← Chapters

အခန်း (၅၂၇)

Vol. 38 Ch. 527

အခန်း (၅၂၇)

Vol. 38 Ch. 527

ဟွမ်ရီရှန့်က ဟန်မူယဲ့ကို ဓားအမြုတေများသန့်စင်ရန်အတွက် တောင်းဆိုခဲ့သည်။

သူက ဓားဆေးလုံးများကို အသုံးပြုပြီး ဓားအမြုတေနှင့် လဲလှယ်မည်ဟု ပြောခဲ့သည်။ သို့သော် သူက ပေါ်မလာခဲ့ပေ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လူနှစ်ယောက်၏မျက်နှာထားက ပြောင်းလဲသွားသည်။ တစ်ယောက်က ဟန်မူယဲ့ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

“မင်းပဲ”

ကျန်တစ်ယောက်က ဟန်မူယဲ့၏အထောက်အထားကို အမှတ်ရသွားပြီး လျင်မြန်စွာ တီးတိုးပြောသည်။

“အကြီးအကဲ၊ ဟွမ်ရီရှန့်က သေသွားပါပြီ။ အကြီးအကဲက ဆေးလုံးသန့်စင်ပေးဖို့ မလိုတော့ပါဘူး”

‘သေသွားပြီလား’

ဟွမ်ရီရှန့်က ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး လက်ထဲတွင် ဓားဆေးလုံးသုံးလုံးရှိသည်။ သူ့တိုက်ခိုက်နိုင်စွမ်းက အားမနည်းပေ။ သို့သော် သေဆုံးသွားသည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

အကယ်၍ ဟွမ်ရီရှန့်ရောက်လာခဲ့လျှင် သူက ကံကြမ္မာစွမ်းအားကို နားလည်နိုင်ရန်အတွက် ဓားအမြုတေအချို့ ပေးလိုက်မည်ဖြစ်သည်။

သူက ဟွမ်ရီရှန့်၏လက်ထဲတွင်ရှိသော ဓားဆေးလုံးများကို သိပ်စိတ်မဝင်စားတော့ပေ။

သူ့တွင် ဓားအမြုတေဝင်္ကပါ နှစ်စုံရှိသည်။

သို့သော် ယခုအချိန်တွင် ဟွမ်ရီရှန့်က သေဆုံးသွားသောကြောင့် ကံကြမ္မာကိုချေဖျက်ရန် နည်းလမ်းမရှိတော့ပေ။ အနည်းငယ် ပြဿနာများသည်။

သူ့စိတ်အခြေအနေ ပြောင်းလဲသွားပြီး တာအိုကို နားလည်ခဲ့‌သောအချိန်တွင် သူက ကံကြမ္မာကို ကျင့်ကြံခဲ့သည်။ ဟန်မူယဲ့က ဖြစ်နိုင်သမျှ ကံကြွေးများမရှိရန် အာရုံစိုက်ထားသည်။

“သူက ဘယ်လိုဖြစ်ပြီး သေသွားတာလဲ”

ဟန်မူယဲ့က တီးတိုးမေးသည်။

လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး နောက်တွင်ရှိနေသောလူများကို ကြည့်သည်။

သူတို့၏လမ်းကို တိတ်ဆိတ်စွာပိတ်ထားနိုင်သော လူတစ်ယောက်၏ကျင့်ကြံခြင်းက သူတို့ထက် သာလွန်နေလိမ့်မည်။

ထိုလူမျိုးကို ရန်မစလျှင် အကောင်းဆုံးဖြစ်သည်။

သူတို့နှစ်ယောက်က ဟွမ်ရီရှန့်၏သေဆုံးခြင်းကို တီးတိုးပြောလိုက်သည်။

အဆုံးတွင် ဓားဆေးလုံးများကြောင့် ပြဿနာဖြစ်လာသည်။

ဟွမ်ရီရှန့်က ကိုယ်ပိုင်ဂိုဏ်းထောင်ရန်အတွက် ဓားဆေးလုံးအဖြစ်သန့်စင်နိုင်သော ဆေးလုံးများကို နေရာတိုင်းတွင် လိုက်ရှာနေခဲ့သည်။ သို့သော် သူက ဓားဆေးလုံးအားတပ်မက်နေသည့်လူများနှင့် မတွေ့ချင်ခဲ့ပေ။

