← Chapters

အခန်း (၅၂၅)

Vol. 38 Ch. 525

အခန်း (၅၂၅)

Vol. 38 Ch. 525

ဟန်မူယဲ့နှင့်မူဝမ်ကို မြင်လိုက်ရသောအခါတွင် အာခီမီပညာရှင်များက တစ်ချက်ကြည့်ပြီး အကြည့်လွှဲသွားသည်။

တရားဝင်အာခီမီပညာရှင်များနှင့် အာခီမီဆရာနှစ်ယောက်၊ သုံးယောက်ခန့်သည် ဟန်မူယဲ့နှင့်မူဝမ်ကို မသိပေ။

သူတို့၏ရှေ့တွင် ဝတ်ရုံနက်ဖြင့် အာခီမီပညာရှင်တစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် မီးများ တောက်လောင်နေသည်။

“ညီအစ်ကိုကျန့်ရှန်က အာခီမီဆရာ အထွတ်အထိပ်အဆင့်ပဲ။ ဆရာသခင်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်”

“ဒီနေ့မှာ သူက သတ္တမအဆင့် ရွှေ‌ကျောက်စိမ်းမီးတောက်ဆေးလုံးကို သန့်စင်လိမ့်မယ်။ အဲဒီဆေးလုံးက မီးအမျိုးအစားကျင့်ကြံခြင်းအတွက် သင့်တော်တယ်”

“အလယ်ပိုင်းကုန်းမြေရဲ့အာခီမီနည်းစနစ်က ငါတို့အနောက်ဘက်နယ်စပ်ကုန်းမြေထက် အများကြီးပိုကောင်းတယ်။ ညီအစ်ကိုကျန့်ရှန်ရဲ့မီးထိန်းချုပ်ခြင်းနည်းစနစ်ကို ကြည့်လိုက်။ အရမ်းရှားပါးတဲ့ ဟန်ချက်ညီမှုကို တွေ့နိုင်တယ်”

မူမိသားစုခေါင်းဆောင်က ဟန်မူယဲ့နှင့်မူဝမ်တို့ နားမလည်မှာကို စိုးရိမ်သောကြောင့် တီးတိုးရှင်းပြနေသည်။

ပတ်ဝန်းကျင်တွင်ရှိသော အာခီမီပညာရှင်တချို့က ပျော်ရွှင်နေပုံရသည်။ တချို့က အနည်းငယ်မောက်မာသောမျက်နှာထားကို ဖော်ပြထားပြီး တချို့က စိတ်မရှည်ပုံပေါ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

မူဝမ်ကလည်း စကားမပြောပေ။

မူဝမ်က နန်းမြို့တော်တွင် ပိုင်လီရှင်းလင်နှင့်အတူ လေ့ကျင့်ခဲ့သည်။ သူမ၏ အာခီမီကျင့်ကြံခြင်းက အများအပြား တိုးတက်လာသည်။

သူမတွင် စာကြည့်တိုက်၏ ကျောက်စိမ်းပြားလည်းရှိသည်။ သူမက အာခီမီဌာန၏စာကြည့်တိုက်သို့ တိုက်ရိုက်သွားပြီး ဘိုးဘေးများမှတ်သားထားသော စာအုပ်များထဲမှ ဉာဏ်အလင်းရှာနိုင်သည်။

လွန်ခဲ့သောနှစ်တွင် သူမ၏အာခီမီအခြေခံအုတ်မြစ်က ယခင်နှင့် လုံးဝကွာခြားသွားသည်။

သူမရှေ့တွင်ရှိသော အာခီမီနည်းစနစ်သည် အလွန်သာမန်ဆန်သည်ဟု ခံစားရသည်။

“လူငယ်တွေက နှိမ့်ချပြီး သင်ယူရမယ်။ အာခီမီနဲ့ပတ်သတ်ပြီး သင်ယူစရာတွေ အများကြီးရှိတယ်”

ဘေးတွင်ရပ်နေသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ပြောလိုက်သည်။

“သူက တာအိုရောင်းရင် လျှိုကျီဟုန်ပဲ။ သူက ငါနဲ့ နတ်မိမယ်ပီအိုနေးရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပဲ။ အခု ငါတို့က သူရဲ့အာခီမီစံအိမ်မှာ တည်းနေတာ”

