← Chapters

အခန်း (၅၂၆)

Vol. 38 Ch. 526

အခန်း (၅၂၆)

Vol. 38 Ch. 526

လူတစ်ယောက်အောင်မြင်သွားလျှင် သူနှင့်နီးစပ်သောလူများလည်း အောင်မြင်မှုကို ခံစားနိုင်သည်။

ထိုအချိန်တွင် အာခီမီဈေး၌လျှောက်သွားနေသော ဟန်မူယဲ့က ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။

ထိုဆိုင်ကို လူများက ဝိုင်းရံထားသည်။

အစိမ်းပုပ်ရောင်ဝတ်စုံနှင့်အစေခံများက ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် ဆိုင်ထဲရှိ အမျိုးမျိုးသောပစ္စည်းများက တံခါးဝတွင် ပုံထားသည်။

“အားလုံးပဲ စစ်မင်အာခီမီစံအိမ်က ငှားရမ်းခတွေ အကြွေးတင်နေတယ်။ အာခီမီဌာနရဲ့ ဝိညာဉ်ဆေးပင်တွေကိုလည်း အကြွေးယူထားတယ်။ ဒီနေ့မှာ ငါတို့က ဆိုင်ကိုပိတ်ပြီး ဝိညာဉ်ဆေးပင်နဲ့ဆေးလုံးတွေကို ဈေးနှိမ့်ရောင်းမယ်”

အာခီမီဌာန၏ အစိမ်း‌ရောင်ဝတ်စုံနှင့် အစိမ်းရောင်ဦးထိုပ်ကိုဆောင်းထားသော အဆင့်နိမ့်အရာရှိတစ်ဦးက အော်ဟစ်လိုက်သည်။

သူက ဆေးလုံးနှင့်ဝိညာဉ်ဆေးပင်များကို ညွှန်ပြလိုက်ပြီး ဈေးနှုန်းပြောသည်။

အမှန်တကယ်ပင် ဈေးနိမ့်သည်။ ပုံမှန်ထက် ၃၀%ခန့် ဈေးသက်သာသည်။

ပတ်ဝန်းကျင်တွင်ရှိသောလူများက ပျော်ရွှင်သွားကြသည်။

ဟန်မူယဲ့က နောက်တွင်ရပ်ပြီး လူတိုင်း၏စကားသံကို နားထောင်နေခဲ့သည်။

စစ်မင်အာခီမီစံအိမ်၏ လီစစ်မင်သည် ကောင်းမွန်သော အာခီမီကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။ သူက အဆင့်မြင့် အာခီမီဆရာတစ်ဦးဖြစ်ပြီး ဆေးလုံးသန့်စင်ခြင်းနည်းစနစ်အများစုတွင် ကျွမ်းကျင်သည်။

သို့သော် သူက အာခီမီနည်းစနစ်များအား သုတေသနပြုလုပ်ရာတွင် စိတ်နှစ်ထားပြီး နာမည်ကြီးအာခီမီနည်းစနစ်ကို တီထွင်ချင်သည်။

ထို့ကြောင့် အာခီမီစံအိမ်က စီးပွားမဖြစ်တော့ဘဲ ပိတ်သိမ်းလိုက်ရသည်။

လူတိုင်း၏စကားသံကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက ထူးဆန်းသွားသည်။

စစ်မင်အာခီမီစံအိမ်၏ အဆုံးသတ်သည် သူနှင့် အနည်းငယ်သက်ဆိုင်နေသည်။

ယခင်က အာခီမီဌာန၏စာကြည့်တိုက်ရှေ့တွင် သူက မူဝမ်၏လက်ထဲသို့ အာခီမီစာတမ်းတစ်ခု ထည့်ပေးခဲ့သည်။

ဆေးလုံးများကို မီးပြင်းဖိုတစ်ခုထဲတွင် သန့်စင်နိုင်ရန် သူက နည်းလမ်းရှာနေသည်။

လီစစ်မင်က ထိုအကြံကို အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ခဲ့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့သည်။

