← Chapters

အခန်း (၅၃၀)

Vol. 38 Ch. 530

အခန်း (၅၃၀)

Vol. 38 Ch. 530

ချင်စုယန်နှင့်ပိုင်လီရှင်းလင်တို့ဦးဆောင်သော အာခီမီပညာရှင်များကလည်း စစ်တပ်နှင့်အတူ ခရီးသွားလိမ့်မည်။

ကျန်စစ်သည်ခုနစ်သိန်းကို ဒေသသုံးခု၏ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်ဖြစ်သူ လုယန်က ဦးဆောင်လိမ့်မည်။ သူနှင့်အတူ စစ်သူကြီးအများအပြားပါဝင်ပြီး ရှေ့တန်းသို့ တိုက်ရိုက်သွားလိမ့်မည်။

လုယန်နှင့်အတူ သူတော်စင်တစ်ဝက်အဆင့် လုယွီကျိုးလည်း ပါလာမည်။

ယွင်သွမ့်နှင့်တခြားလူများကို တော်ဝင်မိသားစု၏ နံပတ်တစ်ဓားကျင့်ကြံသူဖြစ်သော ကုန်းစွန်းရှုက ကာကွယ်ပေးထားမည်။

အစပိုင်းတွင် မှူးမတ်ဝူက နတ်ဘုရားဘွဲ့ထူးချီးမြှင့်ပွဲကို နန်းမြို့တော်၏အပြင်တွင်လုပ်ရန် စီစဉ်ထားခဲ့သည်။ ယခု ဟန်မူယဲ့၏ တွက်ချက်မှုများအရ ထိုအခမ်းအနားကို အာကာသထဲတွင် ဆောင်ရွက်ရလိမ့်မည်။

ထိုသို့ဆောင်ရွက်နိုင်လျှင် ကောင်းသည်။ အနည်းဆုံး သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ မဟာတာအိုကို အမတ်ချုပ်ကြီးဝမ်နှင့် ယှဉ်ပြိုင်ရန်မလိုတော့ပေ။

မှူးမတ်ဝူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ဆရာတူအစ်ကိုဝမ်က တခြားလူတွေပြောတဲ့အတိုင်း နှလုံးသားမရှိတာမဟုတ်ဘူး။ သူ့ကျင့်ကြံခြင်းက ကံကြမ္မာအဆင့်ကို ရောက်နေပြီ။ သူလိုချင်တာကို အပြင်လူတွေက မသိနိုင်တော့ဘူး”

ကျင့်ကြံသူများက လူသားများနှင့်မတူသောရာကို အလိုရှိသည်။

ဟန်မူယဲ့က ဝမ်မော့ရှန်နှင့်ပတ်သတ်ပြီး အပြင်ဘက်တွင်ပျံ့နှံ့နေသော ပုံပြင်အမျိုးမျိုးကို ကြားထားသည်။

သူက ဝမ်မော့ရှန်၏အကျင့်စရိုက်ကို မဆုံးဖြတ်ချင်ပေ။

လောကတွင် မဟာတာအို၏ကျင့်ကြံခြင်းသည် အဖြူအမည်းပင်မဟုတ်ပေ။

ဟန်မူယဲ့က စစ်စခန်းမှထွက်လာပြီး အာခီမီကံကြမ္မာစံအိမ်သို့ သွားလိုက်သည်။

နောက်ရက်များတွင် သူက ရှုဝေနှင့် ဟွမ်တင်းရှုဆီသို့ သွားလည်ခဲ့သည်။

ထို့နောက် သူက ချင်မိသားစုနှင့် ရှောင်မိသားစုဆီသို့ သွားလည်ခဲ့သည်။

ထို့အပြင် သူက အချိန်တချို့ယူ၍ ပိချုံးနှင့်ပိယွင်တို့အတွက် ဆေးလုံးနှင့်လက်နက်များကို ကုန်းစွန်းရှု၏အိမ်တော်သို့ ပို့ပေးခဲ့သည်။

စစ်သည်တစ်သန်းစစ်ချီပြီး အာခီမီညီလာခံ စတင်တော့မည်ဖြစ်သောကြောင့် နန်းမြို့တော်၏လေထုက ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။