မူမိသားစုခေါင်းဆောင်က တီးတိုးပြောသည်။

ဟန်မူယဲ့နှင့်မူဝမ်က ခေါင်းညိတ်သည်။

လျှိုကျီဟုန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သော်လည်း စကားမပြောပေ။

ခဏအကြာတွင် ဆေးလုံးသန့်စင်နေသောကျန့်ရှန်က ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။

သူ၏ဆေးလုံးနည်းစနစ်သည် ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်အချို့နှင့် ရောနှောနေသည်။ သို့သော် သူက လုံလောက်စွာမကျွမ်းကျင်ပေ။ အဆုံးတွင် ဆေးလုံးများက တိမ်တိုက်အဖြစ်ပြောင်းမသွားဘဲ တစ်ဝက်တစ်ပျက် ပျော့ခွေနေသည်။

သို့သော် ကျန့်ရှန်က ပျော်ရွှင်နေဆဲဖြစ်သည်။ သူက လက်ထဲတွင် ဆေးလုံးများကိုင်ထားပြီး ပျော်ရွှင်စွာပြောသည်။

“ဒီတစ်ကြိမ်မှာတော့ ဆေးလုံးတွေ ပျော့သွားတယ်။ ငါက တိမ်တိုက်အဖြစ်ပြောင်းလဲဖို့ သိပ်မဝေးတော့ဘူးထင်တယ်”

သူ့စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိသောအာခီမီပညာရှင်များက အားကျသောမျက်နှာထားကို ဖော်ပြလိုက်သည်။

“ညီအစ်ကိုကျန့်ရှန်က ငါတို့ထက် ခြေတစ်လှမ်းသာနေတာပဲ”

“ဟေး၊ ညီအစ်ကိုကျန့်ရှန်၊ မင်းရဲ့ဆေးလုံးတွေက တကယ်ပဲ ဆေးလုံးနဲ့တူတယ်”

“အကြီးအကဲကျန့်ရှန်ရဲ့ အာခီမီပါရမီက တကယ်ထူးခြားတာပဲ”

....

ချီးကျူးသံများကြားတွင် ကျန့်ရှန်က အပြုံးတစ်ခုနှင့်အတူ လျှောက်လာသည်။

“သူတို့က မင်းရဲ့မျိုးဆက်သစ်လေးတွေလား တာအိုရောင်းရင်းမူ”

မူမိသားစုခေါင်း‌ဆောင်က ခေါင်းညိတ်လိုက်သောအခါတွင် ကျန့်ရှန်က လက်ထဲတွင်ရှိသောဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲသို့ထည့်ပြီး ပေးလိုက်သည်။

“မင်းတို့က ညီအစ်ကိုမူရဲ့မျိုးဆက်သစ်လေးတွေဆိုတော့ ငါ့ကိုယ်ငါ အကြီးအကဲတစ်ယောက်လို့ သတ်မှတ်လိုက်မယ်”

“ဒီလက်ဆောင်ကို ယူလိုက်ပါ”

နှုတ်ဆက်လက်ဆောင်ဖြစ်သည်။

သူသန့်စင်ထားခဲ့သော သတ္တမအဆင့်ဆေးလုံး ဖြစ်သည်။

ထိုသတ္တမအဆင့်ဆေးလုံးသည် ဝိညာဉ်ကျောက်တုံးတစ်သိန်း တန်ကြေးရှိလိမ့်မည်။

လက်ရှိအချိန်တွင် နန်းမြို့တော်ရှိ အာခီမီပညာရှင်များသည် ဆေးလုံးသန့်စင်ခြင်းနည်းစနစ်အသစ်ကို နှစ်သက်ကြသည်။ ဆေးလုံး၏သက်ရောက်မှုက မည်သို့ပင်ဖြစ်စေ အရင်ဆုံး တန်ဖိုးက နှစ်ဆတက်သွားလိမ့်မည်။

အဖိုးတန်ဆေးလုံးကို ပေးလိုက်သောကြောင့် အာခီမီပညာရှင်များအားလုံးက အားကျသွားသည်။

အာခီမီကျင့်ကြံခြင်းတွင် လေးနက်ပြီး ဆရာသခင်အဆင့်နှင့် ခြေတစ်လှမ်းသာကွာသော ကျန့်ရှန်ကသာ ထိုဆေးလုံးကို လက်ဆောင်အဖြစ် ပေးနိုင်လိမ့်မည်။