ကံကောင်းစွာဖြင့် သူက အဆင့်နိမ့်ဝိညာဉ်ဆေးပင်များကို သန့်စင်နိုင်ခဲ့သည်။ ဆေးလုံးသန့်စင်မှုကျရှုံးသွားခဲ့လျှင်ပင် ဆုံးရှုံးမှုများ သိပ်ရှိမည်မဟုတ်ပေ။

သူက ဆုံးရှုံးမှုများကို ခံစားနိုင်သည်။

သို့သော် ဟန်မူယဲ့က ဇူအော်လင်းနှင့်အတူ စာတစ်စောင်ပေးခဲ့သည်။

ဟန်မူယဲ့က ကိုယ်ပိုင်တွက်ချက်မှုများနှင့်အတူ အားပေးစကားများကို စာထဲတွင် ရေးသားထားခဲ့သည်။

ထိုစာကြောင့် လီစစ်မင်က ယုံကြည်ချက်ရှိလာသည်။

ထို့အပြင် ဟန်မူယဲ့၏ တွက်ချက်မှုများအရ လီစစ်မင်၏ ဆေးလုံးသန့်စင်ခြင်းနည်းစနစ်သည် အမှန်တကယ်ပင် အောင်မြင်နိုင်သည်။

အဆင့်မရှိသောဆေးလုံးများကို ဆယ်ကြိမ်တိတိ ထပ်ကာလဲလဲ သန့်စင်ပြီးသောအခါတွင် လီစစ်မင်က အဖိုးတန်သောဝိညာဉ်ဆေးပင်များကို သုံးခဲ့သည်။

သူက အစီအစဉ်တကျ ဆက်လက်လျှောက်လှမ်းသွားလျှင် နှစ်တစ်ရာအကြာ၌ ဆရာသခင်တစ်ပါးဖြစ်လာပြီး မီးပြင်းဖိုနည်းစနစ်နှင့်အတူ အောင်မြင်ကျော်ကြားလာလိမ့်မည်။

သို့သော် အာခီမီကံကြမ္မာစံအိမ်၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်က သူ့ကို တွန်းအားပေးခဲ့သည်။

မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန်မလိုဘဲ တိမ်တိုက်ဆေးလုံးများကို သန့်စင်နိုင်မည်။ ထိုနည်းစနစ်သည် ဆေးလုံးအများအပြားကို တစ်ပြိုင်တည်းသန့်စင်နိုင်သော သူ၏နည်းစနစ်ဖြင့် အလွန်သင့်တော်သည်။

အာခီမီကံကြမ္မာစံအိမ်၏ပိုင်ရှင်သည် ငယ်ရွယ်ပြီး အာခီမီကျွမ်းကျင်မှုနက်ရှိုင်းသောကြောင့် နန်းမြို့တော်တွင် ကျော်ကြားနေခဲ့သည်။

လီစစ်မင်က ထိုသို့ဖြစ်ချင်သည်။

သူက မူဝမ်၏ဆေးလုံးသန့်စင်ခြင်းကို လေ့လာခဲ့ပြီး သူ၏စာတမ်းကို ယူသွားသောလူဖြစ်ကြောင်း မှတ်မိသွားသောအခါတွင် အလွန်စိတ်လှုပ်ရှားလာသည်။

ထိုအချိန်မှစ၍ သူက မီးပြင်းဖိုတစ်ခုထဲတွင် ဆေးလုံးအများအပြားသန့်စင်နိုင်ရန် အစွမ်းကုန်ကြိုးစားတော့သည်။

သူက ကုန်ကျစရိတ်နှင့် အရှုံးအမြတ်များကို ဂရုမစိုက်တော့ပေ။

ထို့နောက် သူက ဝိညာဉ်ဆေးပင်များမလုံလောက်သောကြောင့် အခန်းထဲမှ ထွက်လာသောအချိန်တွင် သူ၏ အာခီမီစံအိမ်က အပိတ်ခံလိုက်ရကြောင်း သိသွားခဲ့သည်။