လုယန်က ဂိုဏ်းအများအပြားကိုဖျက်ဆီးရန်အတွက် အံ့ဖွယ်နေမင်းကိုယ်ရံတော်များကို အမိန့်ပေးထားသည်။ အာခီမီညီလာခံတွင် ပါဝင်ရန်စိတ်ကူးမရှိသော အာခီမီပညာရှင်များက ထိတ်လန့်သွားပြီး လျင်မြန်စွာစာရင်းပေးလိုက်သည်။

လုယန်က နန်းမြို့တော်သို့ပြန်လာပြီး အာခီမီကံကြမ္မာစံအိမ်သို့ တိတ်ဆိတ်စွာသွား၍ ဓားဆေးလုံးသုံးလုံးကို ပို့ပေးခဲ့သည်။

တစ်ချိန်တည်းတွင် သူက ဟန်မူယဲ့ကို ဖိတ်စာပေးခဲ့သည်။

လုယွီကျိုးက ဟန်မူယဲ့ကို တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောပေါ်သို့ ဖိတ်ခေါ်ခဲ့သည်။

ထိုလူအိုကြီးက အချိန်ကြာမြင့်စွာပျောက်ဆုံးသွားပြီး အဆုံးတွင် ပိုက်ဆံအချို့သုံးရန် ဆန္ဒရှိလာပုံရသည်။

ဟန်မူယဲ့က ဖိတ်စာကိုမြင်လိုက်သောအခါတွင် မူဝမ်၏ရှုပ်ထွေးသွားသောမျက်နှာထားကို သတိမထားမိခဲ့ပေ။

....

ယုံတင်းမြစ်တွင် ညအချိန်သည် နေ့အချိန်ထက် လှပသည်။

မီးအလင်းသည် နေ့အချိန်ကဲ့သို့ လင်းထိန်နေပြီး လှိုင်းလုံးများက ကြယ်နှင့်တူသည်။

အင်မော်တယ်မြို့တစ်မြို့နှင့်တူသော အင်မော်တယ်သင်္ဘောသည် မြစ်ပေါ်တွင် တိတ်ဆိတ်စွာလွင့်မျောနေသည်။

ပိုင်ဝူဟန်၏သီချင်းသံသည် ခါးသီးမှုများဖြင့်ပြည့်နေပြီး လူများကို ထွက်မသွားနိုင်အောင် ဆွဲဆောင်ထားသည်။

ထိုအချိန်တွင် ဧည့်သည်များက နှစ်ယောက်သုံးယောက်ခန့် အုပ်စုဖွဲ့၍ စကားပြောနေကြသည်။ ထိုသို့မဟုတ်လျှင်လည်း တိတ်ဆိတ်သောနေရာတွင်ထိုင်ပြီး သီချင်းသံကိုနားထောင်၍ ညရှုခင်းကို ခံစားနေသည်။

တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောပေါ်တွင် အဆင်အခြင်မဲ့စွာပြုမူမည့်လူများ မရှိပေ။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများနှင့် ဂိုဏ်းကျွမ်းကျင်သူများကပင် အများဆုံး သေရည်မူးပြီး ဘေးတွင်ရှိသောအမျိုးသမီးများရှက်ရွံ့သွားအောင် ညစ်ညမ်းသောစကားအချို့ ပြောရုံသာရှိသည်။

အင်မော်တယ်သင်္ဘောပေါ်တွင် ညအိပ်နိုင်ရန်အတွက် ကိုယ်ပိုင်စွမ်းရည်ကို မှီခိုရမည်။

အင်မော်တယ်သင်္ဘော၏ခန်းဆောင်ထဲတွင် ညင်သာသောဂီတသံနှင့်အတူ အဝတ်စများမျောလွင့်ပြီး လှပစွာကခုန်နေကြသည်။

သာယာသောတေးသံသည် ညင်သာသောဂီတသံနှင့် ယှဉ်တွဲနေပြီး သူရဲကောင်းများအတွက် အပန်းဖြေစရာအိမ်တစ်လုံးဖြစ်သည်။

“အမျိုးသမီးစု၊ ငါက မနက်ဖြန်ကျရင် စစ်ထွက်ရတော့မယ်။ မင်းက တကယ်ပဲ ဒီသေရည်ကို မသောက်ချင်ဘူးလား”

အဝတ်အစားများ အနည်းငယ်ယိုယွင်းနေသော လုယွီကျိုးက ဘေးတွင်ရှိသောအမျိုးသမီးကို သေရည်တစ်ခွက် တိုက်နေသည်။

