← Chapters

အခန်း (၅၂၉)

Vol. 38 Ch. 529

အခန်း (၅၂၉)

Vol. 38 Ch. 529

“မီးတောက်နီစစ်တပ်ရဲ့ ကောင်းကင်တောင်ထိပ်တပ်ဖွဲ့ခေါင်းဆောင် ယန်မင်ကျီ။ မဟာကျောင်းတော်သားယန်ကျန်းချင်က သားဖြစ်သူကို အထင်မကြီးခဲ့ဘူး။ သူက ကျောက်ဝူခေတ် ၁၉နှစ်မြောက်မှာ စစ်တပ်ကိုဝင်ရောက်ပြီး နှစ်ပေါင်းသုံးထောင် အလုပ်ကြိုးစားခဲ့တယ်။ သူက အစောင့်တပ်ခေါင်းဆောင်ဖြစ်လာပြီး ကမ္ဘာသုံးခုကို ကာကွယ်ခဲ့တယ်”

“မင်နင်ခေတ်ရဲ့ ၁၈၄နှစ်မြောက်မှာ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ကျူးကျော်ဝင်ရောက်လာပြီး ကမ္ဘာ၁၈ခု သိမ်းပိုက်ခံလိုက်ရတယ်။ ခေါင်းဆောင်ယန်မင်ကျီက တစ်ယောက်တည်းတိုက်ခိုက်ပြီး ကောင်းကင်အဆင့် ဝိညာဉ်ကိုယ်ခွဲကျင့်ကြံသူငါးဦးကို သတ်ဖြတ်ခဲ့တယ်။ အဆုံးမှာ သူသေသွားခဲ့တယ်”

မြင်ကွင်းထဲတွင် ပိုးသားဝတ်စုံနှင့်အဘိုးကြီးတစ်ဦးက ခေါက်ယပ်တောင်ကို ဖြည်းဖြည်းချင်းဖြန့်သည်။

ထိုအပြုအမူသည် သူ့ကိုယပ်တောင်ပေးခဲ့သော ယန်ကျန်းချင်၏ပုံစံနှင့် အတူတူပင်ဖြစ်သည်။

သူက တိုက်ပွဲတိုင်းတွင် တူညီသောပုံစံဖြင့် ခေါက်ယပ်တောင်ကို ဖြန့်လိမ့်မည်။

“အပြစ်ကင်းတဲ့ကလေးတွေက စမ်းချောင်းထဲမှာထိုင်ပြီး ကြာစေ့တွေခွာနေတဲ့အချိန်ကို ငါနှစ်သက်တယ်”

“ငါ့ကြာကန်ရဲ့အစပ်မှာတော့ ပုစဉ်းတွေကို မတွေ့ရဘူး”

သူက ယပ်တောင်ကိုသိမ်းပြီး ဓားရှည်တစ်လက်ကို ကိုင်သည်။ ပိုးသားဝတ်စုံနှင့်လူအိုကြီးက ခြေတစ်လှမ်းနှင့်အတူ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ယန်မင်ကျီက ဒီမှာရှိနေတယ်။ ဘယ်သူသေရဲလဲ”

....

ဟန်မူယဲ့က ယပ်တောင်ကိုသိမ်းလိုက်ပြီး ရှေ့သို့ကြည့်သည်။

စစ်သည်တိုင်းက လက်ထဲတွင် အကြွင်းအကျန်ပစ္စည်းများ သယ်ထားသည်။

ထိုပစ္စည်းများတွင် ပုံပြင်တစ်ပုဒ်စီ ရှိသည်။

မဟုတ်သေးပေ။ ထိုအရာများသည် ပုံပြင်မဟုတ်ပေ။

ထိုပစ္စည်းများသည် အကြီးအကဲများ၏ သူရဲကောင်းဝိညာဉ်ဖြစ်သည်။ အသက်တစ်သက် ဖြစ်သည်။

သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ကိုယ်ပိုင်ယုံကြည်ချက်အတွက် အသက်စွန့်ခဲ့ကြသည်။

သူတို့တင်မကဘဲ သူတို့အိမ်ပြန်လာမည်ကို စောင့်နေသောလူများလည်း ရှိသည်။

“မှူးမတ်ဝူ၊ ဒါက ထိုက်တန်ရဲ့လား”