အာခီမီစံအိမ်သည် ဆူညံမှု၊ စိတ်လှုပ်ရှားမှုများနှင့် ဆူပွက်နေသည်။ အာခီမီပညာရှင်နှင့် ကျင့်ကြံသူများက တံခါးဝတွင် စုစည်းနေကြသည်။

ဟန်မူယဲ့က ရှေ့တက်သွားပြီး ကျောက်လှေကားပေါ်တွင် ထိုင်ချလိုက်သည်။

သူ့ဘေးတွင် အနက်ရောင်မုတ်ဆိတ်နှင့် ရှုပ်ပွနေသောဆံပင်များအား ပိုင်ဆိုင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးက သူ့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က ဘေးတွင် ထိုင်ချလိုက်သောအခါတွင် ထိုလူက ပြောသည်။

“မင်းက ‌ဆေးလုံးတွေ သွားမဝယ်ဘူးလား”

သူက အံ့အားသင့်စွာ မေးသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

“ဒီအာခီမီစံအိမ်မှာ ကျွန်တော်က စံအိမ်ပိုင်ရှင်နဲ့ သူရဲ့ကျွမ်းကျင်မှုကို သဘောအကျဆုံးပဲ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူကြီးက ခေါင်းမော့ကြည့်ပြီး ပြုံးသည်။

“မင်းက ဘယ်အာခီမီစံအိမ်ကလဲ။ လစာနည်းရင် ငါလုပ်မှာမဟုတ်ဘူး”

သူက အာခီမီစံအိမ်ပိုင်ရှင် လီစစ်မင်ဖြစ်သည်။

အာခီမီဈေးတွင် ပိတ်သိမ်းသွားရသော အာခီမီစံအိမ်များ ရှိသည်။

အာခီမီပညာရှင်များသည် အခြေခံကောင်းမွန်သော်လည်း ဆေးလုံးသန့်စင်ရာ၌ ဝိညာဉ်ဆေးပင်များ ပျက်စီးခြင်း၊ ထောက်ပံ့သူများအား ငွေပြန်မပေးနိုင်ခြင်းတို့ကြောင့် ဆိုင်ပိတ်ရလေ့ရှိသည်။

ထိုလူများကို ဆေးလုံးသန့်စင်ရန်အတွက် တခြားအာခီမီစံအိမ်များက ဖိတ်ခေါ်လေ့ရှိသည်။

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် အာခီမီပညာရှင်များ၏ ကျင့်ကြံဆင့်နှင့်ပတ်သတ်၍ လစာများ ကွဲပြားသွားလေ့ရှိသည်။

သို့သော် တခြားစံအိမ်တွင် ဆေးလုံးသန့်စင်ပေးခြင်းသည် ကိုယ်ပိုင်စံအိမ်ဖွင့်ခြင်းထက် အမြတ်နည်းသည်။

ထို့အပြင် လွတ်လပ်မှုသိပ်မရှိပေ။

“ဒါနဲ့ မင်းက ငါဘယ်သူလဲဆိုတာကို သိတယ်မဟုတ်လား။ မင်းမတတ်နိုင်ရင် ငါ့ကို မခေါ်နဲ့”

လီစစ်မင်က တင်ပါးတွင်ဖုန်ခါလိုက်ပြီး ထရပ်သည်။

ဝိညာဉ်ဆေးပင်နှင့်ဆေးလုံးများကို ရောင်းချနေသော အာခီမီဌာန၏အငယ်တန်းအရာရှိက အပြုံးတစ်ခုနှင့်အတူ လျှောက်လာသည်။

“ဆရာစစ်မင်၊ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ဒါက အာခီမီဌာနရဲ့ စည်းကမ်းမလို့ပါ”

“ကျွန်တော်သာဆိုရင် ဆရာစစ်မင်ကို ဒီမှာ စီးပွားရေးလုပ်ခွင့် ပေးမှာပါ”