အမျိုးသမီးက နောက်ဆုံးတွင် ရှက်ရွံ့သောမျက်နှာထားဖြင့် ပါးစပ်ဖွင့်ပြီး သေရည်သောက်လိုက်သည်။ ထို့နောက် သူမ၏ အနီရောင်နှုတ်ခမ်းများက ရှေ့တိုးလာသည်။

လုယွီကျိုးက ကျယ်လောင်စွာရယ်လိုက်ပြီး ဟန်မူယဲ့ကို ဂုဏ်ယူစွာကြည့်သည်။

ဟန်မူယဲ့က ထိုအဘိုးကြီးကို ဂရုမစိုက်ချင်ပေ။ သူက ခေါင်းခါလိုက်ပြီး ခန်းဆောင်ထဲမှ ထွက်လာသည်။

မြစ်ရေငွေ့များကိုသယ်ဆောင်ထားသော လေပြေလေညင်းက သူ့မျက်နှာကို ထိတွေ့သွားသည်။

“ယောင်္ကျားတစ်ယောက်က ပရောပရည်မလုပ်တတ်ရင် ငယ်ရွယ်မှုကို ဖြုန်းတီးပစ်နေတာပဲ။ ကောင်လေး၊ မင်းက ငယ်ငယ်လေးပဲရှိသေးတာကို ဒီလောက်တောင်ဖြူစင်နေတုန်းလား”

ရှုဝေ၏ လှောင်ပြောင်လိုသောအသံကို ကြားလိုက်ရသည်။

“မင်းက လုယွီကျိုးကို ညီအစ်ကိုလို့ခေါ်လိုက်တဲ့အချိန်မှာ မင်းက သူနဲ့ စိတ်သဘောထားခြင်းတိုက်ဆိုင်တယ်လို့ တခြားလူတွေက ထင်သွားပြီး မင်းနဲ့ဆက်သွယ်ဖို့ ရှက်ရွံ့နေကြတယ်”

လုယွီကျိုးနှင့်ပတ်သတ်လျှင် ရှက်ရွံ့ဖွယ်ကောင်းသည်။

ဟန်မူယဲ့က လုယွီကျိုးကြောင့် ဂုဏ်သတင်းထိခိုက်သွားသည်ဟု ခံစားလိုက်ရသည်။

“သခင်နွယ်စိမ်း၊ စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ တကယ်ပဲ နှလုံးသားထဲမှာ စွဲလမ်းမှုမရှိတော့ဘူးလား”

ဟန်မူယဲ့က အနက်ရောင်ဝတ်စုံနှင့်ရှုဝေကို လှည့်ကြည့်သည်။

ရှုဝေက နှစ်ပေါင်းမ‌ရေမတွက်နိုင်သောအချိန်အတွင်း၌ ကွန်ဖြူးရှပ်တာအိုတွင် ပါရမီအရှိဆုံးလက်ရွေးစင်တစ်ယောက် ဖြစ်သည်။ သို့သော် သူက နက်ရှိုင်းစွာ စိတ်ရှုပ်ထွေးနေသည်။

ဟန်မူယဲ့က ရှုဝေ၏ပတ်ဝန်းကျင်တွင်ရှိသော ရှုပ်ထွေးနေသည့်စွမ်းအားများကို ခံစားမိသည်။ ထိုစွမ်းအားသည် စိတ်အခြေအနေဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာသည်။

ထိုစွမ်းအားသည် တိုက်ခိုက်နိုင်စွမ်းနှင့် မသက်ဆိုင်ပေ။

ကျွမ်းကျင်သူတစ်ယောက်က မည်မျှပင်သန်မာပါစေ စိတ်အခြေအနေ တည်ငြိမ်မှုမရှိလျှင် စိတ်ရှုပ်ထွေးလာလိမ့်မည်။

ဟန်မူယဲ့က နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို သန့်စင်နေသောအချိန်တွင် စိတ်အခြေအနေတည်ငြိမ်မှုမရှိကြောင်း သတိထားမိခဲ့သည်။ ထို့ကြောင့် သူက လူသားလောကတွင် နှလုံးသားကို သန့်စင်ခဲ့သည်။

“ဟီးဟီး၊ စွဲလမ်းမှုမရှိတဲ့လူ ရှိလို့လား”

