကို ဖော်ပြနေပုံပေါ်သည်။

“မင်းက ကိုယ့်ရဲ့ကဗျာပါ ....”

....

“ဘုန်း”

စုဝေကမ္ဘာ၏ပင်လယ်ထက်တွင် မိုးကြိုးများ ဆက်တိုက်ကျဆင်းလာသည်။

ဟန်မူယဲ့က ပါ့ရှား၏ကျောပေါ်တွင်ရှိနေပြီး ခွေသားရဲ၏ဦးချိုကိုအသက်သွင်း၍ မိုးကြိုးစွမ်းအားကို စုစည်းပြီး ခန္ဓာကိုယ်ကို သန့်စင်နေသည်။

သူ့ခေါင်းပေါ်တွင် ရွှေရောင်ဆေးလုံးများ လွင့်မျောနေသည်။

ဓားအမြုတေ ....

ဟန်မူယဲ့က ဓားအမြုတေတစ်သုတ်ကို ထပ်မံသန့်စင်နိုင်ခဲ့ပြီး ပြုံးလိုက်သည်။

အဝေးတစ်နေရာတွင် စုဝေကမ္ဘာ၏ ဓားကျင့်ကြံသူများက ပျော်ရွှင်စွာကြည့်နေကြသည်။

ထိုဓားဆေးလုံးများကို သူတို့ဆီသို့ ရောင်းချလိမ့်မည်။

နောက်ဆုံးတွင် သုံးလအကြာ၌ ဟန်မူယဲ့က ဓားအမြုတေ ၃၆၁ခုကို သန့်စင်နိုင်ခဲ့သည်။

ထိုဓားအမြုတေများဖြင့် သူက ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို တည်ဆောက်နိုင်မည်။

သူက ပထမဓားဝင်္ကပါအတွက် လိုအပ်သောဓားအမြုတေများကို သန့်စင်ပြီးသောအခါတွင် ဒုတိယနှင့် တတိယဝင်္ကပါအတွက် ဓားအမြုတေများကို ဆက်လက်သန့်စင်ခဲ့သည်။

သူက ဓားအမြုတေတစ်ခုလျှင် ဝိညာဉ်ကျောက်တုံးဆယ်သန်းနှုန်းဖြင့် ဓားအမြုတေငါးရာ ထုတ်ရောင်းခဲ့သည်။

ဓားအမြုတေကို ဓားကျင့်ကြံခြင်း တိုးတက်လာစေရန်နှင့် ဓားဆေးလုံးအဖြစ် အသုံးပြုနိုင်သည်။ ထိုအရာသည် ကံကောင်းမှရနိုင်သော ရတနာတစ်မျိုးဖြစ်သည်။

သူတို့က ဓားစံအိမ်၏ဆက်ခံသူ အကြီးအကဲဟန်နှင့် မတွေ့ခဲ့လျှင် စုဝေကမ္ဘာတွင် ဓားအမြုကိုရှာရန် မဖြစ်နိုင်ပေ။

ဂိုဏ်းများရရှိထားသော ဓားအမြုတေများသည် မျိုးဆက်တစ်လျှောက် လက်ဆင့်ကမ်းပေးနိုင်သော ရတနာတစ်မျိုးဖြစ်သည်။

ဓားဝင်္ကပါသုံးခုအတွက် ဓားအမြုတေများ၊ သန်းထောင်ချီသော ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များ .... ဟန်မူယဲ့က စုဝေကမ္ဘာမှ အများအပြား ရရှိခဲ့သည်။

နှစ်ဝက်ကျော်အချိန်အတွင်း၌ သူက ရွှေအမြုတေ တတိယအဆင့်သို့ ရောက်လာသည်။

နတ်ဘုရားသားရဲ၏စွမ်းအားကိုလည်း ပိုမိုလျင်မြန်စွာ သန့်စင်လာနိုင်သည်။

စာပေဆွေးနွေးပွဲအပြီးတွင် ဟန်မူယဲ့၏စိတ်ခွန်အားသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။