အငယ်တန်းအရာရှိက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဦးညွှတ်သည်။

လီစစ်မင်က စီးပွားရေးပျက်စီးသွားလျှင်ပင် အငယ်တန်းအရာရှိများ ဆန့်ကျင်နိုင်သောလူမျိုး မဟုတ်ပေ။

အာခီမီဆရာများက နေရာတိုင်းတွင် အသက်မွေးဝမ်းကြောင်းပြုနိုင်သည်။

လီစစ်မင်၏မျက်နှာထားက ပြောင်းလဲမသွား‌ပေ။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်လိုသေးလဲ”

အငယ်တန်းအရာရှိက ထိုအကြောင်းပြချက်ကြောင့် သူ့ဆီသို့ ရောက်လာသည်။ လီစစ်မင်ထွက်သွားခဲ့လျှင် အကြွေးတင်နေသောဝိညာဉ်ကျောက်တုံးများ ပြန်မရမှာ စိုးရိမ်နေသည်။

လီစစ်မင်၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် အငယ်တန်းအရာရှိ၏အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။ သူက လက်နှစ်ဖက်ကို လျင်မြန်စွာဆုပ်ကိုင်၍ ပြောသည်။

“သိပ်မကျန်တော့ပါဘူးဆရာ။ ဝိညာဉ်ကျောက်တုံးငါးသန်း ပေးပြီးသွားရင် ရပါပြီ”

ဝိညာဉ်ကျောက်တုံးငါးသန်းသည် သာမန်အာခီမီဆရာများ၏ ကြွယ်ဝမှုတစ်ဝက်ကျော်ဖြစ်သည်။

ထို့အပြင် လီစစ်မင်က ဆိုင်သိမ်းခံလိုက်ရသည်။ သူက ဝိညာဉ်ကျောက်တုံးငါးသန်း ထုတ်ပေးရန်အတွက် ကိုယ်ပိုင်မီးပြင်းဖို သို့မဟုတ် တခြားရတနာများကို ပေးရလိမ့်မည်။

သို့သော် သူ့ကိုသိမ်းသွင်းနေသည့် လူတစ်ယောက်ရှိသည်။

အငယ်တန်းအရာရှိက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

သူက အာခီမီဈေးတွင် ထိုမြင်ကွင်းမျိုးကို မြင်ဖူးသည်။

ဘဏ္ဍာရေးထောက်ပံ့ပေးသူက အာခီမီပညာရှင်အတွက် အကြွေးဆပ်ပေးလိမ့်မည်။ ထိုအကြွေးသည် အချုပ်အနှောင်တစ်ခုနှင့် တူသည်။

လီစစ်မင်က တစ်ဖက်သို့လှည့်ပြီး ခပ်ဟဟရယ်သည်။

“ငါက နည်းနည်းအကြွေးတင်နေတာပဲ။ စိတ်မပူပါနဲ့ ငါ့ရဲ့အာခီမီကျင့်ကြံခြင်းနဲ့ဆိုရင် အဲဒီဝိညာဉ်ကျောက်တုံးတွေကို သုံးနှစ်အတွင်း ပြန်ပေးနိုင်မှာပါ”

အငယ်တန်းအရာရှိက ဝင်ပြောလိုက်သည်။

“ဟုတ်တာပေါ့။ ဈေးမှာ ဆရာလီရဲ့အာခီမီကျွမ်းကျင်မှုကို ယှဉ်နိုင်တဲ့လူမရှိပါဘူး”

သူက လက်နှစ်ဖက်ကိုဖြန့်၍ ဆက်ပြောသည်။

“ဆရာလီက နောက်ကျရင် ဘယ်မှာရှိနေမလဲမသိဘူး”

လီစစ်မင်က ဟန်မူယဲ့ကို ကြည့်သည်။

သူက ဟန်မူယဲ့၏ အာခီမီစံအိမ်ကို မသိပေ။

ဟန်မူယဲ့က စကားမပြောပေ။ သူက လက်မြှောက်ပြီး ကျောက်စိမ်းပြားကို ထုတ်ပြသည်။

ကျောက်စိမ်းပြားကို မြင်လိုက်ရသောအခါတွင် အငယ်တန်းအရာရှိ၏ ပြုံးနေသောမျက်နှာထားက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြူဖျော့သွားသည်။ သူက ခြေထောက်များ တုန်ခါနေသည်။

“ခေါင်း .... ခေါင်း .... ခေါင်းဆောင် ....”