ရှုဝေက ခေါင်းခါလိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။ သူက ညင်သာစွာပြောသည်။

“ဒါပေမဲ့ စွဲလမ်းမှုက ပုံရိပ်ယောင်ဆန်ပြီး မရနိုင်တဲ့အရာ ဖြစ်နေရင်ရော”

သူက ရုတ်တရက်ရယ်မောလိုက်ပြီး ဟန်မူယဲ့၏ပခုံးကို ပုတ်သည်။

“သောက်ဖော်သောက်ဖက်ရေ ငါလို့မျိုး တခြားလူတွေရဲ့အမြင်မှာ သက်ရှိဇာတ်လမ်းတစ်ပုဒ်လို ဖြစ်မသွားစေနဲ့”

“ငါတို့က နှလုံးသားထဲမှာရှိတဲ့အရာကိုပဲ လိုချင်တာ။ တခြားလူတွေအတွက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ချင်တာမဟုတ်ဘူး”

သူ့အသံက ညင်သာမှုမရှိပေ။ သူက ရယ်မောလိုက်ပြီး လှည့်ထွက်သွားသည်။

ဟန်မူယဲ့က နောက်သို့လှည့်ကြည့်သည်။ သူ့နောက်တွင် ကျောင်းတော်သားဝတ်စုံကို ဝတ်ထားသော မူဝမ်နှင့်ယွင်ကျင်းတို့ ရှိနေသည်။

“ဆရာက ပြင်ပဘုံကို သွားတော့မှာမဟုတ်လား။ ယွင်ကျင်းက ဧည့်ခံပွဲလေးတစ်ခု လုပ်ထားပါတယ်။ နည်းနည်းလောက် သောက်ပေးနိုင်မလား”

ယွင်ကျင်းက မျှော်လင့်ချက်များနှင့် တောက်ပနေသောမျက်လုံးတစ်စုံဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့ မူဝမ်ကိုကြည့်လိုက်သောအခါတွင် မူဝမ်က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြသည်။

အင်မော်တယ်သင်္ဘော၏ တတိယထပ်ရှိ အခန်းလေးထဲတွင် အဖြူရောင်ဝတ်စုံနှင့်ပိုင်ဝူဟန်လည်း ရှိနေသည်။

“တိမ်မြုံကမ်းပါးမှာ အစ်ကိုခြောက်ဟွမ်လောင်လျှိုနဲ့ ရှောင်ရွှမ်တို့ကလည်း ပြင်ပဘုံကို ထွက်သွားခဲ့တယ်။ သူတို့ ဘယ်လိုနေလဲမသိဘူး”

စားပွဲခုံလေးတွင်ထိုင်နေသော ပိုင်ဝူဟန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

ကောင်းရှောင်ရွှမ်က သူမ၏ဘေးတွင် နှစ်တစ်သောင်းကြာအောင် နေထိုင်ခဲ့သည်။

ပိုင်ဝူဟန်၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“စိတ်မပူပါနဲ့။ ငါက အစ်ကိုခြောက်နဲ့ ကောင်းရှောင်ရွှမ်ကို သေချာပေါက် ရှာမှာပါ”

သူက နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ သန့်စင်ပြီးသွားလျှင် မိစ္ဆာနယ်မြေသို့သွားရန် ယုံကြည်ချက်ရှိသည်။

ဟွမ်ခြောက်က မိစ္ဆာအဖြစ်ပြောင်းသွားလျှင်ပင် သူက နည်းလမ်းရှာပြီး ဖြေရှင်းမည်ဖြစ်သည်။

“ဆရာရဲ့စွမ်းအားနဲ့ဆိုရင် အာကာသကိုလွှမ်းမိုးဖို့ လုံလောက်ပါတယ်”

ယွင်ကျင်းက စားပွဲခုံလေးဆီသို့ လျှောက်လာသည်။ သူမက သေရည်အိုးကို မယူလိုက်ပြီး သေရည်ခွက်ထဲသို့ ထည့်သည်။ ထို့နောက် ဟန်မူယဲ့နှင့်မူဝမ်ကို ပေးလိုက်သည်။