ဟန်မူယဲ့က စစ်သည်များ၏ရှေ့တွင် ရပ်နေပြီး နောက်လှည့်မကြည့်ဘဲ ညင်သာစွာမေးသည်။

‘ထိုက်တန်ရဲ့လား’

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည်အထိ ပြင်ပဘုံတွင် မ‌ရေမတွက်နိုင်သောအသက်များ ဆုံးရှုံးခဲ့သည်။ ထိုအရာသည် ထိုက်တန်မှုရှိသလား။

ဟန်မူယဲ့၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် မှူးမတ်ဝူက ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

ဟန်မူယဲ့၏ရှေ့တွင် စစ်သည်များက ခါးမတ်ထားသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့အပြင်ဘက်မှာ စကြဝဠာပေါင်း သုံးသောင်းရှစ်ထောင်ရှိတယ်”

“အဲဒီစကြဝဠာတွေထဲမှာ သက်ရှိတွေနေနိုင်တဲ့ ကြယ် ၈၅၃လုံး ရှိတယ်။ အဲဒီကြယ်တွေထဲမှာ သိန်းသောင်းချီတဲ့ သက်ရှိတွေ ရှိနေတယ်”

“လွန်ခဲ့တဲ့နှစ်တစ်သိန်းမှာ ကြယ်၈၅၃လုံးထဲက ဘယ်နှလုံးရှင်သန်နိုင်ခဲ့တယ်လို့ မင်းထင်လဲ”

“၂၁လုံး”

မှူးမတ်ဝူ၏အသံက သတ်ဖြတ်လိုစိတ်၊ ပြတ်သားမှုများနှင့် ပြည့်နေသည်။

“အာကာသ သားရဲတွေ၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ အငြိုးအတေးမဲ့နယ်မြေ .... သူတို့အားလုံးက ကြယ်ကမ္ဘာတွေကို သိမ်းပိုက်နေကြတာပဲ”

“ငါတို့ရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက ဘက်ပေါင်းစုံမှာ အတားအဆီးတည်ဆောက်ပြီး စစ်မြေပြင်ကို အာကာသထဲမှာ ထားနိုင်တဲ့အတွက် ငြိမ်းချမ်းနေခဲ့တယ်”

“ငါ့ကျင့်ကြံခြင်းက ဒီကမ္ဘာရဲ့အကန့်အသတ်ကို ရောက်နေပြီ။ ဆရာတူအစ်ကိုဝမ်ရဲ့ ကျင့်ကြံခြင်းက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သောင်းမှာ ရပ်တန့်သွားပြီး မတိုးတက်နိုင်တော့ဘူး”

“ငါတို့က ခမ်းနားတဲ့ဒီကမ္ဘာနဲ့ မရေမတွက်နိုင်လောက်တဲ့သက်ရှိတွေ သေဆုံးသွားမှာကို မမြင်ချင်လို့ ထွက်မသွားနိုင်ခဲ့ဘူး”

“လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သောင်းမှာ ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ငါ့အဆင့်တက်မှာကို ဖိနှိပ်ထားခဲ့တယ်။ ဆရာတူအစ်ကိုဝမ်က သူ့ရဲ့မဟာတာအိုကို မရေမတွက်နိုင်လောက်တဲ့လမ်းစဉ်တွေအဖြစ် ခွဲထုတ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ ပေါင်းစပ်ခဲ့တယ်”

“ငါ့ကိုပြောပါ။ အဲဒါက ထိုက်တန်ရဲ့လား”

မှူးမတ်ဝူက ရှေ့တွင်ရှိသော စစ်သားများကို ကြည့်သည်။ သူက ခေါင်းမော့၍ အဝေးတွင်ရှိသော အဆောက်အအုံများကို ကြည့်သည်။

“မင်းက အာကာသထဲမှာရပ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်ကြည့်ဖူးတယ်။ မင်းက ကမ္ဘာတစ်ခုပျက်စီးသွားတာကိုလည်း မြင်ခဲ့ရတယ်။ နန်းမြို့တော်ရဲ့ ခမ်းနားမှုကိုလည်း မြင်ပြီးသွားပြီ”