လီစစ်မင်က မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်စိမ်းပြားပေါ်တွင်ရှိသော သုံးခြောက်ထောက်မီးပြင်းဖိုကို ကြည့်သည်။ ထိုမီးပြင်းဖိုကို သိပ်သည်းသောတိမ်တိုက်များက ဝိုင်းရံထားသည်။

သူက မီးပြင်းဖိုကို ကြည့်လိုက်သောအခါတွင် ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်သွားသည်ဟု ခံစားလိုက်ရသည်။ သူက တိမ်တိုက်များထဲတွင်ရှိနေပြီး အောက်သို့ပြုတ်ကျလာသည်ဟု ခံစားရသည်။

“အာခီမီဌာန၊ ခေါင်းဆောင်တံဆိပ်ပြား ....” လီစစ်မင်က ဖြည်းဖြည်းချင်းခေါင်းမော့ပြီး ငယ်ရွယ်သောဟန်မူယဲ့ကို ကြည့်သည်။

‘အာခီမီဌာနက ဒီလိုခေါင်းဆောင်မျိုး ဘယ်တုန်းကရသွားတာလဲ’

သူတွေးမိသည်။

“အာခီမီညီလာခံမှာ ငါ့ကို တိုက်ရိုက်လာရှာပါ”

ဟန်မူယဲ့က တံဆိပ်ပြားကိုသိမ်းလိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသည်။

လီစစ်မင်က ဟန်မူယဲ့ထွက်သွားသည်အထိ စိတ်လွတ်နေသည်။

တစ်ဖက်တွင် အငယ်တန်းအရာရှိက တစ်ဖက်သို့ တုန်ခါစွာလှည့်ပြီး အော်ဟစ်လိုက်သည်။

“လုမနေကြနဲ့တော့”

“ငါက ဆရာလီရဲ့ပစ္စည်းတွေကို မရောင်းတော့ဘူး”

အာခီမီဌာန၏‌ခေါင်းဆောင်တစ်ဦးက ကိုယ်တိုင်ရောက်လာပြီး ဆရာလီကို ဖိတ်ခေါ်ခဲ့သည်။ ဆရာလီ၏အဆင့်အတန်းက ပြောင်းလဲသွားသည်။

သူက လက်ရှိဝိညာဉ်ကျောက်တုံးများထက် ဆယ်ဆခန့်ပို၍ အကြွေးတင်နေလျှင်ပင် ပြဿနာမရှိပေ။

မည်သို့ပင်ဖြစ်စေ သူက အာခီမီဌာနကို အကြွေးတင်နေသည်။ ထိုအကြွေးကို ခေါင်းဆောင်က စုတ်တံတစ်ချက်လှုပ်ရှားရုံဖြင့် ပယ်ဖျက်ပစ်နိုင်သည်။

အစေခံများက ဝိညာဉ်ဆေးပင်နှင့်ဆေးလုံးများကို ပြန်လည်စုစည်းလိုက်သည်။ အငယ်တန်းအရာရှိက လီစစ်မင်ကို လှည့်ကြည့်သည်။

“ဆရာလီ၊ တစ်ခုခုလိုသေးလားမသိဘူး”

လီစစ်မင်က ဖြည်းဖြည်းချင်းခေါင်းငုံ့သည်။

“ငါက ဝိညာဉ်ဆေးပင်တွေ အများကြီးလိုချင်တယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် အရာရှိ၏မျက်နှာထားက တောက်ပသွားသည်။ သူက ရင်ဘတ်ကိုပုတ်ပြီး ပြောသည်။

“စိတ်မပူပါနဲ့ဆရာ။ စာရင်းလုပ်ပေးလိုက်ပါ။ ကျွန်တော်က နှစ်နာရီအတွင်း မဟုတ်ဘူး တစ်နာရီအတွင်း စုစည်းပေးပါ့မယ်”

....