“ကျွန်မက ဆရာ့ရဲ့မှတ်စုထဲကစာတွေကို ငှားသုံးလိုက်မယ်။ ဆရာက နာမည်တစ်ခု သေချာပေါက်ရလာမှာပါ။ ဆရာပြန်လာတဲ့အချိန်ကျရင် လောကမှာရှိတဲ့လူတိုင်းက ဆရာ့နာမည်ကို သိနေလိမ့်မယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဝိုင်ခွက်ကိုယူသည်။ သူက နှုတ်ခမ်းဆီသို့ တေ့လိုက်သောအခါတွင် မျက်ခုံးတွန့်သွားပြီး မူဝမ်ကို ကြည့်သည်။ မူဝမ်က တုံ့ဆိုင်းခြင်းမရှိဘဲ သေရည်ခွက်ကို သောက်လိုက်သည်။

သူက ခပ်ဟဟရယ်ပြီး လက်မြှောက်၍‌ သေရည်ခွက်ကို သောက်သည်။

သူတို့လေးယောက်က စားပွဲခုံတွင်ထိုင်ပြီး သေရည်သောက်၍ စကားပြောနေကြသည်။

ခဏအကြာတွင် မူဝမ်၏မျက်နှာက နီရဲလာသည်။ သူမ၏မျက်လုံးထဲတွင် မျက်ရည်များရှိနေသည်။

“အစ်ကိုဟန်က ပြင်ပကမ္ဘာကနေ ဘယ်အချိန်ပြန်လာမလဲမသိဘူး။ ကျွန်မကို သီချင်းနည်းနည်းလောက် သင်ပေးပါ့လား”

ပိုင်ဝူဟန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

သူမက ယွင်ကျင်းကို လှည့်ကြည့်သည်။

“ယွင်ကျင်း၊ နင်ကလည်း ကဗျာတောင်းဖို့ မလုပ်တော့ဘူးလား”

ယွင်ကျင်းက ခေါင်းညိတ်သည်။

ဟန်မူယဲ့က ငြင်းပယ်ချင်သော်လည်း မူဝမ်က သူ့လက်ကို ဆွဲထားသည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်မက ရှင့်သီချင်းကို ကြားချင်တယ်”

သူမ၏မျက်လုံးထဲတွင် လှိုင်းတွန့်များရှိနေသည်။

ဟန်မူယဲ့က သူမ၏လက်ကို ကိုင်ပြီး ခေါင်းညိတ်သည်။

ခဏအကြာတွင် အင်မော်တယ်သင်္ဘောဆီမှ သာယာသောဇီဝာာသံ ပေါ်ထွက်လာသည်။

ဇီတာသံနှင့်အတူ ပိုင်ဝူဟန်၏ညင်သာသောသီချင်းသံသည် မြစ်ပြင်ထက်တွင်ပျံ့နှံ့ပြီး ပျောက်ကွယ်သွားသောမြူခိုးများကဲ့သို့ ပေါ်ထွက်လာသည်။

“လူသားလောကဟာ အဓိပ္ပာယ်မဲ့လွန်းတယ်”

“အရူးအမူးစွဲလမ်းမှုတွေဟာ ပျင်းစရာအကောင်းဆုံးပဲ”

“ဝင့်ကြွားရတာ ကောင်းပေမဲ့”

“ဒီဘဝက အဆုံးမသတ်သေးဘူး”

“ဒါပေမဲ့ ငါ့နှလုံးသားကတော့ ရှုပ်ထွေးမှုတွေမရှိတော့ဘူး”

“ငါ့ရဲ့လက်ကျန်ဘဝမှာ လွတ်လပ်မှုကိုပဲ လိုချင်တယ်”

“ငါနိုးထလာတဲ့အချိန်မှာ ပြုံးလိုက်မယ်”

“ငါ့အိပ်မက်ထဲမှာ အရာအားလုံးကို မေ့ပစ်မယ်”

“ညရောက်လာတဲ့အချိန်မှာ သက်ပြင်းချမယ်”

“နောက်ဘဝမှာ ဘာဖြစ်မလဲမသိဘူး”

“အချစ်နဲ့အမုန်းကို ချေဖျက်လိုက်မယ်”

“မူးယစ်ကခုန်ခြင်းနဲ့ပတ်သတ်လာရင် ငါက အိုမင်းလာတဲ့အထိ ပျော်ရွှင်ချင်တယ်”

“လေပြင်းတွေက ဘယ်လိုပဲအေးစက်ပါစေ ငါက ထွက်ပြေးမှာမဟုတ်ဘူး”