“မင်းက ဒါကို အဆုံးရှုံးခံနိုင်လား”

ထိုက်တန်သည်။

သူက ဆန္ဒရှိသည်။

နန်းမြို့တော်သည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကြီးကျယ်ခမ်းနားသည်။ ကောင်းကင်သည် ကြည်လင်နေပြီး သုခဘုံတစ်ခု မဟုတ်သော်လည်း လူသားလောက၏ အိမ်တစ်လုံးဖြစ်သည်။

ဤကမ္ဘာသည် အလွန်လှပ‌သောကြောင့် ထွက်သွားရန်ခက်ခဲကြောင်း ဟန်မူယဲ့က ဝန်ခံရမည်။

သူမြင်ခဲ့သော ပုံရိပ်များထဲတွင် ကျဆုံးသွားသော စစ်သူကြီးများက အားလပ်ချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လှမ်းကြည့်လိမ့်မည်။

သူတို့က ကောင်းကင်တွင်ရှိသော အတောက်ပဆုံးကြယ်ကို ကြည့်သည်။

ထိုဂြိုဟ်နှင့် သက်ရှိများသည် အသက်စွန့်ပြီးကာကွယ်ရန် ထိုက်တန်သည်။

ယခုဘဝတွင် နောင်တမရှိသလို နောက်ဘဝတွင်လည်း နောင်တရှိမည်မဟုတ်ပေ။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းမော့ကြည့်သည်။ သူ့မျက်လုံးများက ရွှေရောင်တောက်နေသည်။

သူက စိတ်ထဲတွင် လျင်မြန်စွာတွက်ချက်လိုက်ပြီး ပုံရိပ်များအားလုံး စုစည်းလာသည်။

သူ့ခေါင်းထက်တွင် ရွှေရောင်သမာဓိစွမ်းအားများ သွယ်ယှက်နေပြီး အမျိုးမျိုးသောပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။

မှူးမတ်ဝူနှင့် စစ်သည်များက စကားတစ်ခွန်းမှမပြောဘဲ ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“ဘုန်း”

ဟန်မူယဲ့၏ခေါင်းပေါ်တွင် မိုးကြိုးတိမ်တိုက်များ ပေါက်ကွဲထွက်လာပြီး သူ့အရှိန်အဝါကို ဖျက်ဆီးလိုက်သည်။

မိုးကြိုးများ ကျဆင်းလာသောအခါ ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။ သူက ကျယ်လောင်စွာပြောသည်။

“အကြွင်းအကျန်ဝိညာဉ်သုံးသန်းကို အခြေခံအုတ်မြစ်အနေနဲ့ထားပြီး ငါတို့က လေဟာနယ်ထဲမှာ နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ကို တည်ဆောက်မယ်။ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် အသက်ပေးသွားတဲ့ ဝိညာဉ်တွေအားလုံးကို ပြန်လည်ဆင့်ခေါ်မယ်။ မင်းဆန္ဒရှိလား”

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင် ....

ကောင်းကင်ထက်တွင် နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင် ပေါ်ထွက်လာသည်။

မှူးမတ်ဝူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများရှိနေပြီး အော်ပြောသည်။

“ဆန္ဒရှိတယ်”

“သန်းဆယ်ချီနေတဲ့စစ်သည်တွေက သွေးနဲ့ချီစွမ်းအားကို လမ်းညွှန်အနေနဲ့ အသုံးပြုမယ်။ အင်မော်တယ်ဝိညာဉ်တတိယအဆင့်နဲ့အထက်မှာရှိနေတဲ့ ကျင့်ကြံသူတွေရဲ့ဝိညာဉ်က နတ်ဘုရားအမည်စာရင်းကို ဖြစ်ပေါ်စေရမယ်။ မင်းက နတ်ဘုရားတာအိုနဲ့ဆက်နွယ်ပြီး လူတွေရဲ့လေးစားမှုကို ခံယူရလိမ့်မယ်။ မင်းသေသွားတဲ့အချိန်မှာ မင်းရဲ့နာမည်က နတ်ဘုရားအမည်စာရင်းမှာ ပေါ်လာလိမ့်မယ်။ မင်းဆန္ဒရှိလား”

ဟန်မူယဲ့က ပြောလိုက်ပြန်သည်။

အင်မော်တယ်ဝိညာဉ်တတိယအဆင့်၏အထက်တွင်ရှိသော မဟာကျင့်ကြံသူများ ....