ဆေးလုံးများကိုကြည့်လိုက်ပြီး မူမိသားစုခေါင်းဆောင်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ညီအစ်ကိုကျန့်ရှန်၊ ဒါက အရမ်းအဖိုးတန်တယ်မဟုတ်လား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျန့်ရှန်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ညီအစ်ကိုမူ၊ မင်းက ဒီကိုလာဖို့ လွယ်တာမဟုတ်ဘူး။ ဒီဆေးလုံးက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အဖိုးတန်လောက်ပေမဲ့ အလယ်ပိုင်းကုန်းမြေမှာ ဘာမှမဟုတ်ဘူး”

မူဝမ်က ဆေးလုံးကိုလက်ခံရန် အနည်းငယ်ရှက်ရွံ့နေပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဘေးတွင်ရပ်နေသောလျှိုကျီဟုန်က ပြောလိုက်သည်။

“ဆေးလုံးကို ယူလိုက်ပြီး ကောင်းကောင်းလေ့လာပါ။ မင်းတို့ရဲ့ အာခီမီကျင့်ကြံခြင်းအတွက် အကျိုးရှိလိမ့်မယ်”

မူဝမ်က တုံ့ဆိုင်းနေပြီး ဆေးလုံးကို လှမ်းယူဖို့ ပြင်သည်။

“ဒါနဲ့ မင်းတို့က နန်းမြို့တော်ကို တစ်နှစ်ကြိုရောက်နေပြီး ဆိုင်ဖွင့်ထားတယ်လို့ ပြောတယ်။ ဆိုင်က ဘယ်နေရာမှာလဲ။ နာမည်ကရော ဘာလဲ”

လျှိုကျီဟုန်က ဟန်မူယဲ့ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။

‘အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီပညာရှင်တွေက ဆိုင်ဖွင့်ဖို့ အခွင့်အရေးရှိလို့လား’

‘မဖြစ်စလောက်ကြွယ်ဝမှုလေးနဲ့ အာခီမီဈေးမှာဆိုင်ဖွင့်ဖို့ မဖြစ်နိုင်ဘူး’

ပတ်ဝန်းကျင်တွင်ရှိသောလူများကလည်း သိချင်နေပုံရသည်။

‘သူက တခြားလူရဲ့ဆိုင်မှာ ကူညီပေးပြီး ဆိုင်ဖွင့်တယ်လို့ ဟန်ဆောင်နေတာလား’

“လကြည့်မြို့မှာ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

“ခလွပ် ....”

ကျောက်စိမ်းပုလင်းကိုင်ထားသော ကျန့်ရှန်၏လက်က တုန်ခါသွားသည်။ ကျောက်စိမ်းပုလင်းက ကြမ်းပြင်ပေါ်သို့ကျပြီး လိမ့်သွားသည်။

မူမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး လက်ကိုဝှေ့ယမ်း၍ ကျောက်စိမ်းပုလင်းကို ပြန်ယူသည်။

သူက ဟန်မူယဲ့နှင့်မူဝမ်တို့ဖွင့်ထားသော ဆေးဆိုင်နှင့်ပတ်သတ်၍ သိပ်မသိပေ။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေမှ အလယ်ပိုင်းကုန်းမြေသို့ အပြေးလာခဲ့ရသည်။ စုံစမ်းရန် အချိန်မရှိခဲ့ပေ။

ယခုအချိန်တွင် ကျန့်ရှန်၏ စိတ်လွတ်နေသောမျက်နှာထားနှင့် ဘေးတွင်ရှိသောလူများ၏မျက်နှာထားကြောင့် မူမိသားစုခေါင်းဆောင်က စိတ်ရှုပ်သွားသည်။

မည်သို့ပင်ဖြစ်စေ ဟန်မူယဲ့နှင့်မူဝမ်က သူတို့၏ မျိုးဆက်သစ်များဖြစ်သည်။ တခြားလူများ၏အထင်သေးခြင်းကို ခံယူရန်မလိုအပ်ပေ။