“ပန်းပွင့်တွေက ဘယ်လောက်ပဲလှပါစေ ငါမလိုချင်ဘူး”

“ငါလွင့်မျောသွားပါရစေ”

“ကောင်းကင်က ကျယ်ပြောပေမဲ့ နှလုံးသားက ကျဉ်းမြောင်းတယ်”

“ကံကြမ္မာကိုလည်း ဂရုမစိုက်တော့ဘူး”

“ငါတစ်ယောက်တည်းသောက်မယ်”

“ဒီနေ့မှာငိုကြွေးပြီး မနက်ဖြန်မှာ ရယ်မောမယ်”

“ငါ့ကို လူတွေနားလည်ဖို့ မမျှော်လင့်ဘူး”

“မာနအပြည့်နဲ့ သီဆိုကခုန်မယ်”

“အရုဏ်ဦးမရှိတဲ့ ညတာရှည်မှာ ပျော်ရွှင်မှုကို ရှာဖွေမယ်”

....

ဟန်မူယဲ့က ပိုင်ဝူဟန်ထွက်သွားသောအချိန်ကို မသိလိုက်ပေ။ သူက ယွင်ကျင်းကိုကူညီပြီး စာအုပ်တချို့ဖတ်ပေးနေသောအချိန်ကိုသာ မှတ်မိသည်။ ထိုအချိန်တွင် အမျိုးသမီးအဝတ်အစားများနှင့် ယွင်သွမ့်က တံခါးကို ကန်ဖွင့်လိုက်သည်။

ယွင်သွမ့်က စစ်ပွဲသို့သွားရမည့်အတွက် ညည်းညူနေပြီး သူ့အစ်မကို ကပြပေးရန် တောင်းဆိုသည်။

“အစ်မမူ၊ နင်က ငါ့အစ်မဆီကနေ အကပညာသင်နေတာ ကြာပြီမဟုတ်လား။ နင်က ဂိုဏ်းတူအစ်ကိုအတွက် ကပြချင်တယ်ဆို။ နင်က မကတော့ဘူးလား”

ယွင်သွမ့်က မူဝ၎်၏အင်္ကျီလက်ကိုဆွဲပြီး ကခုန်ရန်အတွက် ခေါ်သွားသည်။

“ငါက ညီမမူရဲ့အကကို မြင်ပြီးပါပြီ”

ရှက်နေသောမူဝမ်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က စာရေးသားခြင်းကို ရပ်တန့်လိုက်ပြီး ခပ်ဟဟရယ်သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ယွင်သွမ့်က သူ့ကို စိုက်ကြည့်သည်။

“ဒါက မတူဘူး”

မူဝမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်သည်။

ယွင်ကျင်းကလည်း မတ်တပ်ရပ်လိုက်သည်။

သူတို့နှစ်ယောက်က ခန်းဆောင်၏အလယ်သို့လျှောက်သွားပြီး ဆံပင်ရှည်များကို ညင်သာစွာစည်းနှောင်လိုက်သည်။ ထို့နောက် သူတို့က ကျောင်းတော်သားအဝတ်များကို ချွတ်သည်။

သံချပ်ကာနှင့် လှပသောအမျိုးသမီးများ ....

အစိမ်းရောင်ချပ်ဝတ်သည် သူတို့၏ လှပ‌သာမျက်နှာနှင့် လိုက်ဖက်နေသည်။ သူတို့က ခြေလက်များကို ဆန့်ထုတ်လိုက်ပြီး ဖြူဖွေးသောအသားအရေကို လှစ်ပြသည်။

ထိုအကသည် အလွန်စွဲလမ်းဖွယ်ကောင်းသည်။

ဟန်မူယဲ့က စုတ်တံကို ညင်သာစွာကောက်ယူလိုက်ပြီး စာရွက်ပေါ်တွင် ကဗျာရေးသည်။

“ငန်းတစ်ကောင်လို လှပပြီး နဂါးတစ်ကောင်လို ကျက်သရေရှိတယ်”

“ဆောင်းဦးမှာ အပြည့်အဝပွင့်လန်းတဲ့ ဂန္ဓာမာပန်းတွေလို သန့်ရှင်းလှပပြီး နွေဦးမှာထွက်ပေါ်လာတဲ့ မြက်ပင်တွေလို ပျိုမျစ်တယ်”

All Chapters