ယနေ့အချိန်မှစ၍ သူတို့က ဤကမ္ဘာနှင့်ဆက်နွယ်နေပြီး ထွက်သွားနိုင်တော့မည်မဟုတ်ပေ။

ဝမ်မော့ရှန်ကဲ့သို့ပင် ဖြစ်သည်။

သို့သော် ဝမ်မော့ရှန်က ကွန်ဖြူးရှပ်တာအိုကို အခြေခံအုတ်မြစ်အနေဖြင့်အသုံးချ၍ သူတော်စင်တစ်ပါး ဖြစ်လာနိုင်သည်။ ထိုသို့ဆိုလျှင် နတ်ဘုရားအမည်စာရင်းကလည်း သူတော်စင်တစ်ပါးကို မွေးထုတ်ပေးနိုင်မည်လား။

ထိုအချိန်တွင် လူတိုင်းက မှူးမတ်ဝူကို ကြည့်လိုက်သည်။

အင်မော်တယ်ဝိညာဉ်တတိယအဆင့်၏အထက်တွင်ရှိသော မှူးမတ်ဝူကသာ ထိုတာဝန်ကို ထမ်းရွက်နိုင်မည်။

မှူးမတ်ဝူက ခဏတာစဉ်းစားလိုက်ပြီး ခေါင်းညိတ်သည်။

“ဆန္ဒရှိတယ်”

သူစကားပြောပြီးသောအခါတွင် စစ်သည်များက အော်ဟစ်လိုက်သည်။

“ဆန္ဒရှိပါတယ် ....”

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ညင်သာစွာပြောသည်။

“သက်ရှိတွေရဲ့ဆန္ဒကို မင်ရည်နဲ့စုတ်တံအဖြစ် အသုံးချပြီး မဟာကွန်ဖြူးရှပ်တာအိုက နတ်ဘုရားတွေရဲ့နာမည်ကို ရေးသားလိမ့်မယ်”

ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး မှူးမတ်ဝူကို ကြည့်သည်။

“ငါက တရားဝင်ဘွဲ့ထူးချီးမြှင့်နေတဲ့အချိန်မှာ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုစွမ်းအားကြောင့် ဝိညာဉ်ပျက်စီးသွားနိုင်တယ်။ တကယ်လို့ ....”

သူ့စကားမဆုံးခင် အသံတစ်သံထွက်လာသည်။

“ငါလုပ်မယ်”

အစိမ်းရောင်ဝတ်စုံနှင့် မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်ဖြစ်သည်။

တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်က ပေါ့ပါးစွာ ပြောလိုက်သည်။

မှူးမတ်ဝူက ဖြည်းဖြည်းချင်းလျှောက်လာသော ယန်ကျန်းချင်ကိုကြည့်လိုက်ပြီး သက်ပြင်းချသည်။ သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“ညီအစ်ကိုယန်၊ ငါက သေချာဂရုမစိုက်နိုင် ....”

ယန်ကျန်းချင်က သူ့စကားဆုံးသည်အထိ မစောင့်ဘဲ အဝတ်များကိုဆွဲဆန့်၍ မှူးမတ်ဝူကို ဦးညွှတ်သည်။

“မှုးမတ်ချုံးဝူ၊ မင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကာကွယ်ဖို့အတွက် နှစ်သောင်းချီတိုက်ပွဲတွေကြားမှာ ရှိနေခဲ့တယ်။ ကျေးဇူးပြုပြီး ငါဦးညွှတ်တာကို လက်ခံပေးပါ”

သူက မြေကြီးအထိ ဦးညွှတ်ခဲ့သည်။

သူက ခါးပြန်မတ်လိုက်သောအခါတွင် စစ်သည်တစ်ယောက်၏လက်ထဲတွင်ရှိသော ပျက်စီးနေသည့်ယပ်တောင်ကို ကြည့်သည်။