သူက ဟန်မူယဲ့ကို ဓားအမြုတေသန့်စင်ရန်အတွက် တောင်းဆိုပြီး တာဝန်တစ်ခုလက်ခံရန် နန်းမြို့တော်မှ ထွက်လာခဲ့သည်။ သူက လမ်းတစ်ဝက်တွင် တိုက်ခိုက်ခံလိုက်ရသည်။

သူက အသက်ယဲ့ယဲ့သာကျန်ပြီး ဓားဆေးလုံးများ လုယူခံလိုက်ရသည်။

ဟွမ်ရီရှန့်က နန်းမြို့တော်သို့ပြန်လာပြီး ဒဏ်ရာများကိုဂရုမစိုက်ဘဲ ပြင်ပဘုံတွင်ရှိသော ရှေးခေတ်ကျင့်ကြံသူ၏ဂူနန်းကို သွားရောက်ရှာဖွေခဲ့သည်။ သူက ထိုနေရာတွင် သေဆုံးသွားသည်။

ထိုဖြစ်ရပ်က မရှုပ်ထွေးပေ။

ကျင့်ကြံခြင်းလောကတွင် ကြွယ်ဝမှုနှင့်ရတနာများ ထုတ်ပြမိသောကြောင့် ကျင့်ကြံသူအများစု သေဆုံးသွားရသည်။

ရတနာများအတွက် သတ်ဖြတ်လုယူခြင်းသည် အချိန်တိုင်း ဖြစ်ပွားနေသည်။

လျန်ယွဲ့တောင်ကြား ....

ဟွမ်ရီရှန့်ကိုတိုက်ခိုက်ပြီး ဓားဆေးလုံးများလုယူသွားသော ဂိုဏ်း၏နာမည်ဖြစ်သည်။

လျန်ယွဲ့တောင်ကြားဂိုဏ်းသည် နန်းမြို့တော်၏ အနောက်တောင်ဘက် မိုင်တစ်သောင်းအကွာတွင်ရှိသော သဲချန်ဒေသတွင် တည်ရှိသည်။ ထိုဂိုဏ်းသည် ဓားနည်းစနစ်ကို အဓိကထား၍ ကျင့်ကြံသော်လည်း တခြားကျင့်ကြံသူများ ရှိနေသည်။

ထိုဂိုဏ်းကို မဟာမိတ်တစ်ခုအဖြစ် ယူဆနိုင်သည်။ သူတို့က များသောအားဖြင့် တာဝန်အချို့ကို လက်ခံဆောင်ရွက်သော်လည်း အရင်းအနှီးမလိုသော စီးပွားရေးကို အဓိကထား၍ ဆောင်ရွက်သည်။

တိုင်းပြည်သည် ကျင့်ကြံခြင်းလောက၏အင်အားစုများက ထိန်းချုပ်မထားပေ။ အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် လူသားများနေထိုင်သောမြို့ကို ကာကွယ်ပေးပြီး ကျင့်ကြံသူများ၏တိုက်ပွဲကို ဂရုမစိုက်ပေ။

ကျင့်ကြံသူများက ကွန်ဖြူးရှပ်တာအို၏ အခြေခံအုတ်မြစ်ကို တုန်ခါသွားအောင်မလုပ်ခဲ့လျှင် အဆင်ပြေသည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး ကျင့်ကြံသူများအား ထွက်သွားခိုင်းလိုက်သည်။

သူတို့က စိတ်သက်သာရာရစွာ သက်ပြင်းချပြီး လျင်မြန်စွာ နောက်ဆုတ်သွားသည်။

ဟန်မူယဲ့က လကြည့်မြို့သို့ ပြန်ရောက်လာသည်။ သို့သော် မူဝမ်က ပြန်မရောက်သေးပေ။

သူက အာခီမီကံကြမ္မာစံအိမ်တွင် ခဏနေပြီး ဇူအော်ယုလုံကို ညွှန်ကြားချက်အချို့ ပေးလိုက်သည်။ ထို့နောက် လှည့်ထွက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ချက်ချင်းဆိုသလိုပင် တင်းကျပ်စွာစောင့်ကြပ်ထားသော အရာရှိရုံးတော်သို့ ရောက်လာသည်။