“ညီအစ်ကိုကျန့်၊ ပြဿနာရှိလို့လား”

မူမိသားစုခေါင်းဆောင်က ကျန့်ရှန်ကို ကြည့်သည်။

‘ပြဿနာရှိလို့လား’

‘ပြဿနာ ရှိတာပေါ့’

ကျန့်ရှန်က အဝတ်များကို သပ်ရပ်အောင်လုပ်လိုက်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်သည်။

“နတ်မိမယ်မူနဲ့ ဆရာမူယဲ့ကို ကိုယ်တိုင်တွေ့နေရတာလားမသိဘူး”

ဟန်မူယဲ့နှင့်မူဝမ်က ခေါင်းညိတ်သည်။

ကျန့်ရှန်က လျင်မြန်စွာဦးညွှတ်သည်။

“နှုတ်ဆက်ပါတယ်ဆရာ”

လောကတွင် အာခီမီကံကြမ္မာစံအိမ်၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်အား လေ့ကျင့်ထားသောလူတိုင်းက သူ့ကို ဆရာဟု ခေါ်လိမ့်မည်။

မူမိသားစုခေါင်းဆောင်က ပါးစပ်အဟောင်းသားဖြစ်နေပြီး ဟန်မူယဲ့နှင့်မူဝမ်ကို လှည့်ကြည့်သည်။

ထို့နောက် ပတ်ဝန်းကျင်တွင်ရှိသော အာခီမီပညာရှင်များ ဦးညွှတ်လိုက်သည်ကို မြင်ရသည်။

“နှုတ်ဆက်ပါတယ်ဆရာ”

“ဆရာ”

ဆရာနှင့်တပည့်များ၏ နှုတ်ဆက်ပုံဖြစ်သည်။

အာခီမီပညာရှင်များ၏ဦးညွှတ်မှုကို ပထမဆုံးအကြိမ်အဖြစ် လက်ခံဖူးခြင်းမဟုတ်ပေ။

ချင်စုယန်နှင့်ပိုင်လီရှင်းလင်က သူတို့ကို ဆေးလုံးသန့်စင်ရန် ဖိတ်ခေါ်လေ့ရှိသည်။ တခြားလူများက လေ့လာနေလိမ့်မည်။ ဆေးလုံးသန့်စင်မှု အောင်မြင်သွားသောအချိန်တွင် လေ့လာနေသူများက ဦးညွှတ်ကြလိမ့်မည်။

ဟန်မူယဲ့နှင့်မူဝမ်တို့က တည်ငြိမ်နေပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြန်လည်နှုတ်ဆက်လိုက်သည်။

ကျန့်ရှန်နှင့် လျှိုကျီဟုန်က ခေါင်းမော့ကြည့်လိုက်ပြီး မူမိသားစုခေါင်းဆောင်၏ ငေးမောနေသောမျက်နှာထားကို မြင်လိုက်ရသည်။ သူတို့က လျင်မြန်စွာပြုံးပြီး အာခီမီကံကြမ္မာစံအိမ်အကြောင်းကို မိတ်ဆက်ပေးလိုက်သည်။

နန်းမြို့တော်တွင် အာခီမီကံကြမ္မာစံအိမ်သို့ရောက်ဖူးသောလူများ သိပ်မရှိပေ။ သို့သော် အာခီမီပညာရှင်များကြားတွင် ထိုနာမည်ကို မကြားဖူးသောလူများ အနည်းငယ်သာရှိသည်။

တံခါးပိတ်ကျင့်ကြံနေသော ကျင့်ကြံသူများနှင့် ပြင်ပအရေးကိစ္စများကို ဂရုမစိုက်သောလူများကသာ မကြားဘူးပဲ နေလိမ့်မည်။

အာခီမီကံကြမ္မာစံအိမ်၏ ဖွင့်ပွဲနှင့် ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်သည် အာခီမီပညာရှင်များကြားတွင် ဒဏ္ဍာရီလာပုံပြင်များ ဖြစ်သည်။

အာခီမီကျင့်ကြံသူများက ဆိုင်ဖွင့်ပွဲနေ့တွင် မဟာကျင့်ကြံသူများနှင့် ပြည့်နေစေချင်သည်။ လောကတွင်ကျော်ကြားသော ဆေးလုံးနည်းစနစ်ကို ဖန်တီးချင်သည်။