“မင်ကျီက နယ်မြေတစ်ခုကိုကာကွယ်ဖို့ ဆန္ဒပြည့်ဝခဲ့တယ်”

သူက ထိုသို့ပြောလိုက်သောလည်း မျက်လုံးထဲတွင် ဝမ်းနည်းမှုအချို့ ရှိနေသည်။

“သူ့ရဲ့အဖေအနေနဲ့ ငါ့မှာ တခြားစွမ်းရည်တွေ အများကြီးမရှိဘူး။ ငါက ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံပြီး တိုက်ခိုက်ရေးလည်း မကောင်းဘူး။ ငါက သူ့အတွက် လက်စားချေပေးချင်ရင်တောင် မလုပ်နိုင်ဘူး”

ယန်ကျန်းချင်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ဒီကိစ္စကို ငါကိုင်တွယ်ပါရစေ။ ဒါက ငါလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပါပဲ”

ဟန်မူယဲ့က တုံ့ဆိုင်းနေပြီး ခေါင်းညိတ်လိုက်သည်။

ဖခင်တစ်ယောက်၏ ဆန္ဒဖြစ်သည်။ သူက မည်သို့ ငြင်းဆိုနိုင်မည်နည်း။

သို့သော် စုတ်တံဖြင့် တရားဝင်ဘွဲ့ထူးများကို ချီးမြှင့်ပေးရန် မလွယ်ပေ။

စုတ်တံဖြင့် စတင်ရေးသားလိုက်သောအချိန်တွင် နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်နှင့် နတ်ဘုရားအမည်စာရင်က ဝိညာဉ်ကို ဆွဲယူလိမ့်မည်။ သူက ဘဝတစ်လျှောက်ဆုံး ငြိမ်းချမ်းစွာအနားယူနိုင်မည်မဟုတ်ပေ။

ယန်ကျန်းချင်ကဲ့သို့ သန်မာသောလူတစ်ယောက်ကပင် ဝိညာဉ်၏နှိပ်စက်မှုကို နေ့ရောညပါ ခံစားနိုင်မည်မဟုတ်ပေ။

မှူးမတ်ဝူက လက်ကိုဝှေ့ယမ်းပြီး စစ်သည်များကို လူစုခွဲလိုက်သည်။

ဟန်မူယဲ့နှင့်ယန်ကျန်းချင်က မှူးမတ်ဝူ၏နောက်မှလိုက်၍ တဲအိမ်ထဲသို့ ဝင်သွားသည်။

“ငါတို့က အငြိုးအတေးမဲ့နယ်မြေရဲ့ နတ်ဘုရင်တစ်ပါးကို ဝိုင်းရံသတ်ဖြတ်ခဲ့တဲ့အချိန်မှာ အငြိုးအတေးမဲ့နယ်မြေနဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ပူးပေါင်းပြီး လက်စားချေတဲ့အနေနဲ့ စောင့်ကြပ်ထားတဲ့ကမ္ဘာတစ်ခုကို တိုက်ခိုက်ခဲ့တယ်”

“စစ်သည်သိန်းချီပြီး သေဆုံးသွားခဲ့တယ်။ ငါတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ‌ရှေ့တန်းတပ်ဖွဲ့က မိုင်သန်းသုံးဆယ် နောက်ဆုတ်ပေးလိုက်ရတယ်”

မှူးမတ်ဝူက သတ်ဖြတ်လိုသောမျက်နှာထားဖြင့် စားပွဲခုံထိပ်တွင် ထိုင်သည်။

သူ့ကျင့်ကြံခြင်းက နက်ရှိုင်းသောကြောင့် သူ့စကားလုံးနှင့် အပြူအမူများသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ပြောင်းလဲစေသည်။

ယခုအချိန်တွင် သူနှလုံးသားထဲ၌ ဒေါသများရှိနေသည်။ ချက်ချင်းဆိုသလိုပင် တဲအိမ်က မှောင်မည်းပြီး မွန်းကျပ်လာသည်။

“မိုင်ပေါင်းသန်းသုံးဆယ်လား”