အရာရှိရုံးသည် ကျယ်ပြန့်ပြီး ဖိနှိပ်နိုင်သောအငွေ့အသက်များကို ထုတ်ပေးနေသည်။ လေထုထဲတွင် နှလုံးတုန်သွားစေနိုင်သော သတ်ဖြတ်လိုစိတ်များ ရှိသည်။

အနက်ရောင်သန်းနေသော နံရံများနှင့် အစိမ်းရောင်ရင်ပြင်သည် တိတ်ဆိတ်နေသည်။

“မင်းက ဘယ်သူလဲ”

အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်များပြည့်နေ‌သောအသံကို ကြားလိုက်ရသည်။

အနက်ရောင်ချပ်ဝတ်နှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်တစ်ယောက်က ဓားရိုးပေါ်တွင် လက်တင်ထားပြီး ရှေ့တက်လာသည်။ သူက ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

ရှေ့တွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်အုပ်စုက လေးနက်စွာ ရပ်နေသည်။

ဤနေရာသည် အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ ခေါင်းဆောင်ခြံဝိုင်းဖြစ်သည်။ နန်းမြို့တော်တွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ အဆင့်အမြင့်ဆုံး ‌ခေါင်းဆောင်ခြံဝိုင်းဖြစ်သည်။

“ငါက ခေါင်းဆောင်လုယန်ကို လာရှာတာပါ”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါ လက်ထဲတွင် အနက်ရောင်ဓားလေးတစ်ချောင်း ပေါ်လာသည်။

အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ ယာယီခေါင်းဆောင်အမှတ်အသား ဖြစ်သည်။

ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေတွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်တစ်ယောက်၏ အထောက်အထားကို ထုတ်မပြခဲ့ပေ။

အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် အမှန်တရားကို လက်ကိုင်ထားပြီး သူကျင့်ကြံနေသော ဓားတာအိုနှင့် ဆန့်ကျင့်မှုမရှိပေ။

အလယ်ပိုင်းကုန်းမြေတွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏လုပ်ဆောင်ချက်က သူ့ကို အကောင်းမြင်စေသည်။

“နှုတ်ဆက်ပါတယ်သခင်”

အံ့ဖွယ်နေမင်းကိုယ်ရံတော်များအားလုံးက ဦးညွှတ်လိုက်သည်။

သူတို့၏ခေါင်း‌ဆောင်က ရုံးတော်ထဲသို့ လျင်မြန်စွာပြေးဝင်သွားသည်။

ခဏအကြာတွင် သွေးနှင့်ချီများလှုပ်ရှားနေသော လုယန်က လျင်မြန်စွာပြေးထွက်လာသည်။

“ဘလေး”

လုယန်က ရှေ့တစ်လှမ်းတိုးပြီး ဦးညွှတ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် တာဝန်ကျနေသော အံ့ဖွယ်နေမင်းကိုယ်ရံတော်များက မသိစိတ်အလျောက် ခေါင်းလှည့်ကြည့်မိသည်။

‘သားသတ်သမားလုက ဒီလိုမျိုး ရိုသေတတ်တာလား’

ဟန်မူယဲ့က လုယန်နှင့်အတူ ရုံးတော်ထဲသို့ ဝင်သွားသောအခါတွင် လုယန်၏စွမ်းအားကို မြင်လိုက်ရသည်။

သူတို့နှင့်တွေ့ခဲ့သော စစ်သည်များအားလုံးက ဦးညွှတ်ခဲ့သည်။

သားသတ်သမားလု၏နာမည်သည် ထင်ရှားသည်။

သူတို့က ဘေးခန်းဆောင်သို့ ရောက်လာသောအခါတွင် လုယန်က ဟန်မူယဲ့ကို ထိုင်ခုံပေးလိုက်ပြီး တီးတိုးပြောသည်။