ဆေးဆိုင်လေးတစ်ဆိုင်သည် အာခီမီပညာရှင်များအားလုံး၏အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့သည်။

ကျန့်ရှန်နှင့် လျှိုကျီဟူတို့၏စကားကို ကြားလိုက်ရသောအခါတွင် မူမိသားစုခေါင်းဆောင်၏မျက်နှာထားက ရှုပ်ထွေးသွားသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မူချွန်းဟွေ့သည် အာခီမီကျင့်ကြံသူကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။ သူက အာခီမီစံအိမ်အသေးကို တည်ဆောက်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေမှ အာခီမီကျင့်ကြံသူများ၏လေးစားခြင်းကို ခံရသည်။

သို့သော် ဟန်မူယဲ့နှင့်မူဝမ်တို့၏ အောင်မြင်မှုနှင့် ယှဉ်လိုက်သောအခါတွင် ထုတ်ပြောရန် မထိုက်တန်တော့ပေ။

လောကတွင်ကျော်ကြားသော အာခီမီနည်းစနစ်ကို သူက တွေးမကြည့်ရဲပေ။

တပည့်သည် ဆရာဖြစ်သူကို ကျော်ဖြတ်သွားခဲ့သည်။

မျိုးဆက်သစ်က ထူးချွန်သောကြောင့် သူက ကျေးဇူးတင်ပြီး ပျော်ရွှင်နေမိသည်။

သို့သော် ကျော်ဖြတ်ခံလိုက်ရသော အကြီးအကဲတစ်ယောက်အနေဖြင့် သူက ဝမ်းနည်းမှုကို ခံစားရသည်။

ကျင့်ကြံခြင်းလမ်းစဉ်တွင် ကျော်တက်သွား‌သောလူကို လိုက်မီရန် မဖြစ်နိုင်တော့ပေ။

“ဟူး၊ ကောင်းတယ်။ ကောင်းတယ်”

မူမိသားစုခေါင်းဆောင်က မူဝမ်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ဝမ်အာ၊ မင်းက အာခီမီလမ်းစဉ်မှာ ခရီးပေါက်နေတော့ မူမိသားစုရဲ့သမိုင်းကြောင်းကို ပြောပြလိုက်မယ်”

“ငါတို့မူမိသားစုက အာခီမီကျင့်ကြံသူကြီးတစ်ယောက်ရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားတယ်လို့ ပြောကြတယ်”

မူမိသားစု၏မျက်နှာထားက လေးနက်နေသည်။

သူက ထိုအကြောင်းကို ယခင်က ထုတ်ပြောခဲ့လျှင် တခြားအာခီမီပညာရှင်များက ရယ်မောကြလိမ့်မည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာခီမီကျင့်ကြံသူများသည် ကိုယ့်ကိုယ်ကိုယ် အာခီမီကျင့်ကြံသူကြီးတစ်ယောက်၏မျိုးဆက်ဟု ပြောရဲနေသည်။

သို့သော် ယခုအချိန်တွင် သူတို့က ဖြစ်သင့်သည်ဟု တွေးလိုက်သည်။

‘သူတို့နှစ်ယောက်က ဆေးလုံးသန့်စင်ခြင်းနည်းစနစ်တွေကို ဖန်တီးနိုင်တာ မထူးဆန်းတော့ပါဘူး။ သူတို့ရဲ့နောက်‌ကြောင်းက ထူးဆန်းနေတာပဲ’

“ဝမ်အာ၊ ငါတို့မူမိသားစုဘိုးဘေးရဲ့ အောင်မြင်မှုတွေက ....”