ယန်ကျန်းချင်က မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောသည်။

“အဲဒါဆိုရင် ငါတို့ရဲ့ ကောင်းကင်စက်ဝန်းအကာအကွယ်ဝင်္ကပါက ပေါ်သွားမှာမဟုတ်လား”

“တကယ်လို့ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ငါတို့ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့တည်နေရာကို သိသွားရင် သူတို့က စစ်တပ်စေလွှတ်ပြီး ဖိနှိပ်မှာမဟုတ်လား”

ယန်ကျန်းချင်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီး ပြင်ပဘုံစစ်ပွဲများတွင်လည်း ပါဝင်ဖူးသည်။ သူက တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်တစ်ယောက်ဖြစ်သောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ပြင်ပအတားအဆီးများနှင့် ရင်းနှီးသည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အခြေခံအုတ်မြစ်ကို သေချာမသိသောကြောင့် တိတ်ဆိတ်စွာနားထောင်နေသည်။

“ဟုတ်တယ်။ အဲဒါကြောင့် ဆရာတူအစ်ကိုဝမ်က ပြင်ပဘုံကို ဖိနှိပ်ထားပြီး ဝင်္ကပါစွမ်းအားကို အသက်သွင်းခဲ့တယ်”

မှူးမတ်ဝူ၏မျက်လုံးများက တောက်ပနေပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကိုအသုံးပြုပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကို အနှောင့်အယှက်မပေးခဲ့ရင် ဆရာတူအစ်ကိုဝမ်က ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ရဲ့ ကျွမ်းကျင်သူတွေကို ဖိနှိပ်ထားရလိမ့်မယ်။ အဲဒါဆိုရင် ငါတို့က မိုင်ပေါင်းသန်းသုံးဆယ်ထက်ပိုပြီး နောက်ဆုတ်ပေးရလိမ့်မယ်”

‘အဲဒီလိုမျိုးဖြစ်ခဲ့တာလား’

ယခင်တစ်ခေါက်က ဝမ်မော့ရှန်သည် သူ့ကို အကွက်ချခဲ့သည်ဟု မထင်ခဲ့ပေ။ သို့သော် ယခုစကားများအရ နောက်ကွယ်တွင် အစီအစဉ်များ ရှိနေပုံပေါ်သည်။

ယန်ကျန်းချင်က ဟန်မူယဲ့ကိုလှည့်ကြည့်လိုက်ပြီး စကားမပြောပေ။

သူက ဟန်မူယဲ့နှင့်ပတ်သတ်ပြီး အတော်လေးသိထားသည်။ သို့သော် လူတိုင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အပြင်ဘက်တွင်ရှိသော ဖြစ်ရပ်များကို အခြေခံအားဖြင့် ရှောင်တိမ်းပြီး မပြောကြပေ။

သူတို့အားလုံးက လူသားများဖြစ်သောကြောင့် လူသားလောက၏အတွေ့အကြုံကို ခံစားကြည့်သင့်သည်။

စစ်တဲထဲတွင် သူတို့သုံးယောက်က နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်နှင့် နတ်ဘုရားအမည်စာရင်းကို တည်ဆောက်ရန် အစီအစဉ်များ ဆွေးနွေးခဲ့သည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က စစ်တပ်တည်ဆောက်ပုံနှင့်ပတ်သတ်၍ အကြမ်းဖျင်းနားလည်ခဲ့သည်။

စစ်သည်တစ်သန်းကို အုပ်စုနှစ်ခု ခွဲထားသည်။

အုပ်စုတစ်စုသည် ခံစစ်လိုင်းကို ကာကွယ်ပြီး ကျန်အုပ်စုက ရှေ့တန်းတွင် တိုက်ခိုက်မည်ဖြစ်သည်။

တော်ဝင်မိသားစုတွင် မင်းသားချီ၊ ယွင်သွမ့်နှင့် တခြားတော်ဝင်မိသားစုဝင်များကလည်း ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။ သူတို့က စစ်သည်သုံးသိန်းကိုဦးဆောင်ပြီး စောင့်ကြပ်ရေးတာဝန်များကို ထမ်းဆောင်ရမည်။

All Chapters