“ဘလေး၊ ခေါင်းဆောင်သုံးယောက်က အခု နန်းမြို့တော်မှာ မရှိဘူး။ နန်းတော်ရဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေကို ကျွန်တော်က ယာယီထိန်းချုပ်ထားတယ်”

သူက ကြွားဝါနေပုံပေါ်သည်။

သူ လုယန်က ပြိုင်ဘက်များအားလုံးကို အနိုင်ယူပြီး အံ့ဖွယ်နေမင်းကိုယ်ရံတော်များကို ယာယီထိန်းချုပ်ထားသည်။ သူက ခေါင်းဆောင်စစ်သူကြီးသုံးယောက်ကဲ့သို့ ဖြစ်လာလိမ့်မည်။

တောင်ပိုင်းကုန်းမြေ၏ချင်းရီမင်က မိစ္ဆာတစ်‌သောင်းလျှို့ဝှက်နယ်မြေတွင် အဆင့်တက်ခဲ့သောကြောင့် ယှဉ်ပြိုင်ရန်အခွင့်အရေး ဆုံးရှုံးသွားသည်။

“မင်းရဲ့ကျင့်ကြံခြင်းက အဆုံးစွန်အထိရောက်နေပြီ။ ထပ်ပြီး ဖိနှိပ်ထားလို့ မရတော့ဘူးမဟုတ်လား”

ဟန်မူယဲ့က လုယန်ကိုကြည့်လိုက်ပြီး မေးသည်။

သူ့ရှေ့တွင်ရှိသောလုယန်က ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသော်လည်း ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို မကြာခဏ အသုံးပြုနိုင်သည်။ သူက ကျင့်ကြံဆင့်ကို ဆက်လက်ဖိနှိပ်ရန် မဖြစ်နိုင်တော့ပေ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လုယန်၏မျက်နှာထားက လေးနက်သွားသည်။

“ဘလေးပြောတာ မှန်ပါတယ်။ ဒီတစ်ကြိမ်မှာ ကျွန်တော်က စစ်တပ်နဲ့အတူ အငြိုးအတေးမဲ့နယ်မြေကို လိုက်လာမှာပါ”

လုယန်က အဆင့်တက်ရန် အသင့်ဖြစ်နေသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားလိမ့်မည်။

ယခုအချိန်မှစ၍ သားသတ်သမားလုက အံ့ဖွယ်နေမင်းကိုယ်ရံတော်များကြားတွင် နာမည်ပိုကြီးလာလိမ့်မည်။

“ကောင်းပြီ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက ကံကြွေးဆပ်ဖို့ မင်းဆီကနေ အကူအညီလာတောင်းတာ”

‘ကံကြွေးလား’

လုယန်၏ကျင့်ကြံဆင့်က ကံကြမ္မာနှင့်ထိတွေ့ရန် မလိုအပ်သေးသော်လည်း သူက နားလည်မှုတချို့ ရှိထားသည်။

ကံကြမ္မာကိုကျင့်ကြံသောလူများသည် ကောင်းကင်အဆင့်၏အထက်တွင်ရှိသော မဟာကျင့်ကြံသူကြီးများဖြစ်သည်။

‘ငါ့ဘလေးရဲ့ကျင့်ကြံဆင့်က အဲဒီလိုမျိုး အားကောင်းတဲ့အဆင့်ကို ရောက်နေပြီလား’

“ဘလေး၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ”

လုယန်က လျင်မြန်စွာ လက်သီးဆုပ်လိုက်သည်။

ဟန်မူယဲ့က ဓားအမြုတေသန့်စင်ရန်အတွက် တောင်းဆိုခဲ့သော ဟွမ်ရီရှန့်၏အကြောင်းကို ပြောပြလိုက်သည်။

“လျန်ယွီတောင်ကြားက ဟွမ်ရီရှန့်ကို တိုက်ခိုက်ခဲ့တဲ့အတွက် သူတို့က ကံစွမ်းအားရဲ့သက်ရောက်မှုကို ခံရသင့်တယ်”

လုယန်၏မျက်လုံးများက တောက်ပသွားပြီး တီးတိုးပြောလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ”