မူမိသားစု‌ခေါင်းဆောင်က စိတ်လှုပ်ရှားပြီး ခံစားချက်ပြင်းထန်နေပုံရသည်။

မူဝမ်က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“ကျွန်မတို့ရဲ့ဘိုးဘေးက အာခီမီသူတော်စင်တစ်ယောက်ရဲ့တပည့်ဆိုတာကို အဒေါ်ပိုင်လီရှင်းလင်က ပြောပြီးပါပြီ”

ပိုင်လီရှင်းလင်သည် အာခီမီသူတော်စင်တစ်ဝက်အဆင့်ဖြစ်ပြီး အာခီမီဌာနကို တာဝန်ယူထားသည်။ သူမ၏ ဆရာအဒေါ်လည်း ဖြစ်သည်။

‘အာခီမီသူတော်စင်ရဲ့ တပည့်လား’

အာခီမီအခန်းထဲတွင် ပင့်သက်ရှိုက်သံများကို ကြားနိုင်သည်။

‘သူမက ဒုတိယမျိုးဆက် ထိပ်တန်းအာခီမီပညာရှင်ပေါ့’

‘ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ သူမထက်အဆင့်အတန်းမြင့်တဲ့ မျိုးဆက်သစ်တွေ ရှိသေးလား’

မူမိသားစုခေါင်းဆောင်က ကြောင်အသွားသည်။

‘ငါတို့ဘိုးဘေးက သူတော်စင်တစ်ပါးရဲ့တပည့်လား’

....

ဟန်မူယဲ့၊ မူဝမ်နှင့် တခြားလူများ ထွက်သွားသောအခါတွင် ကျန့်ရှန်တို့က ရိုသေစွာ လိုက်ပို့ခဲ့သည်။

“သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမူ”

သူတို့က တံခါးဝတွင် ဦးညွှတ်လိုက်ကြပြန်သည်။

မူဝမ်က တိမ်တိုက်ဆေးလုံးများကို သန့်စင်ပြခဲ့သည်။ ထို့နောက် သူမက မူမိသားစုခေါင်းဆောင်နှင့် နတ်မိမယ်ပီအိုနေးတို့ကိုခေါ်၍ အတူတူထွက်သွားသည်။

မူမိသားစုခေါင်းဆောင်တို့ နန်းမြို့တော်သို့ရောက်လာလျှင် ခေါ်လာခဲ့ရန်အတွက် ပိုင်လီရှင်းလင်က မှာကြားထားသည်။

မူဝမ်၊ မူမိသားစုခေါင်းဆောင်နှင့် နတ်မိမယ်ပီအိုနေးတို့က မြင်းလှည်းပေါ်သို့ တက်သွားကြသည်။ မူဝမ်က စကားလုံးအချို့ရေရွတ်ပြီး တစ်ဖက်သို့ ထွက်သွားသည်။

ကျန့်ရှန်၊ လျှိုကျီဟုန်နှင့် တခြားလူများက တံခါးဝတွင်ရပ်နေပြီး ရှုပ်ထွေးသောပျော်ရွှင်မှုများဖြင့် ထွက်သွားသောမြင်းလှည်းကို ကြည့်နေသည်။

“ညီအစ်ကိုမူက အာခီမီကျင့်ကြံသူကြီးတစ်ယောက်ရဲ့မျိုးဆက် ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး”

ကျန့်ရှန်က ခံစားချက်များနှင့် ညင်သာစွာပြောသည်။

“ဟားဟား၊ ညီအစ်ကိုမူက ကြင်နာတတ်တဲ့လူတစ်ယောက်ပဲ။ အနာဂတ်မှာ ငါတို့က ညီအစ်ကိုမူအပေါ်မှာပဲ မှီခိုရတော့မယ်”

လျှိုကျီဟုန်က ရယ်မောလိုက်သည်။

နောက်တွင်ရှိသော အာခီမီပညာရှင်များက အားကျနေသည်။

မူမိသားစုခေါင်းဆောင်တို့သည် နန်းမြို့တော်တွင် လျှိုကျီဟုန်၏စံအိမ်၌ နေခဲ့သည်။ သူတို့၏ဆက်ဆံရေးက သာမန်မဟုတ်ပေ။

ယခု မူမိသားစုခေါင်းဆောင်က ပိုင်လီခြံဝိုင်းသို့သွား၍ ဆွေမျိုးများနှင့် တွေ့နေသည်။ အနာဂတ်တွင် သူက မြင့်တက်သွားရန် မခက်ပေ။

မူမိသားစုခေါင်းဆောင်က ချက်ချင်း ဘဝပြောင်းသွားသည်။ သူ၏မိတ်ဆွေများဖြစ်သော လျှိုကျီဟုန်နှင့် ကျန့်ရှန်တို့ကို မေ့သွားမည်မဟုတ်ပေ။

All Chapters