ထိုအရာသည် လူသားလောကဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် လူသားလောကပင်ဖြစ်စေ ကျင့်ကြံခြင်းလောကပင်ဖြစ်စေ အားကောင်းသောလူကို မျက်နှာချိုသွေးခြင်းသည် အကြမ်းဖျင်း တူညီနေသည်။

ဟန်မူယဲ့၏အမြင်တွင် ထိုအရာသည် ပုံမှန်ပင်ဖြစ်သည်။

သန်မာသောလူများက အရင်းအမြစ်များကို ချုပ်ကိုင်ထားသည်။

သူတို့က အားနည်းသူများ၏ သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်နိုင်သည်။

သို့သော် သန်မာသူများက အားနည်းသူများ၏ကံကြမ္မာကို သယ်ပိုးထားရသည်။ အားနည်းသူများက သန်မာသူများအပေါ်တွင် အလိုလျောက် မှီခိုနေသည်။

ထိုအရာသည် မဟာတာအိုနှင့် လူသားဆန္ဒများဖြစ်သည်။

ဟန်မူယဲ့က နောက်တွင်ကျန်ခဲ့သောစကားဝိုင်းကို နားထောင်ပြီး ဉာဏ်အလင်းရလာသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ဆူညံသံများကြောင့် သူက ပိုမိုငြိမ်းချမ်းလာသည်။

‘လူသားလောကမှာ နှလုံးသားကိုကျင့်ကြံတာက ရှုပ်ထွေးတဲ့လောကကြီးမှာ သန့်စင်တဲ့နှလုံးသားကို ရဖို့အတွက်ပဲ မဟုတ်ဘူးလား’

သူက နန်းမြို့တော်တွင် ဆိုင်ဖွင့်ခဲ့သောအချိန်မှစ၍ စိတ်စွမ်းအားကျင့်ကြံခြင်းသည် ပိုမိုအရေးကြီးလာသည်ဟု ခံစားလိုက်ရသည်။

သူက လူသားလောက၏ အချုပ်အနှောင်များ မရှိလျှင် အာကာသထဲတွင် နတ်ဘုရားသားရဲပါ့ရှား၏ခန္ဓာကိုယ်ကို စိတ်နှစ်၍ သန့်စင်နေလိမ့်မည်။

သို့သော် အဆုံးတွင် သူက မှီခိုစရာမရှိဘဲ ခွန်အားများ ဆုံးရှုံးသွားလိမ့်မည်။

ထိုဖြစ်ရပ်သည် ရှုဝေနှင့် ဆင်တူသည်။

ဟန်မူယဲ့က ရှုဝေကို တွေးမိသောအခါတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်မသွားခင် စာပေရတနာအချို့ လှည့်စားယူရန်အတွက် အတူတူသေရည်သောက်ရန် စိတ်ကူးရခဲ့သည်။

အာခီမီဈေးမှထွက်လာပြီး လကြည့်မြို့သို့ ဦးတည်လိုက်သောအချိန်တွင် ဟန်မူယဲ့က ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင်ရှိသော ကျင့်ကြံသူများသည် အလျင်လိုနေပြီး ဟန်မူယဲ့ကို သတိမထားမိပေ။

သို့သော် ဟန်မူယဲ့က ထိုကျင့်ကြံသူနှစ်ဦးကို သိသည်။

သူက လှုပ်ရှားလိုက်ပြီး သူတို့၏ရှေ့တွင် ပေါ်လာသည်။

သူတို့က အံ့အားသင့်သွားပြီး ချီစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။

ဟန်မူယဲ့က တခြားလူများကို လျစ်လျူရှုထားပြီး တားဆီးထားသောလူနှစ်ယောက်ကို ကြည့်သည်။ သူက တည်ငြိမ်စွာပြောသည်။

“ဟွမ်ရီရှန့်က ဘယ်မှာလဲ”

All Chapters