“စိတ်မပူပါနဲ့ဘလေး။ ဒီနေ့ပဲ ကျွန်တော်ကိုယ်တိုင် သဲချန်ဒေသကို သွားလိုက်ပါ့မယ်”

လုယန်က ကိုယ်တိုင်သွားရန် သဘောတူလိုက်သည်။ ဟန်မူယဲ့က ပြုံးသည်။

သူက မတ်တပ်ရပ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“အခုတစ်လော ညီအစ်ကိုလုကို မတွေ့ရဘူး။ စာပေဆွေးနွေးပွဲတွေမှာလည်း မရှိဘူး။ သူက ဘယ်သွားနေတာလဲ”

သူပြောလိုက်သော ညီအစ်ကိုလုက တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ် လုယွီကျိုးဖြစ်သည်။

ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲ အဆုံးသတ်သွားသောအခါတွင် သူက ယန်ကျန်းချင်နှင့် တခြားလူများ၏ စာပေဆွေးနွေးပွဲတွင် ပါဝင်ခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် မတွေ့ရတော့ပေ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လုယွီကျိုးက ရှက်ရွံ့ပြီး ဒေါသထွက်နေပုံပေါ်သည်။

“အဘိုးက ရွက်လွှင့်သွားတယ်”

“အဘိုးက ဟန်မိသားစုဈေးဆိုင်ကနေ ဝိညာဉ်ကျောက်တုံးတွေရလာတဲ့အချိန်ကစပြီး နန်းမြို့တော်မှာ သိပ်မနေတော့ဘူး ....”

ဟန်မိသားစုဈေးဆိုင်မှ မူပိုင်ခွင့်များ ....

ဟန်မိသားစုဈေးဆိုင်က စာပေဆွေးနွေးပွဲကို ထောက်ပံ့ပေးခဲ့သောအချိန်တွင် ပါဝင်မည့်ကျောင်းသားများအား လက်ဆောင်ပေးမည့်အဝတ်အိတ်တွင် စာရေးပေးရန်အတွက် လုယွီကျိုးကို တောင်းဆိုခဲ့သည်။

လုယွီကျိုးက ကြော်ငြာစာတန်းများကိုလည်း ရေးပေးခဲ့သည်။

အစပိုင်းတွင် သူက ဟန်မူယဲ့ကို လေးစားသောကြောင့် လုပ်ပေးခဲ့သည်။

စာပေဆွေးနွေးပွဲ ပြီးဆုံးသွားသောအချိန်တွင် ဟန်မိသားစုဈေးဆိုင်က အရှုံးအမြတ်များကိုတွက်ချက်၍ လုယွီကျိုးဆီသို့ မူပိုင်ခွင့်များ ပေးခဲ့သည်။

သိပ်မများပေ။ ဝိညာဉ်ကျောက်တုံး သန်းရှစ်ဆယ်ခန့်သာရှိသည်။

စာပေဆွေးနွေးပွဲအတွက် ဖိတ်စာတစ်သိန်းသည် တစ်စောင်လျှင် ဝိညာဉ်ကျောက်တုံးသုံးထောင်သာရှိပြီး အမြတ်သိပ်မရပေ။

အဓိကစီးပွားရေးသည် ကွန်ဖြူးရှပ်တာအိုစီးပွားရေးအား လမ်းဖောက်လိုက်သော ဟန်မိသားစုဈေးဆိုင်၏ အမှတ်တရလက်ဆောင်အိတ်များ ဖြစ်သည်။

နန်းမြို့တော်တွင် လက်ဆောင်အိတ်များဝယ်ယူရန်အတွက် ဟန်မိသားစုဈေးဆိုင်သို့ ကွန်ဖြူးရှပ်ကျင့်ကြံသူများ အဆက်မပြတ် ရောက်လာခဲ့သည်။

ထိုမျှတင်မကသေးပေ။

တခြားကုန်သွယ်ရေးအဖွဲ့အစည်းများကလည်း မှာယူခဲ့သည်။

ချန်ရူ၏တွက်ချက်မှုများအရ အဝတ်အိတ်တစ်အိတ်လျှင် ဝိညာဉ်ကျောက်တုံး၂၀ခန့် ကုန်ကျသည်။ သို့သော် တစ်အိတ်လျှင် ဝိညာဉ်ကျောက်တုံးသုံးရာဖြင့် ပြန်လည်ရောင်းချသောကြောင့် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင့်သုံးရာကျော်တန်ကြေးရှိသော အမှာစာများကို ရခဲ့သည်။