သူက ကျင့်ကြံခြင်းနှင့်ကံကြမ္မာကို ကောင်းမွန်စွာနားလည်ခဲ့သည်။

သူက မကြာခဏဆိုသလိုပင် နွယ်စိမ်းကျောင်းတော်သို့သွား၍ သခင်နွယ်စိမ်းနှင့် တာအိုအကြောင်း ဆွေးနွေးခဲ့သည်။

နန်းမြို့တော်တွင် ဆရာသခင်မူယဲ့၏ဂုဏ်သတင်းသည် မဟာကျောင်းတော်သားလူအိုကြီးများနှင့် ကွာခြားမှုမရှိတော့ပေ။

“ဝီ”

ဟန်မူယဲ့က မီးပြင်းဖိုကိုသိမ်းလိုက်ပြီး ဓားအမြုတေကို လက်ထဲတွင်ကိုင်၍ ကောင်းကင်ကို ကြည့်သည်။

တိမ်တိုက်နှင့်လျှပ်စီးများလှုပ်ရှားနေသောနေရာတွင် လူတစ်ယောက်ရပ်နေသည်။

ထိုလူက အာကာသကို တစ်ချက်တည်းထိုးခွဲသွားနိုင်သည့် အေးစက်သောဓားအလင်းကို ထုတ်ပေးနေသည်။

သူတိုက်ခိုက်လာခဲ့လျှင် စုဝေကမ္ဘာသည် ပျက်စီးသွားလိမ့်မည်။

သူက ဟန်မူယဲ့နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး စုဝေကမ္ဘာ၏အပြင်ဘက်သို့ ဖျတ်ခနဲပျံထွက်သွားသည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်သည်။ မိုင်တစ်ရာအထိကျုံ့ထားသော နတ်ဘုရားသားရဲပါ့ရှားက မြင့်တက်လာပြီး ပျံသန်းသွားသည်။

“ဘုန်း”

ပါ့ရှားက ကောင်းကင်ကို ထိုးခွဲလိုက်ပြီး ဟန်မူယဲ့ကို အာကာသထဲသို့ ခေါ်သွားသည်။

အဝေးတစ်နေရာတွင် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ဓားရှည်တစ်လက်ကို ကျောတွင်လွယ်ထားပြီး အေးစက်သောမျက်နှာထားဖြင့် ရှိနေသည်။

“မင်းက ငါတို့ဓားစံအိမ်ရဲ့ ဆက်ခံသူတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့တဲ့အတွက် ဘယ်လိုမျိုးသေချင်လဲ”

ဓားစံအိမ် ....

ထိုလူက စကားပြောပြီးသွားသောအခါ နောက်ကျောတွင် ငါးထပ်စံအိမ်တစ်ခု ပေါ်ထွက်လာပြီး အဆုံးမရှိသောဓားချီများကိုထုတ်လွှတ်၍ လေဟာနယ်ကို ထိုးခွဲလိုက်သည်။

စံအိမ်ထဲမှ ဓားအလင်းများပေါ်ထွက်လာပြီး ပါ့ရှား၏ကျောပေါ်တွင်ရှိသော ဟန်မူယဲ့ကို ချိန်ထားသည်။

“ဓားစံအိမ်ရဲ့ဆက်ခံသူတစ်ယောက်အဖြစ် ဟန်ဆောင်တာတဲ့လား”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။ သူ့နောက်တွင် သုံးထပ်စံအိမ်တစ်ခု ပေါ်ထွက်လာပြီး တူညီသောဓားအလင်းများကို ထုတ်ပေးသည်။ ဓားအလင်းများက ဟိန်းဟောက်နေသောနဂါးတစ်ကောင်အဖြစ် ပြောင်းသွားသည်။

All Chapters