အမှာစာများသည် နောက်ဆယ်နှစ်ခန့်အထိ တန်းစီနေသည်။

လက်ဆောင်အဝတ်အိတ်များ ကျော်ကြားလာသောကြောင့် လုယွီကျိုးက ဝိညာဉ်ကျောက်တုံးသန်းရှစ်ဆယ် ရခဲ့သည်။

ဝိညာဉ်ကျောက်တုံးသန်းရှစ်ဆယ်ကို လုယွီကျိုး၏ခြံဝိုင်းသို့ ပို့လိုက်‌သောအချိန်တွင် ယန်ကျန်းချင်နှင့် တခြားမဟာကျောင်းတော်သားများက မနာလိုဖြစ်သွားသည်။

သူတို့က လုယွီကျိုးဆီမှ မကြာခဏ ငွေညှစ်ခဲ့သည်။

လုယွီကျိုးက သူတို့ကို ရှောင်တိမ်းချင်သည့်အတွက် စာပေဆွေးနွေးပွဲများသို့ ရောက်မလာခြင်းဖြစ်နိုင်သည်။

“အငြိုးအတေးမဲ့နယ်မြေရဲ့တိုက်ပွဲမှာ အခွင့်အရေးတွေအများကြီးရှိလောက်တယ်လို့ ညီအစ်ကိုလုကို ပြောလိုက်ပါ။ သူသွားချင်လား မေးကြည့်လိုက်ပါအုံး”

သူက ကံကြမ္မာကို နားလည်ပြီးသောအခါတွင် အငြိုးအတေးမဲ့နယ်မြေ၏ စစ်ပွဲရလဒ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်သက်ဆိုင်နေကြောင်း သိလိုက်ရသည်။

ဝမ်မော့ရှန်က အလွန်တန်ဖိုးထားနေသည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။

သူတို့က အငြိုးအတေးမဲ့နယ်မြေတွင် အောင်ပွဲရလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက သေချာပေါက် ပြောင်းလဲသွားလိမ့်မည်။

“ကျွန်တော် နားလည်ပါပြီ”

လုယန်က လျင်မြန်စွာဦးညွှတ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ရုံးတော်မှ ထွက်လာသည်။

လကြည့်မြို့သို့ ပြန်ရောက်လာသောအခါတွင် အာခီမီကံကြမ္မာစံအိမ်၌ မူဝမ်ရှိနေခဲ့သည်။ မူမိသားစု‌ခေါင်းဆောင်နှင့် နတ်မိမယ်ပီအိုနေးက ပိုင်လီရှင်းလင်နှင့်အတူ ကျန်နေခဲ့သည်ဟု သူမက ပြောသည်။

ပိုင်လီရှင်းလင်က အာခီမီညီလာခံတွင် ဧည့်သည်များကို ကျောက်စိမ်းသက်တံကမ္ဘာသို့ ကိုယ်တိုင်ခေါ်သွားရန် စီစဉ်နေသည်။

မူဝမ်ကလည်း လိုက်သွားလိမ့်မည်။

ယနေ့တွင် အာခီမီညီလာခံ၏ စည်းကမ်းများကို ကြေညာခဲ့သည်။ နန်းမြို့တော်၏ အာခီမီလောကသည် ဆူပွက်သွားသည်။

အာခီမီကျင့်ကြံသူအများစုက လက်နှစ်ဖက်ကို စိတ်အားထက်သန်စွာပွတ်သပ်ပြီး ကြိုးစားကြည့်ချင်နေသည်။ သူတို့က အာခီမီညီလာခံတွင် ထူးချွန်စွာဆောင်ရွက်ပြီး ကျောက်စိမ်းသက်တံနယ်မြေ၌ ကျင့်ကြံနိုင်ရန် မျှော်လင့်နေကြသည်။

